မြတ်နိုးခြင်း

သင်သည်ဘာကိုအမြတ်နိုးဆုံးလဲ သင်သည်ဘာကိုမြတ်နိုးပါသလဲ။ ဘယ်လောက်ထိမြတ်နိုးပါသလဲ။

သေသေခြာခြာစဉ်းစားပြီးဖြေကြည့်ပါ။ ရှေ့တန်းတိုက်ပွဲဗုံးသံ၊သေနတ်သံများကြားတွင် စစ်သားသည် သူ့

အသက်ကိုမြတ်နိုးမည်။ မွေးဖွားခါနီး မိခင်သည်သူ့အသက်ထက် သူမွေးသောသားသမီးကိုမြတ်နိုးမည်။

ဆင်းရဲခြင်းတွင်ကာလကြာရှည်နေစွာနေလေရသောခါးသီးမှုကို မခံနိုင်၍ငွေကိုမြတ်နိုးမည်။

ငွေရေးကြေးရေးစီးပွါးရေးအတွက် အသက်၊အချိန်၊ကိုယ်ကာယကိုအသုံးပြု၍ရှာဖွေရင်း ငွေကြေးစည်းစိမ် ခံစား

စံစားရခြင်းကိုနှစ်သက်လာပြီး ငွေကိုပိုမိုခင်တွယ် မြတ်နိုးမည်။ သူတော်စင်တပါး၊တယောက်သည် သူ့တရား၌

သူမွေ့လျှော်မြတ်နိုးမည်။ လောကီလူ့ဘဝတွင် ရေစုန်ရေဆန် ကူးလူးရင်း မဖြစ်မနေ

အခတ်အခဲလောကဓံများနှင့်ရင်ဆိုင်ရသောအခါ ငြိမ်းအေးစွာနေရသော “ဘဝ” ကိုလူတို့မြတ်နိုးမည်။

ဤတွင်ဝေဝါးတော့သည်။ သင့်တင့်သောငွေနှင့်ရပ်တည်ရေးအတွက်အတတ်ပညာဖြင့်ရပ်တည်ရေး၊

စီးပွါးရေးလုပ်ငန်းဖြင့်ရပ် တည်ရေးသူတပါးဝန်ထမ်းအဖြစ်ရပ်တည်ရေးများအစရှိသဖြင့်ပုံစံအမျိုးမျိုး

ရှိကြကုန်သောအခါ ကိုယ်မြတ်နိုးရာကိုဘယ်လိုနည်းနှင့်ရအောင်ယူမလဲဟုစဉ်းစားတော့သည်။

တရားသဖြင့်၊မတရားသဖြင့်စဉ်းစားသလားမစဉ်းစားသလားဆိုသောအချက်ထက်ကိုယ့်မြတ်နိုးမှုကိုရ

လိုမှုကိုအဓိကထားလိုက်သောအခါ မတရားသဖြင့်ဟူသောလုပ်ရပ်များကိုလုပ်ကြတော့သည်။

ဪ မိမိမြတ်နိုးရာရရေးက အရေးကြီးသည်မဟုတ်ပါလော။ကိုယ်ကျင့်တရားနဲ့လဲရလဲရဘာနဲ့ဘဲ

လဲရလဲရ ရတာလိုရင်းမဟုတ်ပါလားဟု စဉ်းစားသောအခါ မိမိ၏ရလိုမှုသည် သူတပါး၏

မျက်ရည်၊သွေး၊ချွေး၊တို့ဖြစ်ရလေပြီ။ မှန်မှန်ကန်ကန်နှင့် ကိုယ်မြတ်နိုးရာကိုရယူနိုင်ဘို့လိုသည်ဟု

ဆိုချင်သည်။ သင်မြတ်နိုးရာသည် ဘာလဲ။ ဤမြတ်နိုးရာသည် သင်၏ရည်မှန်းချက်ပန်းတိုင်တခု

ဖြစ်ဘို့များသည်။ ရည်မှန်းချက်ပန်းတိုင်ကိုမှန်ကန်သောလမ်းကြောင်းမှ

သွားမှ အေးချမ်းသောအောင်မြင်မှုကိုရရှိ၍ပျော်ရွှင်ရမည်။

ဆိုပါစို့။ မြတ်နိုးရာကိုလမ်းလွှဲလိုက်ကာရှာမိသောသူ တယောက်ကိုပြောင်းလဲပစ်လိုက်ရန်ဘာလိုအပ်မည်နည်း?

