ပင်စင်ယူပြီးရင်
အစဦးဆုံး ကျုပ် ကို ကျုပ် မိတ်ဆက်ပေးရဦးမယ် ။
ကျုပ် အသက်က ၆၂ နှစ်ရှိပါပြီ ။ ဘမောင် လို ့ခေါ်ပါတယ် ။ အစိုးရ ဌာန တစ်ခုမှာ သစ္စာရှိရှိ ဝန်ထမ်းခဲ့တဲ့ မန်နေဂျာဟောင်းတစ်ယောက်ပေါ့ဗျာ ။ အဲ…. “သစ္စာရှိရှိ” လို ့ကျုပ်ဘာလို ့ပြောနိုင်သလဲ ဆိုရင် ၊ ကျုပ် ကိုယ် ကျုပ် လိပ်ပြာလုံလို ့ဘဲ ၊ ကျုပ် လုပ်သက် နှစ်၄ဝနီးပါး ရှိခဲတဲ့အတွင်းမှာ ၊ ဘာလာဘ်မှ မစားခဲ့ဘူးရယ် ၊ တစ်ကယ်ပါ ၊ ကျုပ်တို ့ဌာန က ဝန်ထမ်းတွေအတွက် တိုက်ခန်းတွေ ခွဲတမ်းနဲ ့ချရောင်းပေးတော့ ၊ ကံကောင်းစွာနဲ ့တိုက်ခန်းတစ်ခန်း ဝယ်နိုင်ခဲ့တာ တစ်ခုဘဲ ၊ ကျုပ် လုပ်သက်အတွင်း အဖတ်တင်တာရှိတယ် ။ အော်မေ့နေတာ ၊ ဂျီအက်စ်အမ် ဖုန်းတစ်လုံးလဲ ရခဲ့သေးတယ်ဗျ ။ အစိုးရသွင်းဈေး နဲ ့ပေါ့ဗျာ ၊ အဲ့တုန်းက အပြင်ပေါက်ဈေးက သိန်းသုံးဆယ်နားကပ်တော့ ၊ ကျုပ် ဘယ်နေနိုင်မှာလဲ ၊ ရောင်းစားခဲ့တာပေါ့ ။ အဲ့ရောင်းလို ့ရတဲ့ငွေကလဲ ကျုပ် သွားစရာလာစရာ အတွက် ဂျပန်ဆိုင်ကယ်လေးတစ်စီးဘဲ ဝယ်နိုင်ခဲ့တာကလားဗျ ။
ပင်စင်ယူခါနီးမှာ ၊ ကျုပ် ကို တစ်ကယ့်နေရာကောင်းမှာ ပြောင်းပေးခဲ့သေးတယ် ။ ခင်ဗျားတို ့အပြင်ကလူတွေ ပြောပြောနေတဲ့ ၊ “ဂွင်ကောင်း” လို ့ဆိုမလားဘဲ ။ ဒါပေမယ့်ဗျာ ၊ တစ်သက်လုံး ရိုးသာလာခဲ့ပြီးမှ ၊ ပင်စင်ယူတော့မယ့် အချိန်ကြမှတော့ ၊ ကျုပ် သီလ အချိုးအပျက်မခံခဲ့ပါဘူး ။ ကျုပ် လာဘ်မစားခဲ့တဲ့ အတွက်လဲ ကျုပ် ဘဝမှာ ကျုပ် လက်အောက် က ဝန်ထမ်းအတိုက်အခံတွေ ၊ ငွေကြေးမပြည့်စုံခြင်းတွေနဲ ့ရင်ဆိုင်ခဲ့ရတာပေါ့ဗျာ ။ ကျုပ် ဝန်ထမ်းဘဝ တုန်းက ကျုပ်နဲ ့ရာထူးတူခဲ့တဲ့ လူတွေ ကြီးပွားနေကြတာ ကို ကျုပ် မြင်ရတော့ တစ်ခါတစ်လေ နောင်တ ရချင်သလိုလိုတော့ ရှိသား ။ တစ်ခုရှိတာက ကျုပ် က လူပျိုလူလွတ်ဆိုတော့ နောက်ဆံတင်းစရာ မရှိတော့ ကိုယ်စိတ်တိုင်းကျ နေချင်သလို နေခဲ့တာပေါ့ဗျာ ။ အဲအဲ…နေချင်သလိုနေတာဆိုလို ့အရမ်းဟော့ဟော့ရမ်းရမ်းကြီးလို ့လဲ မထင်ပါနဲ ့နော ။ ပုံမှန်ပါဘဲ ။ ကျုပ် အသက်၃ဝကျော်လောက်တုန်းက ကျုပ် ကို သားမက်ဖမ်းချင်တဲ့ သမီးရှင်တွေ ရှိခဲ့ပါတယ် ။ ခက်တာက ကျုပ် က ဇီဇာကြောင်တယ်ရယ် ။ ကျုပ် တစ်သက်လုံး ပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေကျွေးမွေးရမယ့် မိန်းမ ကို အပျိုစစ်စစ်ဘဲ လိုချင်ခဲ့တာရယ် ။ ကျုပ်ပြောတာ ရိုင်းတယ် လို ့ထင်ရင် ဆောရီးဗျာ ။ ကျုပ် ကတော့ လူပျိုကြီး..