alinsettJanuary 6, 20171min3218
စာပေ တိုက်ပွဲခေါ်သံ(၂) – NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့ ————————————————————— ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရေးလိုက်တဲ့ စာပေတိုက်ပွဲခေါ်သံ (၁) စာမူ ကို ဝင်ရောက် ဆွေးနွေးတဲ့ စာပေမိတ်ဆွေ သိပ်အများကြီး မရှိပေမဲ့… စာမူကို Share ကြတဲ့ မိတ်ဆွေ အရေအတွက်ကတော့ သာမန်ထက် များနေတာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော် ”တို့ထိ ဆွေးနွေးတဲ့” စာပေသဘောတရား အကြောင်းအရာကို (ကိုယ်တိုင် ဝင်ရောက် ဆွေးနွေးဖို့ရာ မလွယ်ကူသော်လည်း) စိတ်ဝင်တစား Share ယူ ဖတ်ရှုသူများ ရှိနေသေးပါလား…လို့ တွေးယူပြီး… ဒီ ဆောင်းပါးကို ဆက် ရေးမိပါတယ်။   သိပြီး တတ်ပြီးသူများက ကျွန်တော် မှားတာ/လွဲတာတွေ ရှိရင် […]


alinsettJanuary 3, 20171min1704
ဂွဇွတ်တောင်ပေါ်မှ မျှစ်ကြော်ပြုံး၏ စိန်ခေါ်သံ —မျှစ်ကြော်ရဲ့ ပထမလက်သီး မော်ဒန်ကဗျာဆရာတွေဟာ ကာရံမလိုဘူးလို့ စွဲကိုင်ပြောမယ်ဆိုရင်၊ အတွေးအမြင်သာ အဓိကလို့ ပြောမယ်ဆိုရင်. . .” (ဝင့်ပြုံးမြင့်) ——– အဲ့ဒီ ပထမလက်သီးချက်ကို အရင် ရှင်းပါရစေ။ ခေတ်သစ်အနုပညာသမားတွေကို “ဆရာမ ဝင့်ပြုံးမြင့်” ထင်တော်မူနေတာကိုက လွဲတွဲတွဲလေး ဖြစ်နေပါတယ်။ ကျွန်တော်တို့(မော်ဒန်သမားတွေ)က ကဗျာမှာ ကာရန် မလိုဘူး လို့ ယူဆတာ မဟုတ်ပါဘူး။ ကာရန် မပါလည်း ကဗျာ ဖြစ်တယ်လို့သာ ယူဆတာပါ။ ”ကာရန်ပါမှ ကဗျာ”ဆိုတဲ့ ”ဘောင်”ကြီးကို ဖြိုချလိုက်ကြရုံပါ။ (ထပ်ပြောပါရစေ။ နှစ်ထပ်ရှိအောင် ပြန် ဖတ်ပေးပါဦး။ ”ကာရန် ပါမှ ကဗျာ ဆိုတဲ့ ဘောင်ကြီးကို ဖြိုချလိုက်ကြရုံပါ”) ကာရန်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကဗျာ ရေးလို့ […]


alinsettDecember 26, 20161min53324
(နေပြည်တော်နဲ့ ပတ်သက်ပြီး ဟိုးအရင်က ပိုစ့်တစ်ပုဒ် ရေးဖူးပါတယ်။ နေပြည်တော်မြို့ထဲကို ပထမဆုံးအခေါက် အလည်သဘော ရောက်ခဲ့ပြီး ပြန်အလာမှာ “သန့်ချင်ယောင် ဆောင်ထားတဲ့ မြို့တစ်မြို့” ဆိုတဲ့ နာမည်နဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ……. ဆိုင်ကယ် ကယ်ရီသမားတွေ၊ ကားသမားတွေရဲ့ လူလည်ကျပုံတွေ၊ သမာသမတ် မရှိတဲ့ ပတ်ဝန်းကျင်တွေနဲ့ ကြုံခဲ့ရလို့ အစာမကြေဖြစ်ပြီး ရေးခဲ့တာဆိုပါတော့။ အခုလည်း နောက်တစ်ခေါက်မက ရောက်ခဲ့ပြန်ပါပြီ။ သွားရင်း လာရင်းနဲ့ပဲ ဟိုစပ်စပ် ဒီစပ်စပ်ကြည့်မိ၊ ကြည့်သောသူ မြင်၏၊ မြင်ပေမဲ့ လျှာယားတတ်သူမှ ပြောချင်ဆိုချင် လျှာအယားဖြေချင်လာတာပါ။ ဆိုတော့ … နည်းနည်း လျှာ အယားဖြေမယ်နော်။ ) ————————————————————- နေပြည်တော် မြို့ထဲကို ရောက်ပြီ ဆိုရင် … ဒါ…နေပြည်တော်ထဲ […]