တော်တော်များများကနဲနဲလေးတော့မှားနေကြမည်၊၊မသိမသာပေါ့။

အဓိကမြတ်နိုးရာသည် မှန်ကန်မှု၊သင့်တော်မှု ရှိသောအရာကောဖြစ်ပါသလား။

လူတို့သည်အဓိကမြတ်နိုးခြင်းအပြင် အရံသဘောမြတ်နိုးခြင်းများစွာရှိနိုင်ပေသည်။

ဒါလုပ်ရတာ ကြိုက်တယ်ပေါ့။ ကြိုက်တိုင်းလည်း တချို့ မရှက်မကြောက်လုပ်ကြသည်။

ရှက်စရာဟုမထင်သည့် ဆင်ခြင်တုံတရား၏အဆင့် အတန်းကြောင့်လည်းဖြစ်နိုင်သည်။

ဇစ်မြစ်

ဇစ်မြစ်ကိုရှာလိုက်တော့ သူ့ပါတ်ဝန်းကျင်၊မွေးဖွားကြီးပြင်းလာရာအရပ်၊သူအားကျလေးစားရသူများ

ထံမှအတုမြင် အတတ်သင်ခဲ့ခြင်း၊ ဒါမျိုးလုပ်မှဂုဏ်ရှိသည်ဟူသော သူ့ကိုယ်ပိုင်အတွေးတို့က

များစွာသောမြတ်နိုးမှု၏ ကောင်းမှု ဆိုးမှုကို ရုပ်လုံးပေါ်စေသည်။

လူတိုင်းကကိုယ့်ကိုကိုယ်အထင်ကြီးခြင်းကအမှန်ကိုမမြင်နိုင်ခြင်းကအဓိကပင်။

ငါလုပ်တာမှန်တယ်ဟုထင်နေတတ်သူကအများစုဆိုတော့ မှားနေသည်ဟုမစဉ်းစားမိဘဲ မကောင်းမှု

ပြောဆိုလုပ် ကိုင်နေရသည်ကိုပင် တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး ဖြစ်နေသော လောက ။

ဘယ်အရာကိုအဓိကမြတ်နိုးသည်ဖြစ်စေ၊ အရံအားဖြင့်မြတ်နိုးသည်ဖြစ်စေ၊ သေချာတာကတော့

လူသည်ကိုယ့်ကို ကိုယ်သာချစ်သောသဘောရှိသည်။ထို့ကြောင့်မိမိကိုယ်ကို ဗဟိုပြုစဉ်းစားတတ်သည်။

ငါတော်ငါတတ်ဟု ထင်မြင်သူများ၏ဗဟိုချက်ကား ပိုမိုအားကောင်းလှသည်။

လူတိုင်း ငါပြောတာ ယုံတယ်ဟုထင်သွားကြသည်။ လက်ခံထားကြသည်။

လူတွေကိုလျှော့တွက်ထားလိုက်သည်။ မဟုတ်ပါ။

လက်တွေ့မှာ အားနာလို့မသိချင်ယောင်ဆောင်နေသူက များပါသည်။

လူမှုရေးဆိုတာသိတိုင်းပြောလို့ ဖြစ်တာမျိုးမှ မဟုတ်တာဘဲ။ သိသိကြီးနှင့် နားထောင်ပေးသည်ကို

အဟုတ်ကြီးထင်ကာပြောနေသူများကဆက်ကာ ဆက်ကာပြောဆိုလုပ်ကိုင်နေထိုင်ခြင်းကား

အမှားကိုဆက်နေသော်လည်း တားသူမရှိပြီ။ အမုန်းခံပြောမဲ့သူဆိုတာ တော်တော်ရှားမည့်ကိစ္စမဟုတ်ပါလား။

မာန်တက်နေသူတယောက်ကို ခင်ဗျား လုပ်ပုံ၊ပြောပုံတွေ မှားနေတယ်ဟုပြောရခြင်းလောက် ကြီးမားသော စွန့်

စားမှုမရှိနိုင်။ မပြောကြတော့၊ မထိန်းကျောင်းကျတော့ဘဲ အရှိန်ကျရင် ရပ်သွားလိမ့်မယ်ဟုသဘောထားကာ

“ဟုတ်ကဲ့”ဟုပြုံးပြုံးလေး နားထောင်ပေးနေလိုက်ခြင်းကအေးရာအေးကြောင်းမဟုတ်ပါလား။အမှန်တော့

