စက်မှု တက္ကသိုလ် အမှတ်တရ ဓါတ်ပုံများ။
မနေ့က ကျွန်တော်တင်ခဲ့သော ဒဂုံ တက္ကသိုလ် ပို့စ်မှာ သူကြီး ပေးခဲ့သော ကွန်းမန့်အတွက် ဒီနေ့ ကျွန်တော်
နာမည်ကျော် သမိုင်းဝင် မူလလက်ဟောင်း ရန်ကုန်စက်မှုတက္ကသိုလ် ကြီးထဲသို့ ယောင်လည်လည် နှင့် အရောက်သွားခဲ့ပါသည်။
ယောင်လည်လည် နှင့်ဆိုတာ စက်မှုတက္ကသိုလ်ထဲသို့ ကျွန်တော်တစ်ခါမှ မရောက်ဘူးသောကြောင့်ဖြစ်ပါသည်။
ကျောင်းကြီးက ကျွန်တော်ထင်ထားတာထက် ခမ်းနားကြီးကျယ်လွန်းလှပါသည်။
သူကြီးပြောခဲ့သော စွယ်တော်ပင်တွေကတော့ နာဂစ်ရဲ့ နှိမ်နင်းခြင်းကို ခံရကာ တစ်ပင်တစ်လေတောင် မတွေ့ရတော့ပါ။
သို့သော် ဆိုဗီယက်ခေတ် လက်ရာတစ်ခုဖြစ်သည့် ရန်ကုန်စက်မှုတက္ကသိုလ် ကြီးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဓါတ်ပုံ ရိုက်ခဲ့ပါသည်။
မြန်မာပြည်ထဲမှ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဆင်းများ နှင့် ပြည်ပရောက် ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းဆင်းများ အားလုံးအတွက် အလွမ်းပြေ ပေါ့ခင်ဗျာ။
ှု
54 comments
water-melon
January 31, 2012 at 7:07 pm
မတက်ဘူးပေမဲ့ လွမ်းသလိုလို ဆွေးသလိုလို
ခံစားရတယ်
ဂျီဟောသူ ဆိုတာ ဘာကို ပြောတာလဲ ကိုဘလက်ချော
ပြောပြပေးပါနော် ဗဟုသုတအနေနဲ့ပေါ့။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 31, 2012 at 7:25 pm
ဖရဲမေးတဲ့အတိုင်းပါပဲဗျ
စက်မှု တက္ကသိုလ်ကို အခုမှပဲ အရှင်လတ်လတ် အဲလေ ရှင်းရှင်းလင်းလင်းမြင်ဖူးတော့တယ်ဗျ
အထဲကို ဝင်လို့ရလား …. အထဲမှာ ဘာသင်တန်းတွေရှိလဲ သိချင်ပါသေးရဲ့
ကျေးဇူးတင်စွာဖြင့်
KING
စိန်ပေါက်ပေါက်
January 31, 2012 at 7:24 pm
အလိုလေး
ကျောင်းကြီးမြင်ပြီးမှ
ကျောင်းအတူတူတက်ခဲ့တဲ့ ကျုပ်တို ့ ငယ်သငယ်ချင်း မောင်ခိုင်တောင် သတိရမိပါရဲ့
ဪ..
ခုထိ င့ါကို ဖဲကြွေးလေးကျေအောင်မဆပ်ခဲ့ပဲ အင်ဂျလီနာစပီးယားနဲ ့ အိမ်ထောင်တောင် ကျနေပါပကောလားဗျာ
😀
အူးချောရေ..အူးချောရေ
ဟိုလေ.
အားပေးတွားပါတယ်..
သများတို ့တော့ ဉာဏ်တိမ်လို ့.အဆိုပါကျောင်းတော်ဂျီး တက်ခွင့်မရခဲ့ပါဘူး..
ဒါပေသိ…ကြည့်ခွင့်ရတာ ကျေးဇူးတင်ပါတယ်.
windtalker
January 31, 2012 at 7:40 pm
ကျုပ် အထင် မမှားဘူးဆိုရင် ကိုဘလက်ချော ဟာ ဒွေးတို ့၊ အောင်မြင့်စိုး တို ့နဲ ့အတူတူ အဲ့ကျောင်းမှာ အတူတက်ခဲ့မယ် ထင်တယ် ။ ဒါကြောင့်မို ့လဲ ၊ ကိုဘလက်ချောပုံကြည့်ရင် ဒွေးစတိုင်နဲ ့တူပါတယ် လို ့၊ ထင်နေခဲ့တာ ။
weiwei
January 31, 2012 at 7:52 pm
အလွမ်းမပြေဘူး .. တစ်မျိုးကြီးပဲ …
၈ တန်းတောင် တက်ခဲ့ရတဲ့ ကျောင်းတော်ကြီးမို့ မြင်ရတာ စိတ်မကောင်းဖြစ်မိတယ် … (သိပ်အိုနေလို့ … 🙁 )
အရင်တုန်းက ကျောင်းထဲက အဆောင်တွေကို A hall , B hall , C hall, D hall, E hall, F hall, G hall ဆိုပြီး နံမည်ပေးထားတယ် .. A ကနေ F က ယောက်ျားလေးဆောင်ဖြစ်ပြီး တစ်ခုတည်းသော မိန်းကလေးဆောင်က G hall ပါ … ပဉ္စမနှစ်နဲ့ နောက်ဆုံးနှစ် ၂ တန်းစာ ပေါင်းတာတောင်မှ အဆောင်မှာ အယောက် ၃ဝ ကျော်ပဲ ရှိတဲ့ ရှားရှားပါးပါး ဂျီဟောသူတွေက နံမည်ကြီးခဲ့တာပေါ့ …
အခုတော့လဲ …….
Khin Latt
January 31, 2012 at 8:03 pm
ကိုဘလက် ရေ မျက်နှာ မလိုက်ကြေး။
ရှေးတုန်းကမိန်းမလှကျွန်း၊ ကျွန်မတို့ ခေတ်မှာတော့ ဘီလူးမကျွန်း လို့ အခေါ်ခံရတဲ့ Eco ကျောင်းတော်ကြီး ကိုလဲ ကြုံခဲ့ရင်ဖြင့် အလွမ်းဖြေ ခွင့်ပေးပါရှင်။ 😉
blackchaw
January 31, 2012 at 8:40 pm
ဖရဲရေ။ ဂျီဟောအကြောင်း မဝေ ကွန်းမန့်ကို ဖတ်ရင်သိမှာပါဗျာ။
ကင်းရေ။ အထဲကို ဝင်လို့ရလို့ အခု ဓါတ်ပုံတွေ ကြည့်နေရတာပေါ့ကွာ။ ဒါပေမယ့် နည်းနည်းတော့
လျှို့ဝှက်သည်းဖို ဆန်တယ်ဗျာ။ သွားကြည့်မှ သိမှာပါပဲဗျာ။ သင်တန်းတွေတော့ ရှိမယ်ထင်တယ်ဗျ။ ကန်တင်းန် မှာ ဆိုင်တွေကတော့ တော်တော်များတာတွေ့ရတယ်။ ကျောင်းတောင် ပြန်ဖွင့်မလိုလို ကြားခဲ့ရပါတယ်။
ပေါက်ဖေါ်ရေ။ တက်ဖူးတဲ့လူတွေ အတွက် အလွမ်းပြေ၊ မတက်ဖူးတဲ့လူတွေအတွက် ဗဟုသုတ အနေနဲ့ပါ။ ကိုယ်ကိုယ်တိုင်တောင် ဒီတစ်ခါပဲ ရောက်ဖူးတာပါ။
ကိုပေ။ မြန်မာပြည်မှာ လူတစ်ယောက်ကို တက္ကသိုလ်တစ်ခုပဲတက်ခွင့်ရပါတယ်။ ကျွန်တော် ဘယ်ကျောင်းကထွက်လာလဲဆိုတာ ကြေညာပြီးသားပါ။ ခင်ဗျားဟာသလေးက ရယ်ရသလိုလိုနဲ့ မရယ်ရဘူး ကိုပေရေ။
windtalker
January 31, 2012 at 9:23 pm
ဟီး မွှားတဲ့အခါလဲ မွှားပေမပေါ့ဗျာ ။ ခွေးလွှတ်ပါဂျာ
ခင်ဗျားလဲ သိတဲ့အတိုင်းဘဲ
ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ညီငယ်တစ်ယောက်မို ့
လေးစားရပါသော ကိုကြီး ငါးဆယ်ပေးပါနော
blackchaw
January 31, 2012 at 8:52 pm
မဝေရေ။ အလွမ်းမပြေဘူးဆိုလို့ စိတ်မကောင်းပါဘူး။
ပုံတွေကတော့ အများကြီးရိုက်ထားတာပါ။ ခိုးကြောင်ခိုးဝှက် ရိုက်လာတာလို့ ပြောရမယ်။
ကျွန်တော် ထင်ထားတာထက်ကို ကြီးကျယ်တဲ့ကျောင်းကြီးပါ။ ကျောင်းဝန်းတစ်ဝန်းလုံးကို
