Aung Myat LinMay 22, 20131min33418
စိတ်တိုတာချရေး ပေါက်ကွဲတာချရေး ထမင်းစားပြီးတာချရေး ရေချိုးပြီးတာရေး ခရီးသွားနေတာရေး ဟိုရောက် ဒီရောက်ရေး ရင်ထဲမှာ ခံစားချက်ရှိရင်ရေး မရှိလဲ ရေး အသဲကွဲတာရေး သူများကို ဝေဖန်တာရေး တွေ့တာလေးတွေရေး မြင်တာလေးတွေရေး ထင်ကြေးနဲ့ရေး ဗေဒင်ယောင်ယောင်ရေး ဗိန္ဒောဆရာယောင်ယောင်ရေး အိပ်မက်မက်တာရေး သောကဖက်တာရေး ဒေါသထွက်တာရေး ရေးပြီးရင်ရေး မရေးတတ်ရင်လဲရေး အရေမရ အဖတ်မရရေး အဲဒါဆို comment များများ ရနိုင်ပါကြောင်း အကြံပေးအပ်ပါသည်။ 😛


Aung Myat LinMay 22, 20131min1946
အတိတ်က ခြေရာတွေပြန်ကြည့်ရအောင် သူငယ်ချင်းတို့ရေ ဒီဆောင်းပါးလေးကိုရေးတာဟာ ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ မဟုတ်ပါဘူး။ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ယောက် အနေနဲ့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း အပေါင်းအသင်း အနေနဲ့သာရေးသားခြင်း ဖြစ်ပါကြောင်း ရိုးသားစွာ ဝန်ခံပါရစေ။ တို့တွေရဲ့ ဆရာကန်တော့ပွဲဟာ ဒီနှစ်မှာ (ဒုတိယ)အကြိမ်ကျင်းပခါနီးပြီနော်။ မနှစ်က တို့တွေ ပညာသင်ကြားခဲ့ရတဲ့ကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တို့ရဲ့ ပညာရင်နို့သောက်စို့ခဲ့တဲ့ ကျောင်းတော်ကြီးမှာ ကျင်းပခွင့်ရခဲ့ကြတယ်။ တို့သူငယ်ချင်းတွေရဲ့ ခင်မင်မှုတွေ ရင်းနှီးမှုတွေ သံယောဇဉ်တွေ အတိတ်က အလွမ်းတွေ ……………… တွေ အရာရာအားလုံးဟာ ဒီကျောင်းတော်ကြီးထဲမှာပဲ ရှိခဲ့ကြတာပါကွာ။ တို့တွေရင်းနှီးခဲ့တဲ့ ကျောင်းအဝင်က လမ်းလေးတွေ၊ တစ်ခါစီးမှ (၅)ကျပ်ပေးရတဲ့ တို့ကျောင်းကဖယ်ရီကားတွေ၊ ညောင်ပင်ကြီးအောက်က ခုံဝိုင်းလေးတွေ၊ စိန်ပန်းပင်တွေ၊ ကန်တင်းတွေ၊ Drawing Room တွေ၊ Work […]


Aung Myat LinMay 19, 20131min26613
ကျွန်တော့်စိတ်ဓာတ်   ခင်ဗျား တို့နဲ့ တူလား မတူလား ကျွန်တော် စိတ်မဝင်စားဘူး ကျွန်တော့အလုပ်ကျွန်တော်လုပ်တယ် ခင်ဗျားတို့သဘောတူလား ကျွန်တော်ခေါင်းဆောင်လုပ်တယ် အများဆန္ဒခံယူတယ် ဘေးထိုင်ဘုပြောတွေကို သောက်ဂရုမစိုက်ဘူး လုပ်နိုင်သမျှလုပ်မယ် မကျေနပ်ရင် မင်းတို့ကိုယ်တိုင်ဝင်လုပ်ကြ မလုပ်နိုင်ဘဲ ဘေးမှာအပြစ်ပြောတာဟာ ခွေးတွေဘဲ ငါပြောရဲတယ် ငါတို့က ကိုယ့်ထမင်းကိုယ်စားပြီးလုပ်တာ သောက်ဂရုမစိုက်ဘူး ရိုင်းတယ်ထင်ရင် ရိုင်းတယ်ကွာ ဒါပေမယ့် သံသရာ မပါအောင်လုပ်တယ် မင်းတို့ ငါတို့လို လုပ်နိုင်လား လုပ်ကြည့် ငါကိုယ်တိုင် စိန်ခေါ်ရဲတယ် ဟိတ်ကောင် သတ္တိရှိရင် စင်ပေါ်တက်ခဲ့ ငါကတော့ အမြဲတမ်း Wellcome ဘဲ။                   ။   ပရဟိတ လုပ်ဆောင်နေသူတစ်ဦး


