ငလျင်ဒဏ်ထိပေမယ့် အရင်အတိုင်းရှိနေတဲ့မန်းမြန်မာပလာဇာ

1 11ရက် 11လ 11နာရီမှာအဝေးကမြင်ရတဲ့ မန်းလေးမှာအမြင့်ဆုံး 25ထပ်မန်းမြို့ပလာဇာ

 

2 အနီးကပ်
3 အနီးကပ် မန်းမြို့ပလာဇာ ဘာမှမဖြစ်ဘူးနော်

 

4 အနီးကပ်
5 အရင်အတိုင်း

 

ဒီနေ့မနက် 7-နာရီမတ်တင်းလက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ငြိမ့်ကနဲဖြစ်သွားပါတယ်။

တစ်ယောက်ယောက်က ခုန်ကို ဝင်တိုက်တယ်မှတ်တာ။

ထပ်ပြီးလှုပ်ပြန်တော့ ငလျင်လုှပ်တယ်ဆိုဝိုင်အော်ကြပါတယ်။

နောက် ပုခက်လွှဲသလို ထပ်လှုပ်တော့ အတော်များများကတော့ အပြင်ထွက်ပြေးကြပါတယ်။

အပေါ်မော့ကြည့်တော့ မီးချောင်းတွေ ပန်ကာတွေလဲလှူပ်နေပြန်ပါတယ်.။

နောက်တစ်ခါ ငြိမ့်ကနဲ့ ထပ်လုှုပ်ပြိးငြိမ်သွားပါတယ်။

အလုပ်ထဲရောက်တော့ မန်းမြန်မာပလာဇာ 25ထပ်ကြီးအက်သွားတယ်ပြောပါတယ်။

အလုပ်တွေလုပ်ရင်း ဖေစ်ဘုတ်ဖွင့်တော့ သတင်းတွေအချိန်နဲ့အမှီတက်တာမြင်ရ။

ဒါနဲ့ဘဲ လူပြောများတဲ့မန်းမြန်မာပလာဇာကြီး စောင်းမစောင်းသိရအောင် သူနဲ့အမြင့်ညီတဲ့

ယူနီဗာစ်ဟိုတယ် ကိုသွား မန်နေဂျာကို အကျုးိအကြောင်းပြောပြီးခွင့်တောင်းလို့ 12ထပ်ခေါင်မိုးကို တက်ပြီး လက်ဆော့ပါတယ်။

သူနဲ့ မန်းမြန်မာပလာဇာက တည့်တည့်ကိုး။

အောက်ခြေကတော့ ဘာမှန်းမသိပေမယ့် အထက်ကတော့အရင်အတိုင်းမပြောင်းမလဲ မစောင်းဘဲရှိနေတာမြင်ရ။

ရုံးခန်းဖွင့်ထားတဲ့ 25ထပ်အောက်ခြေမှာ ဆိုင်ကယ်စီးနေတဲ့လူကိုတောင်မြင်ခဲ့ရပါကြောင်း။

ကိုပေါက်လမ်းသလားခဲ့တာကို တင်ပြလိုက်ရပါ၏။

17 comments

  • Mr. MarGa

    November 11, 2012 at 2:15 pm

    ပထမဆုံး မန့်လိုက်ပါတယ်
    ကျေးကျေးပါ လေးပေါက်
    ကျန်းကျန်းမာမာရှိကြောင်း သိရ၍ ဝမ်းသာပါ၏

  • myanmarcitizen

    November 11, 2012 at 2:15 pm

    တင်ပေးမယ်လို့ တစ်ဖက်က post က comment မှာရေးထားလို့စောင့်နေတာ ကိုပေါက်ရေ။ သေချာတင်ပေးလို့ကျေးဇူးပါ။
    ဒါပေမဲ့ ကျွန်တော့မျက်လုံးမှာ နဲနဲများ စောင်းနေသလားလို့ဗျာ။ ဘုရားရှိတဲ့ဘက်ကိုလေ

