ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၃)

maungmoenyoJune 3, 20101min650

(အပိုင်း-၃) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယောရေးနှင့်ဖွဲံ့ဖြိုးရေးကောင်စီခေတ်

၁၉၈၈-၈၉ ကာလတွင်အာဏာရယူခဲ့သော ဗိုလ်ချုပ်ကြီးစောမောင်မှာလည်း ‘ကျွန်တော်တို့စစ်သားတွေရွေးကောက်ပွဲပြီး ယင်စစ်တန်းလျားပြန်မယ်’ဟူသောကတိစကားကြောင့်၊အာဏာဆက်လက်ကိုင်စွဲလိုသူဗိုလ်ချုပ်ကြီးများကသူ့ကိုအာဏာမှဖယ်ရှားပြီး (၁၉၉၀) ရွေးကောက်ပွဲတွင်တရားဝင်အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုအာဏာလွှဲမပေးဘဲ ခတ်တည်တည်နှင့်မသိကျိုးကျွံပြုခဲ့သည်မှာယနေ့အထိဖြစ်သည်။ ထိုနောက်ပိုင်းဗိုလ်ချုပ်ကြီးသန်းရွှေတက်လာခဲ့သည်။ ယနေ့မြန်မာပြည်သူဆို့၏အဓိကရေးကြီးဆုံး လိုအပ်ချက်ကား ‘ထမင်းနပ်မှန်ရေး’ပင်ဖြစ်သည်။ နိုင်ငံတကာ (အရှေ့တောင်အာရှနိုင်ငံများတွင်ပင်)ဖွံ့ဖြိုးတိုးတက်မှုများရှိ နေချိန်တွင်မြန်မာနို်င်ငံတွင်ကားအခြေခံအကျဆုံးစားဝတ်နေရေး အတွက်ပြည်သူသန်း(၆၀)နီးပါးကားနေ့တဓူဝရုန်ကန်ကြရဆဲပင်မဟုတ်ပါလား။ သင့်တင့်လျောက်ပတ်သောလူနေမှု စနစ်ဖြစ်ရန်နေနေသာသာ၊ထမင်းနပ်မှန် ရေးကိုလုံးပမ်းရသော လူဦးရေကားတနေ့တခြားကြီးထွားလာပါသည်။ ယင်းအခြေနေမှန်ကိုမသိကျိုးကျွန်ပြုလျက် (၁၉၉၃)မှစတင်၍ပြည်သူတရပ် လုံးကိုအခြေခံဥပဒေသည်မရှိမဖြစ်ဟူ သောလမ်းကြောင်းလွဲမှုနည်းဖြင့်အခြေခံဥပဒေကိုရေးဆွဲအချိန်ဆွဲခဲ့သည်မှာ (၂၀၀၈)ခုနှစ်အထိ (၁၅)နှစ်တိုင်အောင်ပင်။ ဆိုရလျင်ကမ္ဘာပေါ်တွင်နှစ်သက်အကြာဆုံးအခြေခံဥပဒေရေးဆွဲမှု ကိုပြပါဟုဆိုလျင်ဤအခြေခံဥပဒေ ကိုပြရမည် ဖြစ်ပါသည်။ ရန်ကုန်တွင်မူလအခြေစိုက်ထားသောအစိုးရဌာန အဆောက်အအုံများကို (၂၀၀၇)ခုနှစ်လယ်ပိုင်းမှစ၍ အမိန့်အာဏာသုံးကာပြောင်းရွှေ့ခဲ့ပါသည်။ သိရသလောက် ဦးနေဝင်းလက်ထက်ကပင်စစ်ရုံးချုပ်ကိုပျဉ်းမနားသို့ပြောင်း ရွှေ့ရန်အစီအစဉ်ရှိခဲ့သော်လည်းမူလအစီအစဉ်ထက်ပိုမိုထိ ရောက်သော အစီအစဉ်အဖြစ်အစိုးရအဖွဲ့အစည်းနှင့် စစ်ရုံးချုပ်ကိုပါပြောင်းရွှေ့ခဲ့ပါသည်။ အရေးအခင်းနှင့်နိုင်ငံမတည်ငြိမ်မှုမကြာခနဖြစ်တတ်သောရန်ကုန် မြို့ ကိုတစပြင်အဖြစ်ပစ်ထားခဲ့ပါသည်။ ယင်းပြောင်းရွှေ့သွားသောရုံးအားလုံးကိုလူနေအပေါက်အရောက်နဲယုံ မကစစ်ရေးအရအသာစီးရမည့်တည်နေရာဖြစ်သော တောင်ကြားချိုင့်ဝှမ်းနေရာကိုရွေးချယ်ကာအဆောက် အဦးများအခိုင်အခံ့ဆောက်လုပ်နေရာချခဲ့ပါသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါကအုပ်ချုပ်ရေးနှင့်စစ်ရေး အသာစီး၇ရန်ရည်ရွယ်ချက်မှတပါးအခြားမရှိနိုင်ပါ။ (၁၉၈၈)အရေးခင်းကာလကမြို့ရွာတိုင်းတွင်အုပ်ချုပ်ရေး ပျက်ပြားခဲ့သော်လည်းစစ်တပ်အချင်းချင်းဆက်သွယ်မှုကားပျက်မသွားခဲ့ပါ။ အနယ်နယ်အရပ်ရပ်တွင် ‘ဒီမိုကရေစီ’နေ့လား ညလားရတော့မည်ဟူသောကောလာဟလများလွှမ်းမိုးလာချိန်၊ စစ်တပ်ကပင်လူထုနှင့်ပူးပေါင်းလာတော့မည်ဟူသော မျှော်လင့်ချက်များလွှမ်းမိုးလာချိန်စက်တင်ဘာ(၁၈)ရက်နေ့တွင်စစ်တပ်မှအာဏာသိမ်းခြင်းကိုခံ လိုက်ရသဖြင့်မြန်မာ့သမိုင်းတွင်ပြည်သူအားလုံကိုပိုမိုနက်မှောင်သောအမှာင်တိုက်တွင်းသို့ထပ်မံသွတ်သွင်းခံလိုက်ရပါ သည်။ မြန်မာနိုင်ငံအနှံ့တောရောမြို့ပါမကျန် ’ဒီမိုကရေစီ’၇ရှိကြောင်းကြေငြာချက်နေ့လားညလားမသိထွက်တော့ မည်ဟူသောကောလာဟလများပြန့်နှံ့လာချိန် ထိုနေ့ညနေနေဝင်ရီတရောချိန်လောက်တွင်ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်သော တိုင်မှူးများပါဝင်သည့် စစ်အုပ်ချုပ်ရေးအဖွဲ့ကြေငြာချက်နှင့်နေဝင်မီးငြိမ်းအမိန့်ကိုရေဒီယိုမှတဆင့်ပြည်သူ အပေါင်းတို့ကြားလိုက်ကြရပါသည်။ ထိုအမိန့်နှင့်အတူသမိုင်းဝင်သည့်သွေးမြေစွန်းမှုုနှင့်အတူပြည်သူအပေါင်းမျှော်လင့်  တောင့်တခဲ့သောဒီမိုကရေစီရေး ကြိုးပမ်းချက်မှာသဲထဲရေသွန်ဖြစ်ခဲ့ရပါသည်။ ယင်းကာလမတိုင်မှီမြို့ရွာများရှိအုပ်ချုပ်ရေး အခြေအနေကိုလေ့လာကြည့် ပါက၊ပါတီနှင့်ကောင်စီအုပ်ချုပ်ရေးပိုင်းဆိုင်ရာများထွက်ပြေးပုန်းရှောင်ပြီးအုပ်ချုပ်ရေးစနစ် ပျောက်ကွယ်သောကာလဖြစ်ပါသည်။ အုပ်ချုပ်ရေးအဆင့်ဆင့်ကို မြို့သပိတ်ကော်မီတီအဆင့်ဆင့်ကကိုင်တွယ်ခဲ့သည်။ ဝမ်းနဲဘွယ်ကောင်းသည်မှာ ယင်းသပိတ်ဖွဲ့အဆင့်ဆင့်ကမိမိမြို့ရွာများ၏လုံခြုံသာယာရေးထက်အာဏာကိုင်စွဲကျင့်သုံးရေး ကိုသာဦးစားပေးနိုင်ခဲ့သည်။ မူလကနီးစပ်ရာအဆောက်အဦတို့တွင်နေရာယူ၍’ဖျာ’ ပေါ်ရုံးဖွင့်ရသောမြို့အုပ်ချုပ်ရေး အဆင့်ဖြင့်စခဲ့ကြသည်။ အခွင့်အရေးခွဲတမ်းကိစ္စကိုစတာဝန်ယူချင်းကိုင်တွယ်ကြရသဖြင့်ခွဲတမ်းကိစ္စအဝေမတဲ့သည့် ကိစ္စများမဖုံးနိုင်မဖိနိုင် ပေါ်ပေါက်လာကြသည်။ ထိုမှတဆင့်သိမ်းပိုက်ထားသောယခင်ပါတီကောင်စီရုံးများတွင်နေရာ ပြောင်းရွှေ့ကြသောအခါ၊ ’ဖျာ’လုသောဘဝမှ’ကုလားထိုင်’လုသောဘဝများသို့ပြောင်းသွာကြသည်။ ဒီမိုကရေစီဟူသော စကားလုံး၏အနှစ်သာရနှင ့် နိုင်ငံတကာနိုင်ငံရေးဆက်ဆံရေးအသိအမြင်ဗဟုသုတနည်းပါးမှုကမြန်မာလူထု အားကောင်းစွာစိန်ခေါ်ခဲ့သည်။ ‘ဒီမိုကရေစီ’၇ရှိကြောင်းကြေငြာလိုက်ခြင်းဖြင့်နေ့ချင်းညချင်းဒီမိုကရေစီရနိုင်ငံအဖြစ် တမဟုတ် ချင်းပြောင်းလဲသွားမည်ဟုလူထုကနားလည်မှုလွဲမှားစွာထင်မှတ်ခဲ့ကြသည်။ ယင်းကားအာဏာရှင်စနစ်၏၇ရှိ သောအမွေကိုဒီမိုကရေစီ အင်အားစုကပင်လွဲမှားစွာအဓိပ္ပါယ်ကောက်ယူသုံးစွဲခဲ့သောကာလပင်တည်း။ ရန်ကုန်နှင့်မန္တလေး၊ မော်လမြိုင်၊ပုသိမ် စသောမြို့ကြီးများတွင်ကျောင်းသားနှင့်ဝန်ထမ်းများ၏ဦးဆောင်ဆန့်ကျင်မှုကားသမိုင်း တွင်အကြီးမားဆုံးအုံကြွမှုအဖြစ်ပေါ်ပေါက်ခဲ့သည်။ အာဏာမသိမ်းမှီရက်ပိုင်းအလိုရန်ကုန်အလံပြဘုရားလမ်းစစ်ရုံးချုပ်ရှေ့ လူထုဆန္ဒပြပွဲ  ကားမြန်မာ့သမိုင်းတွင်အကြီးမား ဆုံးသောလူထုလှုပ်ရှားမှုဖြစ်ခဲ့သလိုစစ်တပ်မှလဲအထိတ်တလန့် အတော်ဖြစ်သွားခဲ့သည်။ ရန်ကုန်သာမကနယ်စွန်နယ်ဖျားမှ လူထောင်သောင်းမကတို့ကဖိနပ်မပါဦးထုပ်မဆောင်းဘဲမိုင် များစွာလမ်းလျှောက်လာကြကာစစ်ရုံးချုပ်ရှေ့တွင်အော်ဟစ်ဆဲဆိုကာမကြေနပ်မှုကိုပြသခဲ့ကြသည်။ ထိုလူထုဆန္ဒပြပွဲကားလူဥိးရေသန်းနှင့်ချီမည်ဟုခန့်မှန်းခဲ့ကြသလို၊ စစ်တပ်၏အင်အားကိုစိမ် ခေါ်ခဲ့သောလူထုအုံကြွမှု ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှမိခင်ကျန်းမာရေးအနီးကပ် ပြုစုရန်အတွက်ရန်ကုန်ရောက်  ရှိချိန်နှင့်ကြုံကြိုက်၍၊လူထု၏တောင်းဆိုမှုအရရွှေတိဂုံရင်ပြင်တွင်ပထမဆုံးလူထုရှေ့သို့ထွက်ကာမြန်မာပြည်သူတို့တောင့်တသောဒီမိုကရေစီရေးလှုပ်ရှားမှုတွင်လက်တွဲပါဝင်မည်ဖြစ်ကြောင်းကြေငြာခဲ့သည်။ အမျိုးသားခေါင်းဆောင်နှင့်တပ်မတော် ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏သွေးသားပင်ဖြစ်သော်လည်းအာဏာရှင်ဗိုလ်နေဝင်းကသူမအားအပြတ်ခြေမှုန်းရန်ကြိုးစားမှုများရှိခဲ့သည်။ သို့သော်လည်းမအောင်မြင်ခဲ့ချေ။ နောက်တက်သောဗိုလ်စောမောင် လက်ထက်တွင်သူမအားလက်သန် ပြောင်စွာဖြင့်ထိမ်းသိမ်းအရေးယူမှုများတခုပြီးတခုပြုလုပ်ခဲ့သည်။ သူမနှင့်အတူယခင် ဝန်ကြီးချုပ်ဟောင်းဦးနု၊ဗိုလ် အောင်ကြီး၊ဗိုလ်ချုပ်ကြီးတင်ဦးစသောနိုင်ငံရေးခေါင်းဆောင်ဟောင်းများအသီးသီးစင်မြင့်ပေါ်တက်လာကြသည်။ ထိုသူများကိုလည်းစစ်တပ်မှထိမ်းသိမ်းခဲ့သည်။ ယခုအခါတွင်ကားကွယ်လွန်သူတို့မှအပဒေါ်စုနှင့်တကွမင်းကိုနိုင် အပါအဝင်ထက်မြက်သောခေါင်းဆောင်များကိုအစိုးရကထိမ်းသိမ်းထားသည်။ တိုင်းရင်းသားလူမျိုးစုများကို လည်းစီမံကိန်းများအကောင်အထည်ဖေါ်ရေးဟူသောမျက်နှာဖုံးစွပ်အကြောင်းပြချက်ဖြင့်စစ်တပ်အင်အားသုံးကာအတင်းအကျပ်ပြောင်းရွှေမှုများကြောင့်မြန်မာ-ထိုင်း၊တရုတ်နှင့်ရခိုင်နယ်စပ်တို့တွင်ပြောင်းခိုသူ (refugee) ဦးရေငါးသိန်းကျော်ထွက် ပြေးအခြေချခဲ့သည်။ ထိုအထဲတွင်စစ်တပ်မှလိုက်လံထိမ်းသိမ်းမှုကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော တက္ကသို်လ်နှင့်အခြေခံစာသင်ကျောင်းများမှကျောင်းသားနှင့်ဝန်းထမ်းထောင်ပေါင်းများစွာတို့လဲပါဝင်ခဲ့သည်။ ထောက်လှမ်းရေးအင်အားသုံးကာအစိုးရဆန့်ကျင်သူများကိုနှိပ်ကွပ်အပြစ်ပေးမှုများမြို့ရွာအနှံ့ပေါ်ပေါက်ခဲ့သည်။ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်ဒေါ်စုအား Nobel ဆုချီမြှင့်ပေးလိုက်သည်နှင့်တပြိုင်နက်ပုဂ္ဂိုလ်ရေးအပုတ်ချမှုများ ကိုသတင်းစာနှင့်တီဗွီတို့တွင်ပြောင်ပြောင်တင်းတင်းလုပ်လာသလို၊ထိန်းသိမ်းရာမှခေတ္တလွှတ်ထားချိန်တွင် ဒီပဲယင်းတွင် လုပ်ကြံသတ်ဖြတ်မှုပြုရန်အထိပင်ကြံစည်မှုများပြုလာကြသည်။ သူမအားထိမ်းသိမ်းထားချိန်အတွင်းလှည်းကူး ညောင်နှစ်ပင်တွင် (၁၅)နှစ်တိုင်ကမ္ဘာတွင်ကာလအကြာဆုံးနိုင်ငံဖွဲံစည်းပုံအခြေခံဥပဒေကို၎င်းတို့စိတ်တိုင်း ကျရေးဆွဲခဲ့သည်။ (၂၀၀၈)ကမြန်မာနိုင်ငံတောင်ပိုင်းတခုလုံးတွင်ကျရောက်ခဲ့သောNargis မုန်တိုင်းကြောင့်ပြည်သူ အပေါင်းအတိဒုက္ခရောက်နေစဉ်အတွင်းပြည်သူအပေါင်းစိတ်ထောင်းကိုယ်ကြေဖြစ်နေစဉ်ကာလအတွင်းပင်ပြောင်ပြောင်တင်းတင်းပင်ထောက်ခဲမဲ (၉၃ရာနှုန်း)ဖြင့်အတည်ပြုခဲ့သည်။ ဝန်ထမ်းများအတွင်းအကျင့်ဖေါက် ပြန်ပျက်စီးမှုများ။လဘ်ပေးယူမှုများမှာမြန်မာ့သမိုင်းတွင်အဆိုးရွားဆုံးအဆင့်အထိရောက်ခဲ့သည်။ အဆိုးဆုံးကားစိတ်ဓါတ်ရေးရာပိုင်းပျက်ပြားမှုကားနိုင်ငံထူထောင်ရေးပြုချိန်တွင်ပင်နလံမထူနိုင်အောင်ကျဆင်းနိုင်သည့်အခြေအနေအထိကျဆင်းသွားခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးများ၏အခွင့်ထူးခံလဘ်စားမှုများကို ‘မဆလခေတ်’ပါတီခေါင်းဆောင် များကပင်ဩချရအောင်လက်ဖျားခါခဲ့ရသည်။ အကျင့်အပျက်ဆုံးမဆလခေါင်းဆောင်တဦးပင်လျင် လက်ရှိစစ် ဗိုလ်ချုပ်ကြီးတဦးနှင့်ယှဉ်လိုက်လျင် (saint)ရဟန္တာပင်ခေါ်နိုင်ကြောင်းသမိုင်းလေ့လာသူတို့ကဆိုကြသည်။ ကျောက်ဆည် ဇာတိသားဗိုလ်ချုပ်မှူးကြီးသန်းရွှေအားမင်းမျိုးနွယ်ဟုတက္ကသိုလ်သမိုင်းဆရာတဦး(နောင်အခါထိုသူအားဒုဝန်ကြီးအဖြစ်ချီး မြှောက်ခဲ့ကြောင်းသိ၇)ကမှတ်ချက်ပြုရာကအစ၊သူ့အားလာရောက်တွေ့ဆုံသူလက်အောက်ခံများကကျမ်းပြင်တွင်ထိုင်ကာလက်အုပ်ချီစကားပြောနေကြရကြောင်းမယုံနိုင်ဘွယ်ကြားရသည်။ စစ်ဗိုလ်များနှင့်အလွမ်းသင့်သူများအစိုးရကန်ထရိုက် အသီးသီးရကြသလို၊နှစ်စဉ်လွတ်လပ်ရေးရတိုင်းယင်းစီးပွားရေးလုပ်ငန်းရှင်များကိုဘွဲ့ထူးဂုဏ်ထူးများတခမ်းတနားချီးမြှောက်ခဲ့သည်။ ယင်းစီးပွားရေးလုပ်ငန်းရှင်များမှာလည်းအချင်းချင်းစီးပွားရေးစားကွက်လုမှုများအပြိုင်အဆိုင်လုပ်ကြ သလို၊လက်အောက်ဝန်ထမ်းများအပေါ်လည်းခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမြောက်များစွာအထိမ်းအကွပ်မဲ့လုပ်ကြသည်။ အစိုးရကလည်း၎င်းတို့အာဏာပိုင်စိုးရေး၊အခွင့်အရေးလုပ်ကိုင်ခွင့်များချယ်လှယ်ခွင့်ရှိနိုင်ရေးတို့အတွက်ဥပဒေ၊နည်းဥပဒေတို့ကိုစိတ်ကြိုက်ရေးဆွဲထုတ်ပြန်သည်။ ပညာရေး၊ကျန်းမာရေး၊လူမှုရေးတို့နှင့်ပါတ်သက်၍ဆောင်ရွက်ပေးမှုတို့မှာ ကားရယ်ဘွယ်ပင်။ နယ်အထက်တန်းကျောင်းများတွင် ‘multimedia high school’ ဟုဆိုင်းဘုတ်တတ်ထားသော်လည်း ခေတ်မမှီတော့သောကွန်ပြူတာသုံးလုံးလောက်လောက်ကိုကွန်ပြူတာကောင်းစွာပင်မသုံးတတ်သောကွန်ပြူတာနည်းပြဆရာ/မတို့ကကျောင်းသားများကိုကွန်ပြူတာရှေ့မိနစ်အနဲငယ်သာထိုင်အသုံးပြုသင်ကြားသောခေတ်မှီပညာသင်နည်းစနစ်ကိုစဉ်းစားကြည့်ကြပါ။ တက္ကသိုလ်၊ဆေးရုံ၊ကျောင်းအဆောက်အအုံများကန်ထရိုက်ပေးဆောက်၍မှိုလိုပေါက် ခဲ့သော်လည်း