ညကသတင်းတွေကြည့်ပြီး စိတ်စွဲတာရယ် အိမ်ကိုသတိရတာရယ်ပေါင်းပြီး ညအိပ်တော့ ဘာမှန်းမသိတာတွေမက်မိတယ်။မနက်ထတော့

အိပ်မက်ထဲကအကြောင်းတွေ စဉ်းစားပြီး ကိုယ့်ဘာသာပြုံးမိသေး။အိပ်မက်ဆိုတာမျိုးက ဟိုတခုဒီတခု အဆီအငေါ်မတည့်ခုကျဇာတ်လမ်း ကတကယ့်ချောက်ပေါက်ကြီးဆရာ။ကျွန်တော့်ရဲ့ သွက်ချာပါဒ အိပ်မက်ကလေး အကြောင်းစလိုက်ရအောင်။

 

ဗြုန်းဆို….သတိထားကြည့်လိုက်တော့ ဒီနေရာကို သိသလို ရောက်ဖူးသလို ဇဝေဇ၀ါ ဖြစ်နေတယ်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တော့ လည်း မဆလာ(ရွာအခေါ်)အပြည့်ခင်းထားတဲ့ ကွင်းပြင်ကြီးအလယ်ကို ရောက်နေပြီး ရှေ့တည့်တည့်မှာတော့ ရွှေရောင်တံခါးချပ်ကြီးနဲ့ ဂိတ်ပေါက်ကြီးကို ထည်ထည်ဝါ၀ါ တွေ့ရတော့ နည်းနည်းတော့ ရှိန်တာအမှန်ဘဲ။အဲဒီအချိန်မှာဘဲ တာဝန်ရှိသူတစ်ဦး အနားရောက်လာပြီး ဖိတ်စာကြီးကြီးတစ်ခုကို လာပေးရင်း ” ကိုယ့်ညီရှေ့တည့်တည့်မှာရှိတဲ့ ရုံးခန်းမှာ ကိုယ့်ညီကိုစိစစ်ရေးလုပ်ရမယ် အဲဒီကိုယ်သွားပါလို့ “ခပ်အေးအေးဘဲ ပြောပြီးထွက်သွားပါတယ်။ဒီနေရာမှာ ၀န်ထမ်းတွေကိုကြည့်လိုက်တော့ သူတို့ရဲ့ဝတ်စုံတွေက အရင်မြင်ဘူးနေကြ ပုံစံတွေ မဟုတ်တော့တဲ့အပြင် ၀တ်စုံတွေရဲ့ ပိတ်သားကအစ၊ဆံပင်ပုံစံ၊လမ်းလျှောက်ပုံတွေအားလုံးတူညီကြပြီး နောက်ဆုံးလူကိုကြည့်တဲ့ မျက်နှာပေးတွေကအစ အရင်ပုံတွေမဟုတ်တာကို တွေ့ရပါတယ်။ကျွန်တော် စစ်ဆေးရေးကောင်တာကို ရောက်တာနဲ့ ၀န်ထမ်းတစ်ဦးက အစိမ်းရောင်ကဒ်ပြားတစ်ခု ထုတ်ပေးပြီး “ဒါငါ့ညီကို လူအဖြစ်အသိအမှတ်ပြု စိစစ်ရေးကဒ်“၊”ငါ့ညီဓာတ်ပုံပါပြီးသား အရင်လိုရောက်မှ ပိုက်ဆံပေးဓာတ်ပုံရိုက်စရာ မလိုတော့ဘူး ဒီကဒ်ကိုယူပြီး ဖြည့်ရမဲ့ အကြောင်းအရာတွေကို ဟိုကောင်တာမှာ သွားဖြည့်လိုက်” ကျွန်တော် သူစကားဆုံးတာနဲ့ ဆက်သွားဖို့ပြင်ရင်းမှ သူ့ခြေထောက်နားက အမှိုက်ပုံးကို လှမ်းကြည့်လိုက်တော့ သူဘေးနားက အမျိုးသမီးဝန်ထမ်းက “ဟေ့ဟေ့ ဒါမင်းတို့ဆီလိုထည့်စရာ မလိုဘူး အမှိုက်အပုံးအစစ်ကွ” မနှစ်က ရွာကကောင် မြသတီမှာ အမှိုက်ပုံးထဲကွမ်းထွေးမိလို့ ပါးဝိုင်းရိုက်တဲ့အပြင် နိုင်ငံတော်ငွေကို မထီမဲ့ပြုမှုဆိုပြီး အချုပ်ထဲ ၃ည အိပ်ပြီး ၃၀၀၀၀နဲ့လိုက်ရွေးရတယ် အခုလှမ်းပြောနေတုန်းရှိသေး တာချီလတ်ဘက်က ရှမ်းတရုတ်မကြီးကလည်း ပိုက်ဆံတွေ အတင်းလိုက်ထိုးပေးနေလို့ အမျိုးသမီးဝန်ထမ်းကဘဲ မနဲရှင်းပြနေရတယ်။သူကဘဲ”လာသမျှ လူတွေကို မတူဘူးဆိုတာဘဲ တနေကုန်လို ရှင်းနေရတာ စိတ်ညစ်တယ်ဟယ်”လို့ခပ်ညီးညီးပြောတော့ အမျိုးသမီးကြီးက ပေးတာတော့ မမှားပါဘူးကွယ်လို့ ပြန်ပြောသေးဗျာ။အင်းလေလုပ်နေကြ အရာဆိုတော့လဲ ဖျောက်ဖို့ခက်သကိုးဗျ ကျွန်တော်လည်း ဒီနေရာကသွားခါနီးမှ “လူဖြစ်ကြောင်းစိစစ်ရေးနှင့်အသိမှတ်ပြုရေးဌာန”ဆိုတာ သိရတယ်။ ကျွန်တော်တို့ အမှန်တကယ်ကို အစကပြန်စနေကြရတာဘဲ။“နိုင်ငံသားဖြစ်ကြောင်းအတည်ပြုရေးဌာန”ရှေ့ရှိဝန်ထမ်းများမှ “လူကြီးမင်းတို့ဟာ ဒီကဒ်ပြားရဲ့ ညာဘက်ကရေးထားတဲ့ (နိုင်ငံ) (လူမျိုး) (ဘာသာ) ဆိုတဲ့နေရာမှာ ၁။မှန်ကန်စွာ ဖြည့်စွက်ရမှာဖြစ်ပြီး ၂။ဖြည့်စွက်မှုအတွက် ယုံကြည်အာမခံနိုင်ရပါမယ်။ဒါတွေကို စိစစ်အတည်ပြုပြီးမှ လူကြီးမင်းတို့ကို နိုင်ငံရှိသူအဖြစ် အတည်ပြုပေးမှာပါ။ ဒီနေရာမှာ နိုင်ငံသားဆိုတာ ဖြည့်စွက်အတည်ပြုထားတဲ့မူလနိုင်ငံသားကို ဆိုလိုတာပါ” စကားလည်းဆုံးရော ဟာ…ဟင်….ဆိုတာတွေကို ဘာသာစကား ၃မျိုးလောက်နဲ့ကြားလိုက်ရပါတယ်။တဆက်တည်းမှာဘဲ ထောင်ကဲတွေ မာမူတွေအကုန်လုံးဖုံးတွေ အပြိုင်အဆိုင်ထုတ်ပြီး သူတို့ပါတနာတွေကို လှမ်းချိတ်ကုန်ကြရော ကျွန်တော်နဲ့က ဘာသာစကားအခက်အခဲရယ် အလှမ်းဝေးတာရယ်နောက်ပြီး အိပ်မက်ထဲမှာ လည်း ဖြစ်နေတော့ သဲသဲကွဲကွဲတော့ သိပ်မကြားရဘူး နားလည်သလောက်ကတော့ ” ဇယားကပ်နေပြီ၊ ရှူရှောင်ရမလား ပတ်သက်ရှိရင် ချိတ်ပေးအုံး၊အခုမှ အရူးကွက်မနင်းနဲ့လေ အတော်လေးကိုစုံပါတယ်။ဒီဘက်အာရုံ ရောက်နေတုန်း ဟိုဘက်ခြမ်းမှ ပြသာနာတွေထပ်ပေါ် လာပြန်ရော ရှေးစစ်သူကြီးတစ်ဦးရဲ့ရုပ်ထုရှေ့မှာ အသက်၅၀ကျော်ခန့် ဗိုက်ရွှဲရွှဲ မျက်မှန်နဲ့ န၀ရတ်လက်စွပ် ၀တ်ထားတဲ့လူနဲ့ တာဝန်ရှိသူတွေ အခြေအတင်စကားပြောနေပါတယ် ပြသာနာကတော့ သူရောက်လာတာကို ပြုံးရွှင်ပျူငှာစွာမကြိုတဲ့အတွက်လို့ဆိုပါတယ် ဒီပြသာနာကျ သူတို့ခေါင်းဆောင်လုပ်သူက”  ဒီမှာဗျ နိုင်ငံဝန်းထမ်းမှာ DUTY ဘဲရှိတယ် SERVICES မရှိဘူး သူ့တာဝန်ကို ထမ်းဆောင်ယုံကလွဲပြီး ဘယ်သူ့ကိုမှ ပြုံးတာ၊ရယ်တာတို့ အိပ်ဆွဲပြီး ခရီးကြိုတာမလုပ်ရဘူး ဒါမျိုးတွေရချင်တော့ ဟိုဘက်က စားသောက်ဆိုင်ဧည့်ကြိုတွေဆီ သွားလိုက်ပါ”အဲဒီကျမှဘိုးတော်လည်းငြိမ်သွားတယ်။ခဏမကြာပါဘူး စိန်နားကပ်ကြီးတ၀င်းဝင်းနဲ့ အသက်၅၀လောက် အမျိုးသမီးကြီးက သူမစောင့်နိုင်ဘူး သူ့အနေအထားက အဲလောက်ထိလည်း စစ်ဆေးစရာမလိုဘူးသွားနေကြ အ၀င်အထွက်(အဆ)ဖြစ်တဲ့ နိုင်ငံလောက်ဘဲ ဘာညာကျောက်လေးတွေ အပိုသယ်တာVIP စီစဉ်ပေးဖို့ မပေးရင်ပြန်တော့မယ် ပြီးမှညှော်စီလုပ်လိုက်မယ်လို့ ခပ်တင်းတင်းကောရော အဲဒီမှာသူ့အဖြစ်တော်တော် ဆိုးသွားတယ် ဒီမှာကသူတို့ ဥပဒေအရ လူကနေ မူလနိုင်ငံသားကို စိစစ်ဆဲကာလမှာ VIP ဆိုတာကြီးတောင်းတော့ စစ်ဆေးရေးမှုးက လည်း ကြည်ကြည်ဖြူဖြူဘဲ ဟယ်လို မဒမ် စိတ်မကောင်းပါဘူး ကျွန်တော်တို့လုပ်ပေးနိုင်တာကို မဒမ်ကလက်မခံတော့