အင်း လူပျိုကြီး ဘဲ ထားပါတော့ ၊ ဘုဂလန် ့နိုင်တယ် ။ ဒဲ့ဘဲ ပြောတတ်တာကလား ။ အဲဒါ..အဲဒါဗျာ ၊ ကျုပ် ကို သားမက်တော်ချင်တဲ့ ပုံပြလာတော့ ၊ ဘယ်နေမလဲ ၊ သူရို ့သမီးတွေအကြောင်း ဘက်ဂလောင်း လိုက်တော့တာပေါ့ဗျာ ။ ထွီ…နွားမ ရွှံ ့ပိတ်တွေချည်းဘဲ ။ ဟားဟား…အဲ့လိုနည်းနဲ ့ဘမောင် ကို အချဉ်ဖမ်းခဲ့ကြတာဗျ ။ သူရို ့မအောင်မြင်ခဲ့ကြရှာပါဘူး ။ ကျုပ် လဲ ဒုံရင်းဒုံရင်းဘဲ ။
ကျုပ် ဘိုင်အိုဂလပ်ဖီတွေ ပြောနေတာနဲ ့လိုရင်းကို မရောက်ဖူး ဖြစ်နေတယ်ဗျာ ။ ဒီလိုပါဗျာ ။
ကျုပ်ပြောချင်တာက…
ကျုပ် က အခု ပင်စင်စားလေ ၊ ပင်စင်လစာ ဆိုတာ တိုးပေးလိုက်ပြီ ဆိုပေမယ့်လဲ ဘယ်လောက်များမှာလဲဗျာ ။ ကျုပ် က တစ်ယောက်ထဲ ဆိုပေမယ့်လဲ ၊ တစ်ကယ်ပြောရရင် မလောက်ဘူးဗျ ။ ကျုပ် က ပိုက်ဆံချမ်းသာတဲ့ကောင်လဲ မဟုတ် ၊ အလုပ်ကလဲ အစိုးရဝန်ထမ်း လုပ်ခဲ့တဲ့ကောင် ဆိုတော့ တစ်ခြားအလုပ်လဲ မလုပ်တတ်တော့ဘူး ၊ လာဘ်မစားခဲ့တဲ့ကောင်ဆိုတော့ ဂုဏ်ဘဲရှိတယ် ။ အခု ငွေရှာဖို ့တစ်ခုခုလုပ်ရတော့မယ်ဗျ ။ ပင်စင်ယူခါနီးတုန်းက ဝန်ထမ်းဘဝ တုန်းက သိခဲ့တဲ့ မိတ်ဆွေများကတော့ ၊ ပွဲရုံလုပ်ငန်းလုပ်ဖို ့၊ မြေဝယ်ထားဖို ့၊ ရွှေဝယ်ထားဖို ့ဘာညာကွိကွ အစုံ အကြံပေးခဲ့ကြပါတယ် ။ ကျုပ် လဲ စဉ်းစားခဲ့ဖူးတာပေါ့ဗျာ ၊ သူတို ့က အကောင်းနဲ ့ပြောကြတာဘဲ ။ မလုပ်ချင်ဘဲ ဘယ်နေမှာတုန်း ။ အစိုးရလစာတစ်ခုထဲနဲ ့ရပ်တည်ခဲ့တဲ့ ကျုပ်မှာ ဘယ်က အာလကေ က ရှိမှာတုန်း ၊ အာလကေ ရှိမှ အဲဒါတွေ လုပ်လို ့ရမှာပေါ့ ၊ ကျုပ် မှာ စုထားတဲ့ငွေလေးတွေ ရှိပေမယ့် ၊ အဲဒါတွေလုပ်ဖို ့မမှီပါဘူးဗျာ ။
အခုဗျာ ၊ ပင်စင်ယူလိုက်ကထဲ က စုခဲ့သမျှလေးတွေ ထိုင်စားနေခဲ့တာ ၊ တစ်ခြားအလုပ် လုပ်ဖို ့ကြတော့ လဲ ၊ တစ်ခါမှ မလုပ်ခဲ့ဖူးတော့ မလုပ်ရဲဘူး ဖြစ်နေတယ် ။ ရှင်းရှင်းပြောရရင်တော့ ၊ မယုံရဲတာပေါ့ဗျာ ။ ကျုပ်မှာက တစ်သက်လုံး ပင်ပင်ပန်းပန်းစုခဲ့ရတာမို ့လား ။ အခုဒီစာကိုရေးတင်တဲ့ ကျုပ် ဘော်ဒါလေး က ပြောရှာပါတယ် ။ သူနဲ ့အတူ အင်တာနက်လာသုံးကြည့်ဖို ့၊ သူအခုရေးတဲ့ မန်းဂေဇက် မှာ စီးပွားရေး လုပ်ဖို ့လမ်းညွှန်လေးတွေ လာဖတ်ဖို ့။ ဟိုတစ်ခါ မှိုစိုက်တဲ့ အကြောင်းဖတ်ရတယ်ဗျ ။ တစ်နေ ့ကလဲ သစ်မွှေးတဲ့ ။ ဒါပေသည့် ၊ သစ်မွှေးနဲ ့မှိုနဲ ့မှာ သစ်မွှေးစိုက်ဖို ့က အချိန်ယူရမယ် ၊ မှိုစိုက်ဖို ့ကိုတော့ ကျုပ် စဉ်းစားနေပါတယ် ။ မြေနေရာ က လိုသေးတယ်လေ ။ မြေဆိုလို ့၊ မြေဈေးတွေအကြောင်းလဲ ခင်ဗျားတို ့သိတဲ့အတိုင်းဘဲ ။ ကျုပ်လက်ထဲ က သိန်းတစ်ရာ မပြည့်တဲ့ ပိုက်ဆံလေးနဲ ့ဆိုရင် ၊ မဖြစ်ညစ်ကျယ်မြေကွက်လေးလောက်ဘဲ ရမှာဗျ ။ ဒါတောင် မြို ့ပြင်ဘက်က နော် ။ မြို ့ထဲဆိုတာတော့ ကျုပ်အတွက် ဒီဘဝ အိပ်မက်ထဲတောင် ထည့်မမက်တာ အကောင်းဆုံးပေါ့ဗျာ ။
အခု ကျုပ်မှာ ဘာပိုင်ဆိုင်ထားလဲ ဆိုရင် ၊ ရိုးသားမှု ဆိုတဲ့ ဂုဏ်ရယ် ၊ တိုက်ခန်းတစ်ခန်းရယ် ၊ ဂျီအက်စ်အမ် တွေ ခေတ်စားတုန်းက တစ်လုံးရခဲ့လို ့ရောင်းပြီး ဝယ်စီးခဲ့တဲ့ ဂျပန်ဆိုင်ကယ်လေး တစ်စီးရယ် ၊ မဖြစ်ညှစ်ကျယ်ငွေလေးတွေရယ် ၊ ( သိန်းရာမပြည့်ဆိုတာ မရှိဆင်းရဲတဲ့သူအတွက်များပေမယ့် ၊ ကောင်းရောင်းကောင်းဝယ် အတည်တကျ စီးပွားလုပ်မယ့်လူအတွက်တော့ တစ်ကယ် ကို မဖြစ်စလောက်ပါဘဲ ) ဘဲ ရှိတာဗျ ။ ဒီစာရေးတဲ့ မိတ်ဆွေလေးက ပြောပါတယ်။ သူ နဲ ့အတူ ကျောက်စိမ်းအရောင်းအဝယ် လိုက်လုပ်ဖို ့။ အင်း ကျုပ် လိုက်လေ့လာဖြစ်တယ် ။ ဒါပေမယ့် အခု လောလောဆယ် ကျောက်စိမ်းထွက်တဲ့မှော်ထဲမှာ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ခဲ့တာရယ် ၊ တရုတ်နှစ်သစ်ကူးလို ့တရုတ်ကုန်သည်တွေ အိမ်ပြန်ကြတာရယ်နဲ ့ဆို ၊ ဈေးကွက်က အေးစက်နေတာဗျ ။ တော်သေးပါရဲ ့၊ ဒီကောင်လေး ခန် ့မှန်းတဲ့ ဘောပွဲလေးတွေ ပါးပါးလေး လိုက်ထုရင်း လဘက်ရည်ဖိုးလေး ရနေလို ့ပေါ့ ။ အခု ကျုပ်တို ့နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး ပလန်တွေချနေ ၊ ဘဝတွေမြှင့်တင်နေတယ် လို ့ဖတ်ရ ကြားရပါတယ် ။ ကျုပ်တို ့လို ပင်စင်စား ၊ မလုပ်တတ် မကိုင်တတ် တဲ့ လူတွေ အတွက်လဲ စဉ်းစားပေးရင် ကောင်းမှာဘဲ လို ့၊ ကျုပ် အိပ်မက်တွေ စိတ်ကူးတွေ အမြဲ ဖြစ်နေကြောင်း ကို ပြောလိုက်ပါတယ်ခင်ဗျာ ။
ပုံ
ဦးဘမောင်
ပင်စင်စား မန်နေဂျာဟောင်း
+++++++++++++++++++++++++++++++++++++++++++++++++++++++
အထက်ပါ စာများသည် ၊ ကျွန်တော့်မိတ်ဆွေတစ်ယောက် ကို ဗျူးပြီး ၊ သူပြောသမျှ ကို ရေးတင်ခြင်း ဖြစ်ပါသည် ။ အမှားရှိခဲ့ပါက ကျွန်တော့် ညံ့ဖျင်းမှူကြောင့်သာ ဖြစ်ပါကြောင်း ။
………………………………………………………….
