alinsettJuly 15, 20141min27613
“အမှန်စင်စင်မှာတော့. . . လူ ့ ဘဝသည် . . . အချည်းနှီးသောဖြစ်တည်မှုဖြင့် ဒုက္ခဆင်းရဲများခံယူကာ ပေးဆပ်နေရခြင်းသာဖြစ်သည်။ အခြား ဘာမျှမဖြစ်နိုင်။ ”   လူဟူ၍ဖြစ်တည်လာပြီဆိုကတည်းက . . .မရေရာမသေချာမှုများကို မလွဲမသွေကြုံရသည်။ သေချာရေရာလှပါသည်ဆိုသောအရာများသည်ပင်လျှင် နောင်တစ်ချိန်တွင် ဝေဝါးထွေပြား၍ ပျောက်ကွယ်ပျက်စီးရမြဲဖြစ်သည်။ လူကို အရင်းတည်၍ ဖြစ်ပေါ်လာသော ဝမ်းသာမှုများ. . .ဝမ်းနည်းမှုများသည်လည်းကောင်း. . . ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းများသည် လည်းကောင်း . . . ဘယ်မှာလာ တည်မြဲသနည်း။ ပျော်ရွှင်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းသည်လည်း အလွှာပါးပါးကလေးပင် မခြားသော ရောယှက်မှုအတွင်း၌သာ ဖြစ်တည်လာသည်။ အပျော်များသောအခါ ဒုက္ခဆင်းရဲများသည်။ ဘာများမက်မောစရာ ရှိသနည်း။ မျှော်လင့်ချက်ဆိုသည်မှာလည်း ဘာများထူးပါသလဲ။ မျှော်လင့်ချက်သည် မရေရာ […]


alinsettJuly 13, 20142min31920
အပြင်မှာ နေ့ခင်းလား…. ညနေလား…. ဒါမှမဟုတ် ညလား…. ဘာမှန်းသေချာမသိလောက်အောင်ပင် …..ဤအခန်းက . . .လုံခြုံလွန်းနေသည် ။   တကယ်ဆို ယောကျာ်းတစ်ယောက်နေသောအခန်းတစ်ခန်းသည်….ဤမျှလုံခြုံစရာမလိုလည်း ဖြစ်သည်။ ဒါပေမယ့်. . . ဒီလောက်လုံခြုံမှုနဲ့တောင် လုံလောက်လို့လား. . . . တစ်ခါတစ်ရံတွင် ဆောက်တည်ရာမဲ့လောက်အောင် . . . ဘဝ၏ လုံခြုံမှုများ ပျောက်သွားတတ်တာတော့ သတိရ ရမည် ။ ပိုးစိုးပက်စက် အကာအကွယ်မဲ့ခြင်းများ. . . ကြောက်မက်တုန်လှုပ်ဖွယ်ရာ မျှော်လင့်ချက်ကင်းမဲ့မှုများသည်…. ထင်မထားသော အချိန်မျိုးမှာ …မထင်မှတ်သော နေရာကနေ ဘွားခနဲ ပေါ်လာတတ်သည်မဟုတ်လား။ အဲသည်လိုအခါမျိုးမှာ သွေးရူးသွေးတန်း ဖက်တွယ်ပြီး အားကိုးရာတစ်ခုခုရှာတွေ့ဖို့ တော်တော်ဖြစ်နိုင်ခဲသေးသည်။ကိုယ့်ကို ကိုယ် အားကိုးရမယ်လို့ ဘယ်လောက်ပဲ အားတင်းထားပါစေဦး။ […]


alinsettJuly 8, 20141min49331
ရင်တော့ အနာသား ။ ရပ်ကွက်တွေထဲမှာ စာအုပ်အငှားဆိုင်လေးတွေ ရှားပါးကုန်ပြီဗျ ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းကတောင် ရှိပါသေးတယ် ။ အဲဒီ အချိန်လောက်က ကျွန်တော် စာအုပ်အငှားဆိုင်တွေဘက် ချောင်းပေါက်မတတ် အသွားအလာ ရှိနေပါတယ်။ လစဉ် ဖတ်နေရတဲ့ မဂ္ဂဇင်းတွေကြောင့်. . . အသစ်ထွက်နေတဲ့ ရသဝတ္ထုတွေကြောင့်  ဖတ်ချင်စိတ်တွေတဖွားဖွားပေါ်နေတာပါ။ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးဆီမှာ ဖတ်ချင်တဲ့ စာအုပ်သစ်. . . မရောက်သေးရင် ဟိုဘက်ရပ်ကွက်တွေအထိ ဝေးချင်ဝေးပါစေ . . . သွား ငှားဖတ်ခဲ့တာပါ ။ စာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန်တော်ဟာ . . . နှစ်ပေါင်းများစွာ အဆက်အသွယ် ရှိနေခဲ့ခြင်းပါ။ မြို့နယ်ပြောင်း အိမ်ပြောင်းရရင်လည်း ရောက်ရာအရပ်မှာ စာအုပ်အငှားဆိုင်ကို မရမကရှာပြီး ငှားဖတ်ခဲ့တာ. […]


