ကိုကြီး သမီးမနေ့က သမီးရည်းစားနဲ့လျှောက်လည်တာသိလား သြော် နင်ဒါ့ကြောင့် အလုပ်ကိုအရေးကြီးလို့ဆိုပြီး ခွင့်ယူတာပေါ့ဆိုတော့

ဟုတ်တယ် ကိုယ်ကလည်းခပ်နောက်နောက်ဆိုတော့ မင်းတို့ဘယ်တွေလျှောက်လည်တာလည်းကွ ဗဟုသုတပြောပြစမ်းပါ ငါလည်းရည်းစားရရင် လည်ရအောင်ဆိုတော့
မင်္ဂလာဈေး သွားတာကိုကြီး သြော်ချစ်သူများနေ့လည်ဖို့ တူညီအ၀တ်စားတွေသွားဝယ်တာပေါ့ဆိုတော့ မယ်မင်းသမီးက စပ်ဖြဲဖြဲလုပ်နေလေရောဗျာ ဒါနဲ့ကျနော်က
မဟုတ်ဘူးလားဆိုတော့မှ အဲဒီအပေါ်ထပ်မှာ တည်းခိုခန်းရှိတယ် အဲဒီသွားတာပေါ့ဆိုတော့ အင်းတဲ့ ကျနော့်မှာဖြင့် ဘုရား ဘုရား တရုံပဲတနိုင်တော့တယ် ကျနော့် မျက်နှာကဘယ်လိုဖြစ်နေသလဲတော့ ကျနော်မပြောတတ်ဘူး သူကတော့ အဲလိုကြီး မကြည့်ပါနဲ့ ဘာမှမဖြစ်ပါဘူးတဲ့ အော် ခက်ပါပြီ
ငါဘာပြောလို့လည်း နင့်ဖာသာ မလုံတဲ့အိုးပွင့်နေတာဆိုတော့ တခစ်ခစ်နဲ့သဘောတွေကျနေတာဗျာ ကျနော်ဖြင့်ယုံဖို့တောင်ခက်တယ် ဘာမှမဖြစ်ဘူးတော့ပြောတယ်
သူ့ရည်းစားက သူ့ကို ကြယ်သီတပ်ပေးတာတွေတော့လာပြောသဗျာ ယိုသူမရှက် မြင်သူရှက် ဆိုတာ ဒါမျိုးပြောတာထင်တယ်ဟလို့ တွေးပြီးကိုယ့်ဖာသာ ပြုံးနေတာကိုတောင် ဒီဘဲကြီး ဖီးလ်တွေတက်နေတယ်ထင်တယ်လို့ မရှက်မကြောက် ပြန်ပြောလိုက်သေးသဗျာ ကိုယ်ကတောင်
ပြန်ရှက်လိုက်ရသေးတယ် နင်က သိရဲ့သားနဲ့ လိုက်သွားတာလားဆိုတော့ သမီးလည်း မသိဘူးလေ ဟိုရောမှ တခါးဝမှာ ပေးပိုက်ဆံ 5000 ဆိုလို့ သမီးကထုတ်ပေးလိုက်တာ
သူက အခန်းထဲဝင်သွားပြီး အစ်ကိုအခန်းရသေးသလား ဆိုတော့မှ သမီးကလည်း ငြင်းပါးသေးတယ် ပြန်မယ်ဆိုပြီ ဒီတော့ ရည်းစားက ငါ့ကိုမချစ်လို့လားလို့ မေးလို့
အလျှော့ပေးခဲ့ရတာပါတဲ့ဗျာ တယ်လည်း အားနာတတ်တဲ့ မိန်းကလေး ကျနော်အထင်တော့ အားနာတာမဟုတ်ဘူး သူကကို ခပ်စွာစွာ လန်လန်ပျံပျံ ဆိုတော့လည်း
ဒါနဲ့ သူကပဲ ဆက်ပြောနေပါလေရော ဒီကောင်မလေးကတော့ ခက်နေပါပြီ ဒီကနားထောင်ချင်မှန်း နားမထောင်ချင်မှန်းလည်း ဘာမှမသိ သူပြောချင်တာတွေ စွတ်ပြောနေပါရော
အင်း နေရာတကာ စပ်ဖြဲဖြဲနေလာတာ အခုတော့ လူမလေး ခွေးမခန့်ဖြစ်နေပြီလို့ နောင်တတောင်ရမိပါရဲ့ ပြောနေတဲ့ မရွှေချောကတော့ သေချာတယ် စစ်သေနတ်ပစ်နေသလိုကို
