. ရှေးရှေးက ယောက်ကျားလေး တွေဟာ မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို ရဖို့ အတွက် ၃ နှစ် ၃ မိုး စောင့်ခဲ့ရပါ သတဲ့။ ကျနော့် အဖို့မှာတော့ သူ့အချစ်ကို ရဖို့အတွက် ၃ နှစ်ထိ မစောင့်ခဲ့ရတာ ကံကောင်းလို့ပေါ့။ အပျိုကြီးပဲ လုပ်တော့မယ် တကဲကဲ ဖြစ်နေတဲ့ သူ့ကို “ဘုရင့်နောင်ရဲ့ ဖောင်ဖျက် ဗျူဟာ” နဲ့ သူ့အချစ်ကို ရယူနိုင်ခဲ့တယ်။ သူ အဖြေ ပေးခဲ့နေ့ တစ်နည်းအားဖြင့် သူနဲ့ ချစ်သူ စဖြစ်တဲ့ နေ့ဟာ 22 July 2013။ ဒီနေ့ 22 July 2016 ဆိုတော့ ချစ်သူ သက်တမ်းဟာ ၃ နှစ် […]


အချစ် ဆိုတာ မိုးကောင်းကင်ကြီး လိုပါပဲ …။ နေ ပူတယ် …။ နှင်း ကျတယ် …။ မိုး ရွာတယ် …။ တစ်ခါတစ်ခါ တိမ်တိုက်တွေ နေကို ကွယ်လို့ မိုးကလည်း အုံ့တတ်ပါသေးတယ်။ တိမ်တွေကို အရောင်ခြယ်လို့ လှပစေတဲ့ အခါတွေလည်း ရှိတယ်။ တိမ်မည်းတွေနဲ့ ကြောက်စရာအသွင် ဖန်ဆင်းလို့ ခြောက်လှန့် အသံပေးတဲ့ အခါတွေလည်း ရှိတယ်။ ဘာပဲပြောပြော သူဟာ ကျယ်ပြန့်တယ် နက်ရှိုင်းတယ် သူ့ရင်ခွင်ကြား အားလုံးကို ထွေးပိုက်လို့ ထားတယ်။ + + + + + သူ့ဆီက နေရောင်တွေ ဖြာကျတဲ့အခါ ပျော်ကြတဲ့သူတွေ ပျော်ကြတယ်။ စိတ်ဆိုးတဲ့သူတွေ ဆိုးကြတယ်။ သူ့ဆီက နှင်းစက်တွေနဲ့ ဖြန်းပက်လိုက်တဲ့ […]


တစ်ခုသော နွေအကုန်၊ မိုးအကူး ကာလတစ်ခုတွင် မိုးကြီး သည်းထန်စွာ ရွာသွန်းလျက် ရှိနေ၏။ လျှပ်စီးများ တဝင်းဝင်း၊ မိုးခြိမ်းသံများ တဂျုန်းဂျုန်းနှင့် ကြောက်မက်ဖွယ် ရွာသွန်းလျက် ရှိနေသည့် မိုးကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း နေ့ခင်း ချိန်ခါပင် ဖြစ်လင့်ကစား မည်းမည်း မှောင်လျက်သာ ရှိနေချေ၏။   မိုးနှင့်အတူ လေပြင်းများလည်း တိုက်ခတ်လေ၏။ မိုးဒဏ်၊ လေဒဏ်အောက်တွင် သစ်ပင် များသည်လည်း ယိမ်းထိုးလျက် ရှိချေ၏။ ထိုသစ်ပင်များ ထဲတွင် နတ်ရွာ သင်္ချိုင်းကုန်းမှ မန်ကျည်းပင်ကြီး ၃ ပင်လည်း ပါဝင်လေသည်။   ထိုမန်ကျည်းပင်ကြီး ၃ ပင်သည် မိုးလေအောက်တွင် လှုပ်ခါ ရမ်းနေ၏။ အမှောင်ထု ကြီးစိုးထားသော ပတ်ဝန်းကျင် အောက်တွင် လျှပ်စီး တစ်ချက်တစ်ချက် […]


ကခဂဃင – uc*Ci စဆဇဈည – pqZpsn တထဒဓန – wx'”e ယရလဝသ – ,&v<o ဟဠအ – [Vt မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ – မောင်ခင်မင် (ဓနုဖြူ) ——————-       ————————-       ————————       ———————– ……………. Gmail ထဲပါတဲ့ Burma- English ကို ကလိကြည့်​​တော့ ​ရွှေပွဲလာ ပရိသတ်​​တွေရဲ့ နာမည်​က ​ဟောဂလို ထွက်​လာပါသတဲ့ဗျား။ ဒါဘာဘဲ။။။။။။


