– – – – – ================================== တစ်နေ့သ၌ ကျွန်ုပ်သည် ရာသီဥတု လွန်စွာ အိုက်စပ်ရကား အိမ်ရှေ့ မန်ကျည်းပင်အောက်တွင် ရှိသော ထိုင်ခိုင်တန်းလျားပေါ်၌ ထိုင်နေရင်းဖြင့် အိုက်စပ်ခြင်း ပြေပျောက်စေရန် အလို့ငှာ ယပ်တောင် တဖျက်ဖျက် ခတ်လျက် ရှိနေစဉ် ကျွန်ုပ်၏ အိမ်ရှေ့တံခါးဝ ဆီသို့ ဆံပင်အား သျှောင်တစ်စောင် ထုံးဖွဲ့ထားပြီး နီညိုရောင် ခပ်နွမ်းနွမ်း အဝတ်အစားများအား ဝတ်ဆင်ထားသည့် အသက် ၆ဝ အရွယ် လူကြီးတစ်ဦးသည် လာရောက် ရပ်တန့်သည်ကို တွေ့ရလေ၏။ ကျွန်ုပ်မှလည်း အလှူခံပေလော ဟူသော အကြည့်ဖြင့် ထိုလူကြီးအား ကြည့်ရှုအကဲခတ်နေစဉ်တွင် ထိုလူကြီးသည် ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ကြေးစည်လေးအား ထုတ်လျက် နောင် .. ဝေ .. […]


– – – – – ========================= ချောင်းနက် မည်သော မြို့မကျ၊ တောမကျ အတန်ငယ် စည်ကားလှသော ကျေးရွာတစ်ရွာတွင် အလှူမင်္ဂလာပွဲများ ကျင်းပပြုလုပ်သည့်အခါ လော်စပီကာ (ဟွမ်း) ကြီးနှစ်လုံးသည် မပါမပြီး ဖြစ်လေသည်။  အလှူပွဲများ ဖြစ်သည်နှင့် ထိုထိုသော အလှူပွဲများ၏ မဏ္ဍပ်ထိပ်တွင် နေရာယူထားသည်မှာ ဤလော်စပီကာကြီး နှစ်လုံးပင် ဖြစ်လေသည်။ တစ်ခါတစ်ရံ အလှူပွဲနှစ်ခု တိုက်ဆိုင်သော အခါများတွင်မူ အဆိုပါ လော်စပီကာကြီး နှစ်လုံး ငှားရမ်းနိုင်သော အလှူရှင်မှာ ပို၍ ဂုဏ်ယူနေသကဲ့သို့ ယင်းအလှူမှာလည်း စည်ကားသော အလှူတစ်ခု ဖြစ်နေတတ်ပေသည်။ လော်စပီကြီးများ မငှားနိုင်သည့် အလှူမှာမူ မည်သို့သော လူမျိုးမှ ပြုလုပ်သည့် အလှူဖြစ်ပါစေ၊ ယင်းအလှူတွင် ခြောက်တိခြောက်ကပ် ဖြစ်၍ နေတတ်သကဲ့သို့ […]


– – – – – ==================================== ဘယ်သူတွေ ဘယ်လောက်ဖြုန်းဖြုန်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို မဲပြာပုဆိုးလို ဖြစ်စေခဲ့သူတွေကပဲ သရဲနီဟန်ပန် နဲ့ တပွဲစီမှန်မှန် ချီတက်မှာလား။ ဒါမှမဟုတ်… ချီလီသား အင်ဂျင်နီယာရဲ့ အညှိုးအနာတထောင်နဲ့ မိုးပြာရောင်တွေကများ ဂိုးဆာလောင်နေကြမလား။ ဘောလုံးရာသီ မစသေးပေမဲ့ မော်ရင်ဟိုကို မြင်ရုံနဲ့ ပျော်ချင်သလိုလို ရင်ခုန်ခဲ့ပြီ။ မယိုင်မလဲ ခြင်္သေ့ပြာများ နိုင်ပွဲ အစဉ်တွေ့မှာလား။ ဝယ်ပါတော့ကွယ်… ဖလားလက်မဲ့ဘဝနဲ့ တအားရှက်ခဲ့ရတာ များပြီမို့ အမြောက်တပ်သား အာဆင်နယ် တွေကို တခေါက်ထပ်မမှားဖို့ မှာချင်တယ်။ စပါးဆိုတဲ့ ဖျက်မြင်း၊ ဘေးလ်း ဆက်မနေရင်လည်း အသက်ပြင်းပါစေ။ ဆော်လဒ်ဒိုးရဲ့ ခြေစွမ်းနဲ့ ပြိုင်ဘက်တွေကို မြွေဖမ်းပြီး ဝှိုက်ဟတ်လိန်းမှာ လိုက်အမှတ်သိမ်းနိုင်ပါစေ။ မသွားပါနဲ့ ဆွာရက်ဇ်ရေ ပြီးတော့ […]


– – – – – ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ============================ ဘာရယ် မီဟုတ်ဘာဝူးးး ဂနေ့ .. မိုးအေးအေးနဲ့ ပျင်းစ်လို့ တင်လိုက်ဒါ …. ပေါဂျင်ဒါ ပေါတွားဂျဂျာ .. ဒီဒေါ့ဂါ .. ဒါဘာဗျဲစ် ……….။ ============================


– – – – – ============================ အန်တီဘုမ်မာ ကတော့ ပြောပြောတတ်တယ်။ ဖတ်ရွေး ဆိုတာ “ဂျီးဒေါ် နွားကျောင်းတဲ့ အလုပ်” ပါတဲ့ …..။ ဂျီးဒေါ် နွားကို ကျောင်း ပေးရတယ် ဆိုတော့ နွားကျောင်းခ မရ။ အခန့်မသင့်ရင် အဆူအဆဲပါ ခံရနိုင်ကိန်း ရှိသေးတယ်။ ကိုယ့်ဂျီးဒေါ်ရဲ့ နွားဆိုတော့ အမျိုးတွေမို့ ဖရီး ကျောင်းပေးရတယ်။ ဂျီးဒေါ် ကောင်းစားရေးအတွက် ကိုယ်က အလကား လုပ်ပေးနေရတာ။ အခုလည်း မန်းဂဇက် က ဖတ်/ရွေး ဆိုတာလည်း ဒီလိုပါပဲ ….. တဲ့ …။ ဒါ …. တား ပေါဒါ မီဟုတ်ဝူးနော်။ သူ .. သူ .. […]


– – – – – ==================================   ကကြီးဆို ကာရာအိုကေနဲ့ ကေတီဗွီပဲ သိတယ်။ ကာရန် နံဘေတွေနဲ့ ချစ်ကလေးတွေ အတွက် ကဗျာတွေလည်း စပ်ထားတယ်။ “……… ကိေလသာ မကင်းတဲ့ လူသားပေမို့ ဆံဖြူသွားကျိုးလည်း နှလုံးသားထဲက အချစ်တွေကတော့ လတ်ဆတ်နေဆဲကွယ်။ ကီလိုမီတာနဲ့ တိုင်းတိုင်း၊ ပေတွေ မိုင်တွေနဲ့ပဲ တိုင်းတိုင်း ကိုကိုရဲ့ အချစ်တွေကတော့ မီးလေးတွေအပေါ်မှာ အတိုင်းအဆ မရှိပါပဲရယ်။ ကုရာနတ္ထိ ဆေးမရှိ ဆိုပေမယ့် မီးလေးတွေသာ ဘေးနားမှာ ရှိရင်လေ ကိုကို အတွက် ဆေး ဆိုတာ မလိုတော့ပါဘူးကွယ်။ ကူေဖးသူ မရှိတဲ့ ကိုကိုရဲ့ ဘဝမှာလည်း မီးလေးတွေဟာ ကိုကိုရဲ့ အသက်တွေပါပဲလို့ ဆိုချင်တော့တယ်။ ……….” […]


– – – – – ============================== ============================== မြန်မာလို “ထီး” …။ အင်းဂလိ လို “Umbrella” ….။ (မှတ်ချက် ။ ။ ကာရန် မလိုက်ရ။) မြန်မာမှု မှာတော့ဖြင့် “ထီး” ကို ဒီလို ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ “……. ထီးသည် နေပူသည့်အခါ အပူမှကာကွယ်ရန်၊ မိုးရွာသည့်အခါ စွတ်စိုခြင်းမှ ကာကွယ်ရန်၊ ဦးခေါင်းထက်တွင် အုပ်မိုးရသော လူ့အသုံးအဆောင်ပစ္စည်း ဖြစ်သည်။ …….” Source : http://my.wikipedia.org/wiki/ထီး ============== အင်္ဂလိပ်လို “Umbrella” ဆိုတဲ့ စကားကတော့ ဒီလို ရှိပါတယ်။ Umbrella (ထီး) ဆိုတဲ့ စကားလုံးဟာ ဘယ်ကနေ ဆင်းသက်လာသလဲ ဆိုရင် […]


– – – – – =============================== အခု ၂၀၁၃ ခုနှစ်ရဲ့ ဩဂုတ်/ဂတ်စ် ကို ရောက်လို့ လာခဲ့ပါပြီ။ အခု ဩဂုတ်/ဂတ်စ် ဆိုတော့ ပြီးခဲ့တဲ့ အင်းဂလိ လကို ပြောပါဆိုရင် ဇူလိုင်/ဂျူလိုင် လလို့ ပြောလို့ ရပါသည်။ အခုများ အချိန်ဟာဆိုရင်ဖြင့် အဲ့ဒီ ဇူလိုင်/ဂျူလိုင် လအတွင်းမှာ မန်းဂဇက် ပေါ် တက်လာသမျှ ပို့စ်တွေထဲကမှ အကောင်းဆုံး မဟုတ် အကြိုက်ဆုံး ဖြစ်တဲ့ ပို့စ် တစ်ပုဒ်ကို ရွေးချယ်ကြတဲ့ အချိန်လို့ ပြောလို့ ရလေမလားပဲ ခင်ဗျ။ ဒီလို ရွေးချယ်လို့ လာခဲ့တာဟာလည်း လများစွာ ကြာခဲ့ပါပြီ။ အစ ကနဦးမှာ ဖတ်/ရွေး လူကြီးများရဲ့ ရွေးချယ်မှု ရလဒ်များ […]


