ashinthusittaDecember 25, 20111min1073
မြတ်စွာဘုရားက ရဟန်းတို့အား “ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးသောအခါ ငါဘုရား ဟောကြားပညတ်တော် မူထားသော `ဓမ္မ-ဝိနယ´ တို့သည် သင်ချစ်သားတို့၏ ဆရာဖြစ်ပေလိမ့်မည်´´ -ဟု ပရိနိဗ္ဗာန်ပြုခါနီးချိန်၌ မိန့်မှာခဲ့သော စကားအရ `ဓမ္မ-ဝိနယ´ သည် ဘုရား`ရှင်၏ကိုယ်စား ဆရာအဖြစ် ကျန်ခဲ့ပေသည်။ ထို့ကြောင့် ဘုရားရှင်၏ တပည့်ရဟန်းတော်တို့သည် ဘုရားရှင်၏ ကိုယ်စားဆရာဖြစ်သည့် ဓမ္မ ဝိနယ ကို မပျောက်မပျက် အစဉ်တည်ရှိနေစေရန်အတွက် ဖြစ်ပေါ်လာသော အကြောင်းတရား အခြေအနေများအရ၊ ရဟန်းသံဃာ အဆက်ဆက်တို့က ယခု ကာလတိုင်အောင် လုံ့လကြီးစွာဖြင့် ကြိုးစားအားထုတ်၍ သင်္ဂါယနာတင်ပွဲကြီး များကျင်းပပြုလုပ်ပြီး၊ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပေသည်။ ပထမသင်္ဂါယနာ။ ။ အရှင်မဟာကဿပသည် ဘုရားရှင် ပရီနိဗ္ဗာန်စံဝင်ချိန်မှာ ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွလာနေစဉ် လမ်းအကြား၌(ဘုရားရှင် ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံပြည်မှာလာသော) သုဘဒ္ဒ အမည်ရှိ […]


ashinthusittaDecember 23, 20111min561
လူတို့သည် များသေားအားဖြင့် နှိမ့်ချခြင်း နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မာန်မာနထောင်လွှားမှု ရှိသော သတ္တဝါများ ဖြစ်ကြသည်။ စိတ်မာန်ကို မနှိမ့်ချခြင်းသည် လူတို့အဖို့ သဘာဝဖြစ်နေပုံပေါ်သည်။ လူတို့သည် သဘာဝအားဖြင့် မိမိတို့၏ အမျိုးမြတ်သည့် မိသားစုများ ဆွေမျိုးများ ကိုယ်ခန္ဓာ ဥပဓိ ရုပ်သွင် အဆင့်မြင့်ပညာရေးကို ရရှိခြင်း ကြီးမားသည့် စည်းစိမ်ဥစ္စာများ အခြားသော အခွင့်သာမှုများ၌ ဂုဏ်ယူဝင့်ကြွား ထောင်လွှားတတ်ကြသည်။ ဘဝဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းများ၌ မိမိတို့၏ အောင်မြင်မှုမှာ ဂုဏ်ယူ ဝင့်ကြွား ထောင်လွှားခြင်းသည် သူတို့၏သဘာဝဖြစ်၏။ သူတို့သည် မိမိတို့၏ မိသားစု အမျိုးအနွယ် စည်းစိမ်ဥစ္စာ လူမှုအဆင့်အတန်း ရာထူး အခြားသော ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အကျိုးကျေးဇူးများ၌ ဘဝင်မြင့် မာန်ထောင်လွှားကြသည်ဖြစ်၍၊ ဘဝဆိုင်ရာ ကောင်းမွန်သည့် အရာများ၌ မိမိတို့လောက် အလွန်ကံမကောင်းကြသော […]


