မြင်းခွာရွက်ဆိုရင်တော့ မြင်းခွာရွက်ဟင်းခါးရယ်။ မြင်းခွာရွက်သုတ်ကို ကြိုက်ပါ တယ်။ အပြင်က ဆိုင်တွေက မြင်းခွာရွက်သုတ် စားဖူးမှပဲ အိမ်က မေမေသုတ်တာနဲ့ မတူတာကို သွားတွေ့ပါတယ်။ ဆိုင်ကမြင်းခွာရွက်သုတ်ကတော့ လက်တစ်ဆစ်အရွက်လှီးပြီး ပဲမှုန့်နဲ့ သုတ်တာပေါ့။ အိမ်မှာ စားနေကျ မြင်းခွာရွက်သုတ်ကတော့   ၁။ မြင်းခွာရွက်ကို အမြစ်ကစ မပစ်ဘဲ ပါးပါးလေးတွေလှီး ၂။ ကြက်သွန်ဖြူ  နီ ဆီချက်ချက်ထား ၃။ပဲမှုန့်မသုံးဘဲ ကုလားပဲခြမ်းကြော် ဒါမှမဟုတ် မြေပဲလှော်ကို ထောင်းပြီးသုံးမယ်။ ၄။ အချဉ်ကိုတော့ ပုံမှန်သံပုရာသီးပဲသုံးမယ် ၅။ ဟင်းခတ်မှုန့်နဲ့ ဆားအနည်းငယ်   မြင်းခွာရွက်းပါးပါးလေးတွေနဲ့ ပဲမှုန့်မသုံးဘဲ ကုလားပဲခြမ်းကြော် မြေပဲလှော် ထောင်းထားတဲ့ အမှုန့်နဲ့ ဆီချက်ကောင်းကောင်းနဲ့ မြင်းခွာရွက်သုံးဟာ တကယ် ခံတွင်းတွေ့စေမှာပါ။ ပုစွန်ခြောက်မသုံးဘဲ ပုစွန်ခြောက်မှုန့်အနည်းငယ် သုံးပါတယ်။ […]


“ဟယ်လို….. လှိုင်ထွန်းစကားပြောနေပါတယ်ခင်ဗျာ….. Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…”           ရုံးခန်းသို့ရောက်ရောက်ချင်းပင်  မြည်လာသောဖုန်းကိုကိုင်လိုက်ကာ  ပြောနေကျစကားအတိုင်း  ကျွန်တော့်နှုတ်မှ ထွက်ကျသွား၏။ တစ်ဖက်မှပြောသောစကားသံကို ကြားရလိုက်ရသဖြင့် အတတ်နိုင်ဆုံး (English) အင်္ဂလိပ်လို ယဉ်ကျေးစွာ ကျွန်တော်ဖြေဆိုနေရသည်။ တစ်ဖက်မှ ဖုန်းချသွားကာမှ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရ၏။ နံနက်ပိုင်း စီးလာသော ဘတ်(စ်)ကားကြပ်ပါသည်ဆိုမှ ရုံးသို့ရောက်ရောက်ချင်းပင် Tourist ဖုန်းနှင့်တွေ့ရသဖြင့်  ပိုလို့ပင် အမောဆို့သွားရသည်….။           ထိုင်ခုံပေါ်တွင်ထိုင်နေရင်းပင် ကျွန်တော်တစ်ချက်ပြုံးလိုက်မိသည်။ ပြည်ပခရီးသွားခြင်း ဝန်ဆောင်မှုလုပ်ငန်းအား ဝါသနာပါသောကြောင့်သာ Travel & Tours တစ်ခုတွင် စာရင်းကိုင် (Accountant) နေရာတွင်… လုပ်နေသော်လည်း Hotel (ဟိုတယ်လ်) အများအပြားနှင့် ဆက်ဆံရခြင်း ၊ Tourist (နိုင်ငံခြားသား) […]