ခြေလျင်လျှောက်ပြီး ရိုက်ထားတာပါ။ ဗိုက်ဆာလာလို့ ကန်တင်းန်မှာတောင် ဝင်ဗိုက်ဖြည့်လိုက်
ရသေးတယ်ဗျာ။
ကျောင်းဝန်းထဲမှာ ဓါတ်ပုံတွေဘာတွေ ရိုက်တာ ဘယ်သူကဆိုလား
မကြိုက်ပါဘူးတဲ့ဗျာ။ ဆေးသုတ်လိုက်ရင်ကျောင်းကြီးက အသစ်ပြန်ဖြစ်လာမှာပါဗျာ။
အစ်မလတ်ရေ။
အီကို မှာ အစ်မ ဘယ်နေရာတွေကို သတိရနေတာလဲ။
ကြိုက်တဲ့နေရာကိုသာပြောပါ။
ရအောင်ရိုက်တင်ပေးပါ့မယ်။
အီကို ကိုတော့ ကျွန်တော်က သိတ်မကျွမ်းလှဘူးဗျာ။ ဒါပေမယ့် ကြိုးစားပေးပါ့မယ်။
MaMa
January 31, 2012 at 9:16 pm
ကိုချောရေ-
လူမရှိတဲ့ကျောင်းကြီးကြည့်ရတာ လွမ်းစရာထက် ဆွေးစရာကောင်းနေသလိုပဲ။
ကျမတို့တက်တုန်းက ဖရက်ရှာ ကောင်လေးတွေ
ဩဘာလမ်းကို အုပ်စုလိုက် ဖြတ်လျှောက်တာ မှတ်မိသေးတယ်။
သူတို့ကလည်း အုပ်စုလိုက်ဆိုတော့ မထီမဲ့မြင်ပေ့ါ။
စစလျှောက်ခြင်း ခပ်တည်တည်ပဲ။
ဘေးက အဆောင်ပေါ်က စီနီယာကြီးတွေကလည်း ရာဇဝင်ကို အဖျက်ဆီးမခံဘူး။
အသည်းအသန် ဝိုင်းပြီး ဩဘာပေးလိုက်ကြတာ
လမ်းတစ်ဝက်တောင် မရောက်သေးဘူး
ကောင်လေးတွေ ဘေးနားကပန်းပင်တန်းတွေကို ခုန်ကျော်ပြီး ထွက်ပြေးကြပါလေရော။
အဲဒီမှာ ဝဝတုတ်တုတ် ကောင်လေးတစ်ယောက်ကျတော့ ပြေးလည်း မပြေးနိုင်
ခုန်ကျော်လွှားလည်း မလုပ်နိုင်ပဲ လမ်းလယ်မှာ ဒုက္ခရောက်သွားတာ ရီလိုက်ရတာ။
နှာကိုယ်တော် မောင်မောင်ဇာ
January 31, 2012 at 10:49 pm
ကိုချောရေ ….
ဆြာသွန်း ပိုစ့် အသစ်ကလေးနဲ့ တိုက်ဆိုင်နေလို့ …..
ဖတ်ကြည့်စေချင်လို့ ..ကျနော် ကူးယူမန့်လိုက်မယ်နော်…..
ခေါင်းစဉ်က …
တက္ကသိုလ်တွေကို နယ်နှင်ဒါဏ်ပေးထားတာ ရပ်တန့်ပေးပါ။
ဒီနေ့ ကျနော်တာဝန်ယူထားရသော ဂျာနယ်အသစ်လေး Marketing အလို့ငှာ
တက္ကသိုလ်များသို့ လှည့်လည်သွားမိပါသည်။
တက္ကသိုလ်များသို့ဟု ပြောရခြင်းမှာ တက္ကသိုလ် တကယ်ပင် များနေခြင်းကြောင့်ပါ။
တစ်ခုနဲ့တစ်ခု တောင်တစ်ခြား မြောက်တခြား။
ဆေးပညာဆိုင်ရာ တက္ကသိုလ်ပေါင်းပင် ရန်ကုန်တွင် ဘယ်နှစ်ခုရှိနေသည်မသိ။
ဆေးတက္ကသိုလ်က တစ်နေရာ၊ သွားဘက်ဆိုင်ရာ ဆေးက တခြား၊
နောက် ဆေးဝါးကျွမ်းကျင်လည်းရှိသေး၏။ သူကလည်း တဝေး။
ဆေးဘက်နည်းပညာ တက္ကသိုလ်တဲ့ သူကလည်း တမျှော်တခေါ်။
တစ်ချို့ တက္ကသိုလ်ကလေးတွေမှာ လူလေးတွေအားလုံး တစ်ကျောင်းလုံးပေါင်းမှ ရာဂဏာန်းမျှသာ။
အဲဒါကို ဘာလို့များ တောင်တခြား မြောက်တကွဲ ခွဲခြားနေရသလဲ။
ပြီးတော့ အားလုံးကလည်း မြို့ပြင် မြို့စွန်တွေမှာ။
တက္ကသိုလ်တွေကြည့်လိုက်တော့ ဖုန်တလုံးလုံး။
ကျောင်းဆောင်တွေက တန်းလျားကြီးတစ်ခုနဲ့ တူနေ၏။
ပညာကို အားပေးသော အသိုက်အမြုံတစ်ခုဖြစ်ပါ့မလား။
ဒီလို တစ်စစီ လျှောက်ခွဲချဲထားမယ့်အစား တစ်စုတည်း စုပေးလိုက်တော့ ဘာဖြစ်မှာမို့လဲ။
လိပ်ခုံးနားမှဖြတ်လာတော့ လိပ်ခုံးနေရာကြီးက ဟောင်းလောင်း။
အဓိပတိလမ်းကြီးကလည်း လူသူကင်းကာ တိတ်ဆိတ်လို့။
အဲဒီကျောင်းဆောင်ကြီးတွေ အထင်အရှားရှိလျက်
ဘာလို့များ ကလေးတွေတမင်မောရအောင် အဝေးကြီးလွှတ်ချင်နေကြပါသနည်း။
ဒီလို ပညာတတ်လောင်းလျာကလေးတွေမှာ ကျနော်တို့နိုင်ငံ၏ အနာဂတ်များဖြစ်ပါသည်။
ယခုတော့ သူတို့ကို ပညာကိုချစ်သော စိတ်ဝင်လာစေမည့် ပတ်ဝန်းကျင်မျိုးဖန်တီးပေးထားပါ၏လော။
သူတို့ဆီမှ အသံမျိုးစုံကြားရ၏။ ဖယ်ရီရှိလားဆိုတော့ ဘီအမ်အစုတ်ကလေးကို လက်ညှိုးထိုးပြသည်။
ကားပေါ်မှာ နေရာမရလို့ မတ်တပ်လိုက်ရတာတဲ့။ မြို့တွင်းရောက်ဖို့က ၁နာရီခရီးလောက်နှင်ကြရသည်။
အသွားတစ်နာရီ၊ အပြန်တစ်နာရီ။ သူတို့ခမျာ ပညာသင်ဖို့အရေး တော်တော်အပန်းကြီးကြရှာပါလား။
တစ်ခါတစ်လေများ ဖယ်ရီမမီရင် လိုင်းကားနဲ့ လိုက်ပေရော့တဲ့။ လိုင်းကားတွေက ကြပ်ညပ်နေ၏။
တက္ကသိုလ်တွေထဲကို ဝင်ဖို့ကလဲ မလွယ်။ Open Society နဲ့ တိတိကျကျဆန့်ကျင်နေသော အရပ်ပေပဲ။
ကျနော်တို့ပင် လက်မှတ်အကြိမ်ကြိမ်ထိုးကာ ဝင်ရသည်။
ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် တခြားဧည့်သည်တော်လေးတစ်ယောက်ရောက်လာ၏။
နုပျိုသော မျက်နှာကလေးနှင့်။ ယခုမှကျောင်းဆင်းတာ ကြာသေးပုံမရ။
ဒီကျောင်းက ကောင်မလေးတစ်ယောက်ဆီ လာလည်ပုံရသည်။
ယူနီဖောင်းကလေးက သစ်သစ်လွင်လွင်။ သူ့ကိုတော့ အဆီးအတားမရှိ ဝင်ခွင့်ပြုလိုက်၏။
ကျနော်တို့တုန်းက တက္ကသိုလ်တစ်ခုနဲ့တစ်ခု သွားလည်ကြ။ ကူးကြသန်းကြ
ကဗျာစာအုပ်ကလေးတွေ အပြန်အလှန်ရောင်းကြသည့်အဖြစ်များအား သတိရလိုက်မိသည်။
ရာစုသစ်မြစ်ကျဉ်းအုပ်စုမှလူများနှင့်လည်း ထိုကာလတွင် ခင်ခဲ့ရ၏။
ကွန်ပြူတာတက္ကသိုလ်ထဲသွားပြီး ကွန်ပြူတာဆိုသည်ကို မြင်ဘူးအောင်သွားကြည့်ကြသည်။
ကန်တင်းတကာလည်စားပြီး နင့်ကန်တင်းက ကောင်းသည် ငါ့ကန်တင်းက ကောင်းသည်
အကြွားပိုကြသည်ကို သတိရမိ၏။
လက်ရှိ … အဝေးသင်တက်နေသော ကောင်လေးတစ်ယောက်က ပြောပါသည်။
တစ်ကျောင်းတည်းတောင် မေဂျာမတူရင် သူ့ကျောင်းဆောင် ကိုယ့်ကျောင်းဆောင် သွားလည်လို့ မရဘူးတဲ့။
ဆြာသွန်းနေစိုး ၏ Facebook မှ ကူးယူတင်ဆက်ပါသည်ခင်ဗျား ….