alinsettJune 29, 20141min29818
ပုံပြင်မဟုတ်တဲ့ တကယ့်ဘဝတွေ ပိုစ့်ရဲ့ အဆက်ပါ။ ဒီလို မိုးသံလေသံတဝေါဝေါ ဆူညံနေတဲ့ ရွာအခြေအနေအချိန်အခါထဲမှာ ဒီလိုစာလေးတွေ ရေးတင်ဖို့ ဆိုတာက. . . နည်းနည်းတော့ စွန့်စားရပါတယ်။   ဒါပေမယ့် ပထမတစ်ပိုင်းနဲ့ သိပ်မကြာစေလိုတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး တင်လိုက်ရပါတော့တယ် ။   —————————————   မောင်သူရတို့က သနားလို့ အိမ်ပေါ်ခေါ်တင်ထားတဲ့ မိသားစု . . . အချိန်တန်လို့ ဆင်းပါတော့ဆိုတော့ ” ဆင်းမပေးနိုင်ဘူး ”တဲ့။   —————–   အိမ်လခလည်း မရတဲ့အပြင်. . . ပေးကမ်းကြည့်ရှုခဲ့သေးတဲ့ မျက်နှာကိုမှမထောက်ထားပဲ. . . အဲဒီ မိန်းမက ”ဆင်းမပေးနိုင်ဘူး” လို့ ပြောပါလေရော ။   […]


alinsettJune 28, 20141min22111
  မြင်ကွင်းကို ဖမ်းချုပ်ခြင်း… ———————————————————- ပိတ်ထားတဲ့တံခါးချပ်တွေကို ဖွင့်ကြည့်မလို ့… ဖွင့်ထားပြီးသားတံခါးတွေကို ခဏဖြစ်ဖြစ် ပိတ်မယ်တဲ့… ဟင့်အင်း…. အရိပ်တောင် အထွက်မခံနဲ ့…. ညံ့ရာကျတယ်… ။  ။ ———————————————————–   အလင်းဆက်( Gazette )     2 /6 / 2014              


alinsettJune 26, 20141min27218
သူတပါးရဲ့ နာကျင်မှုကို မြင်ရုံနဲ့ ကိုယ်တိုင်နာကျင်သလို ခံစားတတ်တဲ့ စိတ်နှလုံးဟာ အခုအချိန်မှာမှ ရှိလာတာ မဟုတ်ပါဘူး။ မောင်သူရ ရဲ့ စိတ်နှလုံးက ငယ်စဉ်ကတည်းက သူတပါး ရဲ့ နာကျင်မှ ုတွေကို ကိုယ်နဲ့ ထပ်တူထပ်မျှ ခံစားမိခဲ့တာပါ။ မောင်သူရ အသက် ဆယ်နှစ်အရွယ်လောက်က တခြားမိသားစုတစ်စုရဲ့ ဆင်းရဲမွဲတေမှုကို ကြည့်ပြီး မျက်ရည်တောက်တောက်ကျမိခဲ့ဖူးတာလေး ပြန်ပြောပြချင်ပါသေးတယ် ။ ********** အဲဒီတုန်းက . . . မောင်သူရ အသက်က ဆယ်နှစ်လောက်ပဲရှိဦးမယ် ။ မောင်သူရရဲ့ မေမေက တောင်ဒဂုံ / လေးဒေါင့်ကန်ရွာဘက်မှာ မြေကွက်လေးတစ်ကွက် ဝယ်ပြီး ပျဉ်ထောင် သွပ်မိုး အိမ်ကလေးတစ်လုံး ဆောက်ထားတာ ။ ဘယ်သူမှလည်း မနေသေးတော့ အိမ်ကို သော့လေးခတ်ပြီး ဒီအတိုင်းပဲ […]