မဒမ်ရဲ့လူဖြစ်ကြောင်းစိစစ်ချက်ကို နည်းလမ်းထုံးစံအရ ( ခေတ်မှီတိကျသောဥပဒေတွင် လုပ်ထုံးလုပ်နည်းဟူသည်စာထဲမှာတင် ဇာတိပြနေသောကြောင့် မသုံးကျပေ) ပယ်ဖျက်ပေးကြောင်း ချိုသာယဉ်ကျေးစွာ မဒမ်ချည်း အခါခါသုံးပေးပြီး အရူးကွက် နင်းပေးလိုက်ရာ ဘွားတော်လူအဖြစ်မှ ၁၀၀% ဂန်းသွားလေရောဗျာ ကျွန်တော်တောင် အိပ်မက်ထဲမှာသနားလိုက်မိသေးတယ်။

သူများအကြောင်း ပြောရတာလည်း မကောင်းပါဘူး၊အိပ်မက်ထဲမှာတောင် ဖြစ်လိုက်ရင် ကိုယ့်လူတွေကြီးဘဲ၊ဒါနဲ့ဘဲ နိုင်ငံသစ်ပြည်ဝင် ဗီဇာ

ကျွန်တော့်အလှည့်ရောက်လာတယ် ဒီနောက်ဆုံးအဆင့်ပြီးရင် နိုင်ငံသားအဖြစ်ရပြီလေ။ကျွန်တော်နဲ့ဘေးကပ်ရပ်က မာမူကြီးကတော့အေး

ဆေးဘဲ ခေါင်းလေးလှုပ်ပြီး သူအလှည့်စောင့်နေတယ်။ကိုယ်ကသာအကုန်လုံး အထူးအဆန်းဖြစ်လို့ သူကဖြင့် ဘယ်နှစ်ခေါက်လောက်များ

