ကျွန်တော်တို့မြန်မာနိုင်ငံဟာပင်လယ်ကမ်းရိုးတန်းနယ်နမိတ်ရှည်လျားစွာမိုင်ပေါင်းထောင်ချီရှိပြီး မြစ်ဝကျွန်းပေါ်ဒေသနဲ့ ကုန်းတွင်းပိုင်း မြစ်ချောင်းအင်း၊အိုင်ပေါများလှတဲ့ အတွက် ရေထွက်သံယံဇာတပေါကြွယ်လှတဲ့နိုင်ငံဆိုလည်းမမှားပါဘူး။

ဒါပေမဲ့ ဒီနေ့ကမ္ဘာကြီးရဲ့ ဖြစ်ပေါ်တိုးတက်နေတဲ့ ကမ္ဘာ့လူဦးရေပေါက်ကွဲမှုနဲ့အတူစားနပ်ရိက္ခာမဖူလုံမှု တို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ (အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလိုဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ ၀ိသမလောဘသား ပညာမတတ် ငွေပေါတဲ့ ဘူဇွာဒုစရိုက်လောကသားခေတ်ပျက်သူဌေးများတဲ့ နေရာတွေမှာ )မှာ ရင်နှီးမြှုတ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာပြီး သံယံဇာတတွေကိုစည်းမဲ့ကမ်းမဲ့ အပြိုင်အဆိုင် ထုတ်ရာကနေသားငါးရှားပါးတဲ့ဒါဏ်ကိုအခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာစပြီးခံစားနေရပါပြီ။

တချိန်က မြန်မာ့ပင်လယ်ပြင်မှာဒေသခံငါးဖမ်းလှေတွေဟာပင်လယ်ပြင်ကိုငါးရက်၊ဆယ်ရက်နဲ့ အိမ်အပြန်မျက်နှာပန်းလှလှနဲ့ ငါးအပြည့်ပြန်ဝင်လာနိုင်တယ် မကြာခဏဆိုသလိုငါးထိရင် နေ့ချင်းပြန်ခရီးတောင်ရှိခဲ့တာလွန်ခဲ့တဲ့ မဝေးလှတဲ့ ဆယ်စုနှစ်နှစ်ခုလောက်ကပါ ။

ယခုဒီနေ့မှာတော့ ဒေသခံငါးဖမ်းလှေငယ်တွေ၊ ပိုက်ကြီးလှေတွေအတွက်ကတော့ ပင်လယ်ပြင်မှာရက်ပေါင်းများစွာငါးရှိတဲ့နေရာကိုနံကြားထောက်ရှာ၊ တန်ခိုးရှင်တွေဆီဆုတောင်း၊ ပင်လယ်ပြင်အနှံ့နှစ်လ၊သုံးလကြာအောင် ငါးဖမ်းထွက်တာတောင် ငါးသေး၊ငါးမွှားနဲ့ ရောင်းတန်းမ၀င်တဲ့ငါးမျိုးစုံနဲ့အတူ မျက်နှာရှုံ့မဲ့အိမ်ပြန်လာရတဲ့ ရက်ပေါင်းမနဲတော့ပါဘူး။

အဓိကတရားခံကတော့ ငါးမျိုးတုံးတဲ့ နည်းစနစ်တွေနဲ့ ကျွန်တော်တို့နိုင်ငံကိုသံယံဇာတ ချွတ်ချုံကျအောင် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်နေတဲ့ပြည်ပကသားငါးထုတ်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ နိုင်ငံကအသိပညာ၊ အတတ်ပညာမဲ့ ၀ိသမလောဘသား သားငါးထုတ်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက်ချစား တာဝန်မသိ (မျိုးချစ်စိတ်မရှိတဲ့ ကိုကိုဆွေမျိုးတစ်ခုတည်းချစ်တတ်တဲ့) ၀န်ထမ်းတွေကြောင့်ပါ။

တကယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့ ငါးဖမ်းဆီးတဲ့စနစ်တွေဟာကမ္ဘာတစ်ခုလုံးမှာရှိတဲ့ ဘယ်နိုင်ငံမှာမှ လက်မခံတော့တဲ့ စနစ်တွေပါ။ တချိန်ကထိုင်းနိုင်ငံဟာကျွန်တော်တို့နိုင်ငံရဲ့ စစ်အင်အားချို့တဲ့မှုကြောင့် ပင်လယ်ပြင်ကိုလုံခြုံအောင်မကာကွယ်နိုင်တာကိုအခွင့်ကောင်းယူပြီးတန်ကေးလို့ခေါ်တဲ့ ငါးဖမ်းဝါးလတ်၊၀ါးတန်း၊မိုင်ခွဲလှေ၊၀ိုင်းပိုက်လှေမျိုးစုံနဲ့ ပင်လယ်ပြင်တစ်ခုလုံးသီတင်ကျွတ်မီးထွန်းပွဲတော်လိုငါးဖမ်းစက်လှေ သောင်းနဲ့ချီပြီးပင်လယ်ပြင်ကိုပိုက်စိပ်တိုက် ငါးခိုးဖမ်းနေတာ ကျွန်တော်တို့ရဲ့ စစ်ရေယာဉ်တွေတောင် သူတို့ငါးဖမ်းစက်လှေ အုပ်စုနဲ့တွေ့ရင် ထွက်ပြေးခဲ့ရတဲ့ရာဇ၀င်ရှိခဲ့ဘူးပါတယ်(သူတို့ငါးဖမ်းလှေတွေမှာလက်နက်တွေတပ်ဆင်ထားပြီးစက်အားလည်းကောင်းဝင်ဆောင့်တဲ့ဒါဏ်မခံနိုင်လို့) ၁၉၉၃ခုနှစ်နောက်ပိုင်း ကျွန်တော်တို့ရဲ့ အိမ်နီးချင်းပေါက်ဖေါ်ကြီးဆီကသူ့နိုင်ငံမှာမသုံးတော့တဲ့ အချိုအချောင်နဲ့ရတဲ့ စစ်ရေယာဉ်တွေကြောင့် ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံကိုငါးမျိုးတုံးအောင်လုပ်မဲ့စီမံချက် ပျက်သွားခဲ့ရပြီးထိုင်းငါးဖမ်းစက်လှေတော်တော်များများ(အစီးငါးထောင်ခန့်ကျော်) မြန်မာ့ပင်လယ်ပြင်မှာ

ပိုင်ရှင်မဲ့ ငါးဖမ်းစက်လှေ အစီး(၅ထောင်ကျော်)ပေါင်းများစွာကို နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းပြီးပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုလေလံချပေးတာကနေထူးမချားနားဆိုသလိုဘဲ မြန်မာ့ပင်လယ်ပြင်အတွက် ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။

ထိုင်းနိုင်ငံရဲ့ ငါးဖမ်းစနစ်ဟာငါးခိုးဖမ်းတဲ့စနစ်ဖြစ်တော့ အမြန်ဆုံးနည်းနဲ့ ရှိသမျှငါးအကုန်လုံးကိုဖမ်း ပြီးမှမလိုချင်တဲ့ငါး(အားလုံးသေနေတဲ့)တွေကိုဂေါ်ထိုးပြီးလွှင့်ပြစ်တဲ့စနစ်ဖြစ်လို့ ငါးမျိုးတုံးအောင် လုပ်တဲ့စနစ်ပါ။ outer board လို့ခေါ်တဲ့ ၄ပေအမြောက်၃ပေ ထုသုံးလက်မလောက်ရှိတဲ့ ပျဉ်ပြားထူကြီးနှစ်ချပ်ကိုအောက်ခြေမှာသံပြားကွပ် ခဲသီးတွေဆွဲထားပြီးအပေါ်ကဘော့သီးတွေချိတ်ထားပြီးသံကြိုးရှည်နှစ်ချောင်းနဲ့ ပင်လယ်ရေအောက် ကြမ်းပြင်ကိုထယ်ထိုးသလို ဒရွတ်တိုက်ပြီးသင်္ဘောစက်အားနဲ့ဆွဲလိုက်တော့ အဲဒီပျင်ပြားနှစ်ချပ်ကြားထဲဝင်လာတဲ့ ငါးသေးငါးမွှားကအစငါးအကြီးတွေရောမူးမေ့သေကြေပြီးပျဥင်္ပြားနောက်ကချိတ်ဆွဲထားတဲ့ ငါးဖမ်းပိုက်( အပေါ်ပိုင်းကိုဘော့သီးတွေ ချိတ်ထားပြီးအောက်ပိုင်းကိုသံကြိုး/ခဲကြိုးတွေချိတ်ဆွဲထာ) ရေစစ်ပုံသဏ္ဍန် အရင်းရှူး ပိုက်အိတ်ကခဲတံနဲ့ထိုးလို့တောင်မပေါက်တော့ ရှိသမျှ ပင်လယ်ကြမ်းပြင်ကငါးပေါက်စပါမကျန် အကုန်ပိုက်အိတ်ထဲပါလာငါးရွေးတော့ ရောင်းတန်းဝင်ငါးကိုရေခဲရိုက် ကျန်တဲ့ ငါးသေးငါးမွှားတွေကိုပါကေးငါးအဖြစ် ကြက်စာ/ဘဲစာစက်ရုံပို့ ဒီတော့ ငါးမျိုးတုံးတာအဆန်းလား ?

