alinsettJune 11, 20154min2367
      အလင်းခြုံတဲ့ သတင်းဇုံ (သို့တည်းမဟုတ်) အောင်ဇေမီဒီယာကနေ… အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …   ၂၀၁၅အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန် မတိုင်မီမှာ တိုင်းပြည်အတွင်း ဆူပူမှုတွေ ဖြစ်အောင် လုပ်ကြံဖန်တီးခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်တဲ့ ဦးသိန်းစိန်ရဲ့ ပြောကြားချက်သတင်း၊ လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် ယူနက်စကိုက အသိအမှတ်ပြု သတ်မှတ်ခံလိုက်ရတဲ့အင်းလေးကန်ရဲ့ အခြေအနေသတင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွင်းကို ကြိုတင် အသိမပေးပဲ စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အိန္ဒိယ – မြန်မာ ဆိုင်ရာ စစ်ရေးအခြေအနေသတင်း၊ ရန်ကုန်မြို့သစ်စီမံကိန်း နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းက ပြောဆို တင်ပြချက်များနဲ့ နောက်ဆက်တွဲ သတင်းများ၊ မြန်မာပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေပြီး US ဒေါ်လာဈေးနှုန်းတွေ တဟုန်ထိုး […]


alinsettJune 8, 20151min2008
          “ တစ်ယောက်ရဲ့ ဒုက္ခက … အခြား တစ်ယောက်အတွက် ဟာသ …တဲ့ ”   ****************************************************           ခင်ဗျားတို့ ကျွန်တော်တို့ရဲ့  ရှင်သန်နေထိုင်နေရာ ဘဝထဲမှာက နေ့စဉ်နဲ့အမျှ… ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ အများကြီးပဲ မဟုတ်လား။   အဲသည်ထဲက တချို့အဖြစ်အပျက်တွေသည်  ကြည်နူးဆွတ်ပျံ့ဖွယ်ရာ… တချို့အဖြစ်အပျက်တွေကတော့ ထိရှ နာကျင်စရာ… ဘယ်အရာတွေပဲဖြစ်ဖြစ် … ကျွန်တော်တို့သာ ယူတတ်မယ်ဆိုရင် … သင်ခန်းစာတွေသာ ဖြစ်သည်။ ကျွန်တော့် ကျေးဇူးတော်ရှင် ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ ဆိုဆုံးမ စကားကို ပြန်သတိရမိသည်။ “အဖြစ်အပျက်တိုင်းဟာ … အတွေ့အကြုံ၊ […]


alinsettJune 6, 20153min2318
  .မှော်ဆရာရေ… .စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ .ဝိညာဉ်ကို ကော်နဲ့ ကပ်ပြီး .လူဖြစ်အောင်… ငါ အသက်သွင်းဖူးတယ်။       .မီးခြစ်ကျောက်ကို .လက်သည်းနဲ့ ပွင့်ထွက်အောင် တောက် .မီးတောက်ကို ခါးကလိမ်ချိုး .စီးကရက် သောက်ရင်း… သူ ချောင်းဆိုးဖူးတယ်။       .သူ့ခြေထောက်အတွက် .သူ့ဖိနပ်အတွက် .မြေပြင် သက်ခင်းပေးစရာမလို။ .“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”       .သံအိပ်မက်ကြီးနဲ့ .ပင်လယ်ရေပွက်ထဲက …ည… .အားလုံးကို သူ …အပိုင်ရတယ်…။     .ပထမတော့… .“လ”ကို ခိုစီး .ကောင်းကင်ကြီးနဲ့ တွဲက .စက္ကူဂစ်တာတစ်လက်ပိုက်ပြီး .ပျော်လိုက်ရတာ … ။     […]


alinsettJune 4, 20153min2438
  မင်္ဂလာပါ ။ အပါတ်စဉ် ကောက်နှုတ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (အောင်ဇေမီဒီယာ)ကနေ အခုတစ်ပါတ် တင်ပြမယ့် သတင်းတွေကတော့ … အမေရိကန် အပါအဝင် နိုင်ငံတကာမှ ဂီတပညာရှင်များ လာရောက်ဖျော်ဖြေမယ့် မြန်မာဂီတပွဲတော်တစ်ခု ကျင်းပမယ့်သတင်း၊ ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်ထဲက ကျေးရွာတစ်ရွာထဲက အိမ်ခြေ ၁ဝဝ ကျော်ကို  ရဲတပ်ဖွဲ့ဝင် အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့သတင်း၊ တရုတ်ပြည် လွတ်မြောက်ရေး တပ်မတော်က မြန်မာနယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လိုက်တဲ့ သတင်း၊ စာရေးဆရာ ထင်လင်ဦးကို ဘာသာ-သာသနာ ညှိုနွမ်းစေမှုဆိုတဲ့ ပုဒ်မနဲ့ တရားစွဲဆို ထောင်ချလိုက်တဲ့သတင်း၊ မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေအရေးနဲ့ US သမ္မတ အိုဘားမားရဲ့ တိုက်တွန်းဝေဖန်ချက်များ ၊ လှေစီ ဒုက္ခသည်များရဲ့ နောက်ဆုံးရ […]


