အသိုင်းဝိုင်းတွေ

ဂုဏ်ပုဒ်တွေကြားထဲမှာ

ငါခေါင်းမဖော်နိုင်အောင်မြုပ်နေပီ

ချစ်သူရယ်..

ဒီလိုနဲ့ ပဲ ငါတို့ ဝေးကြရတော့မှာလာ

ညနေခင် အလှတွေ

မနက်ခင်းရဲ့ အမှတ်တရတွေက..

လေလိုပဲ လွင့်မျှောသွားတော့မှာလာ.

နေ့ တိုင်း ကြိုပေးရတဲ့ ကားဂိတ်လေး..

ဆောင်ပေးနေကြ ထီးလေးက

ငါ့အခန်းထောင့် မှာ..

အထီးကျန်စွာ…

မိုးရွာတိုင်းသတိရသလို

နေ့ တိုင်းလဲ ငါနှလုံးသားမှာ

မရပ်စဲသော မျက်ရည်မိုးတွေက.

အတိုင်ထက်အလွန်..

တစ်ယောက်ထဲသာ စွဲစွဲလန်းလန်းချစ်ခဲ့တော့

ငါတစ်ယောက်တည်းပဲရူးနေရပီပေါ့

ကျေနပ်ပါတယ်..

ငါမျှော်လင့်ချက်က

မင်းနဲ့  ပြန်ဆုံမယ့်နေ့ လေးကိုပါ…..

တစ်ဘ၀စာဝေးရင်.

ငါတော့…….

မင်းကြောင့်…….

အဲ့နေရာလေးမှာပဲ…

About julyko

july ko90 has written 7 post in this Website..