မင်္ဂလာပါ စာချစ်သူ စာဖတ်သူ ဘောလုံးဝါသနာရှင်များ ခင်ဗျာ ။
မနေ့ ည က နှစ်ပွဲခန့် မှန်းခဲ့ရာမှာ တစ်ပွဲက ပါးပါးလေး အကျိုးရှိခဲ့ပြီး ၊ တစ်ပွဲကတော့ လစ်သွားပါတယ် ။ ထို ဆုံးရှုံးနစ်နာမှုများအတွက် အကောင်းဆုံး ပြန်လည်ဖြစ်အောင် ယနေ့ ည ပွဲစဉ်များ ကို ချည်းကပ်ကြည့်ရာတွင် ပရိသတ်များကို လုပ်ကျွေးပြုစုနိုင်မည့် အသင်း တစ်သင်း တွေ့ ရှိလိုက်ပါတယ် ။
၂:၁၅ စပါး (၃) – ဝက်ဘရွန်း (၁၄)
။ ဝီဂန် (၁၈) – ဆန်းဒါးလန်း (၁၅)
၂:၃၀ မန်စီးတီး (၁) – လီဗာပူး (၆)
*********************
မန်စီးတီး (၁) – လီဗာပူး (၆)
မန်စီးတီး ပရီးမီးယားလိဂ်၁၉ပွဲကန်အပြီး ၁၄ ပွဲ နိုင် ၊ ၃ ပွဲ သရေ ၊ ၂ ပွဲရှုံး ၊ ရဂိုး၅၃ ပေးဂိုး၁၆ ၊ ၄၅ မှတ်
လီဗာပူး ပရီးမီးယားလိဂ်၁၉ပွဲကန်အပြီး ၉ ပွဲ နိုင် ၊ ၇ ပွဲ သရေ ၊ ၃ ပွဲရှုံး ၊ ရဂိုး၂၄ ပေးဂိုး၁၅ ၊ ၃၄ မှတ်
မန်စီးတီး ယခုပွဲမတိုင်ခင် ကစားခဲ့သောငါးပွဲမှာ ရှုံး ၊ သရေ ၊ နိုင် ၊ နိုင် ၊ ရှုံး
လီဗာပူး ယခုပွဲမတိုင်ခင် ကစားခဲ့သောငါးပွဲမှာ နိုင် ၊ သရေ ၊ သရေ ၊ နိုင် ၊ နိုင်
မန်စီးတီး အိမ်ကွင်းတွင် လီဗာပူး နှင့် တွေ့ ဆုံခဲ့မှုများမှာ
၂၃.၈.၂၀၁၀ မန်စီးတီး ၃-၀ လီဗာပူး
၂၁.၂.၂၀၁၀ မန်စီးတီး ၀-၀ လီဗာပူး
မန်စီးတီး အသင်း၏ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Hart
နောက် Richards, Kompany, Lescott, Clichy
လယ် Milner, Toure, Barry, Nasri
ရှေ့  Silva, Aguero
လီဗာပူး အသင်း၏ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Reina
နောက် Johnson, Skrtel, Agger, Enrique
လယ် Henderson, Gerrard, Adam, Downing
ရှေ့  Suarez, Bellamy
ဈေးအနေအထားအရ မန်စီးတီး သရေ ဆိုလျှင် တစ်ဝက် ဆုံးရှုံးမှာ ဖြစ်ပါတယ် ။
ယခုပွဲ တွင် နှစ်သင်းစလုံး ပွဲပန်းမှု ရှိနေမှာ ဖြစ်ပြီး ၊ မန်စီးတီး အသင်း က ၁ ရက်နေ့ က ဆန်းဒါးလန်း နဲ့ ကန်ခဲ့သလို လီဗာပူးက ပြီးခဲ့တဲ့ ၂၀၁၁/၁၂/၃၀ ရက်နေ့ က နယူးကာဆယ် နဲ့ ကန်ခဲ့တာ ဖြစ်တဲ့အတွက် ၊ လီဗာပူးက အနားချိန် ပိုရထားကာ ၊ မန်စီးတီး ကစားသမားများထက် လီဗာပူး ကစားသမားများက ပိုလန်းမှာပါ ။
