ကလေးမြို့၊ တာဟန်းမှာ ချင်းလူမျိုးတွေအများဆုံးနေထိုင်ကြပါတယ်၊ ခရစ်စမတ်ပွဲ၊ မင်္ဂလာဧည့်ခံပွဲနဲ့ ဆုတောင်းပွဲ၊ တွေမှာ ရိုးရာအစားအစာအဖြစ် ၀က်သားပြုတ်၊ ကြက်သားပြုတ်၊ ဆန်နဲ့အရွက်နဲ့ ရောချက်ထားတဲ့ ဟင်းရည် များနဲ့ဧည့်ခံလေ့ရှိကြပါတယ်၊ ကျမနေတဲ့ အိမ်က ဆုတောင်းပွဲလုပ်ရင်း ဧည့်ခံတဲ့ ပုံလေးတွေကို ရွာသူရွာသားများအတွက် နှစ်သစ်လက်ဆောင်အဖြစ်တင်ပေး လိုက်ပါတယ်နော်၊ ကျမလည်း ရောက်စကတော့ ရိုးရာ အစားအစာတွေနဲ့ မရင်းနှီးပေမယ့် အခုတော့ နေသားကျနေပါပြီ၊ ရွာသူရွားသားများလည်း ၀င်ရောက်စားသွားကြပါဦးနော်………………
 နှစ်သစ်ကူး ချင်းရိုးရာချက်ထမင်းဝိုင်းလေးမှာ ရွာသူရွာသားများ အားလုံး ကြွရောက်သုံးဆောင်ကြပါရှင်
ဝက်သားပြုတ် (ချင်းချက်) ခေါ်တာပေါ့နော် …………..
ကြက်သားပြုတ် (ချင်းချက်) ခေါ်တာပေါ့နော်………..
ကြက်သား (သို့) ၀က်သားပြုတ်ရည်ထဲကို ဆန်နှင့် အရွက်ထည့်ပြီး ချက်ပါတယ်၊ ဟင်းရည်သောက်ပေါ့………
ရွှေဖရုံသီး အနုလေးတွေကိုပြုတ်ထားတာပါ၊ ခရမ်းခါးသီးလေးတွေပါ၊ အတို့အမြုတ်ပေါ့၊ အချိုနဲ့အခါးကို တွဲထားတာပါ………..
ရွာသူရွာသားတွေလည်း ၀င်စားသွားကြပါဦးနော်……… ပျော်ပျော်ပါးပါးပေါ့……….
 နှစ်သစ်ကူးလက်ဆောင် ထမင်းဝိုင်းပွဲလေးပေါ့နော်………….
ရွာသူရွာသားအားလုံး နှစ်သစ်မှာ ပျော်ရွှင်မှု့အပေါင်းနဲ့ ပြည့်စုံကြပါစေရှင်…………………
About yaungchikha
has written 16 post in this Website..