လူချိန်းပြီးဝင်ထားလဲမသိ။သြော်ဒီဌာနမှာက အရင်တွေ့ဖူးတဲ့စာတန်းမဟုတ်ဘူး ကျွန်တော်ဖြင့်ဖတ်ကြည့်ပြီး ကြက်သီးတွေတောင်ထသဗျာ

” ဒိုင်နိုဆောများမျိုးတုန်းပျောက်ကွယ်သွားခြင်းမှာလူကြားကောင်းသော်လည်းမြန်မာလူမျိုးများမျိုးသုန်းပျောက်ကွယ်ခြင်းကိုလက်မခံ”

အိပ်မက်ထဲက အတိုင်းမှတ်မိသလေက်ရေးတာနော် ရေးသူအပြစ်မရှိ မက်သူသာအပြစ်ရှိတယ်။ကဲ ကျွန်တော့်အလှည့်ရောက်လာပြီကော။

ပထမဆုံး ကျွန်တော့်မူလနိုင်ငံသားကဒ်မှာ နိုင်ငံ ( မြန်မာ) ၊ လူမျိုး ( ဗမာ ) ၊ဘာသာ ( ဗုဒ္ဓဘာသာ ) လို့ဖြည့်ထားတယ်အာမခံလည်းပြီးပြီ။

အဲဒီမှာ သူတို့ရဲ့ခေါင်းဆောင်က ဒီနိုင်ငံသားတစ်ယောက်အဖြစ် လက်ခံဖို့အတွက် ငါတို့ရဲ့မေးခွန်းတွေကိုမင်းဖြေနိုင်ရလိမ့်မယ်။နိုင်ငံအသစ်

တစ်ခုအတွက် အရေးကြီးဆုံးလိုအပ်ချက်ဘဲ။အခုချိန်မှာ အားလုံးက ဒါကိုမသိခြင်ယောင်ဆောင်နေကြတယ်။

နိုင်ငံ (    )

၁။ အထက်မှာမင်းဖြည့်ထားအတိုင်းဘဲ မြန်မာနိုင်ငံသား၊ဗမာလူမျိုး၊ဗုဒ္ဓ္ဇဘာသာ ဆိုတာကို လက်ခံခြင်း/သက်ဝင်ယုံကြည်ခြင်းအတွက်

ကိုယ်လုံးပေါ်မှန်ကြီးဖြင့် မိမိကိုယ်ကို သေချာစူးနစ်စွာကြည့်ပြီးဖြေရပါမယ်။

၂။ မင်းဟာ အခြား(လူမျိုး ) (ဘာသာ ) ဖြစ်ရင် မင်းရဲ့ပထမဆုံးဖြည့်စွက်ချက် နိုင်ငံ ( မြန်မာ ) ဆိုတဲ့အပေါ်မင်းရဲ့ခံယူချက်။

၃။ နိုင်ငံသားတစ်ယောက်သည် (လူမျိုး ) (ဘာသာ )ကွဲပြားမှုရှိလည်း နိုင်ငံနှင့်သက်ဆိုင်သော ကိစ္စရပ်များအပေါ် ခံယူချက်။

၎။ နိုင်ငံနှင့်နိုင်ငံသား(အခြား) လူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်လာများ၊ယဉ်ကျေးမှုများအပေါ် လက်ခံခြင်း/ထိန်းသိမ်းခြင်း။

၅။ နိုင်ငံသားတစ်ယောက် အတွက် ( ၁ ) ( ၂ ) ( ၃ ) ဘယ်ဟာအဓိကကျသလဲ။ ထင်မြင်ယူဆချက်ပေးပါ။

လူမျိုး (    )

၁။ မင်းခံယူထားတဲ့ လူမျိုးအပေါ် အမှန်တကယ်ရော ခံယူချက်ရှိလား။

၂။ နိုင်ငံသား (အခြား )လူမျိုးများအပေါ်ထင်မြင်ချက်/များ၏ မင်းအပေါ်ထင်မြင်ချက်။
၃။ နိုင်ငံသားများအကြား( ၂  )ထက်တစ်နိုင်ငံလုံး၏ အမျိုးသားရေးသည်ပဓာနကျကြောင်း ပြောဖူးသလား။ပြောလာရင် လက်ခံ/မခံ။

၎။ မင်းလူမျိုး၏် ယဉ်ကျေးမှုအစဉ်လာများ ဘာဖြစ်/ဘယ်အခြေအနေ/ဘာ့ကြောင့်/ဘယ်လိုထိန်း/ဘယ်သူတွေနဲ့ပူးပေါင်းမလဲ။

၅။ အမှတ်စဉ် ၁ မှ ၄ အထိ အကြောင်းအရာများအပေါ် (စိတ်ပါဝင်စား+သက်ဆိုင်ခံယူခြင်း +လုပ်ဆောင်+ဖြန့်ဝေ) ၅% ရှိမရှိ။

 

ဘာသာ (   )

၁။ ဘာသာတရားသည် မိမိ၏ကိုးကွယ်ယုံကြည်မှု တစ်ခုတည်းသာ ဖြစ်သည်။                                   (    မှန်  /   မှား   )

အဖြေအတွက် ပြည့်စုံသော ဖြေရှင်းချက် ( သို့ ) ယူဆချက်

၂။ မိမိကိုးကွယ်သည့် ဘာသာအပြင် အခြားဘာသာကိုလည်း စိတ်ဝင်စားသည်။                                (    မှန်  /   မှား   )
အဖြေအတွက် ပြည့်စုံသော ဖြေရှင်းချက် ( သို့ ) ယူဆချက်

၃။ မိမိဘာသာအား ကိုးကွယ်ရသည့်အကြောင်းအရင်းတွက် ပြည့်စုံသောအဖြေအမြဲရှိသည်။

အဖြေအတွက် ပြည့်စုံသော ဖြေရှင်းချက် ( သို့ ) ယူဆချက်

၎။ မိမိနှင့်ဘာသာတူ သူများအပေါ် ထင်မြင်ယူဆချက်/သုံးသပ်ချက်အမြဲလုပ်သည်။

အဖြေအတွက် ပြည့်စုံသော ဖြေရှင်းချက် ( သို့ ) ယူဆချက်                                                      (  မှန်    /   မှား    )