Aung Myat LinMay 19, 20131min24211
ငါ ရဲ့ ငါ မဟုတ်တဲ့ ကဗျာ   ငါ ငါ့လမ်းငါလျှောက်တယ် ငါ့အလုပ်ငါလုပ်တယ် ငါ ကဗျာမစပ်တတ်ဘူး စာမဖွဲ့တတ်ဘူး ငါ ပရဟိတ လုပ်တယ် အတ္တဟိတ မလုပ်ဘူး မင်း တို့နဲ့ လမ်းချင်းမတူပေမယ့် ငါ့လမ်းကိုငါ လျှောက်နေဆဲပါ။           ။


Aung Myat LinMay 5, 20131min1274
အချစ်နဲ့ ကွန်ပျူတာ   ချစ်သူ မင်းလေး ဟာ User တစ်ယောက်ဆိုရင် ကိုယ့်ရဲ့ System လေးက Power ကိုသာ တစ်ချက်နှိပ်လိုက်ပါ ချက်ချင်း မင်းကိုချစ်တဲ့ နှလုံးသားက ထုတ်ပြမဲ့ BIOS Display လေး ပေါ်လာမှာပါ မင်းမယုံရင် Delete နှိပ်ပြီး စစ်ကြည့်ပါကွာ ကိုယ်ဟာ အချိန်မှန်လုပ်ဆောင်ပေးနေမှာပါ မင်းကိုချစ်တတ်တဲ့ Memory ကလဲ အပြည့်ပါပဲ မင်းကိုစောင့်ရှောက်ပေးမဲ့ CPU လေးကလဲ Update လုပ်ထားတယ်လေ မင်းရဲ့အချစ်တွေကို သိမ်းဆည်းပေးမယ့် Hard Disk ကလဲ အလုံအလောက် ရှိပါတယ် ကိုယ့်ရဲ့အချစ်တွေကို ဖော်ပြပေးမယ့် Graphic Card လေးလဲ ရှိတယ်လေ။ မင်းဆီက အချစ်တွေရဖို့ Power Supply လေးက […]


Aung Myat LinMay 4, 20131min93
အချစ်နဲ့ ကွန်ပျူတာ   ချစ်သူ မင်းလေး ဟာ User တစ်ယောက်ဆိုရင် ကိုယ့်ရဲ့ System လေးက Power ကိုသာ တစ်ချက်နှိပ်လိုက်ပါ ချက်ချင်း မင်းကိုချစ်တဲ့ နှလုံးသားက ထုတ်ပြမဲ့ BIOS Display လေး ပေါ်လာမှာပါ မင်းမယုံရင် Delete နှိပ်ပြီး စစ်ကြည့်ပါကွာ ကိုယ်ဟာ အချိန်မှန်လုပ်ဆောင်ပေးနေမှာပါ မင်းကိုချစ်တတ်တဲ့ Memory ကလဲ အပြည့်ပါပဲ မင်းကိုစောင့်ရှောက်ပေးမဲ့ CPU လေးကလဲ Update လုပ်ထားတယ်လေ မင်းရဲ့အချစ်တွေကို သိမ်းဆည်းပေးမယ့် Hard Disk ကလဲ အလုံအလောက် ရှိပါတယ် ကိုယ့်ရဲ့အချစ်တွေကို ဖော်ပြပေးမယ့် Graphic Card လေးလဲ ရှိတယ်လေ။ မင်းဆီက အချစ်တွေရဖို့ Power Supply လေးက […]