……. အားလုံးကို ကျေးဇူးတင်ပါသည် ။ …….
29 comments
water-melon
January 31, 2012 at 9:22 pm
ပြောတာပြောရတာ နောက်ကျောမလုံလိုက်တာ
ကိုဘမောင်ရေ ကိုပေနဲ့ ဆာဒူးကြီးထုတ်ရောင်းပါလား
ကိုပေက ဆာဒူးကြီးကျွမ်းတယ်ဗျာ
စီးပွားရေးလုပ်ချင်ရင် ကိုယ်ပိုင်ရာလုပ်ပါ
အခြေအနေကိုကြည့်ပေ့ါ ဈေးကွက်စီးပွားရေးပေါ့ဗျာ
ကျောက်ဈေးကွက်ကလည်း ပြောသလောက် မခိုင်ဘူးဗျ အချီကြီးမိရင်တော့ အကောင်းသား
ဖရဲစိုက်ပါလား မျိုးပေးမယ်လေ 😆
လိုအပ်ရင် လှမ်းချိတ်လိုက်
windtalker
January 31, 2012 at 9:37 pm
အိုခေ…နက်ဖန် နင့်ဆီ လွှတ်လိုက်ပြီ ။
အေလမ်း က တရုတ်ဂျလန်းလေး စိန်ဖရဲ ဆိုတာ သူဘဲ ။
ချမ်းသာတာမှ ဆောင်းတွင်းဆို အသိသာဆုံးဘဲ ။
လူမှောင်ခိုကူးမလား ၊ ရာဘ သယ်မလား
ဟဲဟဲ…
အိုက်ဒါဒွေ မလုပ်ရဘူးလို ့ပြောလိုက်ပါ့မယ်နော
water-melon
January 31, 2012 at 9:43 pm
လုပ်လိုက်လေ ကျယ်ခေါင်၊ရွှေလီ၊ပြည်ပကြီးထဲထိလိုက်ပို့လိုက်မယ်
အဖြူ၊အမဲ၊အဆီ၊အကုန်လုပ်တယ်၊အပြားလည်းရှိတယ်
ဟဲ့နာဆီ ရဲတွေလာတော့မယ်
ပြေးမှ 😀
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 31, 2012 at 9:26 pm
ဟူးးးးးးးးးး
အမှားမရှိပါဘူး
ပင်စင်သမားကို ထင်သာမြင်သာအောင် ရေးပြသွားနိုင်ပါတယ်
ကျွန်တော်လည်း စဉ်းစားနေတယ် … အခုကတည်းက ပြင်ပလုပ်ငန်းတွေ လေ့လာထားရမယ်
ဒါမှ နောင်မျိုးဆက်သစ်တွေရှိလာရင်လည်း စိတ်အေးရမှာ
ဟူးးးးးးးး
သက်ပျင်းအရှည်ကြီးမှုတ်ထုတ်
နဖူးပေါ်လက်တင်စဉ်းစားဖို့
အွန်လိုင်းက တိတ်ဆိတ်စွာ
ဆုတ်ခွာတော့မည် ………..
windtalker
January 31, 2012 at 9:39 pm
ကောင်းသောည ပါ ချစ်မိတ်ဆွေ
ဖတ်ရှူအားပေးတဲ့ အတွက် လေးစားကျေးဇူးတင်ပါ၏
ဘဝများသည် ရှိနေမြဲ ၊ ဖြစ်နေမြဲ ၊ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေနေမြဲ သာတည့်
Mလုလင်
January 31, 2012 at 10:40 pm
ဒီ post ထဲက အဘ က အများကြီး တော်သေးတာပေါ့ဗျာ။ တစ်ချို ့ဆို … အိမ်က လူတွေနဲ့ မတည့်တော့တာတို့ ရပ်ကွက် ထဲမှာ ဟောင်ဖွာဖွာလိုက်လုပ်တော့တာတို့ … ညဘက် တွေ မအိပ်တော့တာတို့ (စိတ်ကျ ရောဂါရဲ့ လက္ခဏာ) တွေ ဖြစ်တတ်တယ် လို့ကြားဖူးပါတယ်။ မြေးထိန်း ရဖို့ ကံ ပါလာရင်တော့ အဆင်ပြေတာ ပေါ့.. .. ဒါကြောင့်လဲ .. မြေးဆိုတာ အဘိုးအဘွားတွေ ရဲ့ အသက်ရှည်ဆေး လို့ ပြောကြတာထင်ပါတယ်။… လူတစ်ယောက် ဟာအလုပ်မရှိ အကိုင်မရှိ နဲ့ ကိုယ့်ကိုကိုယ် ငါ လူရာမဝင် တော့ဘူးဆိုတဲ့ အတွေးဝင်လာမယ် ဆိုရင် အလွန် အန္ဒရယ် များတတ်တာ မို့ .. ဒီလို လူကြီး တွေ ပတ်ဝန်းကျင် မှာ ရှိနေတယ် ဆို ဖေးမ တွဲထူ ရင်း .. ကူညီကြမယ် ဆိုရင်ဖြင့် ……