၅။ အမှတ်စဉ်  ၁ မှ ၄ အထိ မေးခွန်းများ၏ အဖြေများ သင့်တွင်ရှိသလား။

သင့်အဖြေများသည် ပြီးပြည့်စုံပြီးမှန်ကန်သည်ဟု သင်ယူဆပါသလား။

၆။ အမှတ်စဉ် ၃ မေးခွန်းတွင် မှန်/မှား ဘာကြောင့်မပါသလဲ။

အမှတ်စဉ် ၃ မေးခွန်းတွင် မှန်/မှား ထားရန် သင့်/မသင့် ။

အဖြေအတွက် ပြည့်စုံသော ဖြေရှင်းချက် ( သို့ ) ယူဆချက်

 

ဒီမေးခွန်းကြီး ( ၃ ) ခုကိုဖြေပြီးခဏကြာတော့ အဖြေတန်းထွက်လာတယ် ကျွန်တော်အမှတ်ကအောင်မှတ်မှီယုံလေးဘဲ၊ဘယ်တတ်နိုင်မလဲ

အတန်းပညာလဲ မရှိတော့ ဒါလောက်ရတာတောင် ကံကောင်းတယ် ထင်တာပဲ။ဒီကိုလည်း အိပ်မက်ကြောင့် လာရတာလေ။နောက်ဝင်ခွင့်

အတွက်စောင့်ရင်း ဟိုဒီငေးနေတုန်း နံဘေးကိုစာမေးပွဲအတူဖြေတဲ့ မာမူကြီးလာထိုင်ပါတယ်။ကျွန်တော်လည်း မကောင်းတတ်လို့ ပြုံးပြပြီး

နှုတ်ဆက်လိုက်တော့ လွန်စွာပီသကြည်မြတဲ့ အင်္ဂလိပ်စကားနဲ့ ပြန်ပြောတော့မှ ကျွန်တော်ထင်တဲ့ ဟိုမာမူမဟုတ်ဘူးလေ။ဟ န၈ိုက ၃ ပွင့်

ဆိုင်နေရတာ အခုနောက်တယောက် ထပ်တိုးလာပြီလေ။သိပ်နားမလည်ပေမဲ့ အနည်းအကျဉ်းတော့ သိတာပေါ့။ကျွန်တော့် အရိပ်အကဲကို

ဖတ်မိသွားတော့ ၀န်ထမ်းတစ်ဦးနဲ့ ဘာသာပြန်ပြီး စကားပြောကြတာပေါ့ဗျာ သူက” ကောင်လေးအခုဖြေရမှာ နိုင်ငံရေးနဲ့စီပွားရေး ဘာသာ

ရပ်တွေဘဲ မင်းကြိုးစားပြီးဖြေ အောင်မှဖြစ်မယ်တဲ့ ဒီနိုင်ငံအသစ်ကအားလုံးကိုအသစ်တွေနဲ့ တည်ဆောက်မှာ အောက်ခြေသိမ်းကအစကွာ

ဒါပေမဲ့ ပြသာနာကဒီနိုင်ငံကို မင်းတို့လူမျိုးတွေနဲ့ အဓိကတည်ဆောက်မှာ ခက်တာက မြန်မာဆိုမင်းဘဲကျန်တော့တယ် လာတဲ့ကောင်တွေ

ကလည်း ဖိုက်တာတွေ ၊စမူဆာတွေ ၊၀မ်းဝေးဂုရုတွေ ဟိုဘက်/ဒီဘက် ပြီးရင်နှစ်ဖက်ချွန်နင်ဂျာ ဆိုလားအစုံကွာ စိတ်တောင်ပျက်တယ်

ဘယ်လိုမှလမ်းမတန်းဘူးကွာ ဒီကြားထဲလာသမျှ ဟိုကောင်တွေကို စီးပွားရေးစာမေးပွဲတွေ ဘလိုင်းကြီးချနေရတယ်။ဒီကောင်တွေကို အခု

ချိန်အ၀င်ခံလို့မရဘူး လာဖြေတာ ဘဏ်လုပ်ငန်း ပြီးရင်တူးမယ်ဆွမယ် ပိတ်မယ်ဖုတ်မယ် ဆိုတာကြီးဘဲ။မင်းတို့ဘက်က လူငယ်ခြေတက်၊

လူကြီးတကျော့ပြန်တွေကလည်း အ၀တ်အစားနဲ့ စတိုင်ဘဲပြောင်းလာတယ် ဒီပုံဘဲ။  နိုင်ငံတကာမှာဝမ်းဝေး အခြေအနေမကောင်းဘူး

ကန်ကြီးတို့လန်ကြီး တို့တောင် ကြည့်ပြီး ရှူရှောင်နဲ့အရူးကွက်ပေါင်းနင်းနေရတယ်။ဖိုက်တာပါဆိုတဲ့ပူကြီးတောင်   အမဲလိုက် တိုက်ကွမ်ဒို

ကစားသွေးပူဘဲလုပ်နေရတယ်။ခိုမေနဲ့အမာတို့ ဆရာတပည့်လည်းဂူအောင်းနေတာဘဲကြည့်။ဆံပင်ပုံစံအလန်းနဲ့ဒါကြီး တောင်လမ်းပေါ်

ဂျွတ်သွားပြီ။ဒီကြားထဲ အသစ်လုပ်နေပါတယ်ဆိုမှ ဖြိုအုတ်တွေသွင်းချင်တဲ့ ကန်ထရိုက်ကရှိသေး။မင်းတိုတွေဒီပုံနဲ့ဆို ဒီနိုင်ငံသစ်ကြီးလည်း

မျောက်ရွာဖြစ်သွားမယ် ဒီလောက်ဆိုမင်းလည်း စာမေးပွဲအောင်လောက်ပါတယ် အခုငါပြောတာတွေက လုံးဝကွက်တိဟော့စပေါ့တွေဘဲ။

ကျွန်တော့်အတွက်ကတော့ တကယ့်ကိုအဆန်းတွေကြီးပါဘဲ သူပြောတယ့် နာမည်တွေဆို ရွာမှတောင် မမှည့်တော့ဘူး။ ရွာတောင်ပိုင်းက

ဆီစက်ပိုင်ရှင် အဘသိန်းတောင် နေရဲမာန်ကိုအားကျပြီး မြေပဲဆံဆိုပြီး သူ့ဘာသာပေးထားတယ်။မထူးပါဘူးလေ ကမှတော့ဆုံးအောင်ပေါ့