alinsettNovember 25, 20161min2322
                                                  ”ဓါးတွေကို ထိုင်မျှားမိတဲ့သူ”   ——————————— ငါ့ဘက်အခြမ်းဆီကိုမှ ဓါးနဲ့ ပစ်ပေါက်ရတာ ကြိုက်တယ်ဆိုတဲ့သူတွေ ရှိလာလို့. . . ဓါးဖမ်းနည်းကိုပဲ ငါသင်ထားလိုက်ရတယ်။ ဓါးနဲ့ပေါက်မယ့်သူတွေ မရှိအောင် နေထိုင်နည်းက. . . ငါ့အတွက်တော့. . . သိပ်ခက်လွန်းတယ်လေ။ ——————————– သင့်အေးရိပ် ၂၀၁၆၊နိုဝင်ဘာ ၂၄         […]


alinsettNovember 22, 20161min55716
                    “မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ——————————————————- (ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းကြီးနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ ကိုယ့်အမြင်တွေ ရှိပါတယ်။ ဘယ်နှစ်ကြိမ်မှန်း မရေတွက်နိုင်အောင် ကိုယ်တိုင် ကားမောင်းပြီး ဖြတ်သွား ဖြတ်လာ လုပ်အပြီးမှာ … ဒီလမ်းကြီးနဲ့ ပတ်သက်ပြီး တွေးမိတာတွေ/မြင်မိတာတွေကို မှတ်တမ်းကျန်အောင် စာတစ်ပုဒ် ရေးထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ဒီစာကို ရေးပါတယ်။) ရန်ကုန်ကနေ နေပြည်တော်- ဒါ့အပြင် နေပြည်တော်ကနေ တောင်တွင်းကြီး-မကွေး-နတ်မောက်- မိတ္ထီလာ စသည်ဖြင့် မြို့တွေ မြို့တွေကို သွားတာရော ပြန်တာရောမှာ … နီးစပ်ရာ အလျဉ်းသင့်တဲ့နေရာကနေ အမြန်လမ်းပေါ်ကို ဖြတ်တက်ပြီး […]


alinsettNovember 15, 20161min22310
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ တစ်ရက်နေ့က စပြီး ရန်ကုန်မြို့ထဲမှာ ကားမောင်းသူတွေ ထိုင်ခုံ ခါးပတ် မပတ်ရင် အရေးယူ ဒဏ်ရိုက်မယ်။ အဲ့လို ကြေညာလိုက်ပြီးနောက် ဆယ့်ငါးရက်အကြာမှာတော့ ရန်ကုန်မြို့ထဲ မိန်း လမ်းမကြီးတစ်ခုပေါ်ကနေ မောင်းနေတဲ့ကားတွေကို တစ်နာရီလောက် ထိုင်ကြည့်နေမိတယ်။ ကားမောင်းသူ တော်တော်များများကတော့ ထိုင်ခုံခါးပတ်တွေကို ပတ်ထားကြပြီ။ အရင်တုန်းက ”စည်းမရှိကမ်းမရှိ ပစ်စလက်ခတ် မောင်းတယ်လို့ နာမည်ထွက်နေတဲ့ Taxi မောင်းသူတွေ”တောင်မှ ခါးပတ်လေးတွေ ပတ်ထားလျက်သား တွေ့ရတယ်။ (BRT ကလွဲရင် တခြား ဘတ်စ်ကား မောင်းသူတွေကတော့ ခါးပတ် မပတ်ကြဘူး။ ပတ်စရာ ခါးပတ်လည်း အဲ့ဒီဘတ်စ်တွေမှာ မပါလောက်ဘူး။ အင်မတန်မှ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ကားအို ကားဟောင်း အစုတ်ကြီးတွေကို မောင်းနေရတဲ့ ဘတ်စ် မောင်းသူတွေလည်း ဒဏ်ငွေရိုက်မှာ […]