အဆက်မပြတ် ဂုဏ်ယူဝင့်ကြွားစွာပြောနေတာဗျာ သူပြောချင်တာတွေပြောပြီးမှ ဘာမှမဖြစ်ခဲ့ပါဘူး ကပြောလိုက်သေးတယ် အဲဒါမျိုးတော့ မယုံရေးချမှ မယုံဗျာ ဟုတ်တယ်လေ
ဥပုဒ်စောင့်တဲ့ ကျား ရှိမှ မရှိတာဗျာ ကျနော်တို့ ရွာသားတွေ တော့မသိဘူး ဟဲဟဲ ဥပုဒ်စောင့်တဲ့ကျားဆိုရင်လည်း အဲဒိနေရာမျိုးကို သွားကိုမသွားမှာ သေချာပါတယ်
အဆိုးဆုံး သူ့ချစ်သူက အခုလိုသွားတာတွေ လမ်းထဲလျှောက်မပြောနဲ့နော်ဆိုလို့ ကျနော်တို့ကိုပြောတာတဲ့ ဒီကောင်မလေး စိတ်မှမှန်သေးသလားလို့ တွေးမိပါသေးတယ်
နောက်နေ့ တစ်ခြား အလုပ်ထဲကလူတွေနဲ့ စပ်မိလို့ စကားပြောရင်း အဲဒိအကြာင်း ပြောပါလေေ၇ာ တစ်ခြားအလုပ်ထဲကလူတွေက သူတို့လည်း သိကြောင်းပြောမှ ပိုလို့တောင်
အံ့သြရပါလေရော ကျနော့်တင်မကဘူး တစ်ခြား ယောင်္ကျား မိန်းမ အကုန်လိုက်ပြောထားပါလား ကျနော်မှာဖြင့် ကျနော် စပ်ဖြဲဖြဲနေလို့ ကျနော့်ကိုပဲ မခန့်လေးစားပဲ လာပြောတယ်ထင်နေတာ အခုတော့ အကုန်လုံးကို အရှက်မရှိလျှောက်ပြောထားပါလားလို့တောင်တွေးမိပါသေးတယ် အလုပ်ထဲက မိန်းကလေးတစ်ယောက်ကို နင်သိတယ်ပေါ့
သူ့ဘဲနဲ့ ချိန်းထားတာကိုဆိုတော့ အင်းသိတယ်လေ သမီးကိုပြောတယ် ချက်တင်ထဲလည်း ဒါတွေပဲပြောနေကြတာ အောက်ပိုင်းတွေ ဆိုတာချည်းပဲတဲ့ ဟင် လို့ပဲ
ပါးစပ်ကလွှတ်ခနဲ ထွက်မိပါတယ် ဟုတ်တယ်လေ ဒါမျိုးကိစ္စဆိုတာ ကျနော်ကြားဖူးတာတော့
ယောက်ျားလေးကပဲ ဂုဏ်ယူစွာ သူငယ်ချင်းတွေကို လျှောက်ပြောတာလို့ပဲ ကြားဖူး တွေ့ဖူးပါတယ် အခုတော့ ငါတို့မှာ ပြောင်းပြန်ကြီးဖြစ်နေပါလား ဒီကောင်မလေး ဒီလောက်ထိ
ဖြစ်ပျက်နေပြီကိုးလို့ တောင်တွေးမိပါသေးတယ် ကိုယ်တစ်ယောက်ထဲ တွေးနေမိတာတော့ ဒီကောင်မလေး ငယ်သေးတယ် သိပ်ကိုငယ်သေးတယ် အခုမှ ဆယ်တန်းအောင်ပြီးချိန်
ကျောင်းကလည်း အဝေးသင်မို့ အလုပ်က ပိုင်ရှင်နဲ့ သူ့အဖေက သူငယ်ချင်းမို့ အလုပ်ကို အထူးသွင်းပေးထားရတဲ့ ကောင်မလေး အဲဒါကြောင့်လည်း အလုပ်ထဲရောက်ပြီ
ဆိုတာနဲ့ ကွန်ပျူတာတန်းဖွင့် ဖေ့ဘွတ်အရင်ဖွင့် ချက်တင်ထိုင် ဒါပဲအမြဲလုပ်နေတာ အငယ်ဆုံးမို့ ကျန်တဲ့ သူတွေကလည်း ဘာမှမပြော ဒါနဲ့ပဲ ကောင်မလေးက အလုပ်ထဲမှာ ကဲချင်သလိုကဲနေတာ