Khin Latt
February 1, 2012 at 3:51 am
မောင်ပေရယ်- ကောင်းလိုက်တဲ့ အရေးလေး။
အဲဒီ အန်ကယ်ကြီး ကိုပြောပြလိုက်ပါ။
ကိုယ့်ရိုးသားဂုဏ်လေး နဲ့ စိတ်လုံ ပြီး စားနေရတဲ့ ထမင်း က စိတ်မသန့်ဘဲ စားရတဲ့ ထမင်း ထက် ပိုပြီး အရသာ ရှိမှာပါလို့။
အရီး တို့လဲ သူ့အတွက် ဂုဏ်ယူပါတယ်လို့။
အရီး ထီအကြီးကြီး ပေါက်လိုက် လို့ကတော့ မြန်မာပြည် ပြန်ပြီး ဘိုးဘွားရိပ်သာ ဖွင့်မှာ။
အန်ကယ်ကြီး ကို အဲဒီမှာ ခေါ်ထားမယ် ပြောလိုက်နော်။ 😀
ဒါထက် – ~~~~ ဒီကောင်လေး ခန် ့မှန်းတဲ့ ဘောပွဲလေးတွေ ပါးပါးလေး လိုက်ထုရင်း လဘက်ရည်ဖိုးလေး ရနေလို ့ပေါ့ ~~~~
ဒီကောင်လေး ခန် ့မှန်းတဲ့ ဘောပွဲလေးတွေ ပါးပါးလေး လိုက်မထု မိရင် ထမင်းဖိုး ရမှာ။ 😛
aye.kk
February 1, 2012 at 6:35 am
ကိုပေ,..ရေ
ဦးဘမောင်ကိုရယ်စရာလေးတစ်ခုပြောပြချင်လိုက်တာ…
ဘကြီးပြောပြထားတာလေးသတိရမိလို့ပါ..
ဇီဇာကြောင်ကာလူပျိုကြီးဖြစ်နေတာလေးနဲ့ပတ်သက်ပြီးပြောချင်တာက…
ရေကိုခွက်တခုထဲမဟုတ်ဘဲ(သတ္တု၊ကြေး၊ငွေ၊ရွှေ)
အစရှိတဲ့ဘယ်ခွက်နဲ့ပဲထဲ့သောက်သောက်ရေဟာ..ရေပါဘဲ၊သူ့ဂုဏ်သတ္တိရှိနေတာပေါ့နော်..
စစ်စစ်နဲ့မစစ်တာဟာ၊အတိတ်ကံစီမံရာတိုင်းနာခံကြရတာ၊ဘယ်သူမဆိုလိုချင်တာကစစ်စစ်ပါပဲ..
အချိန်ရှိသေးတယ်၊လူပျိုကြီးဘဝနဲ့အရိုးမထုတ်စေချင်ဘူးလို့ပြောပေးပါနော်..
ခေတ်ကာလက၊စုန်ရေဆန်ရေအလျှင်အမြန်စီးဆင်းနေတော့..
အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာနိုင်မှာပါ၊အားတင်းထားပါလို့ပြောပေးပါဦးနော်…။
kokothandar
February 1, 2012 at 11:58 am
မိုက်ပချက်ကြီးရာ အဲ ..ဦဘမောင် ရာ မြစ်ရေကိုနှစ်ကြိမ် ချိူးလို့မရတဲ့ အဲဒီရေ က စီးသွားပြီလေ
ခုပင်စင်နာ ဘဝက အသက်ရာကျော်နေရရင် ဂန့်ပီ ရွှေကျောင်းပြောင်ပြောင် ဝမ်းဟောင်ဟောင်ဘဝကို
စာနာပါရဲ့ဗျာ မသမာမှုနဲ့ ချမ်းသာ နေတဲ့ပင်စင်စားတွေ အသက် သိပ်မရှည်ကြပါဘူး တစ်သက်လုံး သူများ
မသဒါ ရေစာစားလာခဲ့ပြီး ကိုယ့်ငွေနဲ့ကိုယ်ကျ မစားရက်မသောက်ရက် နဲ့စိတ်ဆင်းရဲပြီး စောသေကြတာပါဘဲ
အဲ အပျိုစစ်မှဆိုရင်တော့ တစ်နေ့တစ်ယောက် ယူမှရမယ် ယူတဲ့မိန်းမက နောက်နေ့ အပျိုမစစ်တော့ဘူးလေ
စိန်ပေါက်ပေါက်
February 1, 2012 at 12:09 pm
အူးပေရေ..အူးပေရေ
အူးဘမောင်က ဂယ်ပဲ အဲဂလိုပြောတာလားဂျ
နောက်ပိုင်းမှာ Own tune များထည့်ရေးထားသလားလို ့ပါ 😆
စကားမစပ်.