alinsettNovember 9, 20161min1432
                                  ”အစွယ်ပျောက်သွားလို့ လိုက်ရှာနေတဲ့မြွေ” *************************** မိုးမှုန်အစက်အပြောက်တို့ ရီဝေဝဲရစ်သော မနက်ခင်းတစ်ခုမှာ ငါ ပြန်လည် နိုးထချင်ပါသည်။ ဖြစ်နိုင်လျှင် ငါ့အား လက်တို့ ဝှေ့ဝှေ့သွဲ့သွဲ့ ယိမ်းနွဲ့ကာ ပြကြပါ။ အဲသည် သင်္ကေတသည် မည်သည့်အဓိပ္ပာယ်ဖြင့် ဖြစ်နေပါစေဦး. . . ငါ့ခံယူချက်ဖြင့် ငါ. . .ငါ့အား ချစ်မြတ်တွယ်တာစွာ လှမ်းကြို ခေါ်လင့်သည်ဟု ယုံကြည်ပြီး သင်တို့အနားသို့ . . .ငါ လာပါမည်။ သင်တို့အနီထံပါးတွင် သင်တို့၏ အသုံးအဆောင်တစ်ခုကဲ့သို့ အဆင်သင့်ဖြစ်စွာ […]


alinsettOctober 31, 20161min1824
”သေပြီးတာ ကိုးရက်ပဲ ရှိသေးတဲ့ကဗျာ”     <>>>>>>>>>>>>>>>>>>>>>>>>>>><>   ကြယ်ရောင်တဖျတ်ဖျတ်အောက်မှာ ကဗျာတစ်ပုဒ်က သူ့အကြောင်းကိုသူ ကဗျာပြန်ရေးခဲ့တယ်။   အဲ့ဒီ ကဗျာထဲမှာ ကြယ်တွေကြွေတဲ့ကိစ္စ မပါသော်ငြားလည်း နေတွေ လတွေထိ ကြွေကျတဲ့အဖြစ်မျိုး. . . ရိုးတိုးရိတ်တိတ် ပါတယ် တဲ့။   ယုံချင်စရာတောင် မရှိဘူး. . . သူ့ကဗျာက ထမင်းအနပ်နပ် ငတ်ထားတဲ့ကဗျာတဲ့. . .   ယုံချင်စရာကောင်းနေတာက . . . သူ့ကဗျာဟာ အာဟာရပြတ်နေတဲ့ပုံစံမျိုးနဲ့ ဂရုဏာရသ မြောက်နေတယ်။   ”ကျွန်တော်ကိုယ်တိုင်က ကဗျာပါ”ရယ်လို့ မကြာခဏ ပြောလေ့ရှိသူတွေကြားမှာ အဲ့ဒီကဗျာလေးကတော့ . . . ”ကျွန်တော်. . .ကဗျာ […]


alinsettOctober 27, 20161min2978
မရှက်တမ်း ဝန်ခံကြေးဆိုရင်. . . မနက် မိုးလင်းတာနဲ့ မသောက်ရရင် မနေနိုင်ဘူး ဖြစ်လာတာ။ မသောက်ရရင် ကတုန်ကယင်ကြီး။ အဟုတ်ပြောတာ။ (အခု ခေတ်စားနေတဲ့စကားနဲ့ ပြောရရင် အသားတွေတောင် တဆတ်ဆတ်တုန်တယ်တို့ ဘာတို့ပေါ့- *ဤကား စကားချပ်) သောက်လိုက်တော့မှ ရွှင်မြူးတက်ကြွလာတာ။ အဟုတ်ပါဆို။ မနက် မနက် ရုံးကို ပြေးရချိန်ဆို အိမ်ကနေ ကားထုတ်ပြီး ပါရမီလမ်းပေါ် ရောက်တယ်ဆိုရင်ကိုပဲ လမ်းတွေက ပိတ်။ တိုးဟယ် ကျော်ဟယ် ခွဟယ်နဲ့ သွားကြိုရမယ့် ကိုယ့်ရုံးကအရာရှိအိမ် (တာမွေဘက်ကို) ရောက်ချိန်နဲ့ -ကိုယ့်အိမ်က ထွက်ချိန်ကြားမှာ ဆိုင်တစ်ဆိုင်ဆိုင်ထဲ ဝင်ပြီး ထိုင်သောက်ဖို့ အချိန်မရဘူး။ အဲ့တော့ ဆိုင်ကနေ ဝယ်လာ။ ကားပေါ်ရောက်တော့မှ မီးပွိုင့်မိတုန်း—- (ကားပေါ်မှာ ခွက်မပါတော့) ဆိုင်ကနေ ဝယ်လာတာလေးကို […]