ashinthusittaDecember 19, 20111min532
စိတ်သည်ကမ္ဘာလောထဲရှိ သက်ရှိသတ္တဝါ အားလုံးအတွက် အဓိက အင်္ဂါရပ်တခုဖြစ်၏။မိမိ၏ စိတ်နှလုံးထဲ၌ မှန်ကန်သော ကြံစည်စဉ်းစားမှု ကောင်းသောကြံရွာယ်ချက်များ ထားရှိခြင်းသည် ဘဝ၌ အောင်မြင်မှုအတွက် အလွန်အရေးကြီး၏။အဘယ့်ကြောင့်ဆိုသော် ထိုမှန်ကန်သည့် စိတ်အကြံအစည်က ဘဝ၏ အရွယ်အပိုင်းအခြားအသီးသီးတိုင်း၌ မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် မှန်ကန်သည့်လုပ်ဆောင်မှုသို့ သူ့ကို ပို့ဆောင်ပေးသောကြောင့် ဖြစ်၏။မှန်ကန်သည့်အကြံအစည် မှန်ကန်သည့် လုပ်ဆောင်မှုနှင့်ပြည့်စုံသော ပုဂ္ဂုလ်သည်မိမိစတင် လုပ်ဆောင်သည့် အလုပ်ဟူသမျှ၌ ထုံးစံအားဖြင့် အောင်မြင်တတ်၏။မှန်သောအမြင် မှန်သော အကြံအစည်(အတွေးအခေါ)တို့သည် မိမိ၏ လုပ်ဆောင်မှုဟူသမျှကို အုပ်ချုပ်ထားသင့်သည်။ သူသည် ထိုမှန်သောအမြင်မှန်သောအကြံအစည်များ မရှိခဲ့လျှင်၊ မိမိဘဝ၏ အခွင့်အရေးကေင်းများကိုဧကန်လက်လွတ် ဆုံးရှုံးသွားရမည်ဖြစ်၏။ ကမ္ဘာပေါ်ရှိ ကြီးမြတ်သည့်ပုဂ္ဂုလ်တို့သည် မှန်သည့်အမြင် မှန်သည့်အကြံအစည် တို့က လမ်းလွှန်ပေးခဲ့သည့်ပုဂ္ဂုလ်များဖြစ်ကြ၏။ ဤဂုဏ်များနှင့်ပြည့်စုံသည့် လူတွေအားလုံးတို့သည့်မိမိတို့၏ စိတ်နှလုံးများ၌မြဲမြံသည့် ကြံရွယ်ချက်ကို ထားရှိ၍ မှန်ကန်သည့်လမ်းကြောင်း၌ မိမိတို့၏ ကိုယ်အားဉာဏ်အား-ဇွဲလုံ့လ […]


ashinthusittaDecember 17, 20111min975
သူ၏မယား ကိုယ့်အမိလားသို့ စိတ်မှားထား၍ ပြစ်မှားခြင်းမှ ကင်းဝေးပါစေ ချစ်မိတ်ဆွေ.. သူ၏ဥစ္စာ ရတနာကို ရွှ့မြေအလား စိတ်မှားထား၍ လိုချင်မှုကင်း ပြစ်မှားခြင်းမှ ကင်းဝေးပါစေ ချစ်မိတ်ဆွေ… အခြားသတ္တဝါ မိတ်သဟာကို ကိုယ့်ကိုယ်အလား စိတ်မှားထား၍ ငြှင်းဆဲခြင်းမှ ကင်းဝေးပါစေ ချစ်မိတ်ဆွေ…


ashinthusittaDecember 17, 20111min611
ကိုယ်ကျင့်-စည်းကမ်း ဝိနည်းး ဟူသည် မိမိ၏မိသားစု, အသင်းအဖွဲ့, အမျိုးသားရေး , အိမ်နီးချင်းများ စသည်တို့အား မိမိပြုကျင့်ရမည့် တာဝန်ဝတ္တရားများကို လုပ်ဆောင်ဘို့အတွက် ချမှတ်ထားအပ်သော စည်းကမ်းများ, အမိန့်များကို တိကျစွာ လိုက်နာကျင့်သုံးခြင်းကို ဆိုလိုသည်။ ဝိနည်းထဲပါ အမိန့်များကို လိုက်နာခြင်းသည် ယဉ်ကျေးသည့် အပြုအမူ, ကောင်းသောအကျင့်စရိုက်၏ အမှတ်လက္ခဏာ ဖြစ်၏။ လူကောင်းသူကောင်းတို့၏ တကယ့်အနှစ်သာရသည် ထိုဝိနည်း စည်းကမ်းထဲမှ ထွက်ပေါ်လာသည့် ကောင်းသော အကျင့်စရိုက်, ကောင်းသော အလေ့အထ ဖြစ်၏။ ထို့ကြောင့် ဝိနည်းစည်းကမ်းသည် အိမ်များ ဘုန်းကြီးကျောင်းများ, စာသင်ကျော်ငးများ, အသင်းအဖွဲ့များ၌၎င်း အလွန်အရေးပါလှ၏။ မိဘတို့သည် ထိုဝိနည်းစည်းကမ်းကို မိမိတို့၏ ကလေးများအား အိမ်မှာသင်ကြားပေး၍၊ ဆရာများကလည်း ကောင်းသောဝိနည်းစည်းကမ်းကို ကျောင်းများ၌ သင်ပြပေးသင့်သည်။ ဝိနည်းစည်းကမ်းသည် လာမည့် အနာဝတ်ကာလမှာ […]


