ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ (ဘုရားကုန်း)ရှိ
ဆုတောင်းပြည့်  တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး  ပရဟိတဂေဟာတွင် မဟာသဒ္ဓမ္မဇောတိကဓဇ   ဘဒ္ဒနနန္ဒ၀ံသ ထေရ်ရှင်သူမြတ်မှ ကြီးမှူးကာ

၁။ မိဘမဲ့၍ ဆင်းရဲနွမ်းပါးပြီး ပြုစုစောင့်ရှောက်မှု လိုအပ်နေသော ကလေးများကို   ကျွေးမွေးစောင့်ရှောက်ခြင်း၊

၂။ ကလေးသူငယ်များအတွက် လိုအပ်သော အကြင်နာများ၊ မေတ္တာတရားဖြင့် နွေးထွေးလုံခြုံမှု ရရှိစေခြင်း၊

၃။ ယဉ်ကျေးလိမ္မာသော နိုင်ငံသားကောင်း၊ သမီးကောင်းများ ဖြစ်လာစေခြင်း၊

၎။ ကလေးသူငယ်တို့၏ ပါရမီနှင့် ၀ါသနာအရ လုံ့လ၀ိရိယဖြင့် အားထုတ်ကြိုးစားစေခြင်းဖြင့် အသက်မွေး အတတ်ပညာ တစ်ခုခု ရရှိစေပြီး မိမိဘ၀ရပ်တည်နိုင်စေခြင်း၊

၅။ လေလွင့် ပျက်စီးမှုနှင့် ဒုစရိုက်သားကောင်များဘ၀ မရောက်စေဘဲ နိုင်ငံအကျိုးပြု ကာယ၊ ဉာဏလုပ်သား ကောင်းများ ဖြစ်ပေါ်လာစေခြင်း၊

၆။ ပညာရေးအား သင်ယူနိုင်စွမ်းရှိသည်အထိ ဆုံးခန်းတိုင်အောင် သင်ကြားပေးပြီး မိမိကိုယ်ကို ယုံကြည်ချက် အပြည့်ဖြင့်ဘ၀တွင် ရပ်တည်နိုင်စေခြင်း

စသော ရည်ရွယ်ချက်များဖြင့် အမျိုးဘာသာသာသနာအတွက် ဆောင်ရွက်နေမှုများအား ဖော်ပြလိုက်ပါသည်။

                   ဆရာတော်သည် (၁၉၉၀-ခုနှစ်)မှစ၍ ပရဟိတလုပ်ငန်းကို မိဘမဲ့ကလေး (၃၀) ဦးဖြင့် စတင်တည်ထောင်တော် မူခဲ့ပါသည်။ (၁၉၉၃- ခုနှစ်) မေလ(၂၂) ရက်တွင် နိုင်ငံတော်အစိုးရမှ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ် အသိအမှတ် ပြုခဲ့ပါသည်။

ဆရာတော်သည် ထိုအချိန်မှစ၍ တောင်တန်းနှင့် နယ်စပ်ဒေသ အသီးသီးမှ အသိဉာဏ် မဖွံ့ဖြိုးသေးသော မိဘမဲ့နှင့် ဆင်းရဲချို့တဲ့သော ကလေးငယ်များကို ပညာသင်ကြား နိုင်ရေးနှင့် မြတ်ဗုဒ္ဓ၏ ဘာသာတရားအပေါ်၌ သက်ဝင် ယုံကြည်နိုင်ရေးတို့ကို မေတ္တာရှေးရှု၍ ဆောင်ရွက်တော်မူခဲ့ပါသည်။

        


             ဆရာတော် စောင့်ရှောက်ထားသော ကလေးငယ်များကတော့ တောင်တန်းနှင့် နယ်စပ်ဒေသများမှ မိဘမဲ့ ဆင်းရဲချို့တဲ့သော တိုင်းရင်းသားကလေးငယ်များနှင့် ကျောက်ရေတွင်းကျေးရွာ ( ဘုရားကုန်းအုပ်စု ) ပတ်ဝန်းကျင် အနီးအနားရှိ၊ မိဘမဲ့နှင့် ဆင်းရဲချို့တဲ့သော ကလေးငယ်များ ဖြစ်ကြပါသည်။

ယခုအချိန် (၂၀၁၁) တွင် ကျောင်းအိပ် ကျောင်းစားအနေဖြင့်၊ မိဘမဲ့ ဆင်းရဲချို့တဲ့သည့် တိုင်းရင်းသား၊ တိုင်းရင်းသူ (၅၀၀) ဦးနှင့်၊ ပတ်ဝန်းကျင်မှ အသီးသီးမှလာရောက်သင်ကြားကြသော မိဘမဲ့ ဆင်းရဲချို့တဲ့သော ကျောင်းသားကျောင်းသူ (၁၇၀၀) ဦး စုစုပေါင်း (၂၂၀၀)ဦးတို့ ရှိကြပါသည်။ ၁၉၉၀ – ခုနှစ်မှ စတင်ခဲ့သည့် ဤပရဟိတကျောင်းမှ ယခုအချိန်ထိ ဘွဲ့ရ (၃၀) ဦးနှင့် တက္ကသိုလ်ဝင်တန်းအောင်ပြီး ကျောင်းသား ကျောင်းသူ (၁၂၁) ဦးတို့ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

           ဆရာတော်ဘဒ္ဒန္တနန္ဒ၀ံသတည်ထောင်ထားသော ဆုတောင်းပြည့် တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး  ပရဟိတဂေဟာအကြောင်းကို   www.suutaungpyae.com  website နှင့် ဆုတောင်ပြည့် facebook စာမျက်နှာ တို့တွင် လေ့လာသိရှိနိုင်ပါသည်။

 

 

 

About para hita

para hita has written 1 post in this Website..

   Send article as PDF