1 ရှေ့မြင်ကွင်း အဝေးက မြင်ရတာ တောင်ဘက်က ခြင်္သေ့

2မြောက်ဘက် က မြင်ရတဲ့ ခြင်္သေ့နှစ်ကောင် မြစ်ကမ်းဘေးက ရိုက်ထားတာပါ

3 ရှေ့ပိုင်းက မြင်ရတဲ့ အပြို အပျက် ခြင်္သေ့

4မြောက်ဘက်က မြင်ကွင်း အရှေ့တည့်တည်ကပါ

5 မြောက်ဘက်ကမြင်ကွင်း

 

6 မြစ်ထဲက မြင်ရတဲ့ ခြင်္သေ့နှစ်ကောင်နဲ့ပုထိုးတော်ကြီး

8 ရှေ့မြင်ကွင်း မြောက်ဘက်က နေမြင်ရတာပါ

“သမိုင်းအဖြစ်မှန်ကို သက်သေခံနေတဲ့…………”

မင်းကွန်းကိုရောက်သွားတော့ ကမ်းမကပ်ခင်ကတည်းကမြင်ရတာကတော့

ပြိုကျပျက်စီးနေတဲ့ ခြင်္သေ့ကြီးတွေပါဘဲ။

ငယ်စဉ်ကလေးဘ၀ကတည်းက မြင်ခဲ့ဘူးတော့ မဆန်းပေမယ်

ဘယ်အချိန်ကြည့်ကြည့် ထူးနေပါတယ်။

ဒီတစ်ခေါက် မင်းကွန်းရောက်တော့ တစ်ခါမှလက်တွေ့ဓါတ်ပုံမရိုက်ဘူးသေးတဲ့

မင်းကွန်းဒေသကိုလက်ဆော့ လို့မ၀နိုင်အောင်ပါဘဲ။

အဲဒီမှာ “ဟိုတစ်ဘက်ကမ်းကို ခုန်ကူးတော့မယ့် အတိုင်းပါဘဲဘုရား”လို့

မင်းလို လိုက်မင်းကြိုက်ဆောင်ခဲ့ရတဲ့ အမတ်ကြီးဦးပေါ်ဦးရဲ့ရင်ထဲမှာရှိနေတဲ့

တကယ့်အဖြေ(ရေထဲကို ခုန်ဆင်းတော့မယ့်အတိုင်းဘဲ)လို့ပြောနေသံကို

ပြန်ကြားလာရအောင် ဒီခြင်္သေ့အပျက်နှစ်ကောင်က ပြောနေသလိုပါဘဲ။

အခုခြင်္သေ့နောက်ပိုင်းပုံတင်လိုက်တော့ အရီးလတ်က

ရှေ့ပိုင်းပုံလေးကြည့်ချင်ပါတယ်ဆိုတာကြောင့်

တင်ပေးလိုက်ရပါသဗျာ။

တကယ်တော့ ဒီပုံတွေက သမိုင်းရဲ့သက်သေခံပစ္စည်းတွေဆိုရင်လဲ မမှားပါဘူးနော်။

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ နဲ့ အတွေးပါးပါးလေး

(28-1-2012)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။