ရေချိုးဆိပ်……………….(ရွှေကြက်ယက်ဆိပ်ကမ်း)

1 ရွှေကြက်ယက် ဆိပ်ကမ်းက ရေချိုးဆိပ်

2 ဘုရားဒုတိယအဆင့်ကနေမြင်ရတဲ့ရေချိုးဆိပ် လုပ်သားတွေက ထင်းဆယ်နေတယ်

3 လှမ်းမြင်ရတဲ့စစ်ကိုင်းတောင် ရု့ခင်း

3 ရေချိုးသူ အ၀တ်လျှော်သူ အလုပ်လုပ်သူ ခရီးသွာုးဘို့စောင့်သူ အစုံပါဘဲ

4 တူသလို လို မတူသလိုလို လှတော့ လှနေတာပါဘဲ

5 သင်္ဘောအစုလေးနောက်က စစ်ကိုင်းတောင် မြင်ကွင်း

6 ကျနော်ဟိုဘက်မှာကြည့်နေတုန်း သစ်လုံးတွေအများကြီးရသွားပြီ

7အဝေးကိုလှမ်းမြင် ပြာလွင်သောကောင်းကင် စိမ်းမြသော စိုက်ခင်း ညိုမှောင်သောရေပြင်

8 ရေလည်မှာလှေငယ်လေး အဝေးမှာတော့ သောင်ထွန်း နတ်သမီးနေတဲ့ကျွန်းတော့ မဟုတ်ဘူးနော်

9 အပေါ်စီးရိုက်ချက် ရေချိုးဆိပ်ကိုပြောတာပါ

10 ကျနော်စိတ်တိုင်းကျသောပုံလေးပါ ခုန်ချလို့တော့ မဖြစ်ဘူးနော်

“ရေချိုးဆိပ်………………….. ရွှေကြက်ယက်”

 

ဧရာဝတီဆိုတာ သူ့ကမ်းနံဘေးမှာနေသူတွေအတွက်တော့ မရှိမဖြစ်။

သယ်ယူပို့ဆောင်ရေး၊

စိုက်ပျိုးရေး၊

သုံးစွဲရေး ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံကနေအသုံးဝင်ပါတယ်။

ဒီထက်မကဘဲ ကြည့်မ၀ရူ့မ၀ စိတ်ချမ်းသာစေတဲ့မြင်ကွင်းတွေကိုလဲပေးစွမ်းနိုင်ပါသေးတယ်။

 

မြစ်နားမှာနေသူကတော့ ရေချိုးရင် အ၀တ်လျှော်ရင် ဧရာဝတီရင်ခွင်ထဲပြေးဝင်လိုက်ကြတာပါဘဲ။

ကျနော်တို့လဲမြစ်နားမှာမနေပေမယ့် မြို့ထဲမှာရေရှားရင် ဖြစ်ဖြစ် အပျော်သဘောဖြစ်ဖြစ်

ဧရာဝတီမြစ်ထဲသွားရေချိုးခဲ့ကြပါတယ်။

 

“ရေချိုးဆိပ်”ဆိုတဲ့ဝင်းဦး ဆိုခဲ့တဲ့သီချင်းလေးကတော့ အင်မတန်လှပသော

စာသားများနဲ့ဖွဲစည်းထားတဲ့ဆရာမြို့မငြိမ်းရဲ့လက်ရာကောင်းလေးပါ။

“အိပွဲ့ အိပွဲ့ ငှက်သမ္မာန်ခတ်သွားတယ်………..

ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာကြောင်လွန်းတယ်။

တစ်စုတစ်ဝေးလုံမငယ် ကျိတ်ပုန်းစားကြတယ်၊

ရေချိုးနေရင်းကွယ် လှောင်ပြုံးပြုံး ပြုံးကြတယ်

ကုန်းပေါ်ကလူပျိုလေးရယ် ဘာကိုငေးလဲသိနိုင်တော့ဘူးကွယ်” တဲ့

မျက်စေ့ထဲမြင်လာအောင်ပုံဖော်ထားပါတယ်။

ရွှေကြက်ယက်ဆိပ်ကမ်းရောက်တော့ ဆရာငြိမ်းလိုပုံမဖော်တတ်တော့

လက်ဘဲဆော့လိုက်ပါတယ်။

မလှပေမယ့် အမှတ်တရပေါ့နော်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(26-12-2011)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။