မီးလောင်ရာလေပင့်ကြီးပါ။ ထားပါတော့။ပြောလိုရင်းက လူဆိုတာကိုယ့်အမှားကိုယ်မသိရင် ပြင်ပေးနိုင်တဲ့

ကလေးအရွယ်မဟုတ်လို့ကတော့ တော်တော် ခက်သွားပါလားဟုတွေးမိခြင်းပါ။ ကိုယ့်ဟာကိုယ်ပြန်စမ်းစစ်ရင်

ကောင်းတာပေါ့ဟု ပြောလို့ရသော်လည်း တကယ်က ဘယ်လိုစစ်စစ် လျှော့လျှော့ပေါ့ ပေါ့လေးနဲ့

“ငါမဆိုးလှပါဘူး” ဟု သာအဖြေထွက်နိုင်တာမျိုးပါ။ ဒါပေမဲ့ ကိုယ်ဟာကိုယ်လဲစစ်ဖို့တော့လိုတယ်ပေါ့။

နည်းလမ်း

ဒါဆို ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အဖြေရှာကြည့်မိတော့ တခုကစာဖတ်ခြင်းပေါ့။

ကောင်းသောမှန်သောစာကိုတော့ရွေးဖတ်ဖို့လိုပြန်ပါပြီ။အစွဲကင်းကင်းနဲ့ စဉ်းစားဖတ်ဖို့လိုပြန်ပါသည်။

စာဖတ်ခြင်းကိုတော့ အများကသိပြီးသား ကလီရှေးကြီးမို့ဒီနေရာမှာအများကြီးမပြောတော့ပါဘူးနော်။

နောက်ကော လို့ စဉ်းစားမိတော့ ပိုကောင်းသည်ထင်မိသော နည်းတခုကိုတွေ့လိုက်ရတယ်။

နားထောင်ခြင်း

နဲနဲတော့ ခက်မည်။လေ့ကျင့်ယူရမည့်သူများမည်ထင်ပါသည်။ ဒီလိုလေးပါ။

ဘယ်သူဘာပြောပြော……..

၁။ ကိုယ်သိပြီးသား၊ကိုယ်တတ်ပြီးသား၊နားလည်ပြီးသားဖြစ်ပါစေ လေးလေးနက်နက် နားထောင်ပါ။

၂။ ကိုယ့်အယူအဆ၊အစွဲအလန်း၊ယုံကြည်ချက်၊ခံယူုချက်ကိုခေတ္တမေ့ထားပြီး “ဗလာ”စိတ်ဖြင့် နားထောင်ပါ။

၃။ ပြောသူကို ချစ်ခြင်း၊မုန်းခြင်း၊ကြောက်ခြင်း၊တွေဝေခြင်း(မယုံကြည်ခြင်း)၊အထင်ကြီးခြင်း၊အထင်သေးခြင်း၊

ကဲ့ရဲ့ခြင်း၊မကောင်းမြင်ခြင်း၊အကောင်းမြင်ခြင်း စိတ်များမထားဘဲ ပကတိသာမန်စိတ်ဖြင့်နားထောင်ပါ။

၎။ သူ့စကားလုံးများ၏ နောက်ကွယ်မှ သူ့စိတ်ကိုဖတ်နိုင်အောင်ကြည့်ပါ။

၅။ သူပြောသောစကားများက ဘာကိုဆိုလိုကြောင်း အနှစ်ချုပ်နားလည်အောင်စဉ်းစားကြည့်ပါ။

၆။ ကောင်းသော မှန်သော အကျိုးရှိသော စေတနာပါသော စကားဘယ်နှစ်ခွန်းပါသလဲလို့စဉ်းစားပြီးနားထောင်ပါ။

၇။ မကောင်းသော မမှန်သော အကျိုးမဲ့သော စေတနာမပါသော စကားဘယ်နှစ်ခွန်းပါသလဲလို့

စဉ်းစားပြီးနားထောင်ပါ။

ဆိုပြီးစဉ်းစားမိပါတယ်။ကျနော် စိတ်ကူးယဉ်ပြီးပြောနေတာတွေမဟုတ်ပါဘူး။ ကျနော် (ဆီမီနာတွေမှာပေါ့နော်)

ကိုယ်ကပြောတဲ့သူထက် သူများပြောတဲ့စကားတွေနားထောင်ရတဲ့ သူ ဖြစ်ခဲ့ရတာတော်တော်ကြာခဲ့ပါပြီ။

