ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရခိုင်မှာတာဝန်ထမ်းဆောင်ဘို့ အမိန့်ကျလို့ ရခိုင်ကိုပြောင်းရွေ့ တာဝန်ထမ်းဆောင်ရပါတယ်၊ ကျွန်တော်တို့ ၀န်ထမ်းလောကမှာ ရခိုင်ဘက်ဆို ဘယ်သူမှတာဝန်မထမ်းဆောင် ချင်ကြပါဘူး၊ ၀င်ငွေ၊ကျမ်းမာရေး ၊လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စတဲ့ များလှစွာသောအခက် အခဲတွေကြောင့် ၀န်ထမ်းတော်တော်များများဟာ ရခိုင်ကိုတာဝန်ကျရင် အထက်လူကြီးတွေကို အပူကပ် ငွေကြေးတန်စိုးလက်ဆောင်နဲ့ လဒ်ထိုး ပိုင်ရာဆိုင်ရာတွေနဲ့ ပြောင်းမိန့်ကိုပါယ်ဖျက်ကြသူတွေအများစုရှိတဲ့ အထဲ ကျွန်တော်က ဘော်လန်တီယာပြောင်းရွေ့တော့ သူငယ်ချင်းတွေကကျွန်တော့ကို ငကြောင်လို့ သမုတ်ခံ ရတယ်၊ ကျွန်တော်က ကိုယ်မရောက်ဘူးတဲ့ဒေသတစ်ခုကို အစိုးရစရိတ်နဲ့ ရောက်ရတာ ကျွန်တော့ အတွက်ကတော့ ဆုလပ်တစ်ခုလို့ခံယူပါတယ်၊ ကျွန်တော်က ခရီးသွားရတာကိုဝါသနာပါပြီး ကလေးတွေကို စာပေ၊အသိပညာ၊အတတ်ပညာ သင်ပေးရတာဝါသနာပါတယ်လေ၊ ရောက်လေရာအရပ်တိုင်းမှာ ကျွန်တော့်ကို ကလေးနဲ့ ခွေးတွေချစ်ကြတယ် (လူကြီးတွေကတော့မုန်းကြပါတယ် မှန်ကန်ရင်ကွဲတယ် အမြင်မတော်ရင်ပြောတတ်တဲ့ ၀သီကြောင့် နာမည်ပြောင်တွေ သိက္ခာချအတင်းပြောခံရတာတွေနဲ့ နောက် ပြောင်းရွေ့ခါနီးကျမှ ကျွန်တော့်ရဲ့စေတနာအကျိုးပေးပြီး အကောင်းပြောနှုတ်ဆက်ခြင်းကိုခံရတာ)

ပြောင်းရွေ့ရတဲ့အထဲမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လဲပါတယ် သူက ရခိုင်အမျိုးသား အဲဒီဒေသခံ ကျွန်တော့်ကိုလဲအကိုတစ်ယောက်လိုသဘောထားတယ်၊ (ကျွန်တော်က သူ့ထက်အသက်လဲကြီးတာကိုး) ကျွန်တော်အဲဒီဒေသကိုရောက်တော့ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်ကနိမ့်ကျပြီး ဒေသခံအမျိုးသား တွေဟာအလုပ်ကိုလက်ကြောတင်းအောင်မလုပ်ဘဲ ပညာလည်းမတတ် မိန်းမတွေကိုနှိပ်စက်ပြီး ပင်ပင်ပန်းပန်းအလုပ်မှန်သမျှ မိန်းမတွေဘဲလုပ်နေတာတွေ့ရတယ်။ (ပေါက်တူးပေါက် အလုပ်ကြမ်းလုပ် တစ်ချို့ဆို လယ်တောင်မိန်းမတွေကထွန်တာ၊ရေခပ်လည်းမိန်းမတွေဘဲ) ယောက်ကျား အများစုက အရက်သောက် မူးရူးနေကြတော့ ဒေသခံမိန်းကလေးတွေဟာ ကျွန်တော်တို့ဆီက ၀န်ထမ်းတွေနဲ့ အိမ်ထောင်ကျတာများတယ် ကျွန်တော်အဲဒီဒေသကိုရောက်ခါစ တစ်နှစ်နီးပါးမှာ အသီးအရွက်ဆိုတာ စားရဘို့ အင်မတန်ခက်ခဲတယ် အနီးအပါးကရွာတွေသွာကြည့်ရင် ဘာမှစိုက်ပျိုးထားတာမရှိဘူး အုန်းပင်လေးကြိုးတို့ ကြဲတဲနဲ့ နွားပိန်ခြောက်ခြောက်ပိုင်တဲ့ ရွာထဲကတစ်အိမ် နှစ်အိမ်စဟာ အချမ်းသာဆုံးဘဲ(နွားဝတုတ်တုတ်ဆိုရင် ဘင်္ဂလားဒေ့ကို ခိုးရောင်းနေကြလို့)

