သူ့ငိုသံကြားမှ သင်ပျော်ရွှင်လိမ့်မယ်
သူအပေါ့သွားတိုင်း သင်ဝမ်းသာလိမ့်မယ်
သူအလေးသွားမှ သင်စိတ်အေးလိမ့်မယ်
တစ်ညကိုလေးကြိမ် သူ့အတွက် သင်အိပ်ယာကနိုးလိမ့်မယ်
နှစ်နာရီခြားတစ်ခါ သူ့ကို ကျွေးမွေးရမှ သင်စိတ်ချမ်းသာလိမ့်မယ်
သင့်ရင်ဘတ်ကို သူကန်တဲ့အခါ ကြည်နူးလွန်းလို့ သင်မျက်ရည်ဝဲမိမယ်
သင့်ပါးပေါ်ကျလာတဲ့ သူ့လက်သီးဟာ သင့်အတွက် အင်အားသစ်တွေမွေးဖွားပေးမယ်
သူတစ်ချက်တွန့်လိုက်တာနဲ့ သူဘာလိုလဲ သင်သိလိမ့်မယ်
သင့်ကိုသီချင်းဆိုတတ်အောင် သူသင်ပေးလိမ့်မယ်
ပုခက်တစ်လုံးဘေးမှာနေရဖို့ တစ်လောကလုံးကို သင်ဥပေက္ခာပြုလိမ့်မယ်

About yannaingech

yan naing aung has written 24 post in this Website..

Residence of Myanmar, living in Mandalay, working in an internet cafe.