amatminOctober 20, 20111min36028
  ကျွန်တော့်မှာ.မန်းဂေဇတ်ကိုဝင်ဖတ်ဖြစ်နေတာအတော်ကြာခဲ့ပေါ့.. ကိုယ်တိုင်ပို့စ်တခုလောက်ရေးချင်ပေမဲ့ ဘယ်လိုသီကုံးရမှန်းလည်းမသိ အကြမ်းလေးရေးလိုက် ပြန်ဖျက်လိုက်နဲ့ ရွာထဲမှာ. နေဖို့ကြိုးစားရင်းရွာလည်နေတာလူမသိသူမသိ.ခဏပေါင်းများစွာ ဒီလိုနေရင်းနဲ့ဘဲဟိုလူဒီလူတွေရေးတဲ့ ကောင်းနိုးရာရာလေးတွေကိုပဲ. အခါအားလျော်စွာဝင်မန့်နေရတာ အကြိမ်ရေမနည်းတော့.. ဟောအခုတော့အကြောင်းများတိုက်ဆိုင်ချင်တော့လည်း ကိုယ်တိုင်တွေ့ကြုံခံစားရတာမဟုတ်ပေမဲ့. ကိုယ်လက်ချက်ပယောဂကြောင့်သူတပါးမှာဒုက္ခရောက်ရပုံ လေးကိုအခွင့် ကြုံတုန်းပြန်ပြောပါရစေဗျာ.. အဖြစ်ကတော့ ဒီလိုဗျ..သိကြတဲ့အတိုင်းပဲ မြို့ပြများမှာရှိတဲ့ အိမ်တွေရဲ့ထုံးစံအတိုင်း ကျွန်တော်တို့အိမ်မလဲတိုလီမိုနီ ပေါင်းစုံတွေက ခပ်ရှုပ်ရှုပ်ပဲဗျ.ဟိုနေရာရှုပ်ပွ ဒီနေရာမသပ်မယပ်ပေါ့လေ။ ဒီလိုရှုပ်ထွေးနေလို့လဲ အခုကျွန်တော့်ရင်ထဲ တနုံနုံခံစားနေရမဲ့ အဖြစ်အပျက်ကိုမွေးဖွားစေမဲ့ အကောင်တွေအကြိုက်ဖြစ်လာတော့တာပဲဗျာ..ဒီကောင်တွေက အိမ်ကိုစရောက်လာခါစတော့ ပုန်းရှိုးကွယ်ရှိုးနဲ့ ဟိုချောင်ကပ်ဒီချောင်ခိုလေးနေတာပဲ..ဒီလိုနေ နေရင်းနဲ့ပဲ ရက်ကလေးအတော်ကြာလာလို့ အိမ်ရှင်ဖြစ်တဲ့ကိုယ်တွေအိမ်သားတွေက ဖာသိဘာသာနဲ့မသိသလိုနေတတ် ကြတာကို ဒင်းတို့က အခွင့်အရေးအပြည့်ယူတော့တာပဲဗျို့.တော်ရုံတန်ရုံသွားလာနေကြ ရင်ဖြင့် သူတို့ကိုအခုချိန်တိုင်အောင်အပြစ်မြင်မှာမဟုတ်သေးပါဘူး. ခုတော့အိမ်ဘုရားခန်းဆို သူတို့မွှေနှောက်ထားတာများကစားကွင်းအလားပဲ.ပြီးတော့လည်းဆွမ်းတော်လေးများမတင်ထားနဲ့ အိမ်ကလူတွေမစားမှီ.သူတို့သမပြီးသား..ဒါတင်မကသေးဘူး ဘုရားပန်းတွေများချိုးဖျက်ပြီးဆော့ချင် ဆော့ထားသေးတာဗျ ။ ဒါတွေကို ဒင်းတို့လုပ်နေလည်း ဪ နေကြပါစေ သူတို့လေးတွေရဲ့သဘာဝဆိုပြီးတအိမ်သားလုံးက သည်းခံကြပါတယ်.. အဲဒီမှာတင် သကောင့်သားတွေက […]