ashinthusittaDecember 16, 20111min662
လူမိုက်-လူယုတ်တို့ကို မပေါင်းမသင်း-ရှောင်ကြဉ်ခြင်းသည် ၎င်းတို့ကပြုလုပ်ဖန်တီးသည့် ဘေးအန္တရာယ်တို့မှ လွတ်မြောက်ဘို့အတွက်၎င်း၊ မိမိတို့၏ ဘဝ၌ ကြီးပွားတိုးတက်မှု-စိတ်ချမ်းသာပျော်ရွှင်မှုကို ရရှိဘို့အတွက်၎င်း လူတို့အဘို့ အရေးအကြီးဆုံးဖြစ်၏။ လူမိုက်-လူယုတ် ဟူသည် မကောင်းသည့် အကြံအစည်များကို ကြံစည်သော၊ မကောင်းသည့်စကားများကို ပြောဆိုသော၊ မကောင်းသည့်အလုပ်အမှုများကို ပြုလုပ်သောသူဖြစ်၏။ လောဘ=လိုချင်တပ်မက်ခြင်း, ဒေါသ=မုန်းတီး-ရန်ငြိုးဖွဲ့ခြင်း, မောဟ=မသိ-တွေဝေ-မိုက်မဲခြင်း, ဣဿာ=မနာလို-ဝန်တိုခြင်း, မစ္ဆရိယ=နှမြော-တွန့်တိုခြင်း, အဘိဇ္ဈာ=အလိုရမ္မက်ကြီးခြင်း, ကိုယ်ကြိုးကိုသာကြည့်ခြင်း- စသည့် မကောင်းသည့်တရားဆိုးများရှိသောသူုသည် လူမိုက်-လူယုတ်မည်၏။လူမိုက်သည် အကောင်းနှင့်အဆိုးကို၎င်း,အမှန်နှင့်အမှားကို၎င်း, တရားသည်-မတရားသည်ကို၎င်း, အကြောင်းနှင့်အကျိုးကို၎င်း မသိသူဖြစ်၏။ လူမိုက်သည် စဉ်းစားဆင်ခြင်-မြော်မြင်တတ်သည့်အသိဉာဏ်,ချစ်ခြင်းမေတ္တာ,စိတ်ထားနှလုံးကောင်း,သနားခြင်း ကရုဏာ တရားများကင်းမဲ့၏။ လူမိုက်သည် မိမိကိုယ်ကို အထင်ကြီး၍၊ သူတပါးတို့ကို အထင်သေးတတ်ပြီး၊ ထိုသဘောထားအားလျော်စွာ ပြုကျင့်တတ်၏။ လူမိုက်သည် ကြိုတင်စဉ်းစားဆင်ခြင်-မြော်မြင်ခြင်းမရှိပဲ ပြုလုပ်တတ်၏။ လူမိုက်သည်မိမိ၏ ပစ္စည်းဥစ္စာ, အတတ်ပညာ, တန်ခိုးအာဏာများကို အလွဲသုံးစား ပြုတတ်၏။ လူမိုက်သည် […]


