သံတွဲမြို့၊ငပလီလမ်းဆုံအနီးရှိအမှတ်(၅၅)ခြေလျှင်တပ်ရင်းဝန်းအတွင်း၌နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ခွဲ၏ဖျော်ဖြေပွဲနှင့်အတူလောင်းကစားပွဲများကို(လောင်းကစားပွဲများကိုချစ်ခင်နှစ်သက်သော)ပြည်သူလူထုအားရကျေနပ်ဖွယ် ပြုလုပ်ခဲ့သည်။

ဇန်န၀ါရီ(၄)ရက်မှစ၍(၇)ရက်နေ့ထိလောင်းကစားပွဲများရှိနေခဲ့ပါ သည်။ပျော်စရာကြီးပင်………………..

ပြည်သူ့ဆက်ဆံရေးအဖွဲ့၏ဖျော်ဖြေပွဲမှာ ၅ ရက်နေ့ညမှ ၇ ရက်နေ့ညများတွင် ရှိပြီးပထမညက ရုပ်ရှင်ပြသခဲ့သည်။

ကစားပွဲများမှာခြောက်ကောင်၊ဆယ်ကောင်အ၀ိုင်းလှည့်၊မြှားပစ်၊ကြွေပစ် နှင့်အခြား ကစားနည်းမျိုးစုံပါဝင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှကစားဒိုင်အများအပြားလာရောက်ကြသည်။စုစုပေါင်းဝိုင်း (၅၀)ခန့်ရှိသည်။

အဆိုပါပွဲသို့သံတွဲမြို့၊ငပလီနှင့်နီးစပ်သောရွာအသီးသီးမှလူအများအပြားနှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်နှင့်သံတွဲမြို့မှအာဏာပိုင်တစ်ချို့လည်းတပျော်တပါးဝင်ရောက်ဆင်နွဲခဲ့ပါသည်။

ကျေးရွာအက်ဥပဒေပုဒ်မ(၂၁)အရ ပွဲကျင်းပခွင့်ပေးသည်ကို ၀မ်းမြောက်ကျေနပ်ဖွယ်ပင်…………………
လောင်းကစားအက်ဥပဒေ  (၁၃-က)အရဆိုလျှင်ဖြင့်……………………………………………­­­­­

About ko gyi

ကို ကြီး has written 1 post in this Website..