ခေါင်းစဉ်ကို ကြည့်ပြီး ဘာသို့ ညာသို့ မထင်လိုက်ပါနဲ့ ချစ်မိတ်ဆွေ ။ ဘောလုံးပွဲအကြောင်းရေးထားတာပါ ။ တနင်္လာနေ့ ည (သို့ မဟုတ်) အင်္ဂါနေ့ နံနက် ၂နာရီခွဲ အချိန်မှာ ကန်ကြမယ့် “အိုစာစူနာ” အဆင့်၉ နဲ့ “အသလက်တီကိုမက်ဒရစ်” အဆင့်၁၀ တို့ အကြောင်းပါခင်ဗျာ ။
အိုစာစူနာ အသင်းဟာ လာလီဂါ၁၉ပွဲကန်အပြီးမှာ ၆ ပွဲနိုင် ၊ ၉ ပွဲသရေ ၊ ၄ ပွဲရှုံး ၊ ရဂိုး၂၂ ပေးဂိုး၃၁ ၂၇ မှတ်
အိုစာစူနာ အိမ်ကွင်း၁၀ပွဲကန်ခဲ့ရာမှာ ၅ ပွဲနိုင် ၊ ၄ ပွဲသရေ ၊ ၁ ပွဲရှုံး ၊ ရဂိုး၁၄ ပေးဂိုး၈
အသလက်တီကို အသင်းဟာ လာလီဂါ၁၉ပွဲကန်အပြီးမှာ ၇ ပွဲနိုင် ၊ ၅ ပွဲသရေ ၊ ၇ ပွဲရှုံး ၊ ရဂိုး၃၀ ပေးဂိုး၂၇ ၂၆မှတ်
အသလက်တီကို အဝေးကွင်း ၉ပွဲကန်ခဲ့ရာမှာ ၁ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၆ ပွဲရှုံး ၊ ရဂိုး၉ ပေးဂိုး၂၀
အိုစာစူနာ အခုပွဲမကန်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ
၂၂.၁.၂၀၁၂ အိုစာစူနာ ၁-၁ ဗလင်စီယာ
၁၅.၁.၂၀၁၂ အိုစာစူနာ ၀-၂ ရေဆင်း
၁၂.၁.၂၀၁၂ အိုစာစူနာ ၁-၂ ဘာစီလိုနာ (ဘုရင့်ဖလား)
၇.၁.၂၀၁၂ ဆိုစီဒက် ၀-၀ အိုစာစူနာ
၎.၁.၂၀၁၂ ဘာစီလိုနာ ၄-၀ အိုစာစူနာ (ဘုရင့်ဖလား)
အသလက်တီကို အခုပွဲမကန်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ
၂၁.၁.၂၀၁၂ ဆိုစီဒက် ၀-၄ အသလက်တီကို
၁၅.၁.၂၀၁၂ အသလက်တီကို ၃-၀ ဗီလာရီးရဲ
၇.၁.၂၀၁၂ မာလာဂါ ၀-၀ အသလက်တီကို
၂၁.၁၂.၂၀၁၁ အသလက်တီကို ၀-၁ အယ်ဘာစီတီ (ဘုရင့်ဖလား)
၁၈.၁၂.၂၀၁၁ အသလက်တီကို ၀-၂ ဘက်တစ်
အိုစာစူနာ အသင်းရဲ့ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Andres
နောက် Bertran, Sergio, Flano, Satrustegui
လယ် Garica, Nekounam, Punal
လယ် Lamah, Cejudo
ရှေ့  Nino
အသလက်တီကို အသင်းရဲ့ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Courtois
နောက် Juanfran, Godin, Dominguez, Filipe
လယ် Tiago, Suarez
လယ် Salvio, Adrian, Turan
ရှေ့  Falcao
ဈေးအနေအထားအရ အသလက်တီကို သရေဆိုရင် တစ်ဝက်ကျော်ဆုံးရှုံးမှာပါ ။
ဒီနှစ်သင်း တွေ့ ဆုံခဲ့မှုများကို ပြန်ကြည့်မယ်ဆိုရင် အသလက်တီကို က အသာစီးရခဲ့တာကို တွေ့ ရပါတယ် ။
Aug 28, 2011 Atletico Madrid 0 – Osasuna 0
Apr 3, 2011 Osasuna 2 – Atletico Madrid 3
Nov 13, 2010 Atletico Madrid 3 – Osasuna 0
Mar 15, 2010 Atletico Madrid 1 – Osasuna 0
Oct 18, 2009 Osasuna 3 – Atletico Madrid 0
အိုစာစူနာ ရှေ့ က ကန်ခဲ့တဲ့ ခြောက်ပွဲမှာ နိုင်ပွဲမရှိခဲ့ဘဲ ၊ ၃ ပွဲသရေ ၊ ၃ ပွဲရှုံး ထားပါတယ် ။
အသလက်တီကို ကတော့ ပြီးခဲ့တဲ့ ကန်ခဲ့တဲ့ နှစ်ပွဲမှာ ကိုလံဘီယာတိုက်စစ်မှူး “ဖယ်ကာအို” ရဲ့ အစွမ်းပြမှုနဲ့ ဂိုးပြတ်နိုင်ခဲ့တာ ကို တွေ့ ရပါတယ် ။
အိုစာစူနာ နဲ့ အသလက်တီကို နှစ်သင်း အနေအထားကို ယှဉ်ကြည့်မယ် ဆိုရင် ၊ အသလက်တီကို ဟာ နှစ်စဉ် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်များမှာ ကစားနေကြဖြစ်ပါတယ် ။ အိုစာစူနာ က တော့ အဆင့် ၁၀ အတွင်းနဲ့ ဘဲ ရပ်တည်နေကြပါ ။
အခုလောလောဆယ်မှာလဲ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် အသလက်တီကို ရုန်းလာတာကို တွေ့ နေရပါတယ် ။
အိုစာစူနာကလဲ အိမ်ကွင်း မှာ ရလဒ်များဆက်တိုက် ဆိုးနေတာကို ခြေဖျက်ဖို့ ရုန်းလာမှာပါ ။
ဥရောပ ဘူကီများရဲ့ ခန့် မှန်းချက်များကတော့
အိုစာစူနာ 0-3/1-3/0-2 အသလက်တီကိုမက်ဒရစ် ပါ ။
သည်ပွဲဟာ သရေရလဒ်ဆီကို ဦးတည်နေပြီး ၊ အနိုင်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ “အသလက်တီကိုမက်ဒရစ်ဘဲ” ဖြစ်ပါလိမ့်မယ် ခင်ဗျာ ။
……………………………………………………
……. အားလုံးအောင်မြင်ပျော်ရွှင်ပါစေ …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..