“တွယ်ညိခြင်းနှင့်ပန်းချီငိုသော သဘာဝအလှများ”

1 တွယ်ညိခြင်း အမှတ်တစ်( နံနက်ခင်းလေးမှာပေါ့ လွမ်းစရာ ငါမင်းကို မခွဲနိုင်ဘူးလို့ ပြောခဲ့သလိုပါဘဲ အချစ်ရေ)

2 တွယ်ညိခြင်း(2) ရှိခြင်း နဲ့ မဲ့ခြင်း ခွဲခွာခြင်း နဲ့ပေါင်စည်းခြင်း ရဲ့လွန်ပွဲလေးမှာ တည်းတည်းလေးရှိရင်း ငြိနေတာကတော့ ချစ်ခြင်းရဲ့ သံယောဇဉ်ပေါ့နော်

3တွယ်ညိခြင်း-3 စိတ်ထဲမှာတကယ်မသိ အလိုလိုတွယ်ညီနေတာ ကြာလှပေါ့ကွယ်

4 အလင်းတော့ရောက်ပြီ မင်းနဲ့ငါ လွန်ဆွဲ အချစ်ရယ် ........... တွယ်ငြိခြင်းတွေ ခိုင်မြဲ့ပါရစေနော်

5 အဝေးကြည့်ရင်ဝိုးတ၀ါး မျက်ရည်တွေကြောင်းများလားမသိ အနီးကြည့်ရင်တော့ ရင်ဆို့ တွဲလွဲခို တည်းတည်းဆို တကယ့်တည်းတည်းလေးဘဲကျန်တဲ့သံယောဇဉ်လေးပါကွယ်

6 သံယောဇဉ် တစ်ပင်ထဲ မခွဲခွာ နှောင်တဲပါရစေလို့ တောင်းပန်ချင်

 

7 ရောင်နီမလာစ မူံပြပြ မှာ ကျမဘ၀ ခဏလေးလင်းခွင့်ပြုပါနော်8 သစ်ရွက်နဲ့ ပိုးမျှင် ဆက်နွယ်ခြင်းရှည်လျား အားကျမိပါရဲ့ သူတို့အသွင်

9 အနီတဲမှာ အ၀ါခြယ် တင့်ဆန်းရောင်သွေးကြွယ်

10 သဘာဝတရားရဲ့စုတ်ချက် လူလက်နဲ့ လိုက်မမှီ ပန်းချီဆရာတောင်ငိုချင်အောင်လှပ

11 ပန်းအသွေးက ၀ါနီ ကောင်းကင်က မူံရီရီ သဘာဝစုတ်ချက် လိုက်မမှီ

“တွယ်ငြိခြင်းနှင့် လိုက်မမှီသော သဘာဝစုတ်ချက်”

 

မနက်မနက်လမ်းလျောက်ထွက်တဲ့အခါ လှပတဲ့မြင်ကွင်းတွေ တွေ့ရင် လက်ဆော့ မိပါတယ်။

တစ်ခါတစ်လေ ပကတိအမြင်မှာ မလှပေမယ့်  ကွန်ပြူတာမှာပြန်ကြည့်တော့ အတော်လှ။

အပြင်အမြင်မှာလှပေမယ့် ပုံထွက်လာရင်မူံဝါးဝါး အမျိုးမျိုးပါဘဲ။

အခုရက်မှာတော့ မိုးတိမ်ရော နှင်းထုပါရှိနေတော့ အာရုဏ်တင်မြင်ကွင်းကပိုလှပ ပါတယ်။

တစ်ရက် မနက်ရိုက်ချက်တွေထဲက ပြန်တင်ကြည့်မှ ပိုးမျှင်လေးတွေငြိနေတာကို တွေ့မိပါတယ်။

အဲတော့ သုံးလေးရက်လောက် ပိုးမျှင်ညိတာလေးတွေရှာပြီးတင်ဖြစ်ပါတယ်။

ပိုးမျင်ကို ရိုက်ရင်း သဘာဝ ရဲ့ လိုက်မမှီတဲ့စုတ်ချက်တွေကို ရလိုက်ပါတယ် ။

အဲတော့ ထုံးစံအတိုင်း……………………

ကိုပေါက်လက်ဆောင် စနက်ရှော့မဟုတ်တဲ့လက်ဆော့

(3-1-12)(3)