နောက် ၅ မိနစ်လောက်ကြာတော့ စားမေးပွဲစဖြေရတယ်။ဟုတ်တော့လည်း ဟုတ်တယ် ဗမာဆိုလို့ ကျွန်တော်တယောက်တည်း  ကျန်တာ

ဟိုကောင်တွေအဖွဲ့ဘဲ ဆူညံနေရော။စာမေးပွဲစဖြေမလို့လုပ်တုန်း မေးခွန်းစာရွက်နဲ့အဖြေလွှာအတုမိလို့ တရုတ်တွေ ရှင်းနေကြရသေးတယ်။

မေးခွန်းစာရွက်လာချပေးတဲ့ တယောက်က အားမငယ်နဲ့ ညီလေး မင်းတဦးတည်းဖြေတာ မင်းဘဲအောင်မှာတဲ့။အားလုံးကို ပြုပြင်မှုတွေ လုပ်ထားပေမဲ့

အငွေ့အသက်လေးတွေ ကျန်သေးတယ်တဲ့။အင်းဟုတ်တော့ ဟုတ်နေပြီ ဒါနဲ့ကျွန်တော်လည်း သူ့အားကိုးနဲ့တစ်လုံးမှ မဖြေဘဲမိုက်လိုက်ပြီ။

မေးခွန်းတွေကိုလည်း ကြည့်လေ ကျွန်တော့်အတွက် တကယ့်ဝေးကွာလွန်းပါတယ်ဗျာ။

နိုင်ငံရေး

၁။ နိုင်ငံတစ်ခုရပ်တည်မှုအတွက် အမျိုးသားရေးမူဝါဒ၊ကောင်းမွန်သောနိုင်ငံရေးစနစ်၊ဥပဒေတို့သည် အဓိကအကြောင်းအရာများဖြစ်သည်။

ထိုအချက်များအကြောင်း သိနားလည်သလောက်ဖြေပါ။

၂။ ပြည်သူတစ်ဦးအနေဖြင့် နိုင်ငံရေးနည်းစနစ် (သို့ ) အမျိုးအစားအမည်များနှင့်အဓိပ္ပါယ်များအား သိသလောက် ရေးသားဖြေဆိုပါ။

၃။ သင်နိုင်ငံရေးဆိုသည်ကို စိတ်ဝင်စားပါသလား။ထိုအကြောင်းအရာသည် သင့်အတွက်လိုအပ်ပါသလား။

၎။ ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွင် အစိုးရ၊နိုင်ငံရေးစနစ်၊ပြည်သူလူထု ဘယ်အရာ အဓိကကျသည်ကို သိသလောက်ဖြေပါ။

၅။ မေးခွန်းအမှတ်စဉ် ၁ မှ ၄ အပေါ်သင်၏ ထင်မြင်ယူဆချက်ကိုရေးသားဖြေဆိုပါ။

စီးပွားရေး

၁။ နိုင်ငံတစ်နိုင်ငံအတွက် အခြေခံစီးပွားရေးအုပ်မြစ် အဓိကလိုအပ်ကြောင်း သိသလောက်ဖြေပါ။

၂။ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးရန် အလုပ်သမား၊အသိပညာရှင်၊အတတ်ပညာရှင် မည်သည့်အရာ အဓိကလိုအပ်သနည်း။

၃။ နိုင်ငံ၏စီးပွားရေး တိုးတက်လာသည်နှင့်အမျှ သင်လည်းချမ်းသာကြွယ်ဝလာမည်ဟု ယုံကြည်ပါသလား။

၎။ သင်သည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်က အခြေခံအလုပ်သမား လူတန်းစားအပေါ် သင်၏အမြင်။

၅။ သင်သည် အခြေခံလူတန်းစားတစ်ဦးဖြစ်ပါက နိုင်ငံစီးပွားရေးနှင့်ပတ်သတ်ပြီး သင့်ယုံကြည်ချက်နှင့်မျှော်လင့်ချက်။

 

စာမေးပွဲဖြေချိန်က မိနစ်၃၀လောက်ဘဲကြာတယ် ကျွန်တော်လည်း သိသလောက်မှတ်သလောက် တစ်လုံးနှစ်လုံးရေးပြီး အဖြေစာရွက်အပ်

လိုက်တယ်။ဟိုဘက်က အဖွဲ့တွေကတော့ ဘယ်လို စီမံကိန်းတွေနဲ့ နိုင်ငံသစ်ကြီးကို အကောင်အထည်ဖေါ်မယ်ဆိုတာတွေ အလုအယက်

ပြောနေကြတယ်။တစ်ယောက်ဆို တစ်နိုင်ငံလုံးကို မြေလှန်တူးပြီးမှ အောက်မှာဆည်ကြီးဆောက်ပြီး ရေးအားလျှပ်စစ်ထုတ် အပေါ်ကကျမှ

အိမ်တွေဆောက်ပြီး ရေပေါ်နိုင်ငံကြီးလုပ်မယ်ဆိုဘဲ ဒါတောင်သူ့အတွက် တော်တော်ကြာမှ တွက်ချေကိုက်မယ်တဲ့။ ၁၅မိနစ်လောက်ဆိုရင်

ဘဲအောင်စာရင်းတွေ ထွက်လာပြီး ကျွန်တော်နဲ့ဟိုဘက်အဖွဲ့က ၂ယောက်လောက်အောင်တယ်။စိစစ်ရေးဘုတ်အဖွဲ့ကအောင်တဲ့သူတွေကို

နိုင်ငံသားအဖြစ်လက်ခံကြောင်း စာရွက်စာတမ်းတွေ ထုတ်ပေးပါတယ်။ကျွန်တော့်ကိုတော့ နည်းနည်းမေးစရာရှိလို့ဆိုပြီး သူတို့အခန်းထဲမှာ

ခေါ်တွေ့ပါတယ်။ဘုတ်အဖွဲ့လူကြီးတယောက်ကစပြီး “မင်းအဖြေတွေနဲ့ပတ်သတ်ပြီး ငါတို့သိပ်ပြီးအားမရဘူး နိုင်ငံသား အသစ်တယောက်

အနေနဲ့ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေနဲ့ တက်ကြွနေရမှာ ထားပါတော့ မင်းအတန်းပညာကြောင့် စာနဲ့မဖြေနိုင်ဘူးဆို အခုပါးစပ်နဲ့