ဒါကြောင့် အဲဒီင်းဖမ်းစက်လှေတွေကို ဂျုတ်လို့လဲခေါ်ရဲ့ ဒရွတ်ဆွဲလှေလို့လဲခေါ်ရဲ့ငါးဦးစီးကသတ်မှတ်ပေးလိုက်တဲ့ ၄ လက်မပိုက်ကွက်နဲ့တော့ သူတို့ဘယ်တော့မှမဆွဲဘူးပုဇွန်မပါလို့ ။ ဒါကိုသက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေကလဲသိသိနဲ့ မသိကျိုးကျွံပြုနေကြတယ်။

 

ကမ်းနီး ၁၀မိုင် မဖမ်းရသတ်မှတ်ပေမဲ့ အဲဒီငါးဖမ်းလှေတွေဟာလစ်ရင်လစ်သလို ကမ်းနားအထိဝင်ဆွဲ စစ်ရေယာဉ်တွေတွေ့ရင် ပြေလည်သွားတတ်တော့ငါးမဖမ်းရဆိုတဲ့တားမြစ်နယ်မြေ(ရေနံစင်ဘေး ၅ မိုင်ပါတ်လည်) ဆိုတာကလည်းသူတို့အတွက် ငါးဖမ်းလို့အကောင်းဆုံးအလုံခြုံဆုံးစီးပွါးရေးလုပ်လို့အကောင်းဆုံးဆိုတော့မြန်မာ့ပင်လည်ပြင်မှာငါးတွေ ပေါက်ဖွါးဘို့ မျိုးပွါးဘို့ အခွင့်အလန်းတောင်မရှိတော့သလောက် ပါဘဲ။ ကျွန်းကြို ကျွန်းကြားတွေဟာငါးတွေပေါက်ဖွါးဖို့နေရာဖြစ်ပေမဲ့ ၀ါးလတ်တွေရဲ့မွစာကြဲ ပင်လယ်ကြမ်းပြင်ကိုထယ်ထိုးသလိုဇလုပ်တိုက်ထားတော့ ဂေဟစနစ်ပျက်ယွင်းပြီးငါး/ပုဇွန်တွေအပျိုကြီး/ လူပျိုကြီးဘ၀နဲ့ အမယ်လေးလေး?

ဒီကြားထဲဆွေမျိုးပေါက်ဖေါ်ကြီးကလဲသူတို့ရဲ့ ကမ္ဘာတစ်လွှားမှာခွင့်မပြုတော့တဲ့ ဘုံကျောင်းစနစ် ၊ငါးတွေပေါက်ဖွါးပြီးပင်လယ်ထဲကိုအပြန်လမ်းဖြစ်တဲ့ မြစ်ဝကျွန်းပေါ် ကတွတ်ပေါက်ကဗျိုင်းစောင့်သလိုကျားပိုက်စနစ် နဲ့ရှိသမျှငါးတွေရောပုဇွန်တွေပါ သိမ်းကျုံးပြီးတစ်ကောင်မှမလွတ်အောင်ဖမ်းမှတော့ ဘယ်လိုလုပ် မျိုးပွါးဘို့ကျန်တော့မှာလည်း။ ယမ်းဘရားသားကုပ္မဏီရဲ့ အရမ်းဖမ်းလို့ ဂျာနယ်တွေကအော်မှ ရပ်သွားတာ။ ဒါတောင်မြန်မာလုပ်ငန်းရှင်အမည်ပြောင်းဆက်လုပ်ဘို့ ကြိုးစားနေကြတုန်း။ဒေသခံတွေကလည်း မြစ်ဝကျွန်းပေါ်ဒေသက ပင်လယ်ဝကနေ မြစ်ကြောင်းတစ်လျှောက် ကျားပိုက်လို့ခေါ်တဲ့ငါးဖမ်းပိုက်တွေနဲ့  သူလည်းအတူတူပါဘဲရေစစ်ပုံသဏ္ဍန် မြစ်ကိုပိတ်ပြီး မြစ်ကြောင်းတစ်လျှောက် နေရာလပ်မရှိအောင် (ဒေသအာဏာပိုင်တွေကိုလပ်ထိုး) ရေကြောင်းသွားလာရေးဥပဒေဆိုတာနားမလည်(ရေယာဉ်ကြီး/ငယ်များနဲ့အမြဲပြသနာဖြစ်) ပိတ်ဆို့ပြီးဖမ်းလိုက်ကြတာနေရာတိုင်းမှာ ကြည့်သောသူမြင်နိုင်ပါတယ်၊ အာဏာပိုင်တွေ မသိကျိုးကျွံပြုနေတာတွေ ရပ်ဖို့သင့်ပါပြီ။

ရှေးကနမိတ်ဖတ်ခဲ့သလိုငါးကိုအရုပ်ရေးပြရမဲ့ ခေတ်ကိုမရောက်ခင် ပြင်သင့်တာ ပြင်ဘို့ မောင်းတီးလိုက်ရပါတယ်။

 

ဒီပါကို

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..