ပညာရှင်နှင့်လိုအပ်သောကိရိယာပစ္စည်းများထောက်ပံ့ခြင်းအလျင်းမရှိပါ။ နေ့စဉ်သတင်းစာတို့တွင်လမ်း၊ တံတား၊ကျောင်၊းဆေးရုံ၊ဆည်မြောင်း၊အဆောက်အဦဆောက်လုပ်ပြီးစီးမှုများကိုတခမ်းတနားဖေါ်ပြထားသော်လည်း၊ ခို်င်ခံ့မှုမရှိ၍ယင်းအဆောက်အဦများပြိုကျပျက်စီးသောသတင်းများ၊အသက်ဆုံးရှုံးမှုသတင်း များကိုအမှောင်ချထားသည်။ ငွေကြေးဖေါင်းပွမှုကားထိမ်းမရအောင်ဖြစ်ခဲ့သလို၊ကုန်ဈေးနှုန်ကြီးမြင့်မှုကိုအစိုးရ ကသူတို့နှင့်မဆိုင်သလိုမ သိကျိုးကျွန်ပြုနေကြသည်။ (၂၀၀၈)အခြေခံဥပဒေဆန္ဒခံယူပွဲများတွင်ပြည်သူတို့၏ဆန္ဒနှင့်ဆန့်ကျင်၍အ တင်းအကျပ်ထောက်ခံမဲပေးခိုင်းသလို၊ မဲရုံတာဝန်ရှိသူတို့ကကာယကံရှင်မသိဘဲမိမိဖာသာမဲလိမ်ထဲ့မှုများနေရာ အနှံ့ပြုလုပ်ခဲ့ကြသည်။

သောင်းကျန်းသူလက်နက်ကိုင်အဖွဲ့အစည်းများအစိုးရ၏စစ်မှန်သောစေတနာကိုနားလည်လာကြသဖြင့်အလင်းဝင်ရောက်လာသည့်သတင်းများစစ်အစိုးရကမကြာခနသတင်းထုတ်ပြန်နေသော်လည်း၊ စစ်တပ်ချဲ့ထွင်မှုကိုနေ့မအားညမအားလုပ် လာကြသည်။ မူလကစစ်တိုင်း(၇)ခုရှိရာမှယခုအခါ (၁၃)ခုရှိလာသလို ‘တပ်နယ်’ဟုခေါ်သောဗိုလ်မှူးချုပ်အဆင့်ကဦးစီး သောဒေသကွပ်ကဲမှုနှင့်စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(၂၇)ခုအသစ်ဖွဲ့စည်းလာသည်။ မူလစစ်ရေး၊စစ်ထောက်နှင့်စစ်ဦးစီး လက်အောက်ခံတပ်အချို့ကိုစစ်ဦးစီးအရာရှိချုပ်ဦးဆောင်သောဌာနကြီးများအပြင်၊မူလဗိုလ်မှူးကြီးအဆင့်ဦးဆောင်သောလက်ရုံးတပ်များကိုလည်းဗိုလ်ချုပ်အဆင့်များအဖြစ်အဆင့်မြှင့်ခဲ့သည်။ နယ်ဘက်ဆိုင်ရာဌာနများနှင့်စင်ပြိုင်တပ်အဖွဲ့ အစည်း/ဌာနကြီးများဖွဲ့စည်းလာသည်။ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများကိုလည်းတပ်ပုံစံဖွဲစည်းခဲ့သည်။ (ဥပမာ-ရဲတပ်ဖွဲ့၊နယ်ခြားစောင့်တပ်၊စည်ပင်သာယာရေး၊အကောက်ခွန်၊လူဝင်မှုကြိကြပ်ရေး) စစ်သားသစ်စုဆောင်းရေးကိုဒေသ အလိုက်တပ်များကိုအာဏာအပ်နှင့်းစုဆောင်းစေသဖြင့်အရွယ်မရောက်သူစစ်သားဦးရေတိုးပွားလာသည်။ တပ်အင်အား သာမကခေတ်မှီလက်နက်အမြောက်အများကိုရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံများမှဝယ်လူခဲ့သည်။ အရာရှိငယ်ထောင် ပေါင်းများစွာတို့ကိုလည်းနည်းပညာပိုင်းဆိုင်ရာပညာသင်စေလွှတ်သည်။ ပြည်တဖက်ကမ်းတဝိုက်တွင်ကာကွယ်ရေးပစ္စည်း စက်ရုံများတည်ထောင်၍ညူကလီးယားအတတ်ပညာဆိုင်ရာပြည်ပပညာရှင်များတိတ်တဆိတ်ခေါ်ယူတာဝန်ပေးခဲ့သည်။ ယင်းတာဝန်အတွက်အဆင့်မြင့်ဒုတိယဗိုလ်ချုပ်ကြီးတယောက်ကိုတာဝန်ယူစေပြီး၊သိပ္ပံနှင့်နည်းပညာဆိုင်ရာစစ်တပ်ဌာနကြီးတခုကိုတည်ထောင်လုပ်ငန်းစနေသည်ဟုသိရပါသည်။ အထူးသဖြင့်အနောက်နိုင်ငံအင်အားစုကယင်းကိစ္စနှင့် ပါတ်သက်၍စုံစမ်း မှု၊ကုလသမဂ္ဂစသောအဖွဲ့အစည်းများကစစ်ဆေးစုံစမ်းမှုများပြုလုပ်လာသောအခါခေတ္တ ခနဆိုင်းငံ့ထားပြီးနောက်ဆက်လက်လုပ်ကိုင်နေကြောင်းသိရှိရသည်။ တက္ကသိုလ်နှင့်အခြားအဆင့်မြင်ပညာရေးကိစ္စများ တွင်လည်းတပ်မတော်အရာရှိများ ကိုအချိုးကျစနစ်ဖြင့်တက်ရောက်ခွင့်များပေးပြီးအရေးပါသောအရပ်ဖက်လုပ်ငန်း များကိုအရံသင့်နေရာယူနိုင်ရန်ကြိုတင်ပြင်ဆင်မှုများချဲ့ထွင်ပြုလုပ်လာသည်။ အဆုံးဆိုရလျင်တပ်ကနိုင်ငံစီမံခန့်ခွဲရေး သာမကအတတ်ပညာနှင်ဝန်ဆောင်မှု လုပ်ငန်းများတွင်အဆင်သင့်အချိန်မရွေးရောယူနိုင်ရန်မဟာစီမံကိန်းကြီးရေးဆွဲ အကောင်အထည်ဖေါ်လျက်ရှိသည်မှာတဖြေးဖြေးရုပ်လုံးပေါ်လာပါသည်။ စစ်တပ်အဆောက်အအုံကြီးမားလာ သည်နှင့်အမျှဗိုလ်ချုပ်ကြီးများနှင့်ယင်းတို့၏နောက်လိုက် များအကြားအချင်းချင်းအားပြိုင်မှုများမကြာခနရှိခဲ့သော်လည်း၊  ဘုံရန်သူဖြစ်သောပြည်သူလူထုနှင့်ယှဉ်လာ လျင်အချင်းချင်းအလိုအလျောက်ညီညွတ်သွားကြသည်သာဖြစ်သည်။ ထိပ်ဆုံးအာဏာပိုင်ရှိသူ၏အပြုအမူအတိုင်းနောက် လိုက်များကလဲသက်ဆိုင်ရာနယ်ပယ်များတွင်တန်ခိုးလက်စောင်းထက် ကြသည်။ တိုင်းမှူးနှင့်တပ်နယ်တပ်မှူးများ၏အခွင့် အရေးအာဏာကား၎င်းတို့နယ်ပယ်တွင်အကြွင်းမဲ့လွှမ်းမိုးသည်။ လူထုအကြားသပ်လျှိုရေး၊သတင်းရယူရေးအတွက် ’ပြည်ခိုင်ဖြိုး’ဟု၎င်းတို့အမည်ပေးထားသော ‘ကြံ့ဖွံ့’များကိုအခွင့်အရေး များပေး၍လက်သပ်မွေးထားသည်။ လူထုကိုကြီးမားသောအကြောက်တရားဟူသောလက်နက်ဖြင့်အုပ်ချုပ်သဖြင့် လူထုအုံကြွမှုုတိုင်းအရေးနိမ့်ရသည်ချည့်ဖြစ်သည်။ Totalitarianism ဟူသောအလုံးစုံအာဏာရှင်စနစ်၏သရုပ်ကို ကမ္ဘာတွင်ယနေ့တိုင်ပြိုင်သူမဲ့သုံးစွဲနေသောနိုင်ငံအချို့တွင်မြန်မာနိုင်ငံကားအမြဲဗိုလ်စွဲနေသည်ကားယုံမှားဘွယ်မရှိပါ။