ရွှေလက်ကောက် တစ်တောင်ဆစ်လောက်နဲ့ ပိုက်ဆံအိတ်အိတ်ကို ချိုင်းမှာချိတ်လို့  ဖြိုးအောင်ရှေ့မှာ ထောင်တန်တစ်ထပ်ကို တံတွေးဆွတ်ပြီး ရေနေတဲ့ ဒေါ်ရွှေပုရဲ့လက်ကို မျက်လုံးကမခွာနိုင်ဘူးဖြစ်နေသည်။ “သုံးသောင်းနော်.. ငဖြိုး… နင့်မို့လို့ အတိုးကို  တစ်ရက်….ငါးရာပဲယူတာ……….” ဒေါ်ရွှေတုတ်ကြီးလက်ထဲမှ ငွေသုုံးသောင်း ဖြိုးအောင်လက်ထဲသို့ ရောက်လာလေသည်။ ဖြိုးအောင် ငွေသုံးသောင်းအားကြည့်ရင်း ဝမ်းသာသလိုလို ဝမ်းနည်းသလိုလိုပင်။ သည်ငွေသုံးသောင်းအတွက်  ဖြိုးအောင် ဒေါ်ရွှေပုကြီးအား အကြွေးသုံးသောင်း မပေးနိုင်တဲ့အချိန်အတွင်း တစ်ရက်ကို မတ်တိုး ငါးရာပေးရမည်ဖြစ်သည်။ ဒါက ဖြိုးအောင်တို့လိုမျိုး ဆင်ခြေဖုံးရပ်ကွက်တွင် ထုံးစံလိုဖြစ်နေသည်။ ငွေကြေးတစ်ရက်တာ အဆင်မပြေသူများ အလောတကြီးလိုသူများ ဈေးရောင်းရန်အတွက် အရင်းလိုနေသူများသည် မတ်တိုး (သို့မဟုတ်) နေ့သွင်းပေးရျ် ယူကြရသည်။ (မတ်တိုး – အရင်းမပေးနိုင်မချင်း… တစ်ရက်အတိုး(ယူသောငွေပမာန၏ 5 (သို့) 10 ရာခိုင်နှုန်း) ပေးသွားရမည်ဖြစ်သည်။) (နေ့သွင်း – […]


သည်လိုပေါ့ သည်လိုနဲ့ စိတ်ကူးကပေါက်လာတယ်။ အစားအသောက်တစ်ခုလုပ်စာဖို့။ စိတ်ကူးတာပေါက်တာ ပင်ပန်းတယ်လေ။ ဒီလကုန် (၃၁)ရက် သောကြာနေ့က လပြည့်နေ့ (၁)ရက်နေ့ စနေနေ့ (၂)ရက်နေ့က တနင်္ဂနွေနေ့။ ရုံးကတော့ စနေနေ့မပိတ်ဘူး။ နေ့တစ်ဝက်လောက်တောင် ပိတ်ပေးဖို့ပြောတာ ဘောစိက မရဘူးချည်း ပြောတာ။ အဲ့သည် စနေနေ့ကို ကိုယ့်ဖာသာပိတ်ပြီး သုံးရက်အော့ဖ်လိုက်မယ်ပေါ့။ အဲ့သည်တော့ တစ်ရက်လောက် အပင်ပန်းခံပြီး မုန့်လုပ်စားမယ်။   မုန့်လုပ်စားဖို့ စဉ်းစားပြန်တော့ မုန့်ပျားသလက် ဘိန်းမုန့်  ကီးမားပေါ့။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မုန့်ပျားသလက်လုပ်စားဖို့ အာသီသဖြစ်နေတယ်။ မေးကြပြန်တယ်။ မုန့်ပျားသလက်နဲ့ ဘိန်းမုန့် ဘာကွာသလဲတဲ့။ ကျွန်တော့်အထင် မုန့်ပျားသလက်က ဘိန်းစေ့မပါဘူး။ မြေအိုးလေးနဲ့လုပ်တယ်။ မုန့်ဖြူ ဖြူ ပေါ်မှာ ပျားသလက်လို့ အပေါက်လေးတွေ ပါတယ်။ ကြက်သွန်မြိတ် ၊ […]