https://www.facebook.com/thornnaysoe
ဆြာ့ စာတွေ အဲ့သည့်မှာ အားပေးနိုင်ပါတယ်ဗျာ …
ကျနော့် ပုဂ္ဂလိက အမြင် ပြောရရင်ဖြင့် ….
၅ဂျိန်းတန်ဖုန်းကိစ္စထက် …ပိုမိုအရေးပေး ဆွေးနွေးသင့်တဲ့ ကိစ္စ လို့ မြင်ပါတယ်ဗျာ ….
စာသင်သားတယောက်ဟာ transportation ဆိုတာ တခုတည်းအတွက် တနေ့ ၂နာရီပေးဆပ်နေရတာ…
(တခြားဟာတွေမတွက်နဲ့ဦး …)
စာသင်သား ၁သိန်းဆို တနေ့ နာရီပေါင်း ၂သိန်း waste ဖြစ်နေတာများပြောပါတယ်ဗျာ…………
အပြုသဘောဆောင်စေချင်ပါတယ်ခင်ဗျ…
ခင်မင်ရင်းနှီးစွာ အားဖြည့်တင်ဆက်လိုက်တဲ့…
ကိုဘလက်နဲ့ ကိုသွန်းကို ကျေးဇူးတင်တဲ့….
မောင်မောင်ဇာ…
laypai
February 1, 2012 at 12:27 pm
ဟုတ်တယ် ကိုမောင်မောင်ဇာရေ၊ တက္ကသိုလ်တွေ က ပွထနေတာပဲ။
တချို့တက္ကလိုလ်တွေဆို ပြုပြု ပြင်ပြင် မရှိတော့ ၁ဝ နှစ်ဝန်းကျင်ကမှ ဆောက်ထားပေမဲ့ မြက်ရိုင်းတွေ နဲ့ အိုဟောင်း နေသလိုပဲ။
ကျောင်းတက်ကြရတာ အရမ်း ဝေးရှာလွန်းတော့ အချိန်တွေ အများကြီး ပေးနေ ကြရတယ်။
ကားစီးရင်း စာ ဖတ်ရင် လဲ အရမ်းကောင်းတဲ့ လမ်းတွေ ကြောင့် ဖတ်မိတဲ့ မျက်လုံး ပျက်စီးရအုံးမယ်။
pooch
January 31, 2012 at 11:43 pm
ကိုဘလက်ရေ ကိုယ်နဲ့ အလှမ်းဝေးတဲ့ နေရာတခုကို မြင်ခွင့်ရတာမို့ ကျေးဇူးပါ
ဒီကျောင်းကြီးကနေ လူတော်တွေ လူချွန်တွေ ဘယ်လောက်များမွေးထုတ်ပေးခဲ့ပြီလဲ မသိဘူးနော်။
နောက်များမကြာမှီ ပြန်ပြီး အသက်ဝင်လှုပ်ရှားနိုင်ပါစေ ဆိုတဲ့စိတ်ဖြစ်မိတယ်။
ထို့နည်းတူ ကျမတို့မန္တလေး တက္ကသိုလ်ကြီး တနည်း တဖုံ ပြန်လည်အသက်ဝင်လှုပ်ရှားနိုင်ပါစေလို့။
မမဝေ ပြောပြသလိုဆို ဂျီဟောသူတို့ရဲ့ အတိတ်ကလည်း လွမ်းစရာကောင်းလှတယ်နော်။
ကျမကတော့ အိုနေဟောင်းနေသော သမိုင်းတန်ဖိုးကြီးသော အမှတ်တရတွေ အထိမ်းအမှတ်တွေဆို နှမြောတသတဲ့စိတ်ရှိသလို ရေရှည်တည်တံ့စေလိုတဲ့ စိတ်လည်း ရှိတယ်။
ကျမတို့ဆီက အိုဟောင်းနေပေမဲ့ တန်ဖိုးအပြည့်ရှိတဲ့ ကျောင်းတော်ကြီးများကို ကြည့်ရတာကိုက စိတ်ထဲ လွမ်းစရာကောင်းလှတယ်…..
kai
February 1, 2012 at 12:44 am
ဥတ္တရ ..မြောက်အရပ်တဲ့..
