ဒီရက်ပိုင်းအတွင်း လူတွေကို စိတ်ဒုက္ခရောက် ၊ စိတ်အနှောက်ယှက်ဖြစ်စေသော သတင်းတစ်ရပ် လူသတင်း လူချင်းဆောင်ပြီး မသိမသာ တမျိုး ၊ သိသိသာသာတမျိုးနဲ့ ပျံ့နှံ့နေပါတယ် ။သူများတွေပြောတော့လည်း …နိုင်ငံပိုင်သတင်းစာမှာလည်းပါသတဲ့..(ဟုတ်မဟုတ်ကိုယ်တိုင်မဖတ်မိလို့ မသိ )  အီးမေးလ်ထဲမှာလည်း ပလူပျံလို့ … ၊ ဂရုမေးလ် ၊ ဖေ့စ်ဘွခ်တို့မှာလည်း အုံးအုံးကြွတ်ကြွတ်နဲ့ …. ထင်မြင်ချက်များ ၊ ညည်းညူသံများ ၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်မယ် ရည်ရွယ်သံများစွာနဲ့ အပြန်လှန် ဆွေးနွေးနေခဲ့ကြတယ် …. ။ အဲ့ဒီသတင်းကတော့ …  ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ … ဇန်န၀ါရီ ၁ရက်နေ့ထိ  လျှပ်စစ်မီးတွေပြတ်တောက်ထားတာရှိမယ် … မီးလာလည်း … ဗို့အားအပြည့်မရနိုင်ဘူး …ဆိုတာပါပဲ … ။

%%%%%%%%%%%%%%

ရန်ကုန်မြို့၌ ၄ ရက်တာ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ပေးမည်

By Popular News

ရန်ကုန်မြို့သို့ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ပေးဝေလျက်ရှိသော ကမ်းလွန်ပင်လယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးစင်အား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သောကြောင့်  အထက်ပါအတိုင်း ၄ ရက်တာ မီးပြတ်တောက်မည်ဟု ၎င်းက ပြောသည်။ “စွမ်းအင်ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်ကနေ ဇန်နဝါရီ ၁ ရက်နေ့ အထိ ကမ်းလွန် ရေနံတူးစင်ကို ပြုပြင်မယ်ဆိုပြီး အကြောင်းကြားလာတဲ့ အတွက် ကျွန်တော်တို့က အဲဒီလေးရက်မှာ ရန်ကုန်မြို့ကို သဘာဝဓာတ်ငွေ့နဲ့ ဓာတ်အားပေးနေတဲ့ လှော်ကား၊ ရွာမ၊ သာကေတနဲ့ အလုံစတဲ့ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၄ ရုံစလုံးကို ပိတ်ထားရမယ်။ အဲဒီအတွက် အချို့မြို့နယ်တွေမှာ အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နိုင်သလို လျှပ်စစ်မီးရတဲ့ မြို့နယ်တွေမှာလည်း မီးလာတဲ့အချိန် ဗို့အားအပြည့် ရနိုင်မှာ မဟုတ်ဘူး။ စက်မှုဇုန်တွေကိုလည်း ဒီရက်ပိုင်းအတွင်း လျှပ်စစ် ဓာတ်အားပေးမှုကို ခေတ္တ ဖြတ်တောက်ထားမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

ထို့အပြင် ရန်ကုန်မြို့သို့ ရေအားလျှပ်စစ်မှ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ရွှေလီနှင့် လောပိတ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်တာဝါတိုင်များအား သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ရဲရွာနှင့် ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းများမှ ဂျန်နရေတာ ၄ လုံးအား စွမ်းအားပြည့် အသုံးပြုနေရသည့် အတွက် သိုလှောင်ရေ ပမာဏမှာ အနည်းငယ် လျော့ကျလျက် ရှိကြောင်း၊ ထိုသို့ လျော့ကျနေသည့် အတွက် ၂၀၁၂ ခုနှစ် မတ်လနှင့် ဧပြီလများအတွင်း ရန်ကုန်မြို့၌ အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းငယ် တွေ့ကြုံရဖွယ် ရှိသည်ဟု ထပ်မံသိရသည်။

