စာလေးကလည်း ရေးလို့သာရေးရမှာ တော်တော်စိတ်မကောင်းဖြစ်မိတဲ့ မြင်ကွင်းလေဗျာ အဲလိုတွေဖြစ်နေတာ ဘယ်သူ့ကြောင့်လည်းလို့လည်း တွေးမိပါတယ် တော်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်
ကျနော်ဗျာ အလုပ်ကအပြန် အင်တာနက်ဆိုင်လေးထဲဝင်လိုက်တယ် အင်တာနက်ဆိုင်ကလေးက နိုင်ငံခြားဖုန်းလည်းရတယ်ဗျ ဆိုင်ကလည်း ကိုယ်တွေလမ်းထဲကဆိုတော့ ကောင်တာကအစ်ကိုနဲ့
သူငယ်ချင်းလိုဖြစ်နေပြီ ဆိုင်ရဲ့ အခင်းအကျင်းလေးကိုအရင်ပြောရအုံးမယ် ဆိုင်က ရှေ့က အင်တာနက် သီးသန့်ဗျာ အနောက်က အခန်းလေးကန့်ထားတယ် အဲဒီအခန်းလေးက နိုင်ငံခြားဖုန်းခေါ်ဆိုဖို့သိးသန့်
ကျနော်ထိုင်ပြီးလို့ မကြာဘူးဗျာ အန်တီတစ်ယောက်နဲ့ ကလေး လေးနှစ်ယောက်ဝင်လာကြတယ် ကျနော်ကလည်း ကောင်တာနဲ့ အနီးကစက်မှာထိုင်နေတာဆိုတော့ သူတို့ပြောတာကြားရတယ်ဗျာ
သား အန်တီတို့ ဖုန်းခေါ်ချင်လို့ပါတဲ့ ကောင်တာက အစ်ကိုကလည်း အန်တီ ဖုန်းခေါ်ဖို့ဆို နောက်အခန်းလေးထဲဝင်သွားလိုက်ပါတဲ့ နောက်အခန်းလေးထဲ ၀င်သွားလို့ မကြာပါဘူး ဖုန်းခေါ်ပြိးလောက်ပေါ့
ကလေးငိုသံနဲ့ ဖုန်းပြောနေတာကြားရပါလေရောဗျာ အစကတော့သိပ် အာရုံမစိုက်သေးဘူးဗျ ဒီလိုပဲ ကလေးဖုန်းပြောရင်း သူ့အမေဆူလို့ ငိုနေတာထင်တာပေါ့ နောက်ပိုင်းကျမှ မေကြီး ပြန်လာပါတော့
သမီးတို့ လွမ်းလှပြီ ဆိုပြီး ကလေးအသံစူးစူးလေးကအင်တာနက်ဆိုင်ကလေးထဲ ပျံနှံ့လာတယ်ဗျာ အော်စောစောက ငိုနေတာ နိုင်ငံခြားရောက်နေတဲ့ သူ့အမေကို လွမ်းလို့ဖုန်းပြောရင်း ကလေးကငိုတာပါလား
လို့တွေးမိတယ်ဗျာ တကယ်ကို ရင်ထဲဆို့သွားတယ် ကျနော်ကိုယ်တိုင်ကလည်း မိဘနဲ့ ဝေးပြီး နေရတာဆိုတော့ ပိုပြီးခံစားရတာပေါ့ဗျာ မတူတာက ကလေးငယ်လေးကျတော့ မိဘက နိုင်ငံခြားထွက်
စီးပွားရှာနေရလို့ သားသမီးကိုပစ်ထားခဲ့ရတာ ကျနော်တို့ကျတော့ ရွာမှာနေရင် ပင်ပင်ပန်းပန်း လုပ်စားရမှာစိုးလို့ဆိုပြီး မိဘက ရန်ကုန်ပို့ထားတာ ဒါကိုပဲ ကိုယ့်မိဘကိုပြန်ကျေးဇူးတင်ရအုံးမှာ
မိဘရဲ့ မေတ္တာတော်တော်ကြီးမားပါလားလို့ ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရှာနေရတဲ့ ကလေးငယ်လေးတွေမြင်ရင် ကိုယ်တွေ အဲလို ငယ်ငယ်တုန်းက မရုန်းကန်ခဲ့ရဘူး မိဘခူးခပ်ကျွေးတာလေး အလွယ်တကူ
စားပြီး ကြီးပျင်း လာခဲ့ရပါလား လို့ တွေးပြီး မိဘမေတ္တာကို ပိုပြီး သိတတ်လာတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ စိးပွားရှာတဲ့ ကလေး လေးတွေကိုလည်း သနားတတ်လာတယ် ကိုယ်ချင်းလည်း စာမိတယ်ဗျာ
