1 နံနက်ခင်းအလင်းမရောက်ခင်မြင်ရတဲ့ ရွှေတိဂုံ

2 ဒါကတော့ ရွှေတိဂုံဘုရား ကို မနက် 53း0လောက်လမ်းကြားထဲကဖူြး်မင်ရတဲ့မြင်ကွင်းပါ

3 ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံလှစွာသော

4 အရုဏ်တက်မှာတွေ့ရတဲ့ အရှေ့ဘက်မုဒ်.............

5 မောင်ပုမြင်ရင် ဘုရားနဲ့ထန်းပင်ဘာဆိုင်သလဲလို့မေးအုံးမယ်နော်

6 အရုဏ်တက်မှာတော့ ရွှေရောင် ၀င်းလက်နေပါတယ။်

7 နံနက်ခင်းအရုဏ်တက်အလင်းရောင်မှာ သပ္ပါယ်စွာဖူးမျှော်ရသော မြန်မာ့ကျက်သရေဆောင်စေတီတော်

8 အလင်းရောင်အပြောင်းအလဲမှာတော့ အရောင်နဲနဲမိုင်းသွားသလိုပါဘဲ။

9 ရောင်နီလာခစမှာ မြင်ရတဲ့ရွှေတိဂုံစေတီရင်ပြင်ပေါ်က အရံစေတီလေးတွေပါ

10 ထန်းပင်ကွေးကွေးလေးကို သဘောကျလို့ ထပ်ရိုက်လာတာဗျာ

11 နေရောင်အလက်မှာ ရွှေရောင်ကနေ ငွေရောင်ဖက်လုပြီးသွားတဲ့ု့ပုံ့လေးပါဗျာ။

12 နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော.......................ရွှေတိဂုံစေတီရင်ပြင်မှ

 

 

 

 

“နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော…………………..ရွှေတိဂုံစေတီရင်ပြင်မှ”

 

ရန်ကုန်ကိုရောက်ရောက်ခြင်း ရွှေတိဂုံဘုရားနားက မိတ်ဆွေကိုအရင်သွားတွေ့မိပါတယ်။

သူနဲ့ထိုင်စကားပြောနေရင်း အရုဏ်တက် ရွှေတိဂုံဘုရားကို ဓါတ်ပုံရိုက်ဘူးလားမေးတော့

“ဟင့်အင်းပေါ့”

အဲဒါနဲ့သူက ရိုက်သင့်တယ်နော်လို့ပြောတာနဲ့နောက်နေ့မနက်စောစောရိုက်မယ်လို့ပြောလိုက်ပါတယ်။

ဖြစ်ချင်တော့ အဲဒီနေ့ကဘတ်စ်ကားစီးလာတာ ဆူးလေထိပါသွားပါတယ်။

အဲဒါနဲ့ဆူးလေက နေကားပြန်စီးပြီး ရွှေတိဂုံကိုပြန်လာပါတယ်။

အဲဒါနဲ့ဘဲလမ်းကြားထဲကနေဖြတ်ပြီးအလာမှာ ရွှေရောင်တွေဝင်းလက်နေတဲ့

စေတီတော်ကိုဖူးမျှော်ရပါတယ်။

ဒါနဲ့ဘဲရင်ပြင်တော်ပေါ်ကို လမ်းလျှောက်ပြီးတက်လာခဲ့ပါတယ်။

ရင်ပြင်တော်ပေါ်ရောက်တဲ့အခါ အေးငြိမ်းခြင်းရဲ့ ရသ ကို အပြည့်အ၀ခံစားရပါတယ်။

နောက်တော့လဲ မြင်သမျှ ကို လက်ဆော့ရင်း လှတယ်ထင်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(17-1-12)

 

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1605 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။