%%%%%%%%%%%%%%%%%%%

ရန်ကုန်မြို့နေ လူတန်းစား အများစု ဆိုးရိမ်ကြတာ …မီးပျက်တဲ့ ဒုက္ခထက် ရေမရမယ့် ဒုက္ခကိုပါ ။ ရေပေးဝေမှု့စနစ်ကို အားပြုအသုံးပြုနေရသူတွေကတော့ မီးပျက်တဲ့အချိန်နဲ့ ရေလာတဲ့အချိန် တိုက်ဆိုင်ခဲ့လျှင် တစ်နေ့တာ ရေရနိုင်မယ့်အခွင့်ရေး ဆုံးရှုံးကြရမှာလေ … ။  အထပ်မြင့်တိုက်တွေ တစ်နေ့လောက် မီးမလာတာနဲ့ ရေမရလို့ ထမင်းဟင်းချက်ဖို့ ၊ ဆေးကြောလျှော်ဖွတ်ဖို့၊ ရေချိုးဖို့ … အယုတ်စွဆုံး အိမ်သာသုံးဖို့တောင် ရေအခက်အခဲဖြစ်ကြပါတယ် …. ။ ဒီမီးလေးရက်ပျက်မယ်ဆိုတဲ့ သတင်းက ၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းထက် လူတွေ ပိုကြောက်လန့်ခဲ့ကြတာပါ ။ လျှော်ဖွပ်ဆေးကြောစရာများကို ကြိုတင်လျှော်ဖွတ်ထားကြသူများလည်းရှိသး … ပန်းကန်ဆေးကြောရသက်သာအောင် တခါသုံးပန်းကန်တွေ ၊ ခွက်၊ ဇွန်းတွေ ၀ယ်ယူထားသူများလည်းရှိတာတွေ့ရပါတယ် … ။ ဒါ့အပြင် … ပိုက်ဆံရှိသူတွေကတော့ မီးစက်တွေဝယ် ။ ရေကန်အသစ်တွေ ထပ်တင် နဲ့ ရေကိုသလိုလှောင်ကြပါတယ် ….  အသင့်တင့် တတ်နိုင်သူတွေကလည်း .. ရေတိုင်ကီတွေ ၊ ရေပုံးတွေ ၊ ဇလုံတွေ ထပ်ဝယ်ပြီး ရေစုဆောင်းကြတယ် … ။ မရှိမရှားမိသားစုတွေကတော့ ရှိသမျှ အိုးခွက် ၊ ပန်းကန်ခွက်ယောက်တွေ နဲ့ ထည့်လို့ရသမျှ ထည့်ကာ ရေသိုလှောင်ကြပြန်တယ် …. ။သူတို့ကိုကြည့်ပြီး …  နွေခေါင်ခေါင်အညာဒေသရေရှားပါးမှု ဖြစ်တော့မလိုတောင် ထင်မှတ်ရတယ် …. ။ ရေမရလျှင် … တကိုယ်ရည် သန့်ရှင်းမှု့အတွက်လိုအပ်တာက ရေချိုးတာ၊လက်ဆေးတာ … နဲ့ အိမ်သာဝင်တာပါပဲ … ။

ရွာသူ ရွာသားတွေ အိမ်မှာရော … မီးမလာလို့ ရေမရလျှင် ဘယ်လိုများ သုံးဖို့ စဉ်းစားထားပါသလဲနော် …. ။ ကျွန်မကတော့ အကြံကောင်းကောင်းရှိပါတယ် …. ။ အတော်ဟန်ကျနိုင်မယ့် အကြံမျိုလို့ထင်တာကြောင့် ..အားလုံးလည်းရေအခက်ခဲ ဖြေရှင်းနိုင်အောင် ပြောပြပေးလိုက်ပါတယ် …. ။ စာဖတ်သူတွေထဲ ဟိုတယ်ပိုင်ရှင်တွေပါလျှင်တော့.. မေတ္တာမပို့ကြပါနဲ့နော် ဟီး  :D