လက်တွေ့မှာ ပထမနှစ်က ကလေးတွေရဲ့ စကားတွေကိုနားထောင်ပြီး သူတို့ဆီက မြင့်မြတ်တဲ့အတွေးအခေါ်တွေ

တွေ့လာရပါတယ်။မသိမသာ ကိုယ့်ကိုထောက်ပြပေးသွားတာလေးတွေရပါတယ်။သူတို့ကအဲဒီလိုမရည်ရွယ်

ပေမဲ့ ကိုယ်က နားထောင်ကြည့်လို့ သိ သွားရတာမျိုးပေါ့နော်။ နားထောင်ရတာကိုကြိုက်လာတယ်။

တချိန်ထဲမှာဘဲ ကိုယ်အထင်ကြီးတဲ့သူတွေရဲ့ “ငါတကော စကားတွေ” လဲ သဘောပေါက်လာရတယ်။

ကိုယ်အထင်သေးတဲ့ ၊အထင်မကြီး (ပေး)နိုင်ခဲ့တဲ့ ကျောင်းသားငယ်လေးတွေဆီက အဖိုးတန်စကားလေးတွေ

ရလာတယ်။ ကျနော်မှားနေလား၊ ကျနော်ကို ကောင်းအောင်ပြင်ပေးပါခင်ဗျာ လို့ပြောလိုက်တဲ့ စကားဟာ “ငါ”

ဆိုတဲ့ ဒီအတ္တကောင်ကို မိုးချုန်းပြီးလှန့်လိုက်သလိုတွန့်သွားတယ်။ ကောင်အောင်ပြင်ပေးရမယ်တဲ့လားလို့

စိတ်ထဲမှာ ပဲ့တင်ထပ်သွားတယ်။ ကျောင်း= ထိန်းကျောင်းခြင်း ရှိရာအရပ်မှာ၊ထိန်းကျောင်းနိုင်သူကိုယ်တိုင်က

ကောင်းပါမှ၊ သူတို့သူတို့လေးတွေးကို ကောင်းအောင်ပြင်ပေးလို့ရတော့မပေါ့။ ဖက်ဖူးရောင်ဆိုတဲ့

ရုပ်ရှင်အဟောင်းလေးကို ရေးတေးတေးမှတ်မိတယ်။ကလေးဘဝကကြည့်ဘူးတာ။ ဆရာကအရက်သောက်လို့

တပည့်ကအရက်သမားဖြစ်သွားတာကိုအဓိကထားပြောပြသွားသောရုပ်ရှင်လေးပါ။ တကယ်တော့ လောကမှာ

ကျောင်းကဆရာမှမဟုတ်ပါဘူး။ မိမိက “လူလေးစားရတဲ့နေရာ” ရောက်နေရင် ကောင်းအောင်နေပြဖို့

ကိုလိုနေပါပြီ။

ကိုပေါက်(မန်း)ကတော့ ဒီလိုဆိုပါတယ် ..

Ko Paut says:.. “သူများကို ပြောနိုင်ဘို့အတွက် ကိုယ် ကိုယ်တိုင်က တာလုံအောင် အရင်နေပြဘို့လိုပါမယ်။

ဒါက ကျနော်တို့လူ လူကြီးတွေစောင့်ထိန်းရမယ့် လုပ်ကိုလုပ်ရမယ် သေချာပေါက်လိုက်နာရမယ့် အမှန်တ၇ားလို့

ယုံကြည်ပါတယ်။”

လုပ်သင့်တဲ့လုပ်ရပ်ဖြစ်ကြောင်း100%လက်ခံပါတယ်။ပြောသလောက်တော့ မလွယ်ပါဘူး။

ကြိုးစားရမှာပါဘဲ။ 100%မရတော့လဲ 70% ပေါ့ဗျာ။ တချို့ကတော့ကိုယ့်အကျင့်စရိုက်တွေကို

မစွန့်လွှတ်နိုင်သူတွေလဲရှိမှာပါဘဲ။ဒီလိုလူတွေကိုတော့ ပြောစရာစကားမရှိပါဘူး။

ဘယ်လိုပြောပြော ပြင်စရာအကြောင်းမမြင်ဘူး ဆိုသူများနဲ့ ဒီစာဟာမသက်ဆိုင်ဘူးလို့ဘဲမှတ်ပေးပါ။