ဒီနေ့တော့ ဝက်သားနဲ့ ဒညင်းသီး နှပ်စားဖို့ စဉ်းစားထားတာနဲ့။ ဒညင်းသီးဝယ် ပြုတ်ထားလိုက်တယ်။ ပြုတ်တဲ့နေရာမှာလည်း အပြင်မှာရောင်းတဲ့ဆိုင်တွေလို ပြုတ်တဲ့ရေတွေ မမည်းအောင် ဂရုစိုက်ရတယ်။ ရေတွေမည်းသွားတယ်ဆိုတာကလည်း ဒညင်းသီးရဲ့ အခွံက အမှုန်တွေကြောင့်လေ။ အဲ့ဒါကြောင့် ဒညင်းသီးကို အခွံကွာရုံခဏပြုတ်ရပါတယ်။ ပြီးရင် ရေအေးနဲ့စိမ် အခွာတွေကိုနွှာပြီး ရေအသစ်နဲ့ ပြန်ပြုတ်ရင် ရေတွေလည်း မည်းမနေတော့ပါဘူး။ နောက်တစ်ချက်က ပိုအရသာရှိအောင် ဆားအနည်းငယ် သကြားအနည်းငယ် ပဲငံပြာရည်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီးပြုတ် ပိုအရသာရှိပါတယ်။ ဝက်သားနဲ့ဒညင်းသီးနှပ်တဲ့ နေရာမှာတော့ ကျတော်က လုံးချက်ပါတယ်။ ပထမဆုံး ဝက်သားကိုဆေး ကြက်သွန်နီကို ပါးပါးမလှီးပဲ လေးစိပ် ကြီးရင် ခြောက်စိပ်ခွဲထည့်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ နှစ်မွှာလောက်ကို ညက်အောင်ထားပြီးထည့်မယ်။ ဆားအနေတော် ဟင်းခတ်မှုန့်နေရာမှာ ကျတော်ကတော့ အချို့မှုန့်မသုံးပါဘူး။ City mart တွေမှာ […]


မိုးရာသီနှင့် ပတ်သက်ရင်တော့ အကြောင်းအရာများစွာ ရှိခဲ့ဖူးသည်။ အချို့က မိုးရာသီကို မနှစ်သက်ပေမယ့် ကျွန်တော်ကတော့ မိုးရာသီကို နှစ်သက်သူတစ်ယောက်ပင်။ ကိုယ်မွေးတဲ့ လကတည်း (မေ)လပင်ဖြစ်လို့လား မသိ။ မိုးရာသီကို နှစ်သက်သည်။ မိုးရာသီရောက်ပြီဆို ပြန်ပြောင်းအကြောင်းတွေးစရာတွေက အများအပြားပင်။ ငယ်ငယ်က ကျောင်းတက်ချိန်အစ ယခုထက်တိုင် မိုးရာသီနှင့်ပတ်သက်တာပြောမကုန်အောင် ရှိခဲ့သည်။ အခုလည်း မိုးတွေရွာနေပြီ။ မိုးရာသီနှင့်ပတ်သက်ရင်တော့ အစားအသောက်အကြောင်းကို အရင်သတိရသည်။ အခုမှ အစားအသောက်အပေါ် ဝါသနာကြီးမှန်း သိခဲ့သည်။ ငယ်ငယ်တုန်းကတော့ အမေ့လက်ရာနှင့် အစ်ကိုတွေရဲ့ လက်ရာနဲ့တင် ရင်းနှီးခဲ့ရသည်။ မေမေကတော့ အမြဲပြောသည် အမေအလုပ်လုပ်တုန်းက အဖေက ထမင်းဟင်းချက်သည်။ နံနက်ဆို ဆိုင်ရောက်လာပြီး မိန်းမဈေးဖိုးပေးဆိုကာ ဖွယ်ဖွယ်ရာရာချက်ကျွေးတတ်သည်။ ကျွန်တော်ကတော့ ဖေ့ဖေ့ပုံရိပ်ကို သိပ်မမီလိုက်ပေ။ လေးနှစ်ဆိုသည်အရွယ်ဆိုတော့ ဝိုးတဝါးပင်။ မိုးရာသီဆို မှတ်မှတ်ရရက ခရုပြုတ်နှင့် […]