ဂျီဟောလ်ကို.. ဥတ္တရဆောင်လို့လည်း ခေါ်နိုင်ပါတယ်..။
လူမြောက်တွေနေလို့မဟုတ်ပါဘူး..။ အာအိုင်တီရဲ့..မြောက်ဖက်မှာရှိလို့ပါ…။
စွယ်တော်ပင်ကြီးတွေက.. ကျောင်းအတွင်းထဲ…. စာသင်ဆောင်တွေ.. လက်ဘ်အခန်း.. ဝပ်ရှော့အခန်းတွေဖက်မှာလည်း ရှိနိုင်ပါတယ်..။
ကျောင်း၂ထပ်ဆောင်ကို.. ကျော်အောင်ကြီး/မြင့်တဲ့..အပင်ကြီးတွေပါ…။
တပင်မှမကျန်ရင်တော့ ရည်ရွယ်ချက်ရှိရှိနဲ့..ခုတ်ပစ်တာဖြစ်ရမယ်.. 🙁
မစန္ဒာ၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊၊ ခင်မောင်တိုး၊ ဒွေး၊ တူးတူး၊ ပြေတီဦး၊ တို့က.. စက်မှုကျောင်းထွက်အနုပညာသမားတွေပေါ့…။
ကိုကို(စက်မှုတက္ကသိုလ်)၊ အောင်ဒင်(US Campaign for Burma)၊ မောင်ရစ်(Moemaka) တို့က.. မီဒီယာနဲ့ လူထုဆက်သွယ်ရေးလုပ်နေသူတွေလို့ ပြောရမယ်..။
သိသလောက်တွေပါ..။
ကျန်တာလေးတွေ သိလည်း ဖြည့်ပါဦး..။
myanmarcupid.net ကစွယ်တော်ရွက်နဲ့ဆိုတော့.. RIT နဲ့တခုခုဆက်စပ်သလားတော့ မသိ…။ 😆
ပုံတွေအတွက်.. ကျေူးကျေးကမ္ဘာဗျာ…။
ကန်င်တီးထဲ.. “နွေးအေး” ဆိုတဲ့ဆိုင်ရှိသေးလား.. သိချင်သား…။
Khin Latt
February 1, 2012 at 4:16 am
“နွေးအေး” – ကျွန်မလဲ သိ သပေါ့။ နာမည်မေ့ နေတာ သူကြီး မေးမှ ပေါ်လာတယ်။
တကဲ့ နာမည်ကြီး ဘဲ။ သူငယ်ချင်း တွေက အဲဒီ ဆိုင် နဲ့ မျှားပြီး အလည်ခေါ်တာလေ။ 😛
ကြည့်ရတာ သူကြီး လဲ မမ တို့၊ ဝေဝေ တို့ အမျိုး ထင်ရဲ့။
weiwei
February 1, 2012 at 9:50 am
နွေးအေး ရှိနေသေးတာပေါ့ …
ိပိုင်ရှင်လဲမပြောင်း၊ စားပွဲ ကုလားထိုင်တွေလဲမပြောင်း၊ ပန်းကန်တွေလဲမပြောင်း …
အရင်အတိုင်းပဲ …. 🙁
nature
February 1, 2012 at 3:39 pm
မင်းဦးလည်း RIT ဆင်းပဲလေသူကြီး။
Naw
February 2, 2012 at 12:37 pm
သမန်းကျားကိုမြင့် (Mining)၊ ထွန်းထွန်းနိုင် (Mech)၊ ခို်င်တင် (Archi ??)၊ စတီဒီယို အဆိုတော် တင်အောင်မိုး ((Civil)၊ န္ဓမ်ဂျာသိုင်း၊ နေဇင်လတ် (ယခု သမတ အကြံပေး)၊ ကာတွန်းအောင်မြင့် (ကြံ့ဗဟုန်း)၊ (ဆရာ) ဦးခင်မောင်ဖုဏ်းကို၊ (ဦး) မြင့်ဖေ၊ အော်ပီကျယ်၊ ဗေဒင်ဆရာ စံဇာဏီဘို၊
မှတ်ချက်။ အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့မရခဲ့ကြပါ။ အာအို်တီ ကျောင်းသားများအဖြစ် ကျောင်းတက်ခဲ့ဘူးသူများဖြစ်ပါတယ်။
Khin Latt
February 1, 2012 at 4:12 am
မမ ရေ – ကျောင်းတုန်း က ဗရုတ် ကျ ခဲ့တာတွေ ရေးမယ် ဆို။
မျှော်နေမယ်။ 😀
ဝေဝေ ကြည့်ရတာ “မဟာ” ခဲ့ပုံရတယ်။
အဲဒီ RIT (YTU နာမယ် ကို မကြိုက်) ကျောင်းကြီး ကို တက်ဖို့ အကြီးအကျယ် အိမ်မက်မက် ခဲ့ ဘူးတာပေါ့။
မစန္ဒာ ရဲ့ ဂျီဟောသူ ဆို အလွတ်တောင် ရတယ်။
အဲဒီထဲမှာ ဝေဝေ လဲပါတယ်။ မမခင် လဲပါတယ်။ကိုရင်မောင် တောင်ပါလိုက်သေး။ 😉
ကိုဘလက် ရေ – စတာပါ။ တမင် သွားမရိုက်ပါနဲ့။
Main ထဲ က ကျောင်းကြီး က သူများကျောင်း ကို ပေးလိုက်ရပြီ ထင်တယ်။
အလွမ်းဆုံး ကတော့ ဦးယန်းဘီလူး အအေးဆိုင် နဲ့ ဒေါ်ချို ဆီချက်ခေါက်ဆွဲ။ 🙁
weiwei
February 1, 2012 at 9:53 am
ဂျီဟောသူဖြစ်ခဲ့တဲ့အတွေ့အကြုံ ရေးမလို့စဉ်းစားလိုက်တိုင်း စာကြည့်စားပွဲနဲ့ စာသင်ခန်းချည်း ပြန်မြင်ယောင်မိလို့ အတွေးတွေကို လက်စသတ်ဖြစ်လိုက်တာများတယ် … သတိမရချင်တော့လို့ …. 🙂
ဒါပေမယ့် အမှတ်တရတစ်ချို့လဲ ရှိခဲ့သေးတာမို့ စိတ်ကူးပေါက်လာတဲ့အခါ ရေးအုန်းမယ် …
kyeemite
February 1, 2012 at 9:53 am
ကိုဘလက်ချောရေ…ပုံတွေတင်ပေးတာကျေးဇူကမ္ဘာပါ…
လူမရှိတဲ့ကျောင်းကြီးကြည့်ရတာ လွမ်းစရာထက် ဆွေးစရာကောင်းနေသလိုပဲ။အဲဒီကျောင်းနားကဖြတ်သွား
တိုင်း..ဟိုးတုံးကလွမ်းမောစရာအတိတ်က တက္ကသိုလ်ကျောင်းသားဘဝကို တွေးမိပီး..အခုတက်နေကြတဲ့
တက္ကသိုလ်ကျောင်းသားလေးတွေကို..စာနာမိပါတယ်..အဆောင်နေရတယ်ဆိုတာလဲ..ဘဝသင်ခန်းစာတစ်ခု
ဘဲ..RIT မှာနောက်ထူးထူးခြားခြားအမှတ်ရစရာလေးက“ကာတွန်းဘောက်စ်“ ကလေးဘဲ..ဆင်ဝင်ကြီးအောက်က..စာကြည့်တိုက်ဘေးနားမှာရှိတာ…တပါတ်တစ်ခါ..အသစ်အသစ်လေး
တွေ ကြည့်ရတယ်..ဝါသနာပါသူတွေရဲ့ ရင်ဖွင့်စရာနေရာလေးပေါ့…အဲဒီမှာရေးရင်းနဲ့…တကယ့်ကာတွန်း
ဆရာကြီးဖြစ်သွားသူတွေလဲ ရှိပါရဲ့….
weiwei
February 1, 2012 at 9:56 am
ဒါဆို ကြီးမိုက် ဆိုတာ ကျွန်မတို့ အစ်ကိုတော်တွေထဲက တစ်ယောက်ပေါ့နော် … 🙂
ဘာလို့လဲဆိုတော့ ကျွန်မတို့ကျောင်းတက်တော့ ကာတွန်းဘောက်စ် မရှိတော့ဘူးလေ … 😛
kai
February 1, 2012 at 10:06 am
အဲဒီကာတွန်းဘောက်စ်လေးမှာ.. ကျုပ်လည်း.. ကာတွန်းရေးတင်ခဲ့ဖူးတယ်..။ 🙂
–
စက်မှုကျောင်းဆင်း.. အော်ပီကျယ်က.. ယူအက်စ်မှာပါကျောင်းလာတက်ခဲ့တာ..။ခုတလော.. ငြိမ်လွန်းနေပြန်ရဲ့..။
အပေါ်ကစာရင်းမှာ.. မေ့ကျန်ခဲ့တာ…သတိရသွားပြီ..။
ရွာစားကျော်
February 1, 2012 at 9:58 am
ဟိုအရင် အချိန်တွေတမ်းတမက်မော၊
ပြန်လိုချင်တယ် အခုလေ ဒါပေမယ့်လည်း….
.. .