alinsettJune 23, 20141min1558
          ပူးချည်ခံလိုက်ရတဲ့ အနာဂတ်နဲ့ ပစ္စုပ္ပန် ———— # ပြီးသွားခဲ့ပြီ. . .   အရုပ်ကြိုးပျက်ကျသွားသလိုမျိုး    ညနေတွေဟာ မနက်ခင်းရဲ့လက်ထဲက. .    လွတ်ကျ ပုံလဲ လို့. . . # ကိုယ်ထူကိုယ်ထဆိုတာလည်း   လက်မဲ့ခြေမဲ့တွေအတွက်တော့ အပိုပဲ    လက်ပျောက်ခြေပျောက်တွေ    နှလုံးသွေးနဲ့ ကဗျာရေးရုံကလွဲလို့. . .    ပြီးသွားခဲ့ပြီပဲ. . . # ကြယ်တွေ ကြယ်တွေ    ဖူးတချို့ ဝေတချို့. . .    ပွင့်တချို့ ကြွေတချို့နဲ့ . . . […]


alinsettJune 20, 20141min1256
  . . . . အရှေ့အရပ်ဆီမှာ ရောင်နီသန်းနေပြီဖြစ်စေ. . .အနောက်အရပ်ဆီမှာ ဆည်းဆာအရိပ်တို့ လွှမ်းအုပ် အိပ်စက်တော့မည်ဖြစ်စေ . . . ဒီတစ်နေ့တာအတွက် ကိုယ် လူဖြစ်ကျိုးနပ်ခဲ့တာ မနပ်ခဲ့တာတွေအကြောင်း. . .ကိုယ့်ဘာသာ ပြန်တွေးနေပေမယ့် . . . ကိုယ်တကယ်တွေးနေတာက ကိုယ့်အကြောင်းစစ်စစ်မှ ဟုတ်ပါလေစလို့ တလှည့်ပြန်တွေးနေရတယ်ဆိုရင်တောင် အတွေးဆိုတာ. . .အရေးပါတာတွေလို့. . .အမည်တပ်ပြီး . . . မရေးမပါတာတွေကို ရေးရေးလေးမြင်ရုံမျှနဲ့ အလုပ်တစ်ခုလို အဟုတ်လုပ်လိုလုပ် မဟုတ်တရုတ် စိတ်ကူးတွေက အာရုံပေါ်မှာအရုပ်လို ထင်လိုထင်နေလားဆိုပြီး အစွန်းရောက်တတ်တော့လည်း တခါတရံမှာ ကိုယ့်ဘာသာကိုယ် မသိတော့သလိုမျိုးနဲ့ နေ့တွေညတွေ တရွေ့ရွေ ့ ပြောင်းလဲသွားသွား မပြောင်းလဲပဲ ရှိရှိ […]


alinsettJune 17, 20141min65
      ကဗျာလေးရဲ ့ နာမည်… ပိုင်ရှင်မဲ ့…အချစ် ဆိုတဲ့ စာသားလေးကို… ချစ်သော ညီတော် သဂျားက …စဉ်းစားပေးထားတာပါ ။ ကျနော်… ဘယ်လို နာမည်လေး..ပေးရမှန်းကို.. မစဉ်းစားတတ်တော့လို ့..  ညီတော်သဂျား.. ဖတ်ပြီးပေးတဲ ့ နာမည်လေးကိုပဲ… ကဗျာထိပ်မှာ.. ကပ်လိုက်ပါတယ်. .။ အစ်ကိုတော် က… ကျေးဇူးတင်တော်မူပါတယ်…. ညီတော် သဂျားရေ… ။          


alinsettJune 15, 20142min46628
ပြီးခဲ့တဲ့… လေးငါးရက်လုံးလုံး .   .  . အားတဲ့အချိန်လေးတွေမှာ. . . ဂျူ းရဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်းကို ဖတ်ဖြစ်ခဲ့ပါတယ် ။ အဲဒီ ဝတ္ထုကို ထွက်ကတည်းက ဖတ်ချင်နေခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် အခုမှ ဖတ်ဖြစ်တာပါ။ ဒါတောင်မှ စာအုပ်အဖြစ် စက္ကူအထပ်လိုက်ကို လက်ကကိုင် ဖတ်ရတာ မဟုတ်ပါဘူး ။ ဖုန်းကလေးရဲ့ မြင်ကွင်းထဲကနေ ebook အဖြစ် ဖတ်လိုက်ရတာပါ။ အဲဒီစာအုပ်ကို ဖတ်နေတုန်းမှာရော . . . ဖတ်ပြီးချိန်မှာပါ.  .တစ်ခုခုပြောချင်လာတာ… လျှာယားလာပါတယ် ။ လျှာ ယားရင် လက်ကပါ ယားလာတတ်တဲ့ ကိုယ့်ထုံးစံအရ . . . ပြောချင်တာလေးတွေ ချရေးလိုက်ပါတယ် ။ သာမန်စာဖတ်သူတစ်ယောက်အနေနဲ့ ပြောကြည့်တယ်လို့ပဲ […]