မင်းသိသလောက် ပြန်ပြောပေးကွာ ငါတင်မဟုတ်ဘူး ကျန်တဲ့သူတွေလည်း မင်းကိုအားမရဘူးတဲ့”တော်တော်လေးလဲ စိတ်လေသွားတယ်

သူတို့မေးတဲ့ နည်းစနစ်တွေ အုတ်မြစ်တွေ၊လူတန်းစားအပေါ်မျှော်လင့်ချက်တွေပေါ့ ဒါနဲ့ကျွန်တော်လဲ စိတ်ပေါက်ပေါက်နဲ့ ” ဒီစာလုံးတွေကို

သိတယ် ဒါပေမဲ့စာလုံးတွေရဲ့ အဓိပ္ပါယ်ကိုမပြောတတ်ဘူး ပိုက်ဆံရှိရင်သူဌေး၊မရှိရင်ဆင်းရဲသားပေါ့ ရွာကလက်သမားဆရာကြီး  ဦးလှဆို

အတတ်ပညာရှင်ပေါ့ သူတပည့် သာမောင်တို့ အောင်ဝင်းတို့ဆို မလေးရှားတို့ ဒူဘိုင်းတို့တောင် အိမ်သွားဆောက်ရတယ်။ကျောင်းဆရာမ

မခင်လေးတို့ မြို့ကျောင်းသွားတက်တဲ့ စန်းမောင်တို့ကျ အသိပညာရှင်တွေပေါ့ဗျာ။အဲမေးခွန်းထဲဖြေထားတဲ့ ကွန်မြူနစ်တို့၊ဆိုရှယ်လစ်တို့က

အတန်းကျောင်းတုန်းက စာထဲမြင်ဘူးတာ ဒီမိုကရေစီဆိုတာတောင်နောက်ပိုင်း လူပြောများလာလို့ သိလာတာ။အဲဒါတွေကိုမျက်လုံးထဲမြင်

ရှင်းပြဆိုရင်တော့ ဆိုရှယ်လစ်စနစ်ဆိုတာ ကျွန်တော်အသက်၂၀လောက်က ရွာဦးကျောင်းမှာကထိန်ပွဲလုပ်သလိုဘဲ သူကြီးကရွာသားတွေ

သူ့အိမ်မှာစုခိုင်းပြီး ဒီနှစ်ကထိန်ကို စည်စည်ကားကားလုပ်ချင်တယ် ဒီတော့လာမဲ့ တန်ခူးလဆန်းကစပြီး ၈ရက်ဥပုပ်တိုင်း ရွာမှာရှိတဲ့သူဌေး

ကနေအစ သူရင်းငှား၊မုဆိုးမအထိ မလှူမရှိရလေအောင် တတ်နိုင်သလောက်လာစုရမယ်လို့ အမိန့်ထုတ်တယ်။ဒီလိုနဲ့ တန်ဆောင်မုန်းလ

ကထိန်ခင်းတော့ အတော့်ကိုစည်းကားတယ် မရှိမတတ်နိုင်သူတွေလည်း အတော်ကိုပျော်ကြပါတယ် အနားကပ်မှ လှူတန်းမယ်ဆိုစားဝတ်

နေရေးက မချောင်လည်တော့ စတိလောက်ပါရတာ ဘယ်အားရမတုန်း မုဆိုးမကြီးဒေါ်မိဆို မနှစ်ကအလှူဖို့ငှာ မတတ်နိုင်တော့ တရားနာ

သာဓုလေးခေါ်ပြီး မျက်ရည်အ၀ိုင်းသားနဲ့ ပြန်ရရှာတယ်။အကျွေးအမွေးမှာ အားလုံးလက်ရည်တပြင်တည်း စားသောက်ကြနဲ့ ပျော်စရာပေါ့

ဘယ်သူဘယ်ဝါ ဘာဂုဏ်ပုဒ်မလို အသီးအပွင့်ကို တစ်ချိန်ထဲ တန်းတူရည်တူ ခံစားခွင့်ရတာပေါ့ဗျာ။ခင်ဗျားတို့ပြောတဲ့ အခြေခံလူတန်းစား

တွေအတွက်က တစ်ကြိမ်တစ်ခါလောက်ဆိုရင်တောင် တသက်ကျေနပ်ကြမှာဘာ။နောက် ကွန်မြူနစ်ပေါ့ အဲဒါကတော့ ကျုပ်တို့ရွာသူကြီး

သူကနဲနဲတော့ ဒေါသကြီးတယ် ရွာကိုတော့အလွန်ချစ်သဗျ ဘေးနားကရွာနီးချုပ်စပ်မှာ သူ့ရွာကိုအစစအရာ  သာစေ၊ကောင်းစေချင်တယ်

တစ်ခြားမပြောဘူး ဒေါ်ဝက်ပုသား အောင်လတို့ ဟိုဘက်ရွာမှာ ကြက်သွားတိုက်တာ ရှုံးတဲ့အပြင် ရန်ပွဲပါဖြစ်ကြတယ်။နောက်ဟိုဘက်က

ဟိုဘက်ဝိုင်းဆော်လိုက်တာ ခွေးပြေးဝက်ပြေးပြန်လာရတယ်။ဒီသတင်းလည်းကြားရော သူကြီးပေါက်ကွဲတာပေါ့ သူရွာကခံရလေခြင်းဆိုပြီး

နောက်ကြက်တစ်ကောင်ရှာ ပြန်သွားပြီး နိုင်အောင်တိုက် မနိုင်ဘဲပြန်လာလို့ကတော့ အသေမှတ်ဆိုပြီးကြိမ်းတာ ဟိုကောင်တွေပြန်သွားပြီး

နိုင်မှပြန်လာရတယ်။သူကြီးက သူရွာနဲ့ပတ်သတ်လို့ကတော့ ဟုတ်တာ၊မဟုတ်တာ တရားတာ၊မတရားတာ ကြည့်မနေဘူးဆော်တာဘဲဗျ။

အဲဒီတုန်းကတော့ ကျွန်တော်တို့ရွာကဟေ့ဆို ဘေးနားနီး ဘယ်သူမှမယှဉ်နိုင်ဘူး ယုတ်စွအဆုံး နွားစာမြက်တောင် သူများမြက်တွေထက်

စိမ်းလည်းစိမ်း သန်လည်းသန်တယ် မယုံမရှိနဲ့ဆရာ။အဲ ဒီမိုကရေစီဆိုတာကတော့ လူပြောများလာလို့ နောက်စလောင်းက သတင်းတွေ