ဘယ်တော့မှ မမေ့ဘူး (ဟိုအရင်တုန်းက အချိန်များ)
ဘယ်တော့မှ မမေ့ဘူး၊ မျက်လုံးထဲက မထွက်တော့ဘူး
လုံးဝ မေ့လို့မရတော့ဘူး..ဟူး. ဟူး ဟူး ဟူး
naywoonni
February 1, 2012 at 7:17 pm
တေးရေး မောင်သစ်မင်းလား …။ သူကော စက်မှု ကျောင်းကပဲဆို….။ ကြားဖူးထားတာ က ဟုတ်မဟုတ် ပြောကြပါဦး…။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 1, 2012 at 10:53 am
ကိုဘလက်ရေ …
အဲဒီ ရန်ကုန်စက်မှုတက္ကသိုလ်ကြီးက ဘယ်နားမှာ ရှိတာတုန်းဗျ။ ကျွန်တော်လည်း ကြုံရင် သွားကြည့်ချင်လို့။ တက္ကသိုလ်ကြီးရဲ့ ဝင်ပေါက်ကတော့ မြင်ဖူးသလိုလို ရှိသဗျာ။ ပြောပေးပါဦးနော် … ဘယ်နားမှာလဲလို့ … ။
kyeemite
February 1, 2012 at 11:18 am
တားတားကငယ်ပါသေးတယ် မဝေ..တူးတူးသီချင်းလေးတွေ..စခေတ်စားခါစပေါ့..အော်ပီကျယ်တောင်..
ကာတွန်းဘောက်စ်မှာရေးတုံး…ကျောင်းကဆရာတွေကို ပြောင်ပီးရေးတာလဲ..တော်တော်မိတယ်ဗျို့..
ကာတွန်းကြည့်လိုက်တာနဲ့ ဘယ်ဆရာကိုဆော်ပီဆိုတာ ကျောင်းသားအားလုံးသိကြတယ်..ကာတွန်းတစ်ခု
မှာဆို လူကြီးတစ်ယောက်က လူငယ်လေးတစ်ဦးကို..“မင်းကလက်ရေးသေးတယ်။အသံတိုးတယ်။စကား
ပြောရင်မရှင်းဘူး…မင်းကြီးလာရင်RITမှာဆရာဖြစ်မယ်“..တဲ့..ဒီအတိုင်းဆိုမရီရပေမဲ့..
ကျောင်းသားအားလုံးက ဘယ်ဆရာကိုရည်ညွှန်းမှန်းသိနေကြတော့..တော်တော်ဟာသမြောက်ပါတယ်..
blackchaw
February 1, 2012 at 11:29 am
မမရေ။
“လွမ်းစရာထက် ဆွေးစရာကောင်းနေသလိုပဲ”
ဆိုလို့ အလွမ်းနဲ့ အဆွေး၏ မတူညီပုံလေးများအား စာစီကုန်းပါလို့
မမကို တောင်းဆိုပါရစေ။
ဟုတ်ပါတယ် အလွမ်းနဲ့ အဆွေး မတူဘူးဆိုတာ ကျွန်တော်လည်းလက်ခံပါတယ်။
ဘယ်လိုမတူညီတာလည်းဆိုတာတော့ ပြောတတ်ဘူးဗျာ။
ဩဘာလမ်း အကြောင်းကတော့ စာအုပ်တွေထဲမှာ ဖတ်ဘူးလို့
သေသေချာချာကို ရိုက်လာခဲ့တာပါ။
အဲဒီကျောင်းကြီးထဲမှာ ဘွဲ့နှင်းသဘင် ခမ်းမကြီး ရှိနေသလားလို့ ??????
ဂီဂီရေ။
စိတ်ပါလက်ပါ ရေးထားတဲ့ ကွန်းမန့်လေးအတွက်
တကယ်ကို ကျေးဇူးတင်ပါတယ် ဂီဂီရေ။
pooch ရေ။
ဒီကျောင်းကြီးထဲကို ပထမဆုံးရောက်ဖူးတာပါ။
ဖီလင်က တော်တော်မိုက်ပါတယ်။
စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဂုဏ်ယူမယ်ဆို
ဂုဏ်ယူသင့်တဲ့ ကျောင်းကြီးပါ။
ရန်ကုန်ကို ရောက်ရင် သွားကြည့်စေချင်ပါတယ်ဗျာ။
kai
February 1, 2012 at 12:23 pm
အရင်က ဘွဲ့ပေးတာ.. အဲဒီကွက်လပ်ပြင်မှာတဲ့..။
ဘွဲ့တက်ယူသူက..အဲဒီလမ်းအတိုင်လျှောက်ပြီး ဘွဲ့ယူတာကိုလက်ခုပ်တီးဩဘာပေးခဲ့ကြသတဲ့…
အဲဒီကနေ.. ဩဘာလမ်းဖြစ်လာလေသတည်းတဲ့လေ…။ 🙂
blackchaw
February 1, 2012 at 11:38 am
သူကြီးရေ။
စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းကြီး တစ်ယောက်မှန်း
တကယ်မသိခဲ့ဘူးဗျာ။ အခုမှ ပေါ်ပြီ။
ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုရင်တော့ မှန်ပါတယ်ကွယ်လို့ပဲ ပြောပါရစေ။
နာဂစ်မှာလဲကျသွားတာလည်း ရှိပါတယ်။
ခုတ်ပစ်လိုက်တာလည်း ရှိပါတယ်တဲ့။
ကျွန်တော်တို့ အရွယ် ဆရာမတစ်ယောက်ကို
အတင်းကြီး ဝင်ရောပြီး မေးလာခဲ့တာပါ။
ဆရာနွမ်ဂျာသိုင်းကလည်း စက်မှု ကျောင်းဆင်းပဲလားလို့။
သူကြီးပြောတဲ့ နွေအေးတော့ ရှိချင်ရှိဦးမှာပါ။
ကျွန်တော် ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေထဲမှာတော့ နွေဦး ဆိုတဲ့ဆိုင်တွေ့မိတယ်။
၈၈ ကို အစပြုသူတွေထဲမှာ ကျွန်တော်တို့ သူကြီးကလည်း သမိုင်းဝင်ပဲလားမသိ ??????????????
blackchaw
February 1, 2012 at 11:49 am
အစ်မလတ်ရေ။
ကျွန်တော်လည်း စလိုက်တာပါဗျာ။
တကယ်တော့ ကျွန်တော်လည်း အဲဒီကျောင်းကကျောင်းသားဟောင်းတစ်ယောက်ပါ။
ကိုကြီးမိုက် ကြီးရေ။
စက်မှုကျောင်းသားအစစ်တွေ အခုမှ ပေါ်လာကြတယ်နော်။
မတော်တဆကြည့်မိလို့ တစ်ချက်လောက်သတိရသွားရင်တောင်
ကျောင်းတော်ကြီးက ကျေနပ်မှာပါဗျာ။
အဲ… ကျွန်တော်လည်း ကျေနပ်တယ်ဗျ။
အော် သူကြီးလည်း ကာတွန်းရေးခဲ့သေးတာပေါ့။
ဖြစ်နိုင်ရင် သူကြီးလက်ရာလေးတွေ ကြည့်ပါရစေခင်ဗျာ။
ရွာစားကျော် လည်း ကြည့်ရတာ အင်ဂျင်နီယာတစ်ယောက်ပဲ ထင်မိတယ်။
အံစာတုံး ရေ။ နောက်များနေတာလားကွယ်။
အတည်ပြောတယ်ထင်လို့ ပြန်ပြောလိုက်ပါတယ်။
ရန်ကုန်-အင်းစိန်လမ်းမကြီး ညာဘက် ခဝဲခြံအလွန်မှာ ရှိပါတယ်ဗျာ။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 1, 2012 at 12:58 pm
တကယ် မသိလို့ မေးလိုက်တာပါ ကိုဘလက်ရေ … ။
အဲဒီ တက္ကသိုလ်ကြီးရဲ့ ဝင်ပေါက်ကို ငယ်ငယ်က ခဏခဏ မြင်ခဲ့ဖူးပါတယ်လို့ စဉ်းစားနေတာ ပေါ်ကို မလာဘူး။
အခု ကိုဘလက် ပြောမှပဲ ခေါင်းထဲ ပြန်ပေါ်လာတော့တယ်ဗျ။ ခဝဲခြံနားမှာကိုး .. ။
ကျေးဇူး ကိုဘလက် ……….. ။
amatmin
February 1, 2012 at 11:57 am
ငယ်ငယ်တည်းက စိတ်ကူးယဉ်ခဲ့ရတဲ့ကျောင်းပေါ့ဗျာ.အခြေအနေအရမတက်နိုင်ခဲ့ရတာရင်နာမဆုံးဘူး.. 🙁
အရေးအခင်းစခဲ့တဲ့ ကျောင်းတော်အတွင်းမှာ
ကျောင်းသားတွေပိတ်မိနေပြီး..ဇွဲမလျော့ဘဲကြံ့ကြံ့ခံခဲ့ပုံတွေကို
ပြန်ပြောသံကြားမိရတိုင်းတကယ်ကိုလေးစားလောက်တဲ့အာဂတွေပါလားလို့..
