ြဲ

ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေ အင်တာနက် မှာတွေ့တဲ့ သူတစ်ယောက်ဆီကို မိဘတွေ မသိအောင် တိတ်တိတ်လေး သွားခဲ့တဲ့ အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။ သူတို့လေးတွေ ကံကြီးပေလို့သာပေါ့။

ဖြစ်ပုံကတော့ ကျောက်မဲမြို့ အထက (— ) မှ န၀မတန်းကျောင်းသူလေး သုံးယောက်ဟာ အင်တာနက်ဆိုင်တွေမှာ chatting ထိုင်ရင်း ရန်ကုန်မှာနေတဲ့ ကို ——- ( Ph No. ——) နဲ့ ခင်မင်မိကြပါသတဲ့။ ဖုန်းအဆက်အသွယ်လည်း ရှိတယ်လို့ဆိုပါတယ်။ online chatting တို့သဘာဝအတိုင်း အပြင် မှာ တွေ့ကြရအောင် ဘာညာပေါ့လေ။ နောက် chatting ခဏခဏ လုပ်ကြရင်း ကျောင်းသူလေးတွေက ရန်ကုန်လိုက်သွားဖို့ စိတ်ဝင်စား လာကြပါတယ်။
ကျောက်မဲက ရန်ကုန်ကို သွားချင်ရင် လွယ်လွယ်လေးရယ်လေ၊ ကျောက်မဲကို နေ့လည် ၂ နာရီခွဲလောက်မှာ ဆိုက်တဲ့ လားရှိုး-ရန်ကုန် Bus ကားတွေနဲ့ လိုက်သွားရင် နောက်နေ့မနက် ၄ နာရီဆို ရန်ကုန်ရောက်ပြီပေါ့။ ကားခက တစ်သောင်းခွဲလောက် ပေးရတယ်လေ။ အဲဒါကို မချောတို့ အချင်းချင်း တိုင်ပင် ကြပြီး မိဘဆင်ထားတဲ့ ရွှေဆွဲကြိုးကို ရောင်းပြီး 15.1.2012 (တနင်္ဂနွေနေ့) က ရန်ကုန်ကို လိုက်သွားခဲ့ ကြပါတယ်။ လိပ်စာလည်း မသိပဲလိုက် သွားခဲ့ ကြတာနော်။ ရန်ကုန်ရောက်တော့ ကားဂိတ်ကနေပြီး- ကို ……….. ဆီကို ဖုန်းဆက်ခေါ်ပြီး လဘက်ရည်ဆိုင်ကနေ စောင့်နေခဲ့ကြပါတယ်တဲ့။ အဲဒီကို ……… ဆိုတာက လူပျိုကြီး (over 30) တဲ့။ နောက်အဲဒီလူ- ကို ……… လည်းရောက်လာရော သူထင်ထားတာက အရွယ်ရောက်ပြီး မိန်းကလေး အခု တွေ့လိုက် ရတာက ၁၅ နှစ် ၀န်းကျင် ၉ တန်း ကျောင်းသူလေးတွေဆိုတော့ တွေ့တွေ့ပြီးချင်း သူပြောတဲ့စကားက ” ကလေးတွေပဲ ” တဲ့လေ။ အဲဒါနဲ့ ကို ……… လည်း ကောင်မလေးတွေကို အိမ်ကို ခေါ်သွားရတော့တာပေါ့လေ။
ကျောက်မဲမှာကလည်း မိဘတွေက ညရောက်လို့ ပြန်မလာတဲ့ သမီးတွေကို စိတ်ပူပြီး လိုက်ရှာကြတဲ့အခါ ရန်ကုန်ကားနဲ့ လိုက်သွားတဲ့ အကြောင်းသိရ ပါတယ်။ နောက်သူတို့ သုံးယောက်နဲ့ ရန်ကုန်လိုက်မယ် လုပ်ပြီးမှ မလိုက်ဖြစ်တဲ့ ကောင်မလေးဆီ သတင်းစုံစမ်းတဲ့အခါ ကောင်မလေးက ပထမပိုင်းမှာ သူမသိဘူး ပြောတာတဲ့။ အဲဒါဆိုရင် နင်အဖမ်းခံရမယ် ဘာညာပြောမှ ကို ………… ရဲ့ ဖုန်းနံပတ်ကိုရတာ။ အဲဒါ ကျောက်မဲ ရဲစခန်းကတဆင့် ရန်ကုန် ရဲစခန်းကို လှမ်းကြောင်းကြားလို့ ရန်ကုန်ကရဲတွေ ကို………. ရဲ့ အိမ်ကို ရောက်သွားတဲ့အခါ ကျောင်းသူလေး သုံးယောက်ကို အဲဒီအိမ်က ကလေးတွေနဲ့ ကစားနေတာတွေ့ ရတယ်တဲ့။ (ကလေးစိတ်မပျောက်၊ လူကြီးစိတ်မရောက်နဲ့ ဒါကြောင့် မနူးမနပ်အရွယ်လို့ ခေါ်တာထင်ပါရဲ့) ရန်ကုန် ရဲစခန်းရဲ့အကြောင်း ကြားချက်အရ ကျောက်မဲက မိဘများက ရန်ကုန်ကို လိုက်သွားပြီး ပြန်ခေါ်လာခဲ့ကြတယ်တဲ့။
ဒီကျောင်းသူလေး သုံးယောက်ဟာ လူကောင်းတစ်ယောက်ဆီ ရောက်သွားလို့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက်ထားတာကို ခံခဲ့ရတာနော်။ မသူတော် စားဖားတွေနဲ့များ တွေ့သွားရင် ဘ၀ပျက် ရောင်းစားခံရမှာ။
ကဲ chatting မင်းသား/မင်းသမီး ကိုကိုQ ၊ မမQ တို့ရေ Q တာလဲ Q ပါ၊ ဒါပေမယ့်။ တဘက်က သူဟာ ဘယ်အရွယ်လဲ၊ ဘယ်လိုလူများလဲ ဆိုတာ သေချာမသိရပဲနဲ့ တွေ့ဖို့ မကြိုးစားစေချင်ပါဘူး။ မိန်းကလေးတွေဆို ဘ၀ပျက်သွားနိုင်ပြီး၊ ယောက်ျားလေးတွေဆို အရွယ်မရောက်သေးသူကို သွေးဆောင် ဖျားယောင်းမှုနဲ့ တရားစွဲခံရမှာက သေချာတယ်လေ။