Aung Myat LinMay 2, 20131min1734
    ဆုံးဖြတ်တဲ့အတိုင်း………         ဆုံးဖြတ်တဲ့အတိုင်း……… အတိတ်ကအကြောင်းတွေ ပြန်တွေးမိရင် ဒီရင်ဘတ်ကြီးနဲ့အပြည့်ပဲ ခံစားရတာလား ခံထားရတာလား မသိတာတွေပေါ့။ ဒါပေမယ့် ကျွန်တော့်မှာ သက်သေတွေရှိပါတယ်။ အဲဒီအကြောင်းတွေကို ဦးပိန်တံတားကြီးသိတယ်၊ မယ်ဇယ်ပင်တန်းကြီးသိတယ်၊ စစ်ကိုင်းတောင်တန်းကြီးသိတယ်၊ မန္တလေးသူ မန္တလေးသားတွေ ချစ်ကြိုးသွယ်နေတဲ့ ကန်တော်ကြီးရေပြင်တစ်ခုလုံးသိတယ်၊ အင်းဝမြို့ဟောင်းလို့ခေါ်တဲ့ တံတားဦးမြို့က နေရာအနှံ့ကသိတယ်၊ အာဒမ် သိတယ်၊ ဧဝ သိတယ်၊ ရှင်မွှေးလွန်းသိတယ်၊ မင်းနန္ဒာသိတယ်၊ ရွှေအိမ်စည်သိတယ်၊ ပရိက္ခရားမင်းသားသိတယ်…………. သိတယ်။ အတိတ်ဆိုတာ အတိတ်မှာ ထားလို့ရခဲ့ရင်လဲ အကောင်းသားနော်။ ဒါပေမယ့် ဘယ်တော့မှထားခဲ့လို့ မရဘူး။ အတိတ်ကို အတိတ်မှာ ထားခဲ့ရင် သမိုင်းဆိုတာ ပေါ်လာမှာ မဟုတ်ဘူး။ အနော်ရထာ ရှိမှာမဟုတ်ဘူး။ ဘုရင့်နောင် ရှိမှာမဟုတ်ဘူး။ ကျန်စစ်သား […]


Aung Myat LinMay 2, 20131min1217
တမာတန်းက စောင့်နေသူ ဒီနေ့ နေလင်းတို့ ရတနာပုံတက္ကသိုလ်ကြီးကို စတက်ရတော့မည်။ ပြီးခဲ့တဲ့အပတ်က ကျောင်းသွားပြီးအပ်ခဲ့ပြီးပြီ။ နာမည်အပြည့်အစုံကတော့ နေလင်းအောင်ပါ။ သူငယ်ချင်းတွေက နေလင်းဟုသာ ခေါ်ကြသည်။ နေလင်းတယောက် (၁၀)တန်းစာမေးပွဲ ဖြေပြီးကတည်းက ဂလေရိုက်နေခဲ့သည်။ အင်တာနက်ဆိုင်လိုလို ဂိမ်းဆိုင်လိုလို နဲ့ သူငယ်ချင်းတွေနဲ့ လမ်းသလားနေခဲ့သည်။ တခါတလေ ဘီယာဆိုင်လေး ထိုင်တတ်သေးသည်။ တကယ်တမ်းတော့ နေလင်းမိဘတွေက ချမ်းသာသည်ဟု ဆိုရလောက်သည်။ သူတို့နေထိုင်သည့် မန္တလေးမြို့သစ် မြရည်နန္ဒာ ရပ်ကွက်မှာ သူတို့အိမ်က အချမ်းသာဆုံးဟု ဆိုနိုင်သည်။ RC တိုက်နဲ့ ကားနဲ့ ဆိုင်ကယ်နဲ့ပြည့်စုံသည်။ မိဘတွေက ရပ်ကွက်တွင် ကုန်စုံဆိုင်ကြီးဖွင့်ထားသည့်အတွက် ငွေရွှင်သည်။ ၎င်းတို့ဆိုင်မှာလည်း ပစ္စည်းစုံသောကြောင့် ဈေးဝယ်သူ ပေါများလှသည်။ သူတို့မိသားစု စားဝတ်နေရေးအတွက် ထိုဝင်ငွေနှင့်ပင်လုံလောက်သည်။ နေလင်းအဖေမှာအခြားစီးပွားရေး လုပ်ငန်းက ရှိသေးသည်။ ထို့ကြောင့်နေလင်းတစ်ယောက် […]