  • မိုချို

    November 11, 2012 at 2:23 pm

    ဟုတ်တယ် မျက်နှာချင်း ဆိုင် က ကြည့် ရင် ညာဘက် စောင်းနေသလား လို့ ။
    အမေရိ ကား ကလည်း မုန်တိုင်း အကြီး အကျယ်ဝင်၊ အခုလည်း လာပြန်ပြီလား ငလျင်။၂၀၁၂ ကို နှစ် မကုန် မချင်း ကြောက် နေပါတယ် ဆိုမှ။
    အသေအပျောက် မရှိဘူး ဆိုလို့ တော်သေးတယ် ။

  • Ko Khin Kha ( သရီးကေ )

    November 11, 2012 at 2:39 pm

    ကိုပေါက်ရေ မန်းမြန်မာပလာဇာကြီး အက်သွားတာ အင်္ဂဟေထုပ်တန်းတောင် ဟသွားတာမို့
    အတွင်းကြေတော့နာလောက်မယ်ထင်တယ်နော်။ နောင်များတော့ ဘာဖြစ်လာမလဲမပြောတတ်ပေမယ့်
    ဒီနေ့အထက်မြန်မာပြည် ငလျှင်လှုပ်မှု့ကတော့ အပျက်အစီးတွေ ဖေ့ဘုတ်မှာတွေ့နေရတယ်လေ၊
    ဘေးကင်းကြပါစေလို့ဘဲ ဆုတောင်းပေးမိပါတယ်။

  • ဓါတ်ပုံကျနော် ကင်မရာကိုင်တာစောင်းလို့ထင်ပါရဲ့
    ထုတ်တန်းအက်တဲ့ တစ်နေရာက အရင်ကတည်းက ဖြစ်နေတာ တစ်နေရာရှိတယ်
    ပြင်မလို့လုပ်နေကြတာ။
    ဒီနေ့ အဝေးက လေလှိုင်းက မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်
    ကျနော်ကိုငလျင်သတင်း စိတ်ပူပန်ပြီး မေးကြလို့ပါ

  • Hnin Hnin

    November 11, 2012 at 2:52 pm

    နံပါတ် ၅ ပုံ အရင်အတိုင်းပဲ ဆိုတာပဲ တည့်သယောင်
    (မသိမသာလေးတော့ စောင်းနေသေးသလို)
    ကျန်တဲ့ ပုံတွေ အကုန်စောင်းနေတယ်..လေးပေါက်…
    ဓာတ်ပုံဘောင်နဲ့ပါ ချိန်ကြည့်လိုက်ရင်ကို သိနေတယ်…

  • Mr. MarGa

    November 11, 2012 at 3:01 pm

    အင်း
    ကြည့်ရတာ လေးပေါက် လက်တုန်သွားထင်ပါ့
    စောင်းမစောင်း သက်သေပြတာတွေက
    စောင်းတာ နည်းနည်း များနေတယ်

  • koyinmaung

    November 11, 2012 at 3:17 pm

    မနက်ကအလုပ်ထဲမှာတရုတ်တယောက်ကပြောတယ်
    မင်းတို့မြန်မာပြည်မှာငလျှင်လှုပ်တယ်တဲ့..
    အတော်ပြင်းတယ်လို့လဲပြောတယ်..
    စိတ်ထဲမှာထင့်သွားတယ်..
    ဒါနဲ့အခန်းပြန်ရောက်တော့
    အင်တာနက်ကနေရှာကြည့်တော့
    first-11 မှာသတင်းတွေဖတ်ရတယ်..
    တော်ပါသေးရဲ့..အသေအပျောက်နည်းလို့…

  • myanmar oscar

    November 11, 2012 at 3:29 pm

    လက်သွက်လိုက်တာနော်
    ဒါပေမဲ့ပုံ(၁)ကစောင်းနေသလားလို့
    မှန်တွေကို အနီးကပ်မြင်ချင်တာ မမြင်ရတော့အားမရဘူး။

  • surmi

    November 11, 2012 at 3:48 pm

    မနက်ကတော ့သိသိခြင်းစိတ်ပူမိသေးတယ်
    အန်ကယ်ကြီးပို ့စ်တက်လာမှ စိတ်အေးသွားတာ
    ဒီလောက်နဲ ့ပြီးသွားတာ တော်သေးတယ်အစ်ကိုရေ
    ရန်ကုန်မှာဆိုဒီလောက်ပြင်းရင်မတွေးရဲဘူး။
    မောင်ဆာမိတို ့အတွက်အမျှသာဝေလိုက်တော ့

  • မိုး မင်းသား

    November 11, 2012 at 6:17 pm

    လေးပေါက်ရေ….

