1 မန်းလေးတောင်ခြေအနောက်ဘက်မှာရှိတဲ့ မြန်မာပညာရှိယောမင်းကြီးဦးဘိုးလှိုင် လှူဒါန်းခဲ့သောကျောင်း

2 အနောက်ဘက် ကမြင်ရတဲ့မြင်ကွင်း

3 တောင်ဘက်ခြမ်းက အတက်လှေခါး

4 ကျောင်းတောင်ဘက်ခြမ်းကမြင်ကွင်း

5 အရှေ့တောင်ဒေါင့်က မြင်ရတဲ့မြင်ကွင်း ထုထည်ကြီးကြီးမားမား ကျနော်ကင်မရာပေါက်စနနဲ့ တောင်မဆန့်ဘူး

6 အနောက်ဘက်ခြမ်းက မြင်ကွင်း တစ်ချို့နေရာက အုတ်တွေကွာနေပါတယ်။

7 ကျောင်းမြောက်ဘက်ခြမ်းက အုဌ်လှေခါး ခန့်ခန့်ထည်ထည် အကောင်းပကတိ

8 ကျောင်းမြောက်ဘက်လှေကား အနီးကပ်

9 မှတ်တမ်းမှတ်ရာ သမိုင်းကျောက်စာ

10 ကျောင်းမြောက်ဘက်မြင်ကွင်း ကြီးမားခန့်ထည်တဲ့ကျောင်းကြီးပါ

11 ကျောင်းအ၀င်ဝ မုဒ်ဦး

12 မန်းလေးမြို့မှထူးခြားသောပုဂ္ဂိုလ်စာရင်းဝင်သူဗန္တုလ ဦးဆိုင် တည်ထားသော ရေကန်ကြီး

“ယောမင်းကြီး ရဲ့ ကျောင်းအိုအို”

 

ကြာနီကန်ုကို နာရေးသွားပို့တိုင်း ရွှေကျင်ဘက်ကို သွားတိုင်း မတ္တရာဘက်ကိုသွားတိုင်း

မန်းလေးတောင်ရဲ့အနောက်ဘက်လမ်းကနေ အမြဲဖြတ်သွားရပါတယ်။

မန်းလေးတောင်မှာလည်း ဘိုးဘွားရိပ်သာရှိပါတယ်။

ဒါပေမယ့် အမြဲသာဖြတ်သွားနေတယ် ဘိုးဘွားရိပ်သာရဲ့မြောက်ဘက်မှာရှိတဲ့

အဆောက်အဦ ၀ါဝါကြီးကို အမှတ်တမဲ့ပါဘဲ။

ထုကြီးထည်ကြီးနဲ့ ကျောင်းကြီးမှန်းသိပေမယ့် တစ်ခါမှဝင်ကြည့်ဘို့သတိမရခဲ့မိတာလဲအမှန်။

တစ်ရက် 85လမ်း 12လမ်းကကျောင်းအိုကြီးကိုလဲ တင်လိုက်ရော ရန်ကုန်ရောက်ညီငယ်တစ်ဦးက

ယောမင်းကြီးကျောင်းကိုလဲတင်သင့်တယ်လို့ ပြောလာပါတယ်။

ဒီယောမင်းကြီးကျောင်းကတော့ သမိုင်းသုတေသနဌာနက စောင့်ရှောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်လဲအပျက်အစီးနည်းနည်းဘဲရှိတာကိုတွေ့ရပါတယ်။

အဲဒီထဲမှာ ရေကန်ကြီးတစ်ကန်ကိုတွေ့ရပါတယ်။

ဗန္တုလဦးဆိုင် ကောင်းမူ့ဆိုပြီး စာတန်းကြီးထိုးထားပါတယ်။

မန်းလေးမြို့ရဲ့ ဘုရားကျောင်းကန်တွေမှာ ဦးဆိုင်ရဲ့ လှူဒါန်းထားတာတွေကို နေရာတော်တော်များများမှာတွေ့ရပါတယ်။

ဘာဘဲပြောပြော ဒီလိုသမိုင်းဝင်ရှေးက ကျောင်းအိုများကို ကမ္ဘာလှည့်ခရီးသည်တွေကို

ပြသင့်တဲ့နေရာ လူအများသွားရောက်လေ့လာသင့်တဲ့နေရာထင်လို့ တင်ပေးလိုက်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(15-1-12)

 

 

 

 

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1605 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။