========================   ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ … “တစ်နှစ် တစ်နှစ် ဆိုတာ ဖင်လှည့် ခေါင်းလှည့်နဲ့ ကုန်သွားတာပဲ” …. တဲ့။ အဟုတ်ပါပဲ …။ အခုလည်း …. ခရစ်သက္ကရာဇ်ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာ ကိုတောင်မှ ရောက်လို့ လာခဲ့ပါပြီ။ ဒီဇင်ဘာ ပြီးသွားရင် “2014” မှသည် “2015” ဆီကို ရောက်လို့ သွားပါတော့မည်။ ဒီသက္ကရာဇ်တွေ ပြောင်းလဲသွားသည်နှင့်အမျှ အိုမင်းခြင်း၊ သေဆုံးခြင်း နယ်ပယ်အတွင်း တစ်စထက် တစ်စ ရောက်ရှိလို့ လာခဲ့ပြီ။ အင်း ….. မဖြစ်သေးပါဘူး …. မအိုခင်၊ မသေခင် … မိန်းမလေးတော့ဖြင့် ယူဖူးတယ် […]


“နား” ဆိုတော့ ဘယ်လို “နား” လဲ ဆိုတော့ကာ … “နားနားနေနေ” ဆိုတဲ့ နားကို ဆိုလိုတာ မဟုတ်ပါဘူး။ “ဟိုနားဒီနား” ဆိုတဲ့ နေရာဒေသပြ နားကိုလည်း ဆိုလိုတာ မဟုတ်ပါဘူး။ ကျုပ်တို့ ခန္ဓာကိုယ် အထက်ပိုင်းမှာ ဟိုဘက်ဒီဘက် နှစ်ဘက်ညှပ်ပြီး ပါနေတဲ့ နားကို ဆိုလိုတာပါ။ အင်္ဂလိပ်လို “Ear” ၊ မြန်မာလို “နား” … အဲ့ဒါ .. အဲ့ဒါ ….။ ဒီ “နား” ဟာ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတာတော့ ပြောဖို့လိုပါဘူးနော့။ ငှက်ငယ်လေးတွေရဲ့ ကျလိ ကျလိ အော်မြည်သံလေးတွေကို ဒီနားရှိမှ ကြားနိုင်တယ် ခင်ဗျ။ အချစ်ဆုံးလေးတွေရဲ့ ပုကျိ ပုကျိ အသံလေးတွေကိုလည်း ဒီနားရှိမှ […]


– – – – – ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ   တစ်နေ့သ၌ ကုန်းရွာ မည်သော ကျေးတောရွာငယ်လေးအတွင်း သတင်းတစ်ပုဒ်သည် ကျော်ကြားပျံ့နှံ့လျက် ရှိလေသည်။ ထိုသတင်းမှာကား “မျောက်တစ္ဆေ” […]


% % % % % % % % % % % %   ဟိုးတလောက ရွာထဲက လူအချို့ကို အချစ်အကြောင်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။ အဲ့ဒါလေး … အမှတ်တရ အနေနဲ့ တင်လိုက်ပါတယ်။       ကိုကိုအံ – ဟက်လို၊ ဒက်တီတိုက်၊ နေကောင်းတယ်နော်။ သမီးလေးလည်း အရွယ် ရောက်လာပြီးနော် .. ဟဲဟဲ …။ ရွှေတိုက်စိုး – ငါ့ သမီး အရွယ်ရောက်လာတော့ နင် ရဖို့ နီးစပ်လာပြီပေါ့ သားသားအံ ရယ်။ ကိုကိုအံ – ဒါတွေကြောင့် ဒက်ဒီကို ချစ်ရတာပဲ။ ဒါနဲ့ စကားမစပ် … တစ်ခုလောက် မေးချင်တယ် […]


ဘာရယ် မဟုတ် … ဖွတာ … ဖွတာ …. ဥကျောက်စ်နဲ့ ဥဆာ တို့ ပေးအပ်ထားတဲ့ …. ဒွန်ကင်း ဘွဲ့တော်ရ မြန်မာ့ဂွဇက် လက်ပေါက်ကပ် လူ့ဘုကလန့် သဂျီးဥခိုင် ရဲ့ ငယ်ကျိုးငယ်နာတွေကို ယနေ့ မထင်မှတ်ဘဲ ရှာတွေ့လိုက်တာကို ခညားတို့ကို ပြန်ဖွ … ပြန်ပြဂျင်လွန်းလို့ပါ …. ဒီမှာ အရပ်ကတို့ရဲ့ …. ခင်ဗျားတို့ …. ဟိုးဟိုး … ဟိုးတလောက သဇင်ရဲ့ ဟိုလိုဒီလို ဗွီဒီယိုဖိုင်တွေ အင်တာနက် တစ်ခွင်ပြဲပြဲစင်အောင် ကျော်ကြားခဲ့တယ်ဆိုတာ ကြားဖူးခဲ့မှာပေါ့ … အချို့ဆို ကြည့်လည်း ကြည့်ဖူးခဲ့ကြမှာပေါ့နော် … ကျော်ကတော့ ကြားပဲ ကြားခဲ့ဖူးဒါ … :mrgreenn:   ရှာဖွေတွေ့ရှိမှုများ […]