ကြည့်ဖြစ်တော့ အီဂျစ်၊ထိုင်း၊အီတလီ၊ပြင်သစ်အစုံပါဘဲ ဒီမိုကရေစီနိုင်ငံတွေရဲ့ အကြောင်းသိဖြစ်တယ်။အဲတော့ အနီးစပ်ဆုံးသိသလောက်

ဥပမာပြောရင် မိုးဦးကျလယ်ကွင်းထဲက ဖားတွေနဲ့တူတယ်။လွတ်လပ်တာတို့ အပြည့်အ၀ခံစားခွင့်တို့ အဲလိုမက်လောက်စရာတွေရဲ့ကြား

အန္တရာယ်တွေကလည်း ပတ်ချာလည်ဝိုင်းနေတာ။ကျွန်တော်သာ ဖားဖြစ်ခဲ့ရင် လယ်ကွင်းထဲမှာနေဖို့ နည်းနည်းတော့ စဉ်းစားရလိမ့်မယ်ဗျာ

ငယ်ငယ်က မိုးဦးကျဆိုလယ်ကွင်းထဲ ဖားရိုက်ထွက်တာဘဲ ဒီအချိန်မှာ အဲဒီနေရာတွေက အရများဆုံးဘဲလေ။နောက်ပိုင်း အရနည်းမှအိမ်

အောက်ဘက်တို့ တခြားနေရာတွေ လှည့်ရတာ ကိုယ်နဲ့အပြိုင်မြွေတွေကလည်း ဒီလိုဘဲ ကွက်ကျော်မြင်သဗျ အေးလေဒါကလည်း သူတို့ရဲ့

အဓိက၀မ်းစာကိုးဗျ။ဖားတွေကိုလည်း အပြစ်မတင်ပါဘူး သူတို့ရဲ့ကနဦးအစဆိုတော့ ဖွေးဖွေးလှုပ်ရေပြင်ကျယ်ကြီးမှာအသံပေါင်းစုံပေးပြီး

သူတို့ရဲ့မျိုးဆက်ပြန့်ပွားရေး ဘာရေးညာရေးစသဖြင့်ပေါ့ လုပ်ကြကိုင်ကြရတာ ဒါသဘာဝကိုး။ကျွန်တော်တို့က အသစ်စမှာဆိုပေမဲ့ ရှေ့က

ခေါင်းစဉ်တွေရဲ့ ကောင်းဆိုးတာ အားနည်းအားသာတာတွေ မြင်နေရပြီလေ ဘာလို့ခေါင်းစဉ်ဟောင်း စနစ်ဟောင်းတွေကို လက်ကမချဘဲ

ဖြစ်နေကြရတာတုန်း။လယ်ကွင်းထဲက ဖားမှ ဖားမဟုတ်ပါဘူး အရေးကြီးတာက မိုးအကုန်ထိ ဖားအဖြစ်ရှိနေဖို့ဘဲ လိုတယ်လေ………….။

ကျွန်တော်လည်း မျက်စိစုံမှိတ်ပြီး ပြောနေတာ သတိရလို့ကြည့်တော့မှ အားလုံးက ပြုံးပြီးဝိုင်းကြည့်နေကြတယ်။သူတို့ထဲက”အေးဒီလိုမှပေါ့

အားလုံးမှာက အခံဆိုတာရှိပြီးသားပါ စကားလုံးကြီးတွေ ခေါင်းစဉ်ကြီးတွေနဲ့ဆိုတော့ နည်းနည်းရှိန်သွားတာပါ။မင်းသဘောက ကောင်းတဲ့

လက်ရာလေးတွေ ပေါင်းစုပြီး အားလုံးလဲစားနိုင်အောင် အ၀စား ၅၀၀ လောက်နဲ့ ဖြစ်စေချင်တာပေါ့ ဟုတ်လား” အဲဒီအတွက်တော့ခေါင်း

ညိတ်လိုက်မိတာ ၀န်ခံပါတယ်။ငယ်ငယ်က ကျွန်တော်ချမ်းသာကြွယ်ဝချင်တယ် အခုချိန်မှာတော့ အဲဒီစိတ်လေးတော့ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေရတော့ ဗေဒင်မေးရင်တောင် ဆန်ကုန်နေအုံးမယ်”ကျွန်တော်ပြောရင်းမောလာတယ် ဒါနဲ့ဘဲအဖွဲ့လူကြီးတစ်ယောက်က

” ဒီလိုပါကွာ ငါတို့နိုင်ငံက အသစ်ကြီးဆိုတော့ အားလုံးကိုအသစ်ဖြစ်စေချင်တယ်ကွ ကိုယ့်နိုင်ငံသားတွေကိုလည်း လူသစ်စိတ်သစ်ပေါ့ကွာ

အဓိကလိုအပ်ချက်ကတော့ လက်ခံမှုအသစ်၊ယုံကြည်မှုအသစ်တွေ များများပါစေချင်တယ် ဒါမှလည်း အတွေးအခေါ်တွေ၊လုပ်ဆောင်ချက်

တွေက လမ်းဟောင်းကနေ ဖောက်ထွက်လာမှာ ခြွင်းချက်အနေနဲ့တော့ရှိတယ် ဘောင်ဆိုတာကိုတော့ မကျော်ရဘူး မင်းမျက်လုံးထဲမြင်ရ

အောင် ဥပမာပေးရရင် အဲ……ရီစရာတော့မဟုတ်ဘူးကွာ Lady Ga Ga နဲ့ တရုတ်မုန့်တွေ လိုဘဲ အမြဲတမ်းအသစ်တွေ လုပ်နေကြတာ။

သေချာသိချင်ရင်တော့ ကိုယ်ဘာသာလေ့လာတော့။စီးပွားရေးမှာလည်း ဒီအတိုင်းဘဲ မင်းတို့ကိုယ်တိုင်ကိုက အယူအဆ အလွဲကြီးတွေနဲ့

မျက်စိမှိတ်ပြီးသွားနေကြတာ နိုင်ငံရဲ့စီးပွားရေးအဆောက်အအုံမှာ အဓိကကျဆုံးနဲ့အခြေခံအကျဆုံးက အလုပ်သမားတွေဘဲ ဒို့နိုင်ငံမှာက