ashinthusittaDecember 13, 20111min8510
လူတိုင်းပိုင်ဆိုင်ထားတဲ့ အဆန်းပြားဆုံးလက်နက်ကတော့ ငွေပေးဝယ်စရာမလိုတဲ့ ငယ်ငယ်ထဲက ပါလာတဲ့ ပါးစပ်သေနပ်ဆိုတဲ့လက်နက်ပါ။ အဲဒီလက်နက်က ရိုးရိုးကျဉ်ဆန်ထည့်ပစ်လို့ မရဘူး စကားလုံးဆိုတဲ့ ကျဉ်ဆန်ပဲ ထည့်ပစ်လို့ ရတယ် အဲဒီ စကားလုံးကျဉ်ဆန်က တော်တော် ထူးခြားတယ် ချစ်ခြင်းကိုလဲ ဖြစ်စေနိုင်သလို မုန်းခြင်းကိုလဲ ဖြစ်စေတယ် မပစ်တတ်ရင် ကိုယ့်ကိုယ်ကိုလဲ ဒုက္ခရောက်စေတယ်။ စကားလုံးကျဉ်ဆန်နဲ့ ပစ်ရင် အပြင်ဒဏ်ရာတွေမရနိုင်ပေမယ့်. စိတ်ဒဏ်ရာကတော့ မသေမချင်းကျန်ခဲ့နိုင်အောင် ပြင်းထန်တယ် လူအချင်းချင်းကိုလဲ ချစ်ခင်အောင် ပစ်နိုင်သလို မုန်းပြီး အချင်းချင်းထသတ်အောင်လဲ ပစ်နို်င်တယ် နိုင်ငံအချင်းချင်းလဲ စစ်ဖြစ်အောင် ပစ်နိုင်တယ် မသုံးတက်ရင် တော်တော်ကို ကြောက်စရာကောင်းပြီး ဆန်းပြားတဲ့ လက်နက်ပါ။ အဲဒီလက်နက်ကတော့ ငွေပေးဝယ်စရာမလို့ပဲနဲ့ကို လူတိုင်းမှာ ရှိနေတာပါ ကောင်းတဲ့ စကားလုံးကျဉ်ဆန်တွေ ပစ်တော့မယ်ဆိုရင် ကိုယ်ပစ်မယ့်ကျဉ်ဆန်က အကောင်းလား အဆိုးလားဆိုတာကို စိတ်ဆိုတဲ့ […]


ashinthusittaDecember 13, 20111min683
ကိုယ်ကြိုက်တာကိုယ်လုပ်ရမယ်ဆိုတော့ ကိုယ်မကြိုက်တာကိုတော့ မလုပ်ကြနဲ့ပေါ့။ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါတုန်းက မုဆိုးဇနီးမောင်နှံရှိတယ်တဲ့။ မုဆိုးကြီးကို သားကောင်တွေမလိုက်အောင် သူ့ရဲ့ ဇနီးက ဘုရားစီလွှတ်ပြီးတရားနာခိုင်းတယ်။ ဇနီးမယားရဲ့စကားဆိုတော့ မုဆိုးကြီးကနားထောင်တာပေါ့ ဘုရားစီသွားပြီးတရားနာတယ် ဘုရားက ဘာတွေဟောလိုက်လဲဆိုတော့ ထွေထွေထူးထူးမဟောလိုက်ပါဘူး စကားလေးသုံးလေးခွန်းပဲပြောပြီးပြန်လွှတ်လိုက်တယ် ဘုရားက ဘာပြောလိုက်လဲဆိုတော့ “ကိုယ်ကြိုက်တာကိုယ်လုပ်´´ ဆိုတဲ့စကားလေးကိုပဲပြောလွှတ်လိုက်တယ်၊ မုဆိုးကြီးကလဲ သဘောကြတာပေါ့ သူလုပ်နေတဲ့ မုဆိုးအလုပ်ကို ဘာမ အပြစ်မပြောလိုက်တော့ သဘောကြတာပေါ့၊ ဒါနဲ့ အိမ်ပြန်ရောက်တော့ သူ့ဇနီးက ဘုရားကဘာတွေ ဟောလိုက်လဲ လို့မေးတာပေါ့၊ အဲဒီတော့ မုဆိုးကြီးက ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ စကားလေးပဲပြောလိုက်တယ်လို့ပြောတာပေါ့။ အဲဒီေတော့ သူ့ဇနီးက မုဆိုးကြီးက ဘယ်အလုပ်ကိုကြိုက်တာလဲလို့မေးတော့ မုဆိုးကြီးဒေါကစ်တာပေါ့ မင်းမသိဘူးလားပေါ့ မင်းကို မုဆိုးလုပ်ပြီးရှာကျွေးလာတာ ဘယ်လောက်ကြာပြီလဲပေါ့၊ ဒါလေးမ မသိရကောင်းဆိုပြီးဆူတာပေါ့၊ အဲဒီတော့ ဇနီးက အဲလိုဆိုရှင်က သားကောင်တွေလိုက်သက်ရတာကို ကြိုက်တယ်ပေါ့လို့မေးတော့၊ အေးပေါ့ဖြေလိုက်ရော၊ […]