မိခင်ကွယ်လွန်သည့်နေ့ဖြစ်သော်လည်း အသင်းအတွက် ၀င်ကစားပေးခဲ့သည့် ရတနာပုံအသင်း ခေါင်းဆောင် အောင်ကျော်မိုးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ချီးကျူးဂုဏ်ပြု

06 Feb, 2012

ရတနာပုံအသင်းခေါင်းဆောင် အောင်ကျော်မိုးသည် ယနေ့နံနက်(၄း၀၀)နာရီက မြစ်ကြီးနားမြို့ရှိမိခင် ဖြစ်သူကွယ်လွန်သွားခဲ့ သော် လည်း အသင်းပွဲစဉ်ဖြစ်သည့် ဇွဲကပင်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို အားကစားစိတ်ဓာတ်အပြည့်ဖြင့်ဝင် ရောက်ကစားသွားခဲ့သည်။

ရတနာပုံအသင်းခေါင်းဆောင် အောင်ကျော်မိုး၏ မိခင် ဒေါ်ငွေစိန်(အသက်-၅၇)နှစ်သည် ဖေဖော်ဝါရီ (၆)ရက်နေ့ နံနက် (၄း၀၀) နာရီက မြစ်ကြီးနားမြို့တွင် ကွယ်လွန်သွားခဲ့ရာ အသင်းတာဝန်ရှိသူတို့က MNL ပွဲစဉ်အား ၀င်ရောက်ကစားခြင်းမပြုဘဲ မိခင်၏နာရေးအတွက် ခွင့်ပြန်ရန် စေလွတ်ခဲ့မှုကို ကာယကံရှင်ကစားသမားက ပွဲကစားပြီးမှသာ ပြန်မည်ဟုဆိုခဲ့ကြောင်း သိရသည်။
http://yadanarbonfc.com/media/Aung-Kyaw-Moe.jpg

 အောင်ကျော်မိုး သည် ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ယနေ့(၄း၀၀)နာရီက ယှဉ်ပြိုင်ကစားခဲ့သည့်  ဇွဲကပင်အား(၁း၃)ဂိုး ဖြင့် အနိုင်ရသောပွဲတွင် ရတနာပုံအသင်းခေါင်းဆောင်အဖြစ်မိခင်ကွယ်လွန်မှုကို  ခေတ္တမေ့ဖျောက်ပြီး အသင်းနိုင်ပွဲရရေး အတွက် ဦးဆောင်ကစားသွားခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အောင်ကျော်မိုးအား မိခင်ဆုံးပါးမှု အတွက် ၀မ်းနည်းကြောင်းနှင့် အားကစားသမားစိတ် ပြည့်ဝမှုအတွက် ချီးကျူးဂုဏ်ပြုပါကြောင်း တရားဝင်သတင်း ထုတ်ပြန် လိုက်သည်။

” အောင်ကျော်မိုးကို ဘောလုံးဝါသနာရှင်တွေ သိကြမှာပါ။ သူဟာ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်တာလည်း အားလုံးအသိပါပဲ။ ဘောလုံးကစားတာ ကျွမ်းကျင်သလို စိတ်ဓာတ်ပိုင်းကလည်း အားလုံးနမူနာယူစရာကောင်းတဲ့ ကစား သမားတစ်ဦးပါ။ ဒီနေ့မနက် မိခင်ကွယ်လွန်သွား တာတောင် အသင်းအောင်ပွဲရဖို့ ၀င်ကစားသွားပါတယ်။ဒါကြောင့် ကျွန်တော် တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သူ့ကို ၀မ်းနည်းစကားရော ဂုဏ်ပြုစကားပါပြောချင်ပါတယ်။ အောင်ကျော်မိုးရဲ့မိခင်ဆုံးပါးမှု အတွက် MFF အနေနဲ့သူနဲ့ထပ်တူ ၀မ်းနည်းကြောင်းနဲ့ သူ့ရဲကစားသမားပီသစိတ်အတွက် ဂုဏ်ပြုပါကြောင်း ကျွန်တော်ကပဲ အဖွဲ့ချုပ်ကိုယ်စား ပြောပါရစေ။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ  ဦးစိုးမိုးကျော်က ထုတ်ဖော် ပြောကြား သွားခဲ့သည်။

၂၀၁၀ မြန်မာ့အကောင်းဆုံး ဘောလုံးသမားဆုရ ရတနာပုံကွင်းလယ်လူ အောင်ကျော်မိုးသည် ယခင် ဘဏ္ဍာ/အခွန် အသင်းနှင့် အောင်မြင်မှုရခဲ့သလို မြန်မာ့လက်ရွေးစင်အသင်းအတွက်လည်း အားထား ရသည့် ကစားသမားတစ်ဦးဖြစ်သည်။ ထို့ပြင် ပရိုစနစ်ကူးပြောင်းပြီးနောက် ရတနာပုံအသင်းတွင် ပါဝင်ကစားခဲ့ရတွင်လည်း MNL Cup 2009 , MNL League 2009, MNL League 2010 နှင့် AFC President’s Cup 2010 ပြိုင်ပွဲတို့တွင်လည်း ရတနာပုံအသင်း ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည်။

 “ကျွန်တော် တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သူ့ကို ၀မ်းနည်းစကားရော ဂုဏ်ပြုစကားပါပြောချင် ပါတယ် ။ အောင်ကျော်မိုးရဲ့မိခင်ဆုံးပါးမှု အတွက် MFF အနေနဲ့သူနဲ့ထပ်တူ ၀မ်းနည်းကြောင်းနဲ့ သူ့ရဲ ကစား သမားပီသစိတ်အတွက် ဂုဏ်ပြုပါကြောင်း ကျွန်တော်ကပဲ အဖွဲ့ချုပ်ကိုယ်စား ပြောပါရစေ”

   မိခင်သေဆုံးသည့်နေ့ဖြစ်သော်လည်း အသင်းအတွက် ၀င်ကစားပေးခဲ့သည့် ရတနာပုံအသင်း ခေါင်းဆောင် အောင်ကျော်မိုးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ချီးကျူးဂုဏ်ပြု

About ဘဲဥ

has written 82 post in this Website..

နေချင်သလိုနေ၍ လိမ့်ချင်ရာလိမ့်နေသူကို ဥဥဟုခေါ်သည်