သူတို့ကို အလုပ်သမားလို့တသမတ်တည်း သတ်မှတ်မထားဘူး သူတို့ကိုလည်း ငါတို့ကအလုပ်သမားတွေပါကွာ ဆိုတဲ့အတွေးတွေမ၀င်စေ

ချင်ဘူး အမှန်တော့သူတို့က အခြေခံကြတဲ့ အတတ်ပညာရှင်တွေဘဲ အဲဒီကမှရွေးထုတ်ပြီး လေ့ကျင့်ပေးရမှာ။အခုဖြစ်ပုံက  အခြေခံကျတဲ့

အလုပ်သမားတဦးဟာ သူကျွမ်းကျင်တဲ့ နယ်ပယ်မှာ တသတ်မတည်း မနေနိုင်ဘူး ဟိုရောက်ဒီရောက် ဖြစ်နေတယ် နောက်ထပ်ရောက်နေ

သူတွေကလည်း သူတို့ရဲ့ စကေလ်းတွေက နိမ့်ကျလာတယ် အဓိကအဖြေကတော့ ထုတ်လုပ်သူ ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ထုတ်ကုန်

အပေါ်မှာ စိတ်ဝင်စားမှုလျော့နည်းလာလို့ဘဲ။တစ်ခြားမကြည့်နဲ့ မင်းသူဌေးကိုဘဲကြည့် စက်ရုံကိုမင်းနဲ့မင်းဆရာကိုလွှဲထားတယ် လိုအပ်ရင်

သူမိန်းမက၀င်ကြီးကြပ်တယ် တခါတလေသူ့သား ၈တန်းကျောင်းသားကတောင် ၀င်ပြောရင်ပြောနေတာ ကဲထားပါ သူကဘာလုပ်နေလဲ

လေလံတို့ပါမစ်တို့ ဘာပတ်စ်၊ညာပတ်စ်တို့ ဒါတွေနောက်လိုက်နေတာ သူ့ဘက်ကလဲ နာမည်ရှိပြီးသားထုတ်ကုန်တစ်ခုဖြစ်ဖို့ ရင်းနှီးရတဲ့

အချိန်၊လူ၊ငွေကြေး အကြောင်းပေါင်းစုံအပေါ်မှာ အာရုံစိုက်ပြီးရလာတဲ့ အကျိုးအမြတ်နဲ့ ဟိုကဘာမှမလိုဘူးလေ ဘာမှလည်းနားလည်စရာ

မလိုဘူး ဒါတွေမင်းသိပါတယ် အ၀င်အထွက်တို့၊ခလုပ်နှိပ်တာတို့ မင်းသူဌေးအတွက် အကုန်လုပ်ပေးလာတာ ပျက်စီးခြင်းလမ်းကြောင်းက

အဲဒီကစတာပဲ နောက်ဆုံးဘယ်လောက်လဲဆို ဇီးထုပ်တို့ ဆေးပေါ့လိပ်တို့ကအစ သူများကိုလုပ်ခိုင်း ကိုယ့်တံဆိပ်တပ်ပြီး ရောင်းတဲ့အဆင့်

ဖြစ်လာတယ်။

ကဲမောင်ရင် မင်းကိုဒါတွေရှင်းပြနေတာက မင်းမသိမှာစိုးရိမ်လို့မဟုတ်ဘူး မသိချင်ယောင်၊ရူးချင်ယောင်ဆောင်နေမှာစိုးလို့ပါ ထပ်ပြောရင်

ဘယ်တော့မှပြီးမှာမဟုတ်ဘူး ဒီတော့အခုမင်းကို ငါတို့နိုင်ငံရဲ့ နိုင်ငံသားအဖြစ်လက်ခံလိုက်ပြီ ငါတို့နဲ့အတူ ကောင်းမွန်တဲ့ရည်ရွယ်ချက်များ

ကို အယူအဆသစ် နည်းလမ်းသစ်တွေနဲ့တည်ဆောက်ကြမယ် ဟုတ်ပီလား” ကျွန်တော်လည်း သူ့စကားအဆုံးမှာတော့ အားအင်သစ်တွေ

ရသလိုခံစားရတယ်။ကျွန်တော်လည်း အစစ်ဆေးခံတာတွေ၊အတည်ပြုတာတွေလည်း ပြီးသွားတာကြောင့် ခန်းမကြီးရဲ့ အပြင်ဘက်ကနေ

နိုင်ငံသစ်ကြီးဆီသို့ ၀င်ဖို့အတွက်အထွက်ပေါက်နားကို ရောက်လာပါတယ်။ဒီတော့မှ အသေချာသတိထားမိပါတယ် မင်္ဂလာဒုံလေဆိပ်ကြီး

ဖြစ်နေတာကြောင့် နည်းနည်းတော့ ဇဝေဇ၀ါဖြစ်နေတယ်။အဲဒီအချိန်မှာဘဲ အနားကိုလူတယောက် ကပ်လာပြီး ညီလေး Taxi သွားရင်ပြော

ကိုယ်နှစ်ယောက်ပေါင်းတင်ချင်လို့ပြောလာတော့ နည်းနည်းကြောင်သွားပြီး ပါးစပ်ကလည်း လွှတ်ခနဲ အကိုဒါ…..ဟို……နိုင်ငံသစ်ဆိုတာ

ကျွန်တော့်အမေးလေးတောင် မဆုံးခင်မှာဘဲ ထိုသူက အော်..ညီလေးကပြန်မရောက်တာကြာလို့ထင်တယ်…ဒီလိုလုပ်ထားတာလပိုင်းဘဲ ရှိသေးတယ်။

ဟိုဘက်အ၀င်ပေါက်ဘက်ကတော့ အရင်လိုပါဘဲ…….” ဒီစကားအဆုံးမှာတော့ ဘာလုပ်လို့   ဘာပြောရမှန်းမသိတဲ့အဆုံး

အကျယ်ကြီးအော်ငိုဖို့ ဟန်ပြင်တုန်း….စူးရှတဲ့ကျွန်တော့် စားပွဲပေါ်ကနှိုးစက်သံကြောင့် အနှီအိပ်မက်ကနေ နိုးလာရတော့တယ်။

အော်  အိပ်မက်ဆိုတာ တကယ်လည်း ကဘောက်တိ ကဘောက်ချာနိုင်ပါလားဗျာ……ဒါမျိုးတော့နောက်ဘယ်တော့မှမမက်ပါရစေနဲ့ဗျာ။

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း