  ညနေ(၅)နာရီမို့ တိမ်တောက်သလိုလို အလင်းရောင်ခပ်ဖြာဖြာပင်ရှိနေသေးသည်။ အနော်ရထားလမ်း လမ်း(၅၀)ဘက်ကနေ ဆူးလေဘက်ကို ရုံးအဆင်းလမ်းလျှောက်လာ ခဲ့သည်။ စိန်ပေါကျောင်းအကျော် ဝန်ကြီးများရုံးခြံစည်းရိုးတစ်လျှောက် ခရေပင်များတန်းစီ ကာ စိုက်ထားသည်ကိုတော့ သတိထားမိသည်။ အခုတော့ ပလက်ဖောင်းတစ်လျှောက် ခရေပန်းများဖွေးဖွေးလှုပ်ကျနေသည်ကို ကျောင်းအပြန်ကလေးငယ်များ လက်ခုတ်လေး ထဲကောက်ယူနေကြသည်ကို ကြည့်ပြီးကျွန်တော်ပြုံးမိလိုက်သည်။ လမ်းများလည်း အတော် ပိတ်သည်မို့ အိမ်အပြန်စောစောရောက်ရန် စိတ်ကစောနေသောကြောင့် ရှေ့မှာကျနေသော ခရေပးန်ေးလများ ကို မနင်းရက်ဘဲ သုံးလေးပွင့်ကောက်ယူပြီး နမ်းရှိုက်မိသည်။ ခရေပန်း ရဲ့ မွှေးရနံ့တို့က ကျွန်တော့်အတိတ်ပုံရိပ် များကို ရေးရေးမြင်ယောင်လာစေမိသည်။ ငယ်ငယ်ကတည်းက သစ်ပင် ၊ ပန်းပင်များနှင့် အကျိုးပေးသည်ဟုပင် ခေါ်ရမလားပင်။ သစ်ပင် ၊ ပန်းပင်နှင့် ပတ်သက်လာလျှင် မှတ်မှတ်ရရ အဖြစ်အပျက်များစွာရှိခဲ့ဖူးသည်။ ထိုအဖြစ်အပျက်များစွာထဲမှ ခရေပန်းလေးများနှင့် ပတ်သက်သော အဖြစ်အပျက်များမှာ […]


နံနက်မိုးလင်းပြီဆို ဖြေရှင်းရမယ့် အကြောင်းအရာတစ်ခုက နံနက်ခင်းစာကိစ္စပေါ့။ အချို့တွေက လက်ဖက်ရည် ၊ ကော်ဖီ နဲ့  Bakery မုန့်တစ်ခုခုဆို နံနက်စာ ပြီးမြောက် ကြတယ်။ နံနက်ခင်းစာလို့ ဆိုလိုက်တာနဲ့ ထမင်းကြော် ၊ လက်သုတ်စုံ ၊ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ နဲ့ လက်ဖက်ရည် ၊ ကော်ဖီတို့ကို အားလုံးပြေးမြင်တတ်ကြပါတယ်။ အချို့တွေကတော့ ထမင်းကြမ်းခဲနဲ့ ပဲပြုတ်ဆီစမ်းပေါ့ ကာလတွေပြောင်းလာတာနဲ့ အမျှ လူတော်တော်များများဟာလည်း အရင်ကလို နံနက်ခင်းစာကို အိမ်မှာလို ထမင်းကြော်ချက် မစားကြတော့ပါဘူး။ ရုံးအလုပ်လုပ်တဲ့ သူတွေက လမ်းသင့်တဲ့ ဆိုင်တစ်ဆိုင်က လက်သုတ်စုံ ဒါမှမဟုတ် မုန့်ဟင်းခါးကို ပါဆယ်ဆွဲတဲ့သူဆွဲ ဆိုင်ထိုင်စားတဲ့သူစားကြတာပါပဲ။   ******************************************* ကျွန်တော်ဆို နံနက်ခင်းစားကို လက်ဖက်ရည် ၊ ကော်ဖီ […]


ဒီနေ့တော့ အစားအသောက်ဘက် လှည့်ကြည့်မလားလို့။ လွန်ခဲ့တဲ့ သုံးရက်ကတော့ အိမ်က အစ်မတော်က ကင်မ်ချီစားချင်တယ်ဆိုလို့ ကင်မ်ချီတွေ နယ်လိုက်တာ လက်တွေကို ပူနေတာ ညအိပ်တဲ့အထိပဲ။ ဒီနေ့လောက်ဆို စားလို့ရပြီဆိုတော့ ရေခဲသေတ္တာထဲက ကင်မ်ချီဘူးလေးတွေ ကြည့်မိရင်း ပီတိတော့ ဖြစ်မိသား။ ကင်မ်ချီတွေကြည့်ရင်း မနှစ်က စင်ကာပူက Saragoon ဘူတာက Mall ထဲက ကင်မ်ချီအလကားကျွေးတဲ့ဆိုင်ကို သွားသတိရမိသေးတယ်။   ဘာရယ်တော့မဟုတ်ပါဘူး ငါးပိရည်လုပ်တဲ့ပို့စ်လေး ဖတ်မိရင်း အကြော်အလှော် ဘက် ရောက်သွားရာကနေ။ ဘာလချောင်ကြော်အကြောင်း သတိရသွားမိလို့ပါ။ ဘာလချောင်ကြော်ဆိုလို့ ပြီးခဲ့တဲ့လက Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာရဲ့ အလှူပွဲမှာ လမ်းလုပ်သားတွေကို ကြက်သားဆီပြန် နဲ့ တွဲဖက်စားမယ့် အကြော်တစ်ခု ကျွေးမယ် ကူညီပေးပါဆိုတာနဲ့  ဟင်းချက်ထမင်းချက်မယ့် အစ်ကိုတစ်ယောက် […]