ဒီတင်မနေနိုင်တော့တဲကျွန်တော် ပေါက်တူးကိုင် မြေပြင် အသီးအရွက်စိုက်ဘို့ကြိုးစားတာကို ရွာထဲက တစ်ချို့နဲ့ ၀န်ထမ်းတစ်ချို့ က ကျွန်တော့်ကို အရူးတစ်ယောက်လို့ မကြားတစ်ကြားအပြောခံရတယ် ကျွန်တော့်လုပ်ရပ်ကို ကူညီခဲ့သူကတော့ ကျွန်တော့သူငယ်ချင်း ရခိုင်အမျိုးသားဘွဲ့ရ ပညာတတ်ပါဘဲ

ဒါပေမဲ့ သူလဲဒါဏ်မခံနိုင်ပါဘူး တစ်နှစ်မပြည့်ခင် သူနဲ့ အကျွမ်းတစ်ဝင်ရှိတဲ့ လူကြီးကိုအပူကပ်ပြီး ရန်ကုန်ကို ပြန်ပြောင်းသွားတယ် ကျွန်တော်ရခိုင်မှာ ၄ နှစ်တင်းတင်းပြည့်နေခဲ့ပါတယ် ကျွန်တော်ပြောင်းခါနီးအချိန်မှာတော့ မီးတောင်မြေ ကျောက်ခဲပြွမ်းပြီးရေရှားတဲ့ဒေသ ကျွန်တော်စိုက်(တပည့်များရဲ့လုပ်အား) ခဲ့တာ ဘူးသီးဆိုရင်စားမည့်သူမနီုင်လို့ (အလကားပေးတာတောင် စားမည့်သူမရှိ) စင်ပေါ်မှာအလုံးမြောက်များစွာရင့်တဲ့အထိ ခရမ်းသီး(မီးဖုတ်စားတဲ့ ခလေးကန်ဘော်လုံးအရွယ်) ဆင်ခရမ်း နွားတောင်မစားနိုင်လောက်အောင် မှည်ရွဲပြီးကျွေကျအောင် သင်္ဘောသီးဆိုလဲပြွတ်ခဲလို့(အပင်၅၀ကျော်)ရာသီသီးနှံဆိုလဲ အမျိုးစုံ။ ဒါပေမဲ့ ရွာထဲကရွာသားတွေက ကျွန်တော့်ကို အဲဒါရှုံးတယ်တဲ့ လုပ်အားခတောင်မရတာ၊ ဒါပေမဲ့ကျွန်တော်စိတ်မပျက်ပါဘူး အခုဆိုရင်ရွာကကလေးတွေ ပညာသင်နေကြပြီ တိုးတက်လာတဲ့ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေလိုချင်စိတ်ကြောင့် ရွာကလူတွေစီးပွါးရေးကုန်းရုန်းလုပ်ရာကနေ အများကြီးပြောင်းလဲလာပြီ အသီးအနှံတွေ တစ်ချိန်ကပျင်းပြီး မစိုက်တာကနေ စိုက်လို့ဖြစ်ထွန်း ရောင်းလို့ပိုက်ဆံရမှန်းလဲသိရော စိုက်လာကြပြီ

ကျွန်တော်ကျွန်တော့်သူငယ်ချင်းကို ပြောခဲ့တဲ့စကားလေးဒီနေရာကဖေါက်သည်ချချင်ပါတယ် သူငယ်ချင်း မင်းတို့လိုပညာတတ် ဒေသခံရခိုင်လူမျိုးကမှ ရခိုင်မှာမနေချင် ဒေသဖွံ့ဖြိုးရေးလုပ်ဘို့ တာဝန်မသိရင် ဘယ်တိုင်းရင်းသားက မင်းတို့ဒေသကိုဖွံ့ဖြိုးအောင် အနစ်နာခံပြီးဒီမှာ တာဝန်လာထမ်းဆောင်ချင်ပါ့မလဲ

အခုတော့ အဲဒီဒေသမှာတာဝန်ထမ်းနေတဲ့ ကျွန်တော့်တပည့်တစ်ယောက်နဲ့ တစ်လောကတင်တွေ့တော့ ကျွန်တော်စိုက်ခဲ့တဲ့ ပန်းပင် ၊သီးပင်၊စားပင်တွေ အခုထိ ရှင်သန်နေဆဲ အသီးအပွင့်တွေ နောက်လူတွေသုံးဆွဲခွင့်ရနေတုန်း ကျွန်တော့်ကို အမှတ်ရနေကြတုန်း ကျွန်တော်အဲဒီပီတိကို ခံစားနေတုန်းပါဘဲ

အားလုံကိုကျေးဇူးတင်လျှက်

ဒီပါကို

 

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..