အိမ်မှာသာ ရေအခက်ခဲဖြစ်လျှင် …. သရီးစတားအဆင့်ကနေ .. ဖိုက်စတားအဆင့်ရှိတယ် .. ဟိုတယ်တစ်ခုခုမှာ အခန်းတစ်ခန်းယူပါမယ် …. ။ ပြီးလျှင်မိသားစု ၊ ဆွေမျိုး ၊ နီးစပ်ရာတွေ .. အလှည့်ကျ ရေချိုး အိမ်သာဝင်စေပါမယ် … ။ အခန်းခ ကျသင့်ငွေကို အချိုးကျ ပြန်လည်ကောက်ခံပါမယ် … ဟဲဟဲ .. ဒါဆိုလျှင် ရေတစ်ခွက်ချိုးလိုက် ….ရေတိုင်ကီငုံ့ကြည့်လိုက်ဘ၀ကနေ စိတ်သက်သာရာ ရစေမှာပါ … ။ ရေမရှိမှာ စိုးလို့ … အိမ်သာတောင် ဖြောင့်ဖြောင့်မ၀င်ရဲတဲ့ လူတွေအတွက်လည်း အတော်သင့် အဆင်ပြေစေမှာပါ … ။ လူများများစုနိုင်လျှင် စုနိုင်သလို ဆားဗစ်ချာခ့်ျပါ ကိုယ့်အတွက် ကျန်မှာပါ .. ။

သရီးစတားကနေ ဖိုက်စတား ဟိုတယ်တွေမှာ ဧည့်သည်တွေ့ဆုံမှုကို မတားမြစ်ထားပါဘူး … ။ သာမန်တည်းခိုခန်းအသေးစားတွေ ၊ အင်းတွေ ၊ ဂတ်စ်ဟောက်တွေ ၊ အဆောင်တွေမှာလို ဧည့်တွေ့မှုကို နေရာကန့်သတ်တားမြစ်ထားတာမျိုးမရှိတဲ့အခါ .. ဧည့်သည်တွေလည်း အခန်းတွင်းဝင်လို့ရပါတယ် … ။ ဈေးကတော့ …. တစ်ရက်ကို ဒေါ်လာတစ်ရာလောက်ပျှမ်းမျှရှိပေမယ့် .. တစ်ဆွေလုံးတစ်မျိုးလုံး စိတ်ချလက်ချ ရေချိုးလို့ ရလျှင်တော့ … ပေးပျော်တယ်ပေါ့ … ။ တစ်ရာဆိုတာက မှန်းပြောတာပါ …တချို့ ဟိုတယ်ကြီးတွေ တစ်ရက်အနည်းဆုံး 50 ဒေါ်လာအခန်းမျိုးတောင် ရှိပါတယ် ။ Delux အခန်းမျိုးပါပဲ (အိမ်မှာထက်တော့ …. ပိုသာတာပေါ့ )  …. ။ ဘယ်ဟိုတယ်ဝန်ထမ်းကမှ လူအများကြီး တခန်းထဲ စုပြုံနေတာကို ကန့်ကွက်မှာ မဟုတ်ပါဘူး … ရွာအလှူပွဲထဲ ကင်းကိုက်သလို ကြွတ်ကြွတ်ညံအောင်တော့ အော်မနေသင့်ဘူးပေါ့နော် …. သူများကို အနှောက်ယှက်မပေးတဲ့အခါ .. စရိုက်ဆန်ဆန် … အော်ဟစ်ရယ်မော ပြောဆိုသံတွေ မရှိတဲ့အခါ ဘယ်သူကမှ အမုန်းခံပြီး ၀င်မပြောပါဘူး … ။ ရေပူရေအေး ကြိုက်သလိုချိုးနိုင်တဲ့အပြင် မီးပေးမှု့ကတော့ ၂၄ နာရီစနစ်ပါ … မီးပျက်တာမျိုးဖြစ်နိုင်ပေမယ့် အလွန်ဆုံး ငါးစက္ကန့်အတွင်း မီးပြန်လာနိုင်ပါတယ် …  ။ အခန်းအကျယ်ဝန်းကတော့ အကန့်သတ်နဲ့မို့ .. ရေချိုးပြီးလျှင်တော့ အိမ်ပြန်ခိုင်းရမှာပါ … ။ အဲ့ဒီဟိုတယ်ကြီးတွေမှာ ၂၄နာရီအတွင်း ၀င်ထွက်ရလည်းလွယ်တာကြောင့်လည်း .. အဆင်ပြေတဲ့အချိန် ရေသုံးနိုင်ပါသေးတယ် … ။