အူးပေရေ.အူးပေရေ
သများပင်စင်စားရင်လဲ သများကို ခုလိုပဲ လာဗျူးပြီး တင်ပေးဦးနော်.
သမျးလဲ အဗျူးခံချင်လို ့ပါနော့
windtalker
February 1, 2012 at 12:59 pm
အဲဒီ သများ ကို “လားပင်စင်” လေး ပေးမယ်တဲ့
ယူမှာလားဟင်….။
နှာကိုယ်တော် မောင်မောင်ဇာ
February 1, 2012 at 1:10 pm
လွယ်လွယ်လေး အန်ကယ်ရယ်…။
ရိုးဂုဏ် ရယ် သိန်း-၁၀ဝရယ် ဘောဆြာပေ နဲ့ရင်းနှီးတာရယ်
ပေါင်းလိုက်ရင် စပ်တူ ဘောဒိုင်ကိုင် ပေါ့ခင်ဗျ။
ခင်တဲ့
ဖားကတ်တင်း
😀
windtalker
February 1, 2012 at 1:15 pm
ဘောဒိုင် ဘောဒိုင်
ဒိုင်ကိုင်ချင်တာမှ အူကိုယားနေတာဘဲ
တစ်ခြားဒီမိုကရေစီ နိုင်ငံတွေမှာတော့ ၊ ရဲတွေဟာ ဘယ်လိုနေမလဲ မသိဘူး ။
ဒီနိုင်ငံ က ရဲတွေကတော့ အားကိုးရလွန်းလို ့၊ ရဲ နဲ ့ပတ်သက်ရမယ့် အလုပ် စိတ်မဝင်စားပါ ။
သို ့ပေသည့် ခက်တာတစ်ခုက
ဘောလုံးပွဲအကြောင်းရေးတာနဲ ့ဘောဒိုင်တော့ မဖြစ်တာ အမှန်ပါခင်ဗျာ ။
နှာကိုယ်တော် မောင်မောင်ဇာ
February 1, 2012 at 1:30 pm
သည်သဘော ပြောတာမဟုတ်ပါဘူး အိုင်ပီရယ်
ခရစ်တစ်ကယ်လ် သင့်ကင်း အရ စာမှာပါတဲ့အချက်ကလေးတွေပဲ
ဆက်စပ်ကြည့်လိုက်ယုံသက်သက်ပါဗျ…..။
😀
ဖားပုလင်း သက်ပြင်း..။
windtalker
February 1, 2012 at 1:38 pm
ဖားပုလင်း
ဖင်းပုလား
မင်းသွား
ခင်းထား
ဟင်းစား
ဂျင်းများ
……………
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 1, 2012 at 1:53 pm
ဦးလေးကြီးကို အကြံပေးလိုက်မယ်
စုထားတဲ့ သိန်း ၁၀ဝ ဘဏ်အပ်စား
ဗိုက်တောင် ကားလိမ့်မယ် …..
ဘဏ်တွေ ဒေဝါလီခံသွားရင်တော့ … အဟီး … ပြောတတ်ဘူးပေါ့ … 😀 😀
etone
February 1, 2012 at 2:18 pm
ကိုပေရေ … ပင်စင်ယူပြီးတာတောင် ဒီလောက် အခြေနေနဲ့ သွားနေနိုင်တာ ကုသိုလ်ထူးလို့ပြောရမယ် .. ။
ပင်စင်ယူလိုက်တဲ့ လူအများစုက အိမ်ရဲ့ အပယ်ခံအဖြစ်နဲ့ နာမကျန်းဖြစ်တဲ့ လူကလည်း ဖြစ် ၊ ကျန်းမာတဲ့ လူကလည်း မြေးထိန်း ၊ အိမ်ရဲ့ ဝေယျာဝစ္စလုပ် ၊ တစ်ချို့ကလည်း လေဖြတ်ကာ အိပ်ယာထဲလဲ ဘယ်သူမှ မကြည်ဖြူနဲ့ …. တကယ့်ကို စိတ်ဒုက္ခရောက်စရာပါပဲ … ။