ဒို့ကတော့ဟန်မဆောင်ဘူး၊ပွင့်လင်းတယ်ဟေ့ဆိုပြီး ကိုယ့်ရဲ့မကောင်းတဲ့ အကျင့်တွေကိုလဲမပြင်နိုင်ဘဲ

ခဏ ခဏ လူတောထဲ ချပြနေရင် ကိုယ့်ကိုလေးစားသူများက အမှားကိုအမှန်ထင် သွားတတ်ပါတယ်။

အမှန်ကိုသိနိုင် တွေးနိုင်တဲ့ သူတွေကြတော့လဲ စိတ်ထဲက “ဟင်” အဲဒီလိုကြီးလားလို့တွေးသွား မှာပေါ့။

အများစုကတဲ့တဲ့ပြောတတ်တဲ့မယဉ်ကျေးသူတွေမဟုတ်လေတော့ ပြောမှာတော့မဟုတ်ပါဘူး။

အကျိုးဆက်ကအမှန်ကိုမမြင်နိုင်တော့တာပါဘဲ။ ဘာဖြစ်လဲကွာလို့ ပြောလာရင်လဲ ဟုတ်ကဲ့ဘာမှမဖြစ်ပါဘူး။

ကိုယ့်ရဲ့တန်ဖိုးပါဘဲလို့ဘဲဖြေရမှာပါ။ ပြင်ရမယ်လို့မထင်သူကိုပြင်ဘို့မတိုက်တွန်းပါဘူး။

ဆိုတော့ကာ “နားထောင်တတ်ခြင်း” ဆိုတာအရေးပါတယ်လို့ပြောချင်တာပါ။ အပေါ်က ခွန်နှစ်ချက်နဲ့

နားထောင်ခဲ့ဘူးပါတယ်။အကျိုးများစွာရှိလို့လက်တို့လိုက်ရတာပါ။

မိမိဟာ သူတပါးရဲ့ ပါတ်ဝန်းကျင် ဖြစ်နေတယ်ဆိုတာလုံးဝ မမေ့ပါနဲ့။

ကောင်းသော ပါတ်ဝန်းကျင် ဖြစ် “ပေး” ဘို့ သင်ရော ကျနော့မှာပါ တာဝန်ရှိကြပါတယ်။

ကျနောရဲ့ ဘဝကိုကျနော်အဓိကတန်ဘိုးထားမြတ်နိုးပါတယ်။

ကျနော့အိမ်မက်တွေကိုကျနော်မြတ်နိုးပါတယ်။

ကျနော် နားထောင်ပေး ရတာကိုမြတ်နိုးပါတယ်။

ကျနော်မြတ်နိုးသော ဘဝကို “နားထောင်ခြင်း” ဟူသော “ပဲ့” လေးဖြင့် လိုရာရောက်အောင်

ပဲ့ကိုင်ထိန်းကျောင်းနိုင်လိမ့်မည်ဟု ကျနော်ယုံကြည်မိပါကြောင်း။

~~~~~~~~~~~~~~~~~~~~~~

ခင်မင်လေးစားစွာ

မောင်သစ်မင်း (^^)

P.S

(ဆီမီနာ-၃ ဟာ ကျနော်က အမြင့်ဆုံးအဆင့်=ကလိုဏ်းမက်က်စ်လို့ စဉ်းစားထားလို့အချိန်ယူထားပါတယ်။

ဆီမီနာ-၂ရဲ့ ရလာဒ်ကို ကြည့်ပြီးတင်ဖို့ ချိန်ထားလို့ပါဘဲ။ လက်တွေ့ဆီကို ရောက်အောင်စဉ်းစားထားတာမို့

လက်ရှိအနေအထားတွေနဲ့ စိတ်သဘောထား အများရဲ့အယူအဆတွေကို အလေးအနက်ထားစဉ်းစားပြီးရတဲ့အ

ဖြေကို ပေါင်းစပ်ဖို့ကအလွန့်အလွန်အရေးကြီးတာမို့ပါ။ ဒီလထဲမှာတော့ တင် ဖြစ်မယ်လို့ခန့်မှန်းပါတယ်။

ကျေးဇူးပါခင်ဗျာ။ ဆွေးနွေးလိုသူများရှိရင်လည်း ခေါင်းစဉ်တပ်ပြီး ဆီမီနာလုပ်နိုင်ပါတယ်။စုပေါင်းအားလေးပါ။)

About thit min

thit min has written 94 post in this Website..