alinsettMay 30, 20151min5348
                  လိုက်ခဲ့ကြမလား ?? စိုစွတ်ခြင်းလည်း မဟုတ် ခြောက်သွေ့ခြင်းလည်း မမည်သော သစ်တောအုပ်ကလေးထဲ ကျွန်တော် သွားပါမည်။ စိမ်းစိုလတ်ဆတ်သော သစ်ပင်ကြီးများ၏အောက်မှာ သစ်တောလမ်းကလေး ကွေ့ကောက်ကောက်က တစ်ယောက်ယောက် လျှောက်နင်းလာဖို့ အမြဲတစေ ခွင့်ပြုနေသည့်ဟန်. . . ထို့အပြင် ဤတောအုပ်ထဲသို့ စတင်ဝင်ရောက်လိုက်သည်နှင့် ပထမဆုံး ခံစားမိနိုင်သည့်အချက်မှာ ”ဤနယ်မြေသည် ဘာမဆို ဖြစ်ပျက်သွားနိုင်သော နယ်မြေဖြစ်သည်” ဆိုတဲ့ခံစားမှု။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မွန်းကျပ်ပိတ်လှောင်နေသော ထိုထိုဤဤ မြို့ပြ လွှမ်းခြုံမှုအောက်မှနေ၍ ဆောက်တည်ရာမဲ့ ပြေးထွက်ချင်မိသူတွေပဲ မဟုတ်လား။ ပြေးလာသူမှန်သမျှကို ဆီးကြိုလင့်မည့် ဆိုင်းဘုတ်မရှိသော်လည်း ဤသစ်တောကလေးသည် လာသူတွေကို ဖိတ်ခေါ်ကြိုဆိုနေသယောင် ဖြစ်သည်။ တခါတရံမကသော […]


alinsettMay 28, 20154min25812
အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်… အောင်ဇေမီဒီယာကနေ … ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….   မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုလိုက်ပြီဆိုတဲ့သတင်း၊   US တဝန်းရှိ ပြည်နယ်များစွာ အတွင်းမှာ အစာအဆိပ် သင့်စေတဲ့ ဘက်တီးရီးယားပိုးတစ်မျိုး ကူးစက် ပျံ့ပွားနေတဲ့သတင်း ၊   ၈၈ မျိုးဆက်အဖွဲ့အစည်းနဲ့ NLD တို့ ပူးတွဲပြီး ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး ကြေညာစာတမ်းအကြောင်း၊   ကချင်ဒုက္ခသည်စခန်းတွေဆီက ပညာသင်ကြားဖို့ လိုအပ်နေတဲ့  ကျောင်းသားများနဲ့ ဆရာ/ဆရာမများရဲ့ အရေးကိစ္စ သတင်းများ၊   .မြန်မာစစ်တပ်က သိမ်းဆည်းထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့                         မိမိကိုယ်ကို မီးရှို့ပြီး ဆန္ဒပြတဲ့ တောင်သူဦးကြီးတစ်ယောက်ရဲ့ တုန်လှုပ်ဖွယ်ရာသတင်း၊   […]


alinsettMay 21, 20153min2476
အလင်းခြုံတဲ့ သတင်း Zone (သို့မဟုတ်) အောင်ဇေမီဒီယာကနေ ယခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …     စိုးရိမ်စရာကောင်းလောက်အောင် ရေခန်းခြောက်ခဲ့တဲ့ အင်းလေးကန်ရဲ့ လက်ရှိ အခြေအနေသတင်း ၊ ကပ္ပလီပင်လယ်ပြင်အတွင်းမှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေးအတွက် မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ US နိုင်ငံခြားရေး ဝန်ကြီးရဲ့ သတင်း၊ ၂၀၁၅ နှစ်ဆန်းပိုင်းကစပြီး အာဏာပိုင်တွေဘက်က ကန့်သတ် ချုပ်ချယ်မှုများ၊ စောင့်ကြည့် ဖိအားပေးမှုများကို ခံနေရတယ်ဆိုတဲ့ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ သတင်း ၊ တိုင်းပြည် ငြိမ်းချမ်းဖို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခဏကျင်းပဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုများ၊ တရုတ် Bank တစ်ခုကနေ US […]