တကိုယ်တည်းသမားမို့ အိမ်ထောင့်တာဝန် ၊ မြေးထိန်းရတာမျိုးတွေ မရှိသော်လည်း ၊ အသက်ရွယ်ကြီးလျှင် တစ်ယောက်တည်းရပ်တည်ဖို့က မလွယ်ဘူးလေ … ။ ကျန်းမာရေးမကောင်းတဲ့ အခါမျိုးမှာ ..အနားမှာ တစ်ယောက်ယောက်ရှိဖို့က လိုအပ်လာပါပြီ … ။
ဒီတော့ ပွင့်ပွင့်လင်းလင်း အကြံပေးချင်တယ် ဦးဘမောင်ရေ …. သက်တူ ၊ ဂိုက်တူ ထဲက ရုပ်ရှိရေလျှံ အန်တီတစ်ယောက်ကို တစ်နေ့မျက်စိ အခါတရာမှိတ်ပြပြီး ပိုးပန်းပါတော့လေ 😀
နွယ်ပင်
February 1, 2012 at 2:20 pm
ပင်စင်စားတွေရဲ့ အကြောင်းကို ရေးပြထားတာ ကွက်ကွက်ကွင်းကွင်းပါပဲ
ဒီဦးလေးဘဝကတော်ပါသေးတယ် ပင်စင်ယူပြီး နေဖို့တိုက်ခန်းအပိုင်လေးနဲ့
စီးတော်ယာဉ်လေး ရှိတယ်ဆိုတော့ နွယ်ပင်တို့နဲ့ နီးစပ်တဲ့ အသိလင်မယားကတော့
အိပ်ခန်းပိုင်တောင်မရှိလို့ (အခုက အစိုးရက ပေးတဲ့ လိုင်းခန်းလေးမှာနေကြတယ်လေ)
ပင်စင်ယူပြီး ဘာအလုပ်လုပ်ရမလဲ တွေးဖို့နေနေသာသာ ဘယ်မှာနေကြမလဲဆိုပြီး အရင်တွေးပူ
နေကြတယ်လေ ….. 🙁
လင်းဝေ
February 1, 2012 at 4:09 pm
ပင်စင်စားကြီးရဲ့ ဘော်ဒါလေး က ကျောက်သူဌေးလေး ဆိုမှတော့ကျောက်ပဲ လုပ်ခိုင်းမှာပေါ့။
ကျောက်နဲ့ ဆန့်ကျင်ဖက် စားသောက်ကုန်လေး ထုတ်ရောင်းလည်း အလုပ်ဖြစ်တာပဲ။
သိန်းတရာလောက်ပိုက်ဆံနဲ့ စရင်ရတယ်၊ ဗာဟီရတော့များမယ်၊ ငွေလည်ကောက်ရမယ်။
အပင်ပန်းခံနိုင်ရင် ထမင်းဆိုင်ဖွင့်၊ ညဖက်ထိုင်နိုင်တဲ့ မြန်မာစားသောက်ဆိုင် ဆိုပြီး မန်းတလေးမှာ လုပ်ပစ်လိုက်။ မီနူးပေးမယ်။ မြန်မာအကင်ဆိုင်၊ ငါးရံ့ခြောက်ဖုတ်၊ အမဲခြောက်ဖုတ် နှမ်းဆီဆမ်း မွှေးမွှေး နဲ့ ချပေါ့ကွာ။
Harumoto
February 1, 2012 at 4:37 pm
မိန်းမမရှိတော့ ခက်တာပေါ့။
ကျုပ်လို မိန်းမရှိရင်.. သိန်းတရာ မိန်းမ လက်အပ်လိုက်
ထမင်းမိန်းမရှာကြွေးလိမ့်မယ်..
တသက်လုံး ကိုယ်ကရှာကြွေးခဲ့ပြီဘဲ..
ပြီး လက်ပတော့ လေးတလုံးဝယ်..ဖရီးဝိုင်ဖိုင် ရှိတဲ့လ္ဘက်ရည်ဆိုင်မှာထိုင်..
ရှိသမျှ ဆိုက်တွေ ဝင်ဖတ် .
စိတ်ညစ်ရင် ဟာသတွေရှာဖတ်..
စိတ်တိုနေရင် တွေ့တဲ့ စာတွေထဲ ဆိုင်ဆိုင် မဆိုင်ဆိုင် လိုက် ပြီး ကွန်မန်းရေး
လိုက်ပြီးပေါက်ကွဲပေါ့..
စိတ်ကြည်ရင် အိမ်ပြန် မိန်းမကြွေးတဲ့ ထမင်းစားပြီး နှပ်ရုံဘဲ….
