ဝါကာ ဝါကာ ဝေလေလေ

DEPARKO DEPARKOJanuary 31, 20121min1398

ကျွန်တော်တို့ မြန်မာနိုင်ငံမှာမနက်မိုးလင်းတာနဲ့ အရောင်းရဆုံးကုန်ပစ္စည်းတစ်ခုမှာအားကစား ဂျာနယ်တစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်။ လက်ဘက်ရည်ဆိုင်မှာလူငယ်၊လူကြီး၊ ကျားမအရွယ်စုံညကဘယ်ပွဲမှာဘယ်လောက်၊ ဘယ်နှစ်ဂိုး၊ ဆယ်ပြားရှုံး ၊ဂိုးကြောနိုင်၊ဘော်ဒီကြေးငါးဆယ်နိုင်၊ စသဖြင့် နိုင်ငံတကာဘော်လုံးပွဲဒိုင်ချုပ်တွေတောင်အရှုံးပေးရလောက်ရဲ့။

လောင်းကစားတိုက်ဖျက်ရေးဘယ်လောက်အရှိန်အဟုန်နဲ့လုပ်လုပ်၊ ဘော်လုံးလောင်းကစားဟာအမြစ်တွယ်နေပါပြီ၊ လူငယ်အများစုဟာညနက်သန်းခေါင် အိပ်ရေးအပျက်ခံပြီးဘော်လုံးပွဲထကြည့် အားကစားဂျာနယ်တွေ ပိုက်ဆံအကုန်ခံပြီးဝယ်ဖတ်၊ အလုပ်၊ကျောင်းစာကြိုးစားရမည့်အရွယ်စုံလူငယ်တွေဟာဘယ်အသင်းကဘယ်နှစ်ဂိုးသွင်းမယ်၊ ဘယ်အသင်းကတော့ ဂိုးမရှိသရေ၊ ဘယ်အသင်းကတော့ သုံးဂိုးအထက် သွင်းလိမ့်မယ်။ စသဖြင့် နိုင်ငံတကာကဘော်လုံးနည်းပြချုပ်တွေ လက်ဖျားခါရလောက်အောင် ကိုတော်ကြပါပေတယ်။ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာလူငယ်တွေအများစုမှာမိန်းကလေးအများစုဟာတက္ကသိုလ်ရောက်တဲ့အထိ ပညာဆည်းပူးနိုင်ပြီးယောကျင်္ားလေးအများစု (၉၀%)ဟာ ဝေလေလေနဲ့ ပညာတစ်ပိုင်းတစ်စ ယောင်ခြောက်ဆယ် နေ့စဉ် လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်တွေမှာအချိန်ဖြုန်း မိဘတွေဆီက ပိုက်ဆံ လက်ဖြန့်တောင်း ရှက်ရကောင်းမှန်းလဲမသိ ဘိလိယက်ကို လောင်းကြေးနဲ့ထိုး အချိန်တွေ ငွေတွေ ဖြုန်းနေကြတာ လေထဲမှာတိုက်ဆောက်နေကြတာ ကျွန်တော်တို့နိုင်ငံမှာ နောက်ဆယ်စုနှစ်အနည်းငယ်မှာ ပညာတတ်မိန်းမတွေရဲ့ အရိပ်အာဝါသမှာ ခိုလှုံမဲ့ ဘောလုံး ဝါသနာရှင် လောင်းကစားသမား မဟာပုရိသများအကြောင်း တစ်စေ့တစ်စောင်းပါ။

8 comments

  • အာချိတိုမိုတို water-melon

    January 30, 2012 at 7:00 pm

    “ယောကျင်္ားလေးအများစု (၉၀%)ဟာ ဝေလေလေနဲ့ ပညာတစ်ပိုင်းတစ်စ ယောင်ခြောက်ဆယ် နေ့စဉ် လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်တွေမှာအချိန်ဖြုန်း မိဘတွေဆီက ပိုက်ဆံ လက်ဖြန့်တောင်း ရှက်ရကောင်းမှန်းလဲမသိ ဘိလိယက်ကို လောင်းကြေးနဲ့ထိုး အချိန်တွေ ငွေတွေ ဖြုန်းနေကြတာ လေထဲမှာတိုက်ဆောက်နေကြတာ”
    အချို့တစ်ဝက်တော့မှန်ပါတယ်
    ၉၀% ပြောနိုင်ရလောက်အောင် အပြင်ထွက်ပြီး စာရင်းလိုက်ကောက်ထားတာလား
    ငါ့ကောင် မင်းအတွေးမှားနေပြီ၊