အဖြစ်အပျက်မှန်တွေကို.သိထားတဲ့သူဆိုရင် ကျောင်းဝန်းထဲ ရောက်သွားတာနဲ့တင်.
ခံစားမှုတွေ.ကြွတက်လာတဲ့ကျောင်း..
ကျောင်းသား နဲ့အဲဒီကျောင်း ပေါင်းထုတ်တဲ့တနေ့ ရောက်လာဦးမှာပါ..
ကိုဘလက်ကတော့ လိုတာလေးတွေ လိုက်ဖြည့်ပေးတတ်တဲ့ တကယ့်လူပဲဗျ..
တညင်သား
February 1, 2012 at 12:17 pm
မြန်မာ့ဘောလုံးလက်ရွေးစင်ဟောင်း သန်တိုးအောင်လဲ RIT ကျောင်းဆင်းပဲ ထင်မိတယ်..
ဪ……ဂျီရှောသူတွေ ဖဲဝိုင်းထောင်တဲ့နေရာ အခုမှပဲ တွေ့တော့တယ်….. 😛 😛
kokothandar
February 1, 2012 at 12:46 pm
သိပ် လွမ်းစရာကောင်းတဲ့ R.I.T ပါ ကျွှှန်တော်တို့ချင်းတွေ့ရင် ဟေ့ကောင်ခေါ်ပြီးနောက်မှာကမြို့နာမည်ဘဲ
ဟေ့ကောင် မြစ်ကြီးနားဆိုရင် သူဘဲနားလည်လို့ သူဘဲလှည့်ကြည့်တယ်လေ တစ်ချို့ဆို ရင်နာမည်ရင်းတွေတောင်မေ့နေပြီ တိုင်းရင်းသားတွေ အားလုံးဆုံစည်းခဲ့တဲ့နေရာလဲဖြစ်ခဲ့လို့ စာရေးသူတို့
စာသင်ချိန်မှာ ကရင်ကျော်ညွှန့် ကယားကျော်ညွှန့် ဗမာကျော်ညွှန့် နဲ့ ကျော်ညွန့်တွေ ကိုနာမည်ပေးခဲ့ရတာ
တွေလဲလွမ်းပါရဲ့
ကိုblacKchaw ရယ် အလွမ်းမီးတွေ ကို ဆီထိုးရက်လေခြင်းဗျာ ဆင်ကျီစားရာ ဆိပ်မခံနိူင် ဖြစ်ရပြီ
thit min
February 1, 2012 at 1:17 pm
စက်မှုကျောင်းဆင်းဆိုရင် တခြားသူတွေထက် ကိုကိုကြီး(မကြာခင်ကလွတ်လာသူ)ကို တော့
ပြောချင်ပါတယ်။ ပူပူနွေးနွေးလေး ဗီဒီယိုကလစ်ကလေးတခု ကြည့်မိပါတယ်။
အမေစုအိမ်မှာ ထမင်းစားပွဲပါ။
မင်းကိုနိုင်က ဆိုဖာအလယ် ရောက်နေပြီး၊ အမေစုနဲ့ အနီးကပ်ဆုံးကကိုကိုကြီးဖြစ်နေခဲ့တာကို
“ကိုကိုကြီး” က မင်းကိုနိုင်ရဲ့ ပေါင်ကိုပုတ်ပြီး အမေစုနား လာထိုင်ဖို့ပြောဟန်လေးကိုဖြတ်ကနဲ
မြင်လိုက်ရပါတယ်။
သူတို့အချင်းချင်းရဲ့ တဦးပေါ်တဦးလေးစားချစ်ခင် စည်းလုံးမှုလေးပါ။
တခုခုဆိုရင် အချင်းချင်း “ထဆော်”တတ်သော စိတ်ဓာတ်ပိုင်ရှင်များအတွက် အတုယူစရာပါ။
ကိုဘလက်ရေ
လာကြည့်သူများ အမှတ်ရစေရန် (သို့) သုတရစေရန် စေတနာလေးနဲ့ အောက်ကစာရင်းလေး
ပေးခွင့်ပြုပါ။ ဆရာဦးခင်အောင်ကြည်ကို သိသူတွေများမှာပါဘဲ။
ခင်မင်စွာ
မောင်သစ်မင်း(^^)
(RIT~YTU) List of rectors
Rector name Duration Notes
Prof. Ba Hli 1950–1958
Prof. Yone Mo 1962–1971
Prof. Aung Gyi 1971–1977
Prof. Khin Aung Kyi 1977–1988
Prof. Maung Maung Than 1988–1992
Prof. Aung Than 1992–1993
Prof. Kyin Soe 1993–1997 MSc. Mechnical Engineering
Prof. Nyi Hla Nge 1997–2000 Former Head of Civil Engineering
Dr. Pe Win 2000–2003 Former Head of Metallurgical Engineering and Materials Science
Dr. Hla Than 2003–2005
Dr. Mya Mya Oo 2005–2006
Dr. Khin Maung Aye 2006–2008 Moved from University of Yangon,
then moved to West Yangon Technological University,
and Technological University, Hmawbi on 13 August 2010
Dr. Mya Mya Oo 2008–2009
Dr. Theingi 2010–present Moved from Technological University,
Thanlyin to West Yangon Technological University
nozomi
February 1, 2012 at 1:51 pm
လွမ်းလိုက်တာ ကိုချောကြီးရာ
ပုံတွေကြည့်ပြီး လွမ်းရတာတော့ မဟုတ်ဘူး ( ကွန်နက် ဖုတ်လှိုက်ဖုတ်လှိုက်ကြောင့် ပုံက တစ်ပုံ မှ မမြင်ရဘူး )
အောက်က ကွန်မန့်တွေ ဖတ်ပြီး လွမ်းရတာ
ကိုချောကြီး ရဲ့ အပင်ပန်း ခံနိုင်မှုနဲ့ စေတနာကိုတော့ မလေးစားပဲ မနေနိုင်ပါဘူး
ငယ်ငယ်က သိပ်ရောက်ချင်ခဲ့တဲ့ နေရာပေါ့
၁ဝ တန်းမှာ တစ်ဘာသာ မဖြေနိုင်တော့ သွားချင်တဲ့ RIT မမှီတော့ပါဘူး ဆိုပြီး ကျန်တဲ့ဘာသာတွေ ဆက်မဖြေတော့ဘူး လုပ်ခဲ့သေးတယ် ၊ အမေ့ ကောင်းမှုကြောင့်သာ ဆက်ဖြေဖြစ်လိုက်တာ
အမှတ်စာရင်းထွက်လာတော့ တကယ်လဲ မမှီတော့ဘူး
ဘဝ ဆိုတာ ဒီလိုပါဘဲ ပေးလာတဲ့ အခြေအနေထဲက အကောင်းဆုံး ဖြစ်အောင် လုပ်ရတာ ပဲ ရွာထဲကို ကွန်နက်ရှင်ကောင်းကောင်းနဲ့ ဝင်ချင်ပေမဲ့ သူကြီးလို အမေကြီးတား မှာ မနေနိုင်တော့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ မနဲ ဝင်နေရတာ
(ကိုချော ရေ ကျွန်တော်တို့ နှစ်ယောက် ကိုရင်ကို ဘီယာတိုက်ဘို့ ရှိသေးတယ်နော် )
လင်းဝေ
February 1, 2012 at 2:34 pm
ကာတွန်းဇော်မောင်လည်း အာအိုင်တီကပဲလေ။ အများကြီးပါပဲ။ ကြံ့ဗဟုံး ကာတွန်းဆွဲခဲ့တဲ့ ဆရာကလည်း အဲဒီက ဆရာပဲ။ အရင်တုန်းကတော့ သမိုင်းဝင်းထဲမှာ အာအိုင်တီကျောင်းသားများနဲ့ အီကိုကျောင်းသားများ စုံရာပဲလေ။ အာအိုင်တီကျောင်းသားများက ၃တန်းအထိ သမိုင်းမှာနေရတယ်။ ကိုချောပုံထဲက ဝင်ပေါက်က သူဌေးပေါက်( ဦးလူပေါပေါက် )၊ ပစ္စည်းမဲ့ ပေါက်က်က ကားမှတ်တိုင်နားကပ်ရပ်ပါပဲ။
အာအိုင်တီ ကျောင်းသားမဟုတ်ခဲ့ပေမယ့် သမိုင်းဝင်းထဲကော ဘလောက်ထဲကော အိပ်ခဲ့ ရှုပ်ခဲ့ ဖူးပါသည်။
(ဗိုလ်နိုဇို… တို့လည်းလိုက်မယ် ချန်မထားနဲ့။)
kyeemite
February 1, 2012 at 4:11 pm
ဟာသလေးတစ်ခုသတိရလို့ ဝေငှပါတယ်….ရီစရာသက်သက်လို့မှတ်ပေးကြပါဗျာ….