အခုခေတ် မိန်းကလေးတစ်ချို့ အတုယူတွေမှားနေတာ အတုမခိုးသင့်တာတွေခိုးတာတော်တော်များများတွေ့နေရတယ် လွတ်လွတ်လပ်လပ်နေထိုင်လို့ရတဲ့ မြို့ပြဆိုတော့လည်းပိုဆိုးကုန်တာ
မမှားသင့်ပဲ မှားကြ ဘ၀တွေပျက်စီးကြ လူ့အသက်တွေပျက်စီးကြနဲ့တော်တော်ကိုရင်လေးဖို့ကောင်းပါတယ် နောက်ပိုင်းကျတော့လည်း ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက် ဖက်ပေါ်ဆူးကျတော့လည်းဖက်ပေါက်ဆိုတော့ ကိုယ့်ဖာသာ ကိုယ်ပဲကာကွယ်ကြပါလို့ပြောချင်တယ်ဗျာ မိန်းကလေးငယ်တွေပဲ အပြစ်ပြောလို့တော့မရဘူး မိဘတွေက နေကုန်အလုပ်ထဲဆိုတော့ သားသမီးတွေက နေချင်သလိုနေ လွတ်လပ်မှုကရ အင်တာနက်တွေ ကွန်ပျူတာတွေ ရုပ်မြင်သံကြားကရိယာတွေကများလွန်းလှတာ တိုးတက်လာတဲ့ခေတ်ကြီးကို မကောင်းစွာအသုံးချနေတာရယ်
ဘာမှမကြည့်ပဲ ငတေမာပြီးရောဆိုတဲ့စိတ်နဲ့လုပ်စားနေကြတဲ့ စီးပွားရေးသမားတွေ တည်းခိုးခန်း ဟိုတယ်ခန်းပိုင်ရှင်တွေကြောင့်အခုလို မဖြစ်သင့်တာတွေဖြစ်ကုန်တာလို့ထင်တယ်
ရွာသားကိုရွှေတိုက်စိုးပြောသလိုပဲ အခုခေတ်မိန်းကလေးတစ်ချို့က ကိုးရီးယားကားတွေကြည့်တယ်
ကြည့်ပြီး ဘီယာသောက်တာ ဘီယာမူးလာတာ ကောင်လေးတွေကိုအပြိုင်ကြိုက်တာ ဒီဟာတွေပဲအတုယူတယ် ကိုးရီးယားကားတွေထဲက အများပြည်သူနဲ့ဆက်ဆံတဲ့ဝန်ထမ်းတွေ စားသောက်ဆိုင်တွေက၀န်ထမ်းတွေ ဖော်ေ၇ွမှုရှိတာကျတော့ အတုမယူကြဘူး မကောင်းတာပဲယူကြတယ် ကောင်းတာမယူကြတာ တော်တော်နှမြောဖို့ကောင်းတယ်လို့ပြောတာ မှန်လည်းမှန်ပါတယ်
ပြောချင်တာက ကိုယ့်သိက္ခာကိုထိန်းသိမ်းကြပါ မြန်မာမိန်းကလေးဖြစ်ရတာကိုဂုဏ်ယူကြပါလို့ပဲ ပြောချင်ပါတယ် အမျိုးကောင်းသမီးလေးတွေဖြစ်ဖို့ထိန်းသိမ်းကြပါလို့

ဒီပုံလေးကတော့ ဖေ့ဘွတ်ထဲကတွေ့လို့ပါ ကိုယ့်စီးပွားပဲကြည့်ပြီး ကြော်ငြာရဲတာကိုပဲ အံ့သြမိပါရဲ့ဗျာ ဘိုဘို ဖျော်ဖြေရေးက 14 ရက်မတိုင်ခင်ကကြော်ငြာတာတွေရော အာဏာပိုင်တွေက ဒါမျိုးကျတော့ ပိတ်ပင်ဖို့ မသိကြဘူး ဘုန်းကြီးတွေ တရားပွဲလောက်ပဲ ပိတ်ချင်နေကြတာ ဗုဒ္ဓဘာသာမှ ဟုတ်ကြရဲ့လားမသိပါဘူး
မပြောချင်တော့ပါဘူး ပြောရင်လည်းမဆုံးနိုင်တော့ဘူး

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