စောစောက ကလေးငယ်လေးဆိုရင် မိဘတွေက သားသမီး ရှေ့ရေးအတွက် နိုင်ငံရပ်ခြားကို မသွားချင်ပဲသွားပြီးစီးပွားရှာရတာပေါ့ ဘယ်မိဘကမှ ကိုယ့်သားငယ်သမီးငယ်လေးတွေကိုထားခဲ့ပြိး
အဝေးသွားချင်မှာလည်း သွားရင်တောင် အခက်အခဲကိစ္စရှိလို့သွားတာပဲဖြစ်မှာပါ အဲလိုအမြဲ မိဘနဲ့ခွဲနေ မိဘကလည်း သားသမီးတွေ အတွက်စီးပွားရှာ သားသမီးလိုချင်တဲ့ မေတ္တာတရားတွေ မပေးနိုင်တဲ့
စီးပွားရေးကြောင့် နိုင်ငံခြားရောက်နေတဲ့ မိဘတွေရှိသလို သားသမီးတွေလည်း ဒု နဲ့ ဒေး ပါလားလို့လည်း တွေးမိပါရဲ့ ။ဖုန်းပြောတဲ့ ကလေး လေးဆိုရင် သူ့အန်တီလို့ထင်ရတဲ့ အန်တီကြီးက ဘေးကနေ
သမီး မငိုနဲ့ မေကြီး စိတ်မကောင်းဖြစ်နေလိမ့်မယ် မေကြီး စိတ်မကောင်းဖြစ်အောင်မလုပ်ရဘူးဆိုပြီး ချော့နေတဲ့ အသံကြားရုံနဲ့တင် အရမ်းဝမ်းနည်းမိတယ်ဗျာ အဲလိုမိဘနဲ့ ဝေးနေတာကို ၀မ်းနည်းတဲ့
သား သမီး တွေရှိသလို မိဘနဲ့ဝေးနေရတာကို လွတ်လပ်တယ်ဆိုပြီး ပျော်နေကြတဲ့ သား သမီးတွေလည်း တွေ့ဖူးပါတယ် ပိုက်ဆံကုန်လိုက် မိဘဆီဖုန်းဆက်ပြီး တောင်းလိုက် ပျော်လိုက်ပါးလိုက်နဲ့
နေတဲ့ သူတွေလည်း အများကြိးတွေ့ဖူးပါတယ် နောက်တစ်ချက်ကတစ်ချို့လူတွေ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးတွေဆို အရမ်းနှိမ်ကြတယ်
အဲလို လူလူချင်း ကိုယ်ချင်းမစာတဲ့ သူတွေ တွေ့ရပြန်တော့လည်း ဒေါသထွက်ပြီး ကိုယ်ပါ အကုသိုလ်ပွားရပါသေးတယ် ကိုယ်တွေကလည်း နယ်ကနေလာနေတာဆိုတော့
နယ်ကနေ လက်ဖက်ရည်ဆိုင် လာလုပ်နေတဲ့ ကလေးငယ်လေးတွေကိုကိုယ်ချင်းစာမိပါတယ် ကစားရမဲ့အ၇ွယ် စာသင်ရမဲ့အရွယ်မှာ ၀မ်းစာအတွက် ပင်ပင်ပန်းပန်းလုပ်စားနေရတာ တကယ်သနားစရာ
ကောင်းလှပါတယ် တစ်ချို့စားပွဲထိုးတွေကျတော့လည်း ဟုတ်ပါတယ် ဒါပေမဲ့လည်းဗျာ ကိုယ်တွေက ဘာမှဖြစ်မသွားပါဘူး သူတို့ခဗျာ ကိုယ်တွေက အမှားပြောလိုက်ရင် ကိုယ်တွေထတာနဲ့ ဆိုင်ရှင်က
ထပ်ဆူတာခံရမှာ သေချာပါတယ်
ပြောရင်းနဲ့ လိုရင်းမရောက်တော့ဘူး ကျနော် ပြောသလို မိဘနဲ့ သားသမီး ကွဲနေပြီးတော့ နိုင်ငံခြားထွက်စီးပွားရှာတဲ့ မိသားစုတွေ ဘယ်လောက်တောင်များပြားနေသလဲ
သားသမီးတွေက မိဘတွေကိုထားရစ်ပြီး တစ်နယ်တစ်ကျေးမှာ စီးပွားရှာနေရတဲ့ သားသမီးတွေရော ဘယ်လောက်တောင် များပြားနေပြီလဲလို့ ကိုယ်ချင်းစာစွာဖြင့် တွေးရင်း
စိတ်မကောင်းစွာနဲ့ ရေးမိရေးရာ ရေးလိုက်ပြီဗျာ အားလုံးပျော်ဂွှင်ကြပါစေ

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