  • windtalker

    January 30, 2012 at 7:05 pm

    DEPARKO DEPARKO ရေ ။
    တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင်လဲ စိတ်ကူးခဲ့ဖူးတယ် ။
    တစ်ခါတစ်လေ ကျွန်တော် လျှောက်သွားနေတယ် ။
    အဲ့ဒီအခါမျိုးမှာ အခြားလူတွေ လဲ ကျွန်တော့် လို လျှောက်သွားနေကြတယ် လို ့ ကျွန်တော် ထင်လာတယ် ။
    ဒါပေမယ့် ကျွန်တော်တွေးတာ ကို ကျွန်တော့်ခေါင်းထဲမှာဘဲ ထားခဲ့တယ် ။

  • naywoonni

    January 30, 2012 at 7:26 pm

    ပြောကြပေါ့………။ တော်တို့က ရဲတွေပဲ..။ ကျုပ်တို့တော့ မပြောရဲပေါင်တော်………. 😀

  • DEPARKO DEPARKO

    January 31, 2012 at 6:30 pm

    မှားသွားတဲ့အတွက် တောင်းပန်ပါတယ် တစ်ကယ်တော့ ဂရုဏာဒေါသောနဲ့ပါ

  • naywoonni

    January 31, 2012 at 7:41 pm

    DEPARKO DEPARKO ရေ့…… မမှားပါဘူးဟ ဆက်ပြောပါ…။ ငါတို့နောက်တာနဲ့ ရှက်မသွားပါနဲ့…။ တို့က ဒီလိုပဲ ချစ်ရင် စချင်နောက်ချင်တယ်…။

    • စိန်ပေါက်ပေါက်

      January 31, 2012 at 7:55 pm

      ဟုတ်ပါတယ်..ဒီပါဟိုပါ ကိုကိုရေ
      ရွာထဲက အူးနီကြီးက အနောက်တော်တော်သန်တယ်..စိတ်ဆိုးနဲ ့
      တစ်လုံး၂လုံး၃လုံးက လုပ်စားရတာလွယ်လို ့..လုပ်စားကြတာနေမှာပါ..
      တစ်ကယ်တော့ ဘယ်လောင်းကစားမှ မကောင်းပါဘူး
      နော် ဥနီ
      😀

  • Mလုလင်

    January 31, 2012 at 11:10 pm

    အလွန်ချစ်စရာ ကောင်းသော ဓလေ့ရှိသော ရွာဖြစ်ကြောင်း သက်သေ ပြ သော ကွန်းမန့် များ မို့ .. မိသားစု တွေလို နွေးထွေးကြပါပေ့။ .. 90% အစား .. ကျွန်တော့ ပတ်ဝန်းကျင် က လူငယ်တော်တော်များများ ဆို ပို အာပတ် လွတ် မလားလို့ပါ။ American Centre တို့ BC တို့ က စာကြည့်တိုက် တွေကို သွားကြည့်စေချင်ပါတယ်။ အဲ့ ဒီက လူငယ်တွေကို မြင်ရင်တော့ အစ်ကို DEPARKO DEPARKO ရဲ့ နှိုင်းရ percentage တန်ဖိုး နဲနဲ ကျသွားမယ် လို့ ထင်မိတာပါပဲ …

    လေးစားစွာဖြင့်
    Mလုလင်

  • DEPARKO DEPARKO

    February 2, 2012 at 11:11 am

    ကျွန်တော် မြန်မာပြည်အနှံ့နီးပါးလောက်ခရီး သွားရပြီး တွေ့ရမြင်ရတာတွေက စိတ်ထဲမသက်မသာဖြစ်ရလွန်းလို့ပါ ရောက်တဲ့နေရာမှာ ကလေးတွေကို အထွေထွေဗဟုသုတနဲ့ နည်းပညာပိုင်းဆိုင်ရာ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ သင်ပေးဘို့(ပညာဒါနအနေနဲ့ပါ) ကျွန်တော့်ဆီမှာ ဇွဲရှိရှိနဲ့ သင်ယူတဲ့ကလေးတွေအားလုံး မိန်းကလေးတွေဘဲများတယ် ပြန်တဲ့အခါတိုင်း သူတို့လေးတွေ လက်အုပ်ချီကန်တော့တဲ့အခါ ကျွန်တော်ရင်ထဲအများကြီးခံစားရတယ် ယောက်ကျားလေးတွေကိုပညာသင်ဘို့ စည်းရုံးရေးညံ့ဖျင်းတဲ့ကျွန်တော် အနှောင့်အသွားမလွတ်တဲ့စကားဒါဏ်တောင်ခံရသေးတယ်(လူပျိုကြီးမို့လို့)ကျော်ညာတာမဟုတ်ပါ။

Leave a Reply