ကျနော်ကတော့ ဒီသီတင်းဖတ်ပြီး တော်တော်လေးကို ဘုရား တမိတယ်ဗျာ တော်သေးတာက ဒီရန်ကုန်က လူက လူကောင်းမို့ နော့မို့ဆို သတင်းထဲမှာလိုသာ မကောင်းတဲ့
သူတွေနဲ့တွေ့သွားလို့ကတော့ မတွေးဝံ့စရာပဲ ချက်တင်ထိုင်ရင် တော်တော်လည်း သတ္တိကောင်းနေကြတာကို အံ့သြမိပါရဲ့ဗျာ ကျနော်ထင်သလောက်တော့ မြို့ပေါ်က
လူငယ်တစ်ချို့ကတော့ တော်တော်ကိုအဖြစ်နည်းသွားပြီလို့ထင်တယ်ဗျ အခုလို နယ်မြို့လေးတွေကလောက်သာ ဖြစ်တော့တာလို့ထင်တာပဲ
ကိုယ်တွေများကျတော့ ပိုက်ပိုက်မရှိတာနဲ့ ဘယ်သူ့မှ မချိန်းရဲပါဘူးဗျာ ဟုတ်တယ်လေ ကိုယ်ကချိန်းလိုက်ရင် ကိုယ်ကကျွေးရမှာ
ဒီရန်ကုန်က လူကလည်းတော်သေးတာပေါ့ တကယ်သွားခေါ်လို့ ဒီတိုင်းသာမခေါ်ပဲ ပစ်ထားလိုက်ရင် ကားကြီးကွင်းထဲက မကောင်းတဲ့သူက ခပ်များများနဲ့ အင်းမတွေးတော့ပါဘူး
လူပျိုကြီးကိုပဲ ကျေးဇူးတင်မိပါတယ် ရဲတွေသွားရှာတော့ ကောင်မလေးတွေက အိမ်က ကလေးတွေနဲ့ဆော့နေသတဲ့ ဖတ်ပြီး ရယ်လည်းရယ်ချင်သဗျာ
အဲလိုလူငယ်တွေ ဖြစ်နေကြတာ ဘာ့ကြောင့်လည်းဆိုတာ ကျနော်ကတော့ အတွေ့ကြုံလေးတစ်ခုပြောပြချင်တယ်ဗျာ
ကျနော် အသိညီလေးကို မေးလိုက်တာ မင်းချက်တင်ကိုဘယ်လိုစပြီးသုံးရင်းစွဲသွားတာလည်းဆိုတော့ ညီလေးက အင်္ဂလိပ်ကျောင်းတစ်ခုမှာ တက်နေတာဗျ အစ်ကိုရာ ကျောင်းက
စာတွေရှာခိုင်းတာ သွားရှာတာ လိုင်းကမတက်တာနဲ့ ချက်တင်ပဲထိုင်ရင်းရင်းစွဲတော့တာပဲတဲ့ ဟုတ်လည်းဟုတ်လောက်ပါတယ် သင်တန်းတွေကလည်းပါတာပေါ့ဗျာ
အင်တာနက်သင်တန်းလို့ဆိုလိုက်တာနဲ့ ဒီ G talk ,VZO, Skype , MIRC ဒါတွေပဲ ချက်တဲ့နည်းတွေများသောအားဖြင့်သင်ပေးနေတာကိုးဗျ အဲဒါကြောင့်လည်း သတင်းစာထဲမှာ
ကြော်ငြာနေတဲ့ စာသားလေးက ရောက်လာတယ်ထင်တယ် သင်တန်းတစ်ခုက သူ့ရဲ့ကြော်ငြာကို သင် အင်တာနက်ကို ချက်တင်ထိုင်ရုံ အီးမေးပို့ရုံပဲ ထင်နေသလားတဲ့ ကောင်းရော
အဲဒီသင်တန်း ဘယ်လိုသင်လဲတော့မသိဘူး အဲလိုကြော်ငြာတာကိုက ခပ်ကောင်းကောင်းပဲ ပြောလို့သာပါ မြန်မာနိုင်ငံကလည်း ချက်တင်ပဲ ကောင်းကောင်းလုပ်လို့ရတာဆိုတော့
ရွာသားတို့ ဆိုဒ်တွေဝင်ဖတ်တာ တို့ရှာဖွေမှာတို့ဆိုရင်တော့ ညဘက်လူအိပ်ချိန်သာရှာကြပါလို့ ပြောချင်ပါတယ်

မူရင်းသတင်းဆိုဒ်ကို အောက်ကလင့်မှာသွား ဖတ်နိုင်ပါတယ်ဗျာ
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/1770-2012-01-23-06-58-42

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