ကျနော့်တွင် အနီရောင် ပုဆိုးတစ်ကွင်း ရှိသည်။ ထိုပုဆိုးမှာ ကရင်ပုဆိုး ဖြစ်ခြင်းကြောင့် ကန့်လန့်ဖြတ် လိုင်းများ၏ အလယ်တွင် အနီရောင် လိုင်းကြီး ပါရှိသည်။ ပုဆိုး၏ အနံမှာ တိုပါသည်။ ပုဆိုးဟု ဆိုလျင် ခပ်တိုတိုသာ ဝတ်တတ်သော ကျနော်နှင့် ကွက်တိပင် ဖြစ်နေပါတော့သည်။ ကျနော်သည် ထိုပုဆိုးကို အလွန် နှစ်သက်ပါသည်။ သို့ရာတွင် ထူထဲခြင်း မရှိဘဲ ပုဆိုးပါး တစ်ခုသာ ဖြစ်သောကြောင့် နေရောင် တောက်ပသော နေ့ခင်းအခါများတွင် လူကြားသူကြား ဝတ်မသွားရဲပါ။ ထို့ကြောင့် အိမ်နေရင်းသာ ဝတ်ဆင်ပါသည်။ တစ်ခါတစ်ရံ မိုးကလေး အုံ့တုံ့တုံ့ ရှိပြီး ကျနော်ကိုယ်တိုင်လည်း အတန်ငယ် စိတ်ရူးပေါက်နေသည့် အချိန်များတွင်မူ ဟိုနားဒီနား သွားလာသည့်အခါ ဝတ်ဆင် တတ်ပါသည်။ သို့ရာတွင် ပုဆိုးမှာ […]


– – – – – ================================ ဒီပို့စ်ကို ပြုစုနေရင်းနဲ့ Button လေးတွေကို စမ်းပြီး ကလိကြည့်မိသဗျ။ မဆိုးဘူးဘဲ။ လှတော့ လှသား။ နမူနာ – [button]Test Button[/button] အထက်က နမူနာထဲကလို Button လေးကို ကိုယ့်စ်ပို့ထဲမှာ ထည့်ချင်ရင် လွယ်သဗျ။ ဒီလိုလေး ရေးလိုက်ရုံပဲ။       အကယ်၍များ ဒီ Button ကို နှိပ်လိုက်ရင် ရောက်သွားမယ့် လင့်ခ်ကို ထည့်ချင်ရင် အောက်ကလို ထည့်လို့ရတယ်ဗျ။       နမူနာ – [button link=”https://myanmargazette.net”]Test Button[/button]   Button ဆိုပေမယ့်လည်း Button ပုံစံ မဟုတ်ဘဲ […]


  ဟောဗျာ ….။ ဘယ့်နှယ်ဟာကြီးတုန်း ….။ ပုရွက်ဆိတ် ဆိုတာ ပုစိညှောင့်တောင့်လေး ….။ လူဆိုတာက ပုရွက်ဆိတ်နဲ့ ယှဉ်ရင် ဂေါ်ဇီလာ နဲ့ ခြင်နဲ့လောက် ကွာလိမ့်မယ် ထင်တယ်။ ဒါကိုပဲ ပုရွက်ဆိတ်နဲ့ လူ … အတူတူ ဆိုတော့ကာ ??? ဟုတ်ခဲ့ …. ပုရွက်ဆိတ် အကောင်ရေ တစ်သန်းဟာ ဆိုရင် လူတစ်ယောက်နဲ့ ညီမျှပါသတဲ့။ မယုံရင် ပုရွက်ဆိတ်တွေ စုပြီး တိုင်းကြည့်ပေါ့။ ဒီထက် ဆန်းတာကို ပြောရရင်တော့ … ဟောဒီကမ္ဘာကြီးပေါ်မှာ ရှိရှိသမျှ လူသားတွေရဲ့ အလေးချိန်နဲ့ ရှိရှိသမျှ ပုရွက်ဆိတ်တို့ရဲ့ အလေးချိန်ဟာ တူညီပါသတဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ပုရွက်ဆိတ်တွင်း တစ်တွင်း ဆိုရင်တောင် အကောင်တွေက နည်းတာ […]