The Question: Prove that (2/10) = 2
1. The Art Student: This is out of syllabus!
2. The Commerce Student : “ This is wrong “
3. The Medical Student : It is strange’ “ How it is possible “
4. The Engineering Student: It is so easy!
(2/10) = Two/ Ten
‘T’ is common, Hence = wo / en
Now,
‘W’ is the 23rd letter and ‘O’ is 15th ;
Similarly,
‘E’ is 5th ,and ‘N’ is 14th .
Hence (wo/en) = (23+15)/(5+14)
= (38/19)
=2
Engineers are never worried for the
What is answer.
They will only ask :
Which answer you want….
“ That is ENGINEER !”
blackchaw
February 1, 2012 at 5:29 pm
အားပါးပါး။
စက်မှု ကျောင်းသားဟောင်းတွေရော (kokothandar)
စက်မှု တက်ချင်ပါရဲ့နဲ့ မတက်ခဲ့ကြရသူတွေရော (ကိုနိုဇို၊ ကိုအမတ်မင်း)
စက်မှုကျောင်းသားမဟုတ်ပဲ သွားခဲ့ ရှုပ်ခဲ့သူတွေရော (ကိုလင်းဝေ)
တစ်ပျော်ကြီးပဲဗျာ။
ကွန်းမန့်လေးတွေအတွက် ကျေးဇူးပါဗျ။
ကိုလင်းဝေ က သူဌေးပေါက်နဲ့ ပစ္စည်းမဲ့ပေါက်တောင်
ခွဲခြားသိနေပြန်တယ်။ ဖဲရိုက်တော့ ဘယ်အဆောင်မှာ ရိုက်လဲဗျ။
သမိုင်းဝန်းထဲက ဇီဝက အဆောင်မှာတော့ တစ်ခါ ရှိုးလိုက်ရိုက်ဖူးတယ်။
ရှုံးတယ်ဗျာ။ အင်ဂျင်နီယာတွေက ရှိုး တဲ့နေရာမှာ စီးပွားရေးကျောင်းသားတွေထက် သာတယ်ဗျ။
ကန်တင်းန်းမှာ ထမင်းစားဘို့တောင် တစ်ပြားမှ မကျန်တော့တဲ့အထိပဲ။
ကိုသစ်ရေ။
တစ်နေ့နေ့တော့ မေခ ကို ရောက်ဦးမှာပါဗျာ။
MaMa
February 1, 2012 at 9:51 pm
နွေးအေး ပိုင်ရှင်ကိုယ်တိုင်က RIT ကျောင်းဆင်းပဲ။
မော်လမြိုင်မှာ ခေါက်ဆွဲကျော်စား၊ နွေးအေးမှာ အအေးသောက်၊ ဂွတ်ရှယ်ပဲပေါ့။
RIT က ကန်တင်းနာမည်ကြီးလို့ အိမ်က မိဘမောင်နှမတွေတောင် လိုက်လာစားဖူးတယ်။
BPI ကလူတွေလည်း လာစားလေ့ရှိကြတယ်။
တခါတုန်းက ဆေးကျောင်းတက်နေတဲ့ သူငယ်ချင်းတွေ ကျောင်းကို လာလည်ဖူးတယ်။
ကိုယ့်ကျောင်းက မဟုတ်တဲ့ ဧည့်သည်ကို ဘယ်လိုခွဲခြားသိမှန်းမသိဘူး
`အစ်ကိုကြီးဆီလာလည်တာလား´ ဘာညာဆိုပြီး ဝိုင်းလောင်ကြတယ်။
အခြေခံပညာ ကျောင်းမှာတုန်းက ယောကျင်္ားလျှာ ဗရုတ်သုတ်ခ သူငယ်ချင်းခမျာ တွေ့တောင်မတွေ့လိုက်ရပဲ ပြန်ပြေးပါလေရောလား။
သဂျီးရဲ့ ကာတွန်းဘောက်စ် အလွမ်းပြေ ကာတွန်းလေးတွေကိုတော့ ဖတ်ချင်သား။ 🙂
တစ်ပတ်တစ်ခါ (သောကြာနေ့ထင်တယ်) ကာတွန်းဘောက်စ်မှာ အပတ်တိုင်း အသစ်လဲတယ်။
အသစ်လဲတိုင်းလည်း မပျက်မကွက် အားပေးဖြစ်တယ်။
ပြီးခဲ့တဲ့ ၅နှစ်လောက်က ကျောင်းမှာ ဆရာကန်တော့ပွဲလုပ်လို့ သွားတော့ Building 1 ကော်ရစ်ဒါမှာ အက်ကြောင်းကြီးတွေနဲ့၊ လက်တန်းတွေဆိုတာလည်း မမှီရဲဘူး။
မလတ်ရေ- ကျောင်းတုန်းက လောင်ခဲ့တာတွေ ပြန်ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေမှာစိုးလို့…. 😆
ကိုချောရေ-လွမ်းတယ်ဆိုရင် ကြည်နူးမှုလေးပါ ပါနေမယ်ထင်တယ်။ ဆွေးတယ်ဆိုတာကတော့ ဝမ်းနည်းမှုပိုသလားလို့… 🙁
tester
February 1, 2012 at 11:52 pm
ကို blackchaw ရေ.. ကျေးဇူးပါဗျာ။
login ဝင်ရမှ ပျင်းတတ်ပေမယ့် တခုတ်တရ ရိုက်တင်ပေးတာကို ကျေးဇူးတင်လို့ ဝင်ရေးလိုက်အုံးမယ်။
လွမ်းစရာ ကောင်းလိုက်တာ။ ဆက်သွယ်ရေးရုံးဆိုတာ တစ်ချိန်တုန်းက “နဝရတ်” မဟုတ်လားဗျ။
စားသောက်ဆိုင်တန်းမြင်တော့ “စိုးမြင့်ကြော်” တောင် ပြန်စားချင်သွားတယ်။
“ချစ်သူလမ်းကြား” ခေါ်တဲ့ ခရေပင်တန်းနဲ့လမ်းလေးတော့ မရိုက်ခဲ့ဘူးလား။
အဲ့ဒီလမ်း မလျှောက်ခဲ့ရတာ နာတယ်ဗျာ အဟီးးး
Khin Latt
February 2, 2012 at 4:20 am
blackchaw says:
အစ်မလတ်ရေ။
ကျွန်တော်လည်း စလိုက်တာပါဗျာ။
တကယ်တော့ ကျွန်တော်လည်း အဲဒီကျောင်းကကျောင်းသားဟောင်းတစ်ယောက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Hay …….