alinsettMay 18, 20153min1776
.နေမဝင်အင်ပါယာလို ကြီးကျယ်ခမ်းနားသည့် နယ်မြေကြီးတစ်ခုကို ရင်ဘတ်ထဲ ထည့်ထားသည်ဆိုလျှင် ပိုလွန်းသည်ဟု စွပ်စွဲကြလိမ့်မည်။ နားမလည်နိုင်ဘူးဟု အများစု မှတ်ချက်ပြု ကြကုန်သော ကဗျာတို့၏ ဖြစ်တည်မှုအစ ဝါဒအချို့ကို ကိုယ် နှစ်သက်စွာလက်ခံ ကိုင်စွဲထားခြင်းကိုက နေမဝင်အင်ပါယာကြီးတစ်ခု ရင်ဘတ်ထဲ ထည့်ထားသည်ဟုပဲ ဆိုကြပါစို့။ နားမလည်နိုင်သော ကဗျာများ(ထို့အပြင် စာများ/စကားလုံးများ) ကိုယ် ရေးသည့်အခါတိုင်း ဘာတွေမှန်းလဲ မသိဘူးဟု စိတ်ရှုပ်စွာ ညည်းညူ ပြသူများကို မြင်တိုင်း စကား ပုံပမာ နှိုင်းဆဖန်တီးမှုတို့ ကိုယ် ပြုချင်သည်။ (ဤလက်သည်းကွင်းထဲမှ စာပိုဒ်အား ကိုယ့်ဘာသာ ပြန် ဖတ်ကြည့်ချိန်မှာပင် အလွန်တရာမှ ချဉ်တူးခါးလှသဖြင့် ဖြတ်ပစ်လိုက်ပြီး ဤ မှတ်ချက်အား အစားထိုး ထည့်လိုက်ပါသည်။) ဒါပေမဲ့ ကိုယ်ကတော့ အသံမကောင်းချေ။ ကိုယ့် အသံ ခပ်ညံ့ညံ့ဖြင့် […]


alinsettMay 16, 20151min39724
                          သေလိုက်ပါတော့ အဘတို့ရယ်… ————————————- မပြောချင်ပေမဲ့ ပြောရတော့မှာပဲ… ကျုပ်ဆိုတဲ့အကောင်က ဟိုဒင်းလမ်းကြောင်းမှာ ဟိုဒင်းခံနေတယ်ဆိုသလိုပဲ… ။ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုလား… အဲ… အဲ့ဒီထဲက လူလိုပဲလို့  ပြောတာပါ။ လက္ခဏာတွေ ဗေဒင်တွေကို အယုံအကြည်နည်းသူဆိုပေမယ့်… အချစ်ရေးနဲ့ ပတ်သက်လာရင်… တလွဲလွဲတချော်ချော်နဲ့မို့..  မကြာခဏ ကိုယ့်လက်ဖဝါးကိုယ် ပြန် ပြန် ကြည့်မိတယ်။ ကျုပ်လက်ဖဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းကို ကြည့်တော့ … ကျွန်းတင် မဟုတ်… ဖြတ်မျဉ်းတွေရော… ဂငယ်ကွေ့တွေရော…ကြက်ခြေခက်တွေရော… မွစာကိုတက်လို့… ဆိုတော့ …အဲဒီ လက္ခဏာလမ်းကြောင်း နိမိတ်တွေကပဲ မှန်သလား.. ကျုပ်ဆိုတဲ့အကောင်ကပဲ… တခုခုမှားနေလေသလား […]


alinsettMay 14, 20152min40314
အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ်) အောင်ဇေမီဒီယာကနေ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့ …    ရွှေတိဂုံ ကယ်တင်ရေး ဖိုရမ်တခုကို ရန်ကုန်မှာ ပြုလုပ်သွားမယ် ဆိုတဲ့သတင်း ၊  ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆) ယောက်ကို ဖမ်းဆီးလိုက်တဲ့သတင်း ၊  အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် ထိန်းသိမ်းထားသူ ၂ ယောက်ကို စစ်ဘက်တရားရုံးကနေ တရားသေ လွတ်ပေးလိုက်တဲ့သတင်း ၊  လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနား ကျင်းပတဲ့သတင်းနဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့ ပညာရေး ဝန်ကြီးဌာနကို တရားစွဲဆိုမယ်ဆိုတဲ့ ကျောင်းသားသပိတ်ဆိုင်ရာ နောက်ဆက်တွဲသတင်းများ၊  […]


alinsettMay 11, 20152min17210
”ကျွန်တော်နှင့် အရက်ဆိုင်အို” >>>>>>>>>>>>>>>>>>>>>>>>> လူသွားလူလာထူတဲ့ လမ်းကလေးရဲ့နံဘေး. . . မထင်မရှား အရက်ဆိုင်အိုကလေးထဲ. . . ကိုယ်. . .ထိုင်လို့တွေးမိတယ်… ”မနက်ဖြန်”တွေဟာ ”စားကြွင်းစားကျန်တွေ”နဲ့သာ စခန်းသွားရိုး ထုံးစံကြီးနဲ့လား…လို့. . .။ >>>>>>>>>>>> အလင်းဆက်@မောင်သူရ            


alinsettMay 7, 20153min22112
အပါတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို ့မဟုတ်) အောင်ဇေမီဒီယာရဲ့ ဒီတစ်ပါတ် သတင်းကဏ္ဍကနေ တင်ပြပေးသွားမယ့် သတင်းတွေကတော့…      ဘာသာရေး လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်နဲ့ မြန်မာ့အခြေအနေသတင်း ၊    မြန်မာပြည်ရဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးရေးအတွက် ကနေဒါနိုင်ငံက ဒေါ်လာ ခြောက်သိန်းနီးပါး ကူညီပေးအပ်တဲ့သတင်း၊    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းပြောကြားလိုက်တဲ့ သတင်းအချက်အလက်များ၊    သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့သတင်းများ၊  ဒေသခံပြည်သူ ရ […]