မန်စီးတီး ဟာ အိမ်ကွင်း၉ ပွဲ ကစားခဲ့ရာမှာ ၉ ပွဲလုံး နိုင်ခဲ့ပါတယ် ။
လီဗာပူး အသင်းကတော့ အဝေးကွင်း၉ ပွဲ ကစားခဲ့ရာမှာ ၅ နိုင် ၊ ၁ သရေ ၊ ၃ ရှုံး ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ “ဆန်းဒါးလန်း ၀-၁ မန်စီးတီး” ပွဲတုန်းကဆိုရင် မန်စီးတီးရဲ့ ကစားပေါက် ဟာ ချန်ပီယံခြေစွမ်းကင်းမဲ့နေတာကို တွေ့ ရပါတယ် ။
လီဗာပူးကတော့ ဆွာရက်ဇ် ပွဲပယ်ခံပြီးမှ နယူးကာဆယ် ကို ၃-၁ နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ် ။
ထိုပွဲမှာ လီဗာပူးရဲ့ ကွင်းလယ် အင်ဂျင် ဂျာရတ် ပြန်ကစားခဲ့သလို ၊ ကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူ နိုင်ခဲ့တာ ကို တွေ့ ရပါတယ် ။
ဒီနှစ်သင်း ဂိုးသမားချင်း ယှဉ် ရင် ကွာခြားမှု သိပ်မရှိပါဘူး
နောက်တန်း ချင်း ယှဉ်ရင်တော့ စကာတယ် နဲ့ အက်ဂါ တို့ က ကွန်ပနီ နဲ့ လက်စကော့ တို့ ထက် အများကြီး တည်ငြိမ်ပါတယ် ။
ကွင်းလယ်ချင်းယှဉ်ရင်လည်း ဂျာရတ်ပြန်ပါမယ့် လီဗာပူး က ပိုစွမ်းနိုင်ပါတယ် ။
ရှေ့ တန်း က တော့ နှစ်သင်းလုံး မျှပြီး ဘယ်လာမီ ရဲ့ ရုန်းအား က ဂိုးပိုရတယ် လို့ မြင်ပါတယ် ။
ဒီရာသီမှာ မန်စီးတီး တိုက်စစ်ဟာ အကောင်းဆုံး ဖြစ်နေပြီး ၊ လီဗာပူး ခံစစ် က လည်း ပေးဂိုးအနည်းဆုံးနဲ့ အကောင်းဆုံး ဖြစ်နေပါတယ် ။
ဆိုတော့က
သည်ပွဲမှာ ပွဲပိုပန်းတဲ့ အနေအထားရှိတဲ့ မန်စီးတီးကစားသမားများဟာ လီဗာပူး ကို အနိုင် မကန်နိုင်ဘူး လို့ ကောက်ချက်ချမိပါတယ် ။
လီဗာပူး ဟာ အသင်းကြီးတွေ နဲ့ တွေ့ ရင် ခြေစွမ်းပိုကောင်းလေ့ ရှိတာ နည်းပြ ဒဲကလစ် ရဲ့ ဗျူဟာကြောင့်ပါ ။
သည်ပွဲမှာ “““ မန်စီးတီး ၁-၁ လီဗာပူး ””” ဖြစ်ဖို့ များပြီး ၊ အနိုင်ဆိုရင်တော့ လီဗာပူး လို့ ဘဲ ပြောလိုက်ပါရစေ ။
*********************
ပြင်ဖတ်ပေးကြပါခင်ဗျာ ။
ည ၈နာရီ ၂၄မိနစ်တွင် ထပ်တိုးရေးပါသည် ။ ကွန်မင့်ဖြင့်လဲ မန့် ထားပါသည် ။
မန်စီးတီး ကို သာ အားပေးကြရမည် ဖြစ်ပါသည် ။
******* အားလုံးဘဲ အောင်မြင်ရွှင်လန်းကြပါစေ *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..