alinsettOctober 26, 20161min3194
                        ”မနက်ဖြန်ကို မော့သောက်ဖို့ ကြံနေတဲ့ကောင်လေး” ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ ”အနက်ရောင်ညအစစ်”တို့ ဆုံးခန်းတိုင်ခဲ့ပြီ။ ”အဖြူရောင် မိုးလင်းခြင်းအစစ်”တို့ စင်ကြယ်စွာ လာလိမ့်မည်. . .     အဲ့သည်လို ယုံကြည်ချက်နဲ့ပဲ. . .။ ကိုယ့်ပေတံနဲ့ကိုယ် တိုင်းထွာထားတဲ့ အစစ်အမှန်တွေရယ်. . . အတုအယောင်တွေရယ်ကို ကိုယ့်လက်နဲ့ပဲ . . . အသာအယာ ဖယ်ရှားပစ်လိုက်တဲ့အခါမှာတော့. . .     မနက်ဖြန်ဟာ. . . လက်ကျန် မော့ဖို့ ရှိနေသေးတဲ့ ”ဝီစကီလက်နှစ်ဆစ်လောက်”နီးပါး. . . […]


alinsettOctober 24, 20161min24510
“ဒေါသတကြီး တရားပြရှာတဲ့ ကိုယ်တော်” —————————————————————————————————————————————————- ရုံးပိတ်ရက်မို့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် ရန်ကုန်မြို့အစွန်ဘက်ကို ဘတ်စ် စီးပြီး ကိုယ် … ထွက်လာခဲ့တယ်။ ရန်ကုန်မြို့တွင်း ဘတ်စ်တို့ ထုံးစံအတိုင်း ကားကစုတ် လမ်းကပျက်တော့…အိပဲ့အိပဲ့။ အဲ့ဒီအခြေအနေကြားမှာကိုက ဘတ်စ်မောင်းသူတို့ ထုံးစံအတိုင်း အတင်းတိုးဝင်၊ အတင်းထိုးထွက် ကျော်လိုက်၊ ခွလိုက် ဆဲလိုက်၊ ဆိုလိုက်… မောင်းနှင်လာရာနောက်…ကိုယ်လည်း ကိုယ့်ထုံးစံအတိုင်း ဟိုဒီ ကြည့်ရင်း လိုက်ပါလာခဲ့တယ်။ မင်္ဂလာဒုံအကျော်….ထောက်ကြန့်နား ရောက်ခါနီးကျတော့ မှတ်တိုင်မဟုတ်တဲ့တစ်နေရာမှာ ထိုးရပ်လိုက်တယ်။ ဆင်းမယ့်သူ မရှိဘဲ ဘာလို့ ရပ်ပါလိမ့်လို့… တွေးပြီး အကဲခတ်လိုက်တော့…. ကိုယ် စီးလာတဲ့ကားရဲ့ အရှေ့မှာ ဘတ်စ်တစ်စီး ရပ်ထားတယ်။ အဲ့ကားပေါ်ကနေ ခရီးသွားလာသူတွေ…ပြုံတိုးပြီး..ဆင်းလာကြတယ်။ အော်… ရှေ့ကားက ပျက်သွားလို့ပေါ့လေ။ နှစ်စီးကို တစ်စီးတည်းမှာ ပေါင်းရတော့ […]


alinsettOctober 21, 20161min22912
”ကျွန်တော် အသက် ကြီးပြီ” ————————————————— လွန်ခဲ့သော နှစ်တွေတုန်းက ကျွန်တော့်မှာ ပြဿ နာတွေ များပြားလှစွာ ရှိခဲ့သည်။ ကိုယ် မိုက်မဲဆိုးသွမ်းသောကြောင့် တက်လာသည့် ပြဿ နာများ မဟုတ်ဘဲ တစ်မိသားစုလုံးနှင့် ဆိုင်သည့် မိသားစုပြဿ နာများ၊ အိမ်တွင်းရေး ပဋိပက္ခများသာ ဖြစ်ပါသည်။ ထိုစိတ်ညစ်စရာ အခြေအနေများကို ၂ နှစ်ကျော် ၃ နှစ်နီးပါး ရင်ဆိုင်ရသောအခါ ကျွန်တော့်မှာ သွေးရူးသွေးတန်း ပြေးထွက်သွားပြီး စိတ်ဖြေသိမ့်ဖို့ရာ နေရာများ ရှိရန် လိုအပ်လာခဲ့သည်။ ထိုနှစ်များအတွင်း မိဘ မောင်နှမများ ပါဝင်ဖွဲ့စည်းထားသော မိသားစုနှင့် ဝေးရာကိုသာ ပြေးထွက်သွားချင်သည့်စိတ်ဖြင့် တကယ်လည်း ပစ်ခွါ ထွက်သွားခဲ့ဖူးသည်။ အထူးသဖြင့် သီတင်းကျွတ်လိုမျိုး မိသားစု စုံညီစုဝေးမည့်ကာလတွေမှာ ကျွန်တော် အိမ်မှာ ရှိမနေတော့ပေ။ […]