အချို့ ရုပ်ရှင် ခရေဇီတွေဟာ ဟာသ ၊ ဒရာမာ ၊ အက်ရှင် တွေအပြင် သည်းထိတ်ရင်ဖို ကားတွေကိုလည်း နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အရင်ကတည်းက ခုခေတ်ထိတိုင်အောင် သည်းထိတ်ရင်ဖိုကားတွေဟာ နေရာရလာဆဲပါ။ သည်နေရာမှာတော့ ၂၀၀၅ခုနှစ်က နာမည်ကြီးခဲ့တဲ့ သည်းထိတ်ရင်ဖို ကားတစ်ကား ကို ညွှန်းချင်ပါတယ်။ ကျတော်ကိုယ်တိုင်ကလည်း ရုပ်ရှင်ခရေဇီတစ်ယောက်မို့ပါ။ ဒရာမာကားကအစ ဖန်စီကအလယ် သည်းထိတ်ရင်ဖိုအဆုံး အလွန်နှစ်သက်သူူပါ။ အခု ညွှန်းမယ့်ကားကတော့ ၂၀၀၅ခုနှစ်မှာ ‘The Cave’ ဆိုတဲ့ သည်းထိတ်ရင်ဖိုကားနဲ့အတူ ကြောက်စရာအကောင်းဆုံးဆိုတဲ့ ဇာတ်ကားကို တွဲပြီးအသိအမှတ်ပြုခဲ့ကြပါတယ်။ သွေးသံရဲရဲမနှစ်သက်သူတွေအတွက်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမြုပ် ကွက်တွေနဲ့အတူ အစကနေ အဆုံး ကြည့်တဲ့သူကို ဆွဲခေါ်သွားမယ်။ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုပါ။ သွေးသံရဲရဲ တစ်ကွက်မှမပါပါဘူး တစ်ခုလောက် မှာထားပါရစေ။ ဇာတ်လမ်းတစ်ကွက်မှ […]


ဘဝဟာ “ထောက်”ကနဲ ပွင့်ထွက်လာတဲ့ မီးတောက်မဟုတ်တာ သေချာတယ်။ တစ်ငွေ့ငွေ့နဲ့ လောင်ကျွမ်းနေတဲ့ မီးတောင်လိုမျိုး။   “ဖျတ်”ကနဲ ဆိုတဲ့ မျက်တောင်တစ်ခတ်စာလိုမျိုး အဖြစ်အပျက်ဟာ အပြိုင်းအရိုင်းဖူးပွင့်တယ်။   ရောက်ရွက်ဝါတွေ လေမှာဝေ့ဝဲနေသလိုမျိုး မသိတသိနေရာက ဘဝတွေဟာ ဝေ့ဝေ့ဝဲဝဲ။   ရယ်သံတွေကြားမှာ ဘဝတွေရှိတယ်…. ငိုသံတွေကြားမှာ ဘဝတွေရှိတယ်…. ရှိုက်သံတွေကြားမှာ ဘာတွေရှိဦးမလဲ အကြိမ်အခါခါ စဉ်းစားတယ်။   ဖန်ခွက်အလွတ်တစ်ခု ကျကွဲသံနဲ့ ရေပါတဲ့ဖန်ခွက်တစ်ခု ကျကွဲသံ ဘယ်အရာက ကြေကွဲစရာကောင်းသလဲ နောက်ဆုံးတော့ ရယ်သံခပ်အက်အက်တစ်ခုထွက်လာတယ်။   အယူအဆနဲ့ အတ္တတွေကြားထဲကနေ နည်းနည်းလောက် ဖယ်ပြီးအပြင်ကိုကြည့် ရှင်းသန့်တဲ့ အရာတစ်ခုကို ထိတွေ့ (သို့) ရှူ ရှိုက်မိလိမ့်မယ်။   အမုန်းတရားဟာ မီးတောင်ပေါက်ကွဲသလို လွင့်စင်တတ်သလိုမျိုး။ အတ္တတစ်ခုမှာလည်း အဲသည်အရည်အချင်းရှိတယ်။ […]