ပိုက်ဆံအများကြီးကုန်မှာစိုးလို့ စိတ်ပူနေသေးလား … မပူနဲ့ … တစ်ရာဆိုလျှင်တောင် တွက်ကြည့် … ပျှမ်းမျှပေါက်ဈေးနဲ့ 800ပဲထားဦးတော့ … တစ်ရာဆိုလျှင် မြန်မာငွေ 80,000 ကျပ်လေ … ။  လူ အယောက်နှစ်ဆယ်လောက် စုလိုက်လျှင် တစ်ယောက် လေးထောင်ပဲကျမယ် … ။ အယောက်နှစ်ဆယ်ထက်ပိုလျှင် ပိုလို့တောင် အကုန်ကျသက်သာမယ် …. ။ အယောက်နှစ်ဆယ်ရဖို့ ခက်တော့မခက်ပါဘူး … ဥပမာ မိသားစု တစ်ခုမှာ အဖေ ၊ အမေ နဲ့ .. ကလေးအနည်းဆုံး ပျှမ်းမျှ နှစ်ယောက်ဆိုလျှင် လေးပေါက်ရပြီ … အဘိုး ၊ အဘွား ရှိလျှင် ထပ်ပေါင်းလိုက်ဦး ၊ အဒေါ် ၊ ဦးလေး ၊ အန်တီလေး ၊ မရီးေ ယောက်ဖ ၊ ခယ်မ ၊ ခဲအို စသဖြင့် ပတ်သတ်ရာပတ်သတ်ကြောင်းတွေပေါင်းလျှင် အနည်းဆုံး ၂၀ပြည့်ပြီလေ … ။ ဒါတောင် သူငယ်ချင်းတွေ မပါသေးဘူး … ။

အမျိုးဆွေတွေကြား ပေါ်ပြူလာဖြစ်ချင် နာမည်ကြီးချင်တာကတကြောင်း … ကုသိုလ်လုပ်တယ်လို့ အသံကောင်းဟစ်ချင်တာက တကြောင်းဆိုလျှင်တော့ … အခန်းခ စိုက်ရှင်းပြီး ကုသိုလ်ယူလိုက်ပါ … ။ ဆွေမျိုးများကြား မျက်နှာပွင့်မည့် မဟာအခွင့်ရေးလည်း ဖြစ်ပါတယ် ….  :mrgreen:    … ။ ဘရိတ်ဖက်စ်ကိုတော့ … အခန်းခရှင်းမယ့် အလှူရှင်က အဖော်တစ်ဦးနဲ့ … အ၀အပြဲ ဘူဖေးသွားဆွဲလို့လည်းရတာကြောင့် ..ကုသိုလည်းရ ၀မ်းလည်းဝမယ့် အကြံဖြစ်ပါတယ် … ။

ရွာသူရွာသားတို့လည်း မီးမလာလို့ ရေမရတဲ့ဒုက္ခကြောင့် ရလာမယ့် စိတ်သောကတွေ ကင်းဝေးကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်နော် … ။ ။

 

(ဘာရယ်မဟုတ်ဘူး … ဟက်ပီးနယူရီးယားအတွက် ဘာလုပ်ရမလဲတွေးရင်း …  ပြီးခဲ့နှစ်က ထရိတ်ဒါးမှာ အခန်းငှားပြီး ဘော်ဒါတွေနဲ့ သောက်စားကြတာကို သတိရလာတာကြောင့် … အတည်ပေါက်နဲ့ …  အရွှန်းဖောက်ပြီး ရေးလိုက်ပါတယ် …  ဖတ်ပြီး ရယ်နိုင်ကြပါစေနော် )  :lol:

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!