– – – – – ============================== တစ်နေ့သ၌ လွန်စွာ အသား ဖြူသော လူတစ်ယောက်နှင့် လွန်စွာ အသား မည်းသော လူတစ်ယောက် တို့သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လိုတရလမ်းလေးအတွင်း ဖွင့်လှစ်ထားသော လဖက်ရည်ဆိုင်လေး၏ ရှေ့မျက်နှာစာအကျဆုံး စားပွဲဝိုင်းတွင် ထိုင်လျက် ရောက်တတ်ရာရာ စကားများအား ပြောဆိုနေကြသည်ကို တွေ့ရလေ၏။ သူစိမ်းများ အနေဖြင့် ထိုလူနှစ်ယောက် ဤကဲ့သို့ ရင်းနှီးစွာ စကားစမြည် ပြောနေကြသည်ကို တွေ့ရပါမူ အထူးအဆန်း ဖြစ်နေလိမ့်မည် ဖြစ်သော်လည်း သင်္ဃန်းကျွန်း နယ်တစ်ဝိုက်တွင် နေထိုင်သူများ အဖို့မှာမူ အဆိုပါ မြင်ကွင်းမှာ ထူးဆန်းလိမ့်မည် မထင်မိချေ။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ နှစ်ဦးသည် သင်္ဃန်းကျွန်းနယ်တစ်ဝိုက် ဟုန်းဟုန်းတောက် ကျော်ကြားသော “ဘိုးငယ်” […]


– – – – – ================================ New Version ================================ ပို့စ်ရေးသူ၏ စကား ……….အဲ … ခေါင်းစဉ်ကြည့်ပြီး ကြီးကျယ်လိုက်တာလို့ ထင်တော်မမူကြပါနဲ့ …။ ပြောချင်တာက ဘာမှ မဟုတ်ပါဘူး။ ကြားထဲမှာ နှစ်လတာ ဒီလိုပို့စ်မျိုး မလုပ်လိုက်ဘူးလို့ ပြောမလို့ပါ ….. ဟီးးးးးး အခုဟာကလည်း ဟိုလူကြီးကို ကြောက်ရို့ … လုပ်လိုက်ရတာ …..။ အိုက်လူကြီးက ဒီတစ်လ မလုပ်လို့ကတော့ လည်ပင်းညှစ်ပစ်မယ် ဆိုပီး ကြိမ်းထားလို့ …..။ ဘာပဲဖြစ်ဖြစ်ပါ …….။ “ပြီးတော့လည်း ပြီးတာပါပဲ” …. မဟုတ်လားဗျာ။ ………. မဟာရာဇာ အံစာတုံး ================================ ================================ ယနေ့ပို့စ်များ ၁။ ယနေ့ပို့စ် (ဩဂုတ်)၊ […]


– – – – – – –   ================  {မှတ်ချက် ။     ။ ဒီကဗျာကို တင်မို့ လုပ်တုန်း ဂဇက်က ဂွမ်းသွားလေတော့ ဖွဘုတ်မှာ တင်ပလိုက်ဒယ်။ ခု မကျေနပ်ချက်နဲ့ ဒီမှာ တင်ဒယ် …။ ဒါဘာဗျဲစ် ..။} ================ ကျနော့်ဟာ ….. ================ ဒိုင်း .. ဒိုင်း … ဒိုင်း … ဒက် .. ဒက် .. ဒက် … ” မင်း သေပြီမှတ် … “ ငယ်ငယ်က ရက်ဆက် ဆော့ကစားခဲ့တဲ့ ထန်းလက် သေနတ်လေးဟာ … ကျနော့်ဟာ ……။ […]


– – ============================= ============================= ကိုင်း … ကိုင်း … ပွဲ မတက်တဲ့ လူဒွေနဲ့ မမြင်ဖူးတဲ့ လူဒွေ ဒီပုံထဲက ဘယ်သူတွေလဲဆိုတာ ပြောပြမယ် … နားထောင်ဂျ ….။ ညာမှဘယ် ကို သွားမယ်နော် …။ ပထမဆုံး ရှေ့ဆုံးမှာ တစ်ယောက်တည်း ငုတ်တုတ်လူက ကိုအာဂ လို့ ခေါ်ဘာဒယ် ….။ ပြီးရင် … ဟိုးး ညာဖက်ဆုံးက ခရမ်းရောင် အိန်းဂျီနဲ့ အညိုးသမီး ကနေ စပြောမယ် …။ သေဂျာ ကြည့်ဂျ။ ရှေ့တန်း ……. ရေငါး (WaterFish)၊ အန်တီမှီ (Hmee)၊ ကျုပ်ရဲ့ မတော်ရတဲ့ ယောက်ခမ မနိုဗွီ (Novy)၊ အန်တီအိ […]