“မေ”ဆိုတဲ့      ကဆုန်-နယုန် ကုန်ခါနီး         အမီလေးမှာ မိုးတွေကဆုန်။   ဆုန်ပါလေ့      ကိုရွှေမိုး ကိုယ်တို့မြို့     ရန်ကုန်ကြီးမှာ ရေတွေက တိုး။   တိုးကာရယ်     ရေတွေဖွေးဖွေး အေးရက်တဲ့    ရာသီရယ် အိမ်ပေါ်မှာ     စောင်ခြုံကွေးမယ်ဟဲ့ စိတ်ကူးအတွေး။   တွေးမိတဲ့        အတွေးကိုချင့် ပျင်းရိတဲ့         စိတ်အစဉ်ရယ် ရန်ကုန်က      ရေတွေတိုးကာလို့ ရုံးတက်ရမလေး။   လေးပင်တဲ့စိတ်ကို      တွန်းကာပိုကာဟဲ့ တိုးတက်ဟဲ့              ဘတ်စ်ကားကိုလေ ပျိုတို့မောင်               တိုးကာတက်ရတယ် ခပ်သွက်သွက်ပြေး။   ပြေးကာသွားကာ        ဒီရန်ကုန်ရယ် ရယ်မောကာ             မနေနိုင်ပေမယ့် ဘဝအတွက်             ရုံးကန်ရသည်မို့ ရုံးအပြန်                  ငိုက်ကာနေမိတယ် မောင့်အဖြစ်မသေး။   ……………………. အောင်မိုးသူ  


ခုတလော အမှိုက်အကြောင်း စဉ်းစားဖြစ်တယ်။ လူကြီးတွေက ဘာရယ် ဘယ်လိုလုပ်မယ်ဆိုတာ သေချာမသိပေမယ့်။  ပထမဆုံး ကျတော်တို့ လမ်းလေးအကြောင်းပဲတွေးကြည့်လိုက်တယ်။ ကျွန်တော်တို့လမ်းလေးရဲ့ ဘေးမှာ မီးတားကွင်းတစ်ခုရှိတယ်။ ပြီးတော့ နောက်ထပ်တစ်လမ်း။ အဲသည်တစ်လမ်းရဲ့ဘေးက အလယ်တန်း ကျောင်းလေးရှိတယ်။ အလယ်တန်းကျောင်းလေးရဲ့ ဘေးက ရပ်ကွက် ကောင်စီရုံးရှိတယ်။ ပြောချင်တာ ကျွန်တော်တို့လမ်းလေးဘေးက မီးတားကွင်းက အမှိုက်ပုံဖြစ်နေတာ။ အဲ့သည်အမှိုက်ပုံကလည်း ကျွန်တော်တို့နေကတည်းက ရှိလာတာဆိုတော့လည်း အနီးအနားလမ်းတွေကအစ တခြားမျက်နှာချင်းဆိုင် ရပ်ကွက်ကအဆုံး အမှိုက်ပစ်ကြတာပေါ့။ ကျွန်တော်တို့လမ်းလေးဟာ သံသုမာလမ်းကြီးနဲ့ ကျောချင်းကပ်ရပ်မှာ တည်ရှိပါတယ်။ အဲသည်တော့ အမှိုက်ပုံဟာလည်း လမ်းမကြီးနဲ့ ကျောချင်း ကပ်ရပ်ပေါ့။ သံသုမာလမ်းကြီးကနေ လမ်းကလေးတစ်ခုကိုချိုးဝင်တာနဲ့ အမှိုက်ပုံကိုတွေ့ရပါမယ် ပြီးရင် ညာကွေ့ရင် အလယ်တန်းကျောင်းလေးဘက်ကို ဖြစ်ပြီး ဘယ်ကွေ့ရင် ကျွန်တော်တို့လမ်းလေးပါ။ အမှိုက်ပုံရှိတဲ့ လမ်းချိုးကလေးဟာ သံသုမာလမ်းမကြီးနဲ့ အနီးစပ်ဆုံး […]