W8AM (Wait a Minute) ဒါဆို ရှင်က ကျွန်မ ရဲ့ အမျိုးဘဲ ပေါ့။
ကျွန်မ က အဲဒီမှာ 1992-3 အထိ ရှိခဲ့တယ်။
အာဟား – ရှာဖွေလေ တွေ့ရှိလေ ကဏ္ဍ ပါလား။
အဲဒီတုန်း က ကျောင်းကို ” တီပုံ တုတ်တံ” တွေ ကိုင်ပြီး ဟန်ရေးလာပြ သူ ကိုယ်တော် တွေ ကို အသေလှောင်လွှတ် တာ ကျွန်မတို့ ရှေ့ဆုံးကပေါ့။
ကိုယ်မစားလိုက် ရတဲ့ အမဲ ကို ကိုင်ပြီးလာကြလို့။ သဲနဲ့ ပက်လိုက်တာ။ 😆
ခင်တဲ့
အစ်မလတ်
weiwei
February 2, 2012 at 9:06 am
အရီးလတ်နဲ့ ကျွန်မနဲ့က တက္ကသိုလ်ကျောင်းသူဘဝကို မီးဝင် မီးထွက်ပဲ … အရီးလတ်က ၉၃ မှာ ကျောင်းပြီးတယ် … ကျွန်မက ၉၃ မှာ ကျောင်းစတက်ရတယ် …. ၉၃ ကထဲက တက္ကသိုလ်ကျောင်းသားလုပ်လိုက်တာ ဒီနေ့အထိပါပဲ … ကျွန်မက ကျောင်းသားကတ်နဲ့ အလွန်အကျိုးပေးတယ် …
ကြောင်ကြီး
February 2, 2012 at 10:30 am
ကြောင်ကြီးသည် RIT 1st batch ဖြစ်ပါတယ်။ အတန်းဖော်များကတော့ ကျားကြီး၊ ကြွက်ကြီး၊ ငှက်ကြီး၊ ငါးကြီး၊ မျောက်ကြီး၊ ပူးကြီး၊ ဝက်ကြီး၊ ဆင်ကြီး၊ နဂါးကြီး၊ ဂဠုန်ကြီး၊ ဝက်ဝံကြီး၊ မိချောင်းကြီး၊ ရေဘဝဲကြီး တို့ဖြစ်ပါတယ်။ အဆက်အသွယ်ရှိသူများ သတင်းပေးဂျပါ..။
မိုက်ကယ်ဂျော်နီအောင်ပု
February 2, 2012 at 4:05 pm
ဝမ်းသာဒယ်ဗျာဒဂယ် ဂျောင်းတော်ကြီးကို အရမ်းလွမ်းဒယ်
ခင်ဗျားတို့အမှတ်ကောင်းရင်
အဲ့သည်ကျောင်းတော်ကြီးဘေးမှာ လင်ဗန်းလေးနဲ့
မုန့်ဆီကျော်တွေ ဗယာကျော်တွေ ရောင်းနေတဲ့
ကက်ဖုတ်ဆံပင်လေးနဲ့ သနားကမား ချာတိတ်ကလေးတစ်ယောက်လေ
အဲ့ဒါ
ကျုုပ်ဘဲ
MaMa
February 2, 2012 at 4:44 pm
အော်- မှတ်မိပြီ မှတ်မိပြီ။
ကျောင်းဝင်းထဲမှာ မုန့်လာမရောင်းရဘူးဆိုပြီး မောင်းထုတ်ခံရတဲ့ ချာတိတ်ကလေးဖြစ်မယ်။ ခုတော့….. (avatar ပုံကြည့်ရတာ) အကြီးအကဲကြီးတောင် ဖြစ်နေပါပေါ့လား။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 2, 2012 at 10:07 pm
အဲ့ဒါ
ကျုုပ်ဘဲ
မစ်စတာ မိုက်ကယ်ဂျော်နီအောင်ပု၏ ဘဲအား
ရွှေဘဲစားတော်ဆက်တွင် ကင်၍ စားလိုက်ပါသည်
fatty
February 2, 2012 at 9:32 pm
ဟိုတုန်းကပြခဲ့ဘူးတဲ့ ဂျီဟောသူဆိုတဲ့ဇာတ်ကားကိုလဲသတိရမိတယ်။
သောက်သောက်လဲရှုံးခဲ့တဲ့ ဂျင်ဝိုင်းကလဲမမေ့နိုင်စရာဘဲ ။
ကျောင်းသားတွေပြွတ်သိပ်ပြီးကြည့်ခဲ့ရတဲ့ ဟိုကားတွေ ကိုလဲ ပြန်လည်အောင်းမေ့စရာ
အတွေ့အကြုံတွေပါ။
blackchaw
February 2, 2012 at 9:52 pm
ကိုဖက်တီးရေ။
ကွန်းမန့်လေးချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ။
ကိုကြောင်ကြီးရေ။
ခင်ဗျားကွန်းမန့်ရေးမှ ရေးပါ့မလားလို့ ကျွန်တော်က စောင့်နေတာဗျ။
ကျေးဇူးပါဗျာ။
မိုက်ကယ်ဂျော်နီအောင်ပု။
ခင်ဗျားကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
tester ။
ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျ။
kai
April 29, 2012 at 3:01 am
ဒီနေ့ အယ်လ်အေမှာ ချိုတူးဇော်ရဲ့ လွမ်းစိမ့် ပြဖြစ်တယ်..
ဒါရိုက်တာချိုတူးဇော် ကိုယ်တိုင်လာပြတာပါ..
အဲဒါ..
ရှေးဟောင်းနှောင်းဖြသ်တချို့လေကန်ဝေဖန်ဖြစ်ပါတယ်..။ 🙂
နောက်ပြီး.. ဒီထဲကဓါတ်ပုံလေးတွေ ကျောင်းသားဟောင်းကြီးတွေ ပြချင်လို့.. ကိုရင်ဘလက်ချောကို ခွင့်ပြုချက်တောင်းတာပါ..
အဆင်ပြေရင်.. ပုံတွေ အီးမေးလ်နဲ့လည်း ပို့ပေးစေချင်ပါတယ်ခင်ဗျား…
blackchaw
April 29, 2012 at 12:13 pm
@ kai ;
ခွင့်ပြုချက်တောင်းစရာမလိုပါဘူး ဗျာ။
မန်းဂဇက်မှာတင်လိုက်ကတည်းက ဒီပုံတွေက
သက်ဆိုင်သူတွေ အလွမ်းပြေစေဖို့ပါ။
အဲဒီတော့ သူကြီးသဘောပါ။
မူရင်းပုံလေးတွေ ပြန်ရှာပြီး မနက်ဖြန်လောက် ပို့ပေးလိုက်ပါမယ်။
ကျေးဇူးပါဗျာ။
kai
April 29, 2012 at 2:53 pm
ရုပ်ရှင်ပြပြီး ဆိုင်တဆိုင်သွားလေကန်ဝေဖန်လိုက်တာ.. မနက်၁နာရီမှအိမ်ပြန်ရောက်တယ်..
ပုံလေးတွေအတွက် ကျေးကျေးပါဗျာ..
ရုပ်ရှင်ကြည့်ထဲ.. ၈၈ ရဲ့အစဟာ.. ၈ရစက်တင်ဘာ ငွေစက္ကူသိမ်းတာကဆိုတာ.. ပိုသေချာအောင် ပြသွားတာပါ..
၈၈ဟာ.. အရပ်သားနဲ့ကျောင်းသားရန်ပွဲကစတာမဟုတ်ဖူးဆိုတာ.. “သမိုင်းလိမ်” ဖြစ်မသွားအောင်.. လိုအပ်နေတာကြီးပေါ့…။
အဲလိုလုပ်လိုက်လို့.. “လွမ်းစိမ့်”က.. မြန်မာပြည်ထဲ…ဆင်ဆာပိတ်ခံရတယ်လေ..
အခုတော့.. ကျုပ်တို့ကြည့်ရသပေါ့..
ကောင်းလေစွ. သာဓု..
manawphyulay
April 29, 2012 at 12:41 pm
ခုလိုကျတော့လည်း ကျောင်းကြီးက လွမ်းစရာမဟုတ်ပဲ လက်ရှိကျောင်းကြီးဖွင့်နေသလို ခံစားမိတယ်။ ကျောင်းရဲ့ဒီဘက်လမ်းမဘက်က အဆောင်တွေကော ရိုက်လာဘူးလား ဦးဦးဘလက် အဆောင်တွေလည်း လွမ်းစရာကောင်းလှပါတယ်။ အရင်က စည်ကားခဲ့တဲ့ကျောင်းကြီး ခုတော့လည်း ထီးထီးကြီး လွမ်းမောစရာပါပဲနော်…