နှစ်ထောင့်ဆယ့်နှစ်..
အသစ်ဖွင့်လှစ်မဲ့စာမျက်နှာတွေ..
ဖြူစင်ကာလေစေတနာများနဲ့..
မုဒိထားကာလှမ်းလို့သာဝင်ခဲ့ပါဂေဇက်ရွာ..
အာဃာတတွေဖယ်ကာရှား..မေတ္တာတွေထားပါလို့..
မှားတာတွေရှိရင်လည်းအားလုံးက ခွင့်လွတ်နားလည်ပေးနိုင်အောင်..
ဝန်ချကာတောင်းပန်တတ်ရင်း..
သူကြီးပေးတဲ့နှစ်သစ်လက်ဆောင်ရွှေစောင်းနှစ်လက်ကမျက်နှာချင်းဆိုင်လျှက်ပေမို့…
တွေးယူပါရွာသူားများ.. အပေးနဲ့အယူကြည်ဖြူကာမျှတထားလို့ သူကြီးကိုဝိုင်းရံကာကူညီရင်း..
တစ်ယောက်နဲ့တစ်ယောက်ကြိုက်မတူတာရှောင်ရှားလို့သိတာတွေဖလှယ်ရင်း..
သမုဒိချစ်စကြိုးရှည်ရှည်နဲ့ခိုင်ခိုင်မြဲမြဲတုပ်နှောင်ကာချည်ကာထားလို့..
တွဲလက်တွေမဖြုတ်စတမ်းပေါ့ လျှောက်လှမ်းကြစို့အတူတူ..
စာချစ်သူဆွေသဟာများရယ်..
ပေါင်းစည်းကာသာအောင်ကြောင်းဝေဖြာစွာနဲ့..
ဂေဇက်ရွာဝင်စာရနံ့တွေသင်းပျံ့မွှေးကြူကြိုင်လှိုင်စေဘို့..
တို့တွေအားလုံး..
သစ္စာပန်းခင်းစိုက်ရအောင်..။

aye.kk

About aye.kk

has written 245 post in this Website..