ayeyarwaddy-tunApril 23, 20141min3158
မင်္ဂလာပါရှင့် သမီးက ဒီရွာကလေးကို အကြောင်းကြောင်းကြောင့် ပြန်မဝင်ဖြစ်တာကြာပြီရှင့် အခု သမီး အရင်ကရေးထားတဲ့ ပို့စ်လေးတစ်ခုကို အကြောင်းတစ်စုံတစ်ရာကြောင့် ဖျက်ဖို့လိုအပ်လာလို့ ဒီရွာထဲက သူငယ်ချင်းများ ကူညီနိုင်ရင် ကွန်မန့်လေးမှာ ပို့စ်ဖျက်နည်းလေး ကူညီပေးပါလားနော်….. ကိုယ်တက်သလောက်လေးနဲ့ အကြိမ်ကြိမ်ကြိုးစားကြည့်ပေမယ့် ရလာဒ်မမှန်ကန်လို့ အားလုံးကိုအကူအညီတောင်းရတာပါရှင်….


ayeyarwaddy-tunMarch 25, 20132min33314
ကဲ.. သူငယ်ချင်းတို့ရေ ဧရာဝတီထွန်းက ကယန်းလူမျိုးဆိုတော့ ဒီတစ်ခေါက်ပို့စ်ကို ကယန်းအကြောင်းနည်းနည်းမိတ်ဆက်ပေးပါရစေ ကယန်းဆိုတာက သူငယ်ချင်းတို့ပဒေါင်လို့ သိထားတဲ့လူမျိုးပါ …. ပဒေါင်ဆိုတာကအရပ်ခေါ် အသုံးအနှုံးဖြစ်လို့ ကယန်းဆိုတာကို မြန်မာပြည်ကလူတစ်ချို့ကမသိသေးတာပါ…. အခုဒီပို့စ်တင်ရခြင်း အဓိကအကြောင်းအရင်းကတော့ အာစီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက ကယန်းအလှ(Kayan Beuties) ဆိုတဲ့ရုပ်ရှင်ကားကြီးနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သူငယ်ချင်းအားလုံးကို အသိပေးချင်ယုံဖြစ်ပါတယ်ရှင်… ဒီရုပ်ရှင်ကားကို ဒါရိုက်တာ အောင်ကိုလတ်က နိုင်ငံတကာအဆင့်အတန်းဝင်အောင် ငွေကြေးအမြောက်အများ အကုန်အကျခံကာ ရိုက်ကူးထားကြောင်း နဲ့ သဘာဝအရပ်သူ ကယန်းလူမျိုုးအစစ် သရုပ်ဆောင်များကိုသာ အသုံးပြုပြီး ကယန်းလူမျိုးများရဲ့ ဓလေ့တွေကို ရိုက်ကူးထားကြောင်းသိရှိရပါတယ်ရှင်.. အစမ်းသဘောအနေနဲ့တော့ youtube မှာ Kayan Beauties ဆိုပြီး ထွေလာလေးတော့ကြည့်လို့ရနေပါပြီ ဇာတ်လမ်းအစအဆုံးကိုတော့ ရုပ်ရှင်ကားကြီးထွက်ပြီးမှပဲ ကြည့်ရမယ်လို့ထင်ပါတယ်ရှင်… ကဲ… သူငယ်ချင်းတို့ရေ ဒီတစ်ပါတ်တော့ ကယန်းဆိုတာဘာလဲဆိုတာရယ် […]


ayeyarwaddy-tunMarch 8, 20131min35732
သူငယ်ချင်းတို့ရေ ဧရာဝတီက လျှို့ဝှက်နာပါတ်မေ့နေလို့ မဝင်ဖြစ်တာကြာသွားတယ် အခုမှပဲ ပြန်ဝင်ဖြစ်တော့တယ် ပြန်တွေ့ရတာဝမ်းသာပါတယ် သူငယ်ချင်းတို့ …   အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်…


ayeyarwaddy-tunAugust 7, 20121min24013
အဖြည့်ခံ သူချစ်ကိုမကြင်နာ ကိုယ်ချစ်သာရှာမက်ခဲ့လို့ မနူးမနပ်နဲ့ ရူးမတက်ခံစားရတယ် ဒါပေမယ့်လဲ ဘာပဲဖြစ်ဖြစ် ရင်တွင်းဖြစ်တဲ့ ငါ့ရဲ့ အချစ်တွေ အပေါစားလို့ သဘောထားတောင်မှ ဒေါသမပွားဘူး ဒီနှလုံးသား အပိုင်ပေးပြီးသားပဲ မင်းစိတ်တိုင်းကျ အသုံးချနိုင်တယ် ငါ့အချစ်ကိုပုန်ကန် ရင်ခွင်ကိုစုံကန်သွားလဲ အမုန်းမဖက် ပြုံးလျက်သာ ကျေနပ်စွာနဲ့ အဖြည့်ခံဘဝမှာသာ ရှိပါတော့မယ် … နေတက်ပါတယ်လေ


ayeyarwaddy-tunJuly 31, 20121min45943
အားလုံးပဲမင်္ဂလာပါရှင်.. သမီးကတော့ အခုမှဝင်လာတဲ့ရွာသူအသစ်ကလေးပါ ရွာထဲကဦးဦး ဒေါ်ဒေါ် မမ နဲ့ သူငယ်ချင်းများအားလုံး စာရေးတာလေးတွေ ဖတ်ရတာ သဘောကျမိလို့ပါရှင် အားလုံးကိုကျေးဇူးတင်ပါတယ်.. အသိအမှတ်ပြုပေးကြပါအုံးနော်….။။