alinsettJune 10, 20142min34213
ကျွန်တော်ဗျာ…. ခင်ဗျားကို..လွမ်းရတာ..အလွမ်းနဲ ့ နေရတာ.. မဝသေးဘူးဗျ… ခင်ဗျားရဲ ့လက်က  ရေးချလိုက်သမျှကို.. ဖတ်ပြီး..ခံစား လွမ်းဆွတ်မိနေတာ… ခင်ဗျားနဲ ့…တစ်ခါတုန်းက… လက်ဖက်ရည်ဆိုင်အိုလေးထဲမှာ.. အတူထိုင်ပြီး..စကားနည်းနည်းပြောခွင့်ရခဲ့တာလေးကို… သတိရလွန်းလို ့… အဲဒီတုန်းက..ခင်ဗျားရဲ ့ လက်ကလေးတွေကို ..ကျွန်တော်..စိုက်ကြည့်မိခဲ့တယ်.. အဲဒီတုန်းက.. ကျွန်တော့်လက်ကိုလည်း..ကျွန်တော် ပြန်ကြည့်မိတယ်.. ။ ကျွန်တော့်လက်နဲ ့…ခင်ဗျားလိ ု…လူရဲ ့..လက်…ဘယ်တော့မှ မတူနိုင်ပါဘူး… ဒါကို..သိသွားတာကတော့… အဲဒီတုန်းက….ခင်ဗျားရေးနေတဲ ့.. ကဗျာတွေကို.. ဖတ်ပြီး.. ခင်ဗျားပြောနေတဲ ့..အနုပညာအကြောင်းတွေကို… နားထောင်ပြီးကတည်းကပဲ….. ဒါပေမယ့်…. ခင်ဗျားလိုလူတစ်ယောက်..ကျွန်တော့်ဘဝထဲက..ခပ်စောစော ထွက်မသွားသင့်ဘူး…..လို ့တော့…. မကြာခဏ တွေးမိတယ်… ။ ကျွန်တော်ဗျာ… ခင်ဗျားကို… ကြောက်ခမန်းလိလိအလွမ်းနဲ ့…တမ်းတနေမိတယ်… ကျွန်တော်… ကျွန်တော်…. ကျွန်တော်ဗျာ…..         […]


alinsettJune 9, 20143min25612
ခင်ဗျား…ဗျာ….   ဘာလို ့…အစောကြီး…ထွက်သွားရတာလဲ…. ခင်ဗျား..ပြောခဲ့သလို…. ဘယ်သူကမှ နောက်မကျပါဘူး..နေဝင်ချိန်ကိုက..စောသွားတာပါ...လို ့… ဖြေရမှာလား… ။ ခင်ဗျား…ဗျာ…. ကျနော်…ခင်ဗျားကို..လွမ်းဆွတ်တမ်းတနေတာတောင်မှ…. ခင်ဗျားက..လွမ်းဖို ့..စကားလုံးတွေ..ချန်ထားပေးခဲ့တယ်… ကြည့်.. ကျနော်အခု..ခင်ဗျားပြောခဲ့တဲ့စကားတစ်ခွန်းနဲ ့…. ဖြေသိ်မ့်လိုက်ရတယ်…. အားလုံးကို..စွန့်လွှတ်ရရင်တောင်.. သတိရခြင်းကို..ငါ ပိုင်တယ်….ဆိုပြီး….                                       ဆရာတာရာမင်းဝေ…ရေးတဲ ့ကဗျာတွေကို..ပြန်ဖတ်ချင်../ သိမ်းချင်သူတွေအတွက်ပါ… ။ ပုံလေးတွေကို… ကြည့်ရတာ အဆင်မပြေရင်.. ကျနော့် ဖေ့ဘုတ် အကောင့် alinsett  ကနေ ဖြစ်ဖြစ်.. ကျနော့်မေးလ် alinsett.art@gmail.com […]