ဗုံးတရားခံကို မြောက်ဥက္ကလာမှာ ဖမ်းမိတယ်လို့ အီလဲဗင်း မီဒီယာ ဂရုရဲ့ ၀က်ဆိုက်မှာ ရေးသားထားပါတယ်..။

ဒါပေမယ့် ကျွန်တော်လဲ ညံ့လို့လားမသိ..။ ဖတ်ရတာ မရှင်းဘူးဗျ … နဲနဲတော့ ကူးပြမယ်နော် ..
>>> ၂၀၁၁ ခုနှစ် ဒီဇင် ဘာလ ၂၀ ရက်နေ့တွင် ဖောက်ခွဲ ရေးသတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ဟံသာဝတီခရိုင် သုံးဆယ်မြို့ရဲတပ်ဖွဲ့မှ ကိုစိုင်းတင်မင်းထွန်း တောင်ကြီးမြို့တွင်နေသူအား စစ်ဆေးဖော်ထုတ်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်ကာ ဖုန်းအငှားလုပ်ငန်း လုပ်ကိုင်သူ ကိုစိုင်းတင်မင်းကို၏ နေအိမ်တွင် မိုင်းနှစ်လုံးထားရှိခဲ့ကြောင်း စစ်ဆေးသိရှိရသည်။ <<<

ကိုစိုင်းမင်းထွန်း က တောင်ကြီးက ၊ မြောက်ဥက္ကလာက ကိုစိုင်းတင်မင်းကို အိမ်မှာ မိုင်းနှစ်လုံးထားခဲ့တယ်..။အဲဒီလိုဆိုတော့ ဘယ်လိုဖြစ်လို့ သုံးဆယ်မြို့ရဲတပ်ဖွဲ့က အဲဒီ့သတင်းကို သိပြန်တာတုန်း ..။ စိုင်းမင်းထွန်းက သုံးဆယ်ကို ထွက်ပြေးလို့လား … ။နောက်ပြီး မဖောက်ရသေးတဲ့ မိုင်းနှစ်လုံးကို မြောက်ဥက္ကလာ မှာ မိတယ်လို့ဆိုတယ်..။ဒါပေမယ့် ဖျက်ဆီးပြီးပြီတဲ့ ၊ ၀ါယာကြိုးတွေ ဖြတ် ဗုံးထည့်ထားတဲ့ ကွန်ပါဘူးတို့ ၊ နာရီတို့ကို မီးရှို့ထားတယ်တဲ့…။ ဒီတိုနေတာနဲ့ ယမ်းတုန်းကိုတော့ ချောင်းထဲ ပစ်ချခဲ့တယ် ဆိုတယ်…။ သူမဖောက်ရဲတော့လို့ ဖျက်ဆီးလိုက်တာလား..။ ဒါမှမဟုတ် တခြားတစ်နေရာမှာ ဖောက်ပြီးလို့ နောက်တစ်နေရာအတွက် အခွင့်မသာတော့လို့ လက်စပျောက် ထွက်ပြေးဖို့ကြံသလားဆိုတာလဲ မသိပါ..။
နိုင်ငံပိုင်သတင်းစာ ထဲမှာတော့ ပါမပါ မသိသေးပါဘူး။
ဒါပေမယ့် လှည်းတန်းကိစ္စက သူ ဟုတ်မဟုတ် ဆိုတာလဲ မပါဘူးဗျ..။ မိတာ ၂၁ ရက် မနက် ၆ နာရီ.. လှည်းတန်းကိစ္စက ၂၁ ရက် နေ့လည် ၁၁ နာရီဆိုတော့ မဟုတ်ဘူးလို့တော့ ထင်တာပဲ ..။ ဒါပေမယ့် ဘယ်က ခိုင်းတယ်..။ ဘယ်သူတွေ ပါတယ်။ ဘယ်မှာ လုပ်ဖို့ ကြံစည်တယ်..။ ဘယ်လို ရည်ရွယ်ချက်ဆိုတာတွေကိုတော့ တနွယ်ငင် တစ်စင်ပါ ဆိုသလို အကုန်ထွက်ပေါ်လာလိမ့်မယ်လို့တော့ ထင်၇ပါတယ်…။
မူရင်းလင့်ကို ဖတ်ချင်ရင်တော့ http://www.news-eleven.com/index.php?option=com_content&view=article&id=11634:2011-12-25-09-08-29&catid=43:2009-11-10-07-39-09&Itemid=111
မှာ ဖတ်နှိုင်ပါတယ်…။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ လုပ်သည်ဖြစ်စေ .. မည်သည့်အဖွဲ့အစည်းမှ ပြုလုပ်သည်ဖြစ်စေ .. သာမန်ပြည်သူပြည်သားများအား ထိခိုက်နစ်နာစေသော အကြမ်းဖက်မှုများအား ရှံ့ချပါသည်။ အကြမ်းဖက်မှုများ ပပျောက်ပါစေ ။။။

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010