Aung Myat LinApril 30, 20131min1175
ဇေယျာကမ်းက “တောက်”ခေါက်သံ   စစ်ကိုင်းမြို့ ရဲ့ တစ်ခုသောညနေခင်းမှာ ကျွန်တော် စိတ်ညစ်ညစ်ရှိတာနဲ့ ကမ်းနားလမ်းဘက်ကို ဆိုင်ကယ်စီး၍ ထွက်လာခဲ့သည်။ နန္ဒဝန်တာရိုးကြီး လမ်းကနေ တောင်ဘက်အလာ ပညာရေးကောလိပ်ရှေ့ရောက်တော့ ကျောင်းသူအချို့ကိုတွေ့ရသည် ကျောင်းပြင်မှာ မုန့်စားသူကစား၊ တချို့နယ်ကနေမိဘတွေက လာတွေ့သူတွေ့ပေါ့။ အော် ဒီနေ့ တနင်္ဂနွေ နေ့ပါလား…။ ကျွန်တော် ကမ်းနားလမ်းဘက် ဆက်မောင်းလာခဲ့တယ်။ စိတ်ကလဲ နဲနဲညစ်နေတာနဲ့ မဉ္ဖူရိပ် စားသောက်ဆိုင်မှာ ဝင်ပြီးဝီစကီ တပြားနဲ့ အမြီးအချို့ မှာပြီးထိုင်နေမိတယ်။ ဒီနေ့ ကျွန်တော်တော်တော်လေး စိတ်တိုနေမိသည်။ ပြန်စဉ်းစားရင် ဒေါသထွက်မိသည်။ ကျွန်တော်နဲ့ ငယ်စဉ်တောင်ကြေး ကလေးဘဝကတည်းက ကျောင်းအတူတူတက် စာအတူတူကျက်ခဲ့တဲ့ သူငယ်ချင်း၊ (၁၀)တန်းအောင်ပြီး တက္ကသိုလ်တက်တော့လဲ ဆိုးတူကောင်းဘက် တစ်ကျောင်းထဲအတူ တက်ခဲ့ကြသည်။ တကယ်ဆို ကျွန်တော်က ဝိဇ္ဖာသိပ္ပံဘက်ဝါသနာ မပါလှ။ […]


Aung Myat LinApril 30, 20131min1639
သတိရမိတယ် မြတ်နိုးရယ်(သို့) ရည်းစားဦးမွေးနေ့   ဒီနေ့ဆိုရင် မြတ်နိုးအသက်(၃၀)ပြည့်ပြီနော်။ အခြေအနေ မပေးလို့ တစ်ပြည်တစ်ရွာဆီမှာ ဝေးခဲ့ကြပေမယ့် ခုထိ မြတ်နိုးကို သတိရနေမိတာတော့ အမှန်ပါ။ မြတ်နိုးနဲ့ကိုယ်နဲ့ လမ်းခွဲခဲ့တာ အခုဆိုရင်(၁၂)နှစ်တောင် ကျော်သွားပြီနော်။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာ မနေ့တနေ့ကလိုပါပဲ။ ပြန်စဉ်းစားမိရင် အတိတ်က အကြောင်းအရာ တွေအားလုံးဟာ ကြေးမုံမှန်တချပ်လိုပါပဲ။ သတိရနေမိတာ အမှန်ပါ။ မြတ်နိုးနဲ့အတူလျောက်လည်ခဲ့တဲ့ နေရာလေးတွေရောက်တိုင်း အတိတ်က အကြောင်းတွေကို ကိုယ့်ရင်ထဲမှာ တသသ လွမ်းနေမိတယ်။ ကိုယ့်မှာ လွမ်းပိုင်ခွင့်တော့ ရှိသေးတယ် မဟုတ်လား မြတ်နိုးရယ်……..။ တကယ်တော့ ကိုယ့်ရဲ့ တဇွတ်ထိုးဆန်တတ်တဲ့စိတ်ကြောင့် မြတ်နိုးနဲ့ ကိုယ် လမ်းခွဲခဲ့ရတယ် ဆိုတာ နောင်တရနေမိတယ်။ အဲဒီတုန်းက ကိုယ် ဘာမှ မသိခဲ့ဘူးလေ ကိုယ့်အသက်(၂၁)နှစ် မြတ်နိုးက(၁၈)နှစ်လေ။ ဘာအတွေ့အကြုံမှ […]


Aung Myat LinApril 29, 20131min1326
စစ်ကိုင်းမြို့နယ် ကံတလူဘုရား အရှေ့ဖက်တွင် မြွေရှင်တော်ဘုရားကို သွားရောက်ဖူးမြော်နိုင်ပါသည်။ မျောက်၊ လိပ်၊ ယုန်၊ ပူး၊ ချိုးငှက်၊ ကြက်တူရွေး၊ မြွေကြီး(၄)ကောင် တို့ကို တိရိစ္ဆာန် ဥယျာဉ်သဖွယ် တွေ့မြင်နိုင်ပါသည်။