    ဘယ်သူတွေဘာမှမဖြစ်ကြဘူးဆိုတာသိရတော ့…

    တကယ်ဝမ်းသာမိပါတယ်…….

    ဘေးရန်ခပ်သိမ်း…ကင်းငြိမ်းကြပါစေ

  • ဟုတ်တယ် …
    အိုက်ဒါဂျီး ဘာမှ ဖြစ်ဘူး …
    နံပါတ် ၅ ပုံကို သေချာကြည့်တော့မှ ….
    ပထမပုံတွေက လက်စောင်းမှန်း မှန်းဆလို့ ရဒါ …

    ဒါနဲ့ စကားမစပ် …
    ဖေဂျီးရော၊ မန်းလေးက ဘော်ဘော်ဒွေပါ
    ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းပါတယ်ဗျို့ …..
    သတိနဲ့လည်း နေကြပါဗျို့ ….
    ချရာ လုပ်ဒါ ဟုတ်ဘူး …
    ခင်လို့ မင်လို့ ချစ်လို့ ဒဒိပေးနေရဒါ …. :mrgreen:

  • ကျေးကျေးပါဗျို့ စိတ်ပူပေးကြတာ
    ကျနော်တို့ရွာသူားတွေကလဲ ကျနော်ဆီဖုန်းတွေဆက် သတင်းမေးကြတယ်
    ဖေစ်ဘုတ်ကနေ ချက်တင်ကနေမေးကြနဲ့
    ကြည်နူးသဗျာ သတိတရရှိကြတာလေးကို

  • antimoe

    November 12, 2012 at 8:21 am

    ကိုပေါက်ရေ
    ဆင့်ပွားငလျင်ကိုလည်း သတိထားပါနော…..
    အားလုံး ဘေးကင်ူကြပါစေ။

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    November 12, 2012 at 8:47 am

    ပထမ ပုံရှင်ကို ကျေးဇူးတင်ပါတယ် အခုလို ရိုက်ပြတဲ့အတွက်…..

    ဒါပေမယ့် အဲ့မန်းမြပလာဇာက တကယ်အက်သွားတာပါ……………
    မနေ ့ကပဲ ဖြစ်ဖြစ်ချင်း မန်းကအမျိုးတွေဆီဖုန်းဆက်မေးပီးပါပီ………
    အဲ့ဒီတော့ စာရှင်အနေနဲ ့ ဒီထက်ပိုမိုခိုင်မာတဲ့ ပုံကိုရှာသင့်ကြောင်း…..
    လူ ့အသတ်တချောင်းနဲ ့ဆက်စပ်နေတဲ့အတွက် သတင်းဦးထူးဖို ့အရေးတခုတည်းကြည့်ပီး
    အလျင်စလိုမတင်သင့်ကြောင်း……

    လေးစားစွာအကြံပြုလျက်……
    တိမ်မည်း

  • မိုချို

    November 12, 2012 at 8:51 am

    မနေ့ က မနက် ပိုင်း သတင်းတွေ ဖတ်တုန်း က အသေ အပျောက် မရှိဘူး တဲ့ ဒီ မနက်ဖတ်တော့ ရှိသွား ပြီတဲ့ ။ စိတ် မကောင်း လိုက် တာ။

  • ဦးကြောင်ကြီး

    November 12, 2012 at 10:19 am

    ငလျင်လှုပ်
    ဆံပင်နှုတ်
    သဘင်အုပ်
    အကင်ဖုတ်
    ဘုရင်လုပ်
    သမင်ဟုတ်
    ကုတင်ရှုပ်
    ဂဝံထုပ်..။

Leave a Reply