ပင်စင်စား နေတတ်ရင် ကြေနပ်စရာပါ…
thit min
February 1, 2012 at 8:28 pm
ဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်။
“ဒီစာရေးတဲ့ မိတ်ဆွေလေးက ပြောပါတယ်။ သူ နဲ ့အတူ ကျောက်စိမ်းအရောင်းအဝယ် လိုက်လုပ်ဖို ့။”
ပင်စင်စားတွေ စုပြီး အထည်တွေ ကိုင်ပြီးခဏချုပ်၊ ပျောက်သွားမှ ဈေးခေါ်ရိုက် (ချုပ်ကတော်တွေကို)။
ပြီးတော့
ကိုပေနှင့်ပင်စင်စားများပါတီမြန်မာပြည် ဆိုပြီး ရွေးကောက်ပွဲတောင်ဝင်လို့ရသေး။
windtalker
February 1, 2012 at 9:35 pm
အလွန်ကောင်းသော အကြံဘဲဗျာ ။ ကျွန်တော်လဲ ခေါင်းပေါင်းလေးနဲ ့လွှတ်တော်ထဲ သွားရတာပေါ့ ။ 🙂 ။ ပင်မ စီးပွားရေး ကို ဈေးတွေထဲမှာ နေ ့ပြန်တိုး ချပေးတာ အဆင်ပြေဆုံး ဖြစ်မယ် ထင်တာဘဲ ၊ အကိုသစ်ရေ ။
နေဝန်းနီ
February 1, 2012 at 9:58 pm
ကပေရေ့…..။ ငါတော့ ဈေးထဲနေလာတာကြာပြီ…။ နေ့ပြန်တိုး ပေးတဲ့ သူတိုင်း တစ်ဝက်လောက်က ဆုံးတာပဲ….။ ထွက်ကိုပြေးတာ…။ အသုဘအိမ် ဖဲဝိုင်းကြွေးကမှ နောက်အသုဘ တစ်ခုမှာ ပြန်ဆုံရင်တောင်းလို့ရသေးတယ်…။ မနိပ်ပါဘူး…။ နင်ပြောတဲ့ လူမှောင်ခိုလုပ်မလား ရာဘ သယ်မလားဆိုတာကမှ နဲနဲ တော်ဦးမယ်…။
ကြောင်ကြီး
February 2, 2012 at 12:32 pm
သုံးသိန်းအကုန်ခံပြီး တသီးပုဂ္ဂလ ကြားဖြတ်ရွေးကောက်ပွဲ ဝင်အရွေးခံကွာ။ အမတ်ဖြစ်ရင် တလသုံးသိန်းရမယ်။ နေတတ်ထိုင်တတ်ရင် ကားတစီးလည်း ဝယ်ခွင့်ရအုံးမယ်။။ ကြံတတ်ရင် မငတ်ပါဘူး..ငှဲ ငှဲ ငှဲ..။
nature
February 2, 2012 at 4:33 pm
ကိုကြောင်ကြီးလို အရည်အချင်းမျိုးရှိရင်တော့ ဟုတ်တာပေါ့ကိုကြောင်ကြီးရယ်။ အမတ် မဖြစ်မှ ၃သိန်း ပလုံနေပါဦးမယ်။ သေချာအောင်လို့အမတ်ဝင်အရွေးမခံခင် ကိုကြောင်ကြီးဆီမှာ ၃သိန်းနဲ့ ကျူရှင်အရင်တက်။ 🙂
ကိုပေါက်(မန္တလေး)
February 2, 2012 at 2:26 pm
တော်ပါပြီ အဲဒါတွေလုပ်တာက ဦးစားတယ်လေ။
မောင်ပေ ပြောတာလေးဘဲလိုက်ထိုးနေ အေးဆေးဘဲ။
ဘာမှမလုပ်နဲ့ အဲဒါဘဲလုပ်အကောင်းဆုံးဘဲ။
ဒီထက်ကောင်းတာ ဘာမှမရှိတော့ဘူ။
ဒိုင်ခံမယ့်သူမရှိမှဘဲစိုးရတာ။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 2, 2012 at 8:05 pm
ဟုတ်တယ်ဗျာ ကိုမောင်ပေရေ ။မမအိတုံပြောသလိုပါဘဲ ပင်စားသွားပီဆိုရင်
ဝန်ထမ်းတွေဟာ အများသောအားဖြင့် စိတ်ရော၊လူပါ ကျသွားတတ်ပါတယ်။
ဒါနဲ ့ဗျ ကိုမောင်ပေရေ
“”ဒီကောင်လေး ခန် ့မှန်းတဲ့ ဘောပွဲလေးတွေ ပါးပါးလေး လိုက်ထုရင်း လဘက်ရည်ဖိုးလေး ရနေလို ့ပေါ့ “”ဆိုတော့ တွက်ချေကိုတယ်ပေါ့။
fatty
February 2, 2012 at 8:28 pm
ဦးဖက်နဲ့ဆက်သွယ်ဖို့ပြောလိုက်ပါ ထိုင်စားရမည် လုပ်ချင်တာလုပ်လို့ရမည်
သေရင်တော့အဝေစိဂျိုးကပ်ဖို့များသည် မသေခင်တော့ ဇိမ်ဘဲ
DEPARKO DEPARKO
February 3, 2012 at 11:50 am
ပင်စင်စားလူပျိုကြီးအတွက်ပေးလိုက်တဲ့ အကြံဉာဏ်တွေအားလုံးကို ပုံတူကူးဘို့ ကြိုးစားဦးမှဘဲ