ba gyiJune 26, 20121min1648
လူကောင်းတွေ ဘာမှမလုပ်ပဲထိုင်နေတာဟာ၊မကောင်းမှု လုပ်သူတွေ အတွက် လိုအပ်နေတဲ့ ၊ တစ်ခုတည်းသောအရာပါ။ သည်စာတန်းကလေးကို 5 Movies မှပြသသော Tear of the sun . ဇတ်ကားကလေးအပြီးမှာ၊ စာတန်း ထိုးပြ လိုက် တာပါ။ ဇတ်လမ်းကလေးကိုတစ်ချို့လည်းကြည့်ဘူးကြမှာပါ၊နိုက်ဂျီးရီးယားပြည်တွင်းစစ်ပွဲကြားမှာပိတ် မိနေတဲ့ အမေရိ ကန်မစ်ရှင်အဖွဲ့မှ ဆရာဝန်မကလေးကို၊အမေရိကန် စစ်ကွန်မန်ဒို အဖွဲ့မှကယ် တင် တဲ့ဇတ်လမ်းလေးပါ။ ကွန်မန်ဒိုတွေဟာအထက်တာဝန်အမိန့်အရ၊ဆရာဝန်မလေးကိုပဲကယ်ရမှာပါ၊ဒါပေမည့်အဲသည်ဆရာဝန်မလေးနှင့်အတူ၊အခြားစစ်ပြေးဒုက္ခသည်တွေပါလာပြီး၊သူတို့ကိုပါကာကွယ်ရတာနဲ့ ဆရာဝန် မလေးအပါအဝင်ကွန်မန်ဒိုတွေပါအသက် ဘေးအန္တရာယ် များခဲ့ရပါတယ် ၊နောက်ဆုံး အထက် အမိန့်အရ၊အမေရိကန်ကယ်ဆယ်ရေးရဟတ်ယာဉ်ရောက်လာပြီး၊ဆရာဝန်မလေးကို အတင်း ဆွဲတင်ကာ၊ကွန်မန်ဒိုတွေ ကိုယ်လွတ်ရုန်းထွက်ခွင့်ရခဲ့ပေမည့်၊ အောက်မှကျန်ခဲ့တဲ့ ဒုက္ခသည်တွေ ကြည့်ပြီး၊လူသားချင်းစာနာတဲ့စိတ်၊အာဏာသိမ်းစစ်သားတွေလက်ထဲကျရောက်ပြီးမရှုမလှအသတ်ခံရမည့် ဒုက္ခသည်တွေရဲ့ဘဝ။ သည်လိုနှင့် ကွန်မန်ဒိုတွေ ရဟတ် ယာဉ်နောက်ကြောင်းပြန် လှည့် ဆင်းပြီး၊ဒုက္ခသည်တွေကိုကယ်တင်လိုက်တဲ့ဇတ်လမ်း ကလေးပါဗျား။ အဲသည်ဇတ်လမ်းလေးအပြီးရေးထိုးလိုက်တဲ့၊စာတန်းကလေးကြောင့်ဇတ်လမ်းအနှစ်သာရပိုကဲ၊ပြီးလူ့တာဝန်၊လူ့စရိုက်ဆိုတာကိုတွေးမိခဲ့ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးများ […]


ba gyiMarch 29, 20121min924
ရွာသားများ နှင့်ကင်းကွာနေတာကြာပါရော့၊ခရီးတွေဆက်တိုက်ထွက်နေရပြီး၊ပြန်ရောက်တော့လည်း၊ရုံးအလုပ်တစ်ဖက်၊ရပ်ရွာထဲ တရားပွဲဖြစ်မြောက်ရေးတစ်ဖက်နဲ့မို့ တစ်ကြောင်း၊လျှပ်စစ်မီးကလည်း ကိုယ်အချိန်ရလျှင်သူကပျက်၊  ဆိုတော့ ခု မီးကလေးပြန် အလာ ၊ အချိန်အားကလေးလည်းခေတ္တရသဟာနဲ့ ရေးတင်လိုက် ရပါကြောင်း၊     ကျုပ်တို့ ယ္ခုနှစ် တရား ပွဲကလေးမှာ၊ တရားဟော ခွင့်မရလိုက်ရှာသော ရွှေညဝါဆရာတော်ကြီး ခဗျာ၊မူလသီတင်းသုံးရာကျောင်းမှမှော်ဘီသို့ ထွက် ခွါပေးခဲ့ ရတာအားလုံးသိပြီး ပါ၊     လောလောဆယ်၊ယာယီ တဲကျောင်းကလေးမှာဆင်းဆင်းရဲရဲနေရရှာပြီး၊ဒကာ၊ ဒကာမအပေါင်းမှကျာင်းဆောက်ဘို့စ တင်နေ တာမို့၊ဆရာတော်ဟောခွင့်မရ လိုက်သောတရားပွဲညမှာတော့ ၊ဒကာ၊ဒကာမအပေါင်း၏ အာသီသ အရ ဆရာတော်ကို တရား မဟောသော် လည်း၊ပူဇော်ခံကြွဘို့ပင့်လျှောက်ကြသဖြင့်၊ အပူဇော်ခံကြွလာခဲ့ပါတယ်။ တရားပွဲလာကြသော သူတော်ကောင်းအပေါင်းရဲ့၊ ဆရာတော်၏၊အမျိုး၊ဘာသာ၊သာသနာတော်အတွက်ကိုယ်ကျိုးစွန့် လွှတ်မှု၊ သည်း ညည်းခံမှု၊အပေါင်းကိုဂါရဝ အမှုးထားပြီး၊ကျောင်းဆောက်ရန်လှုဒါန်းခဲ့ရာ၊တစ်ထိုင်ကလေးမှာပဲ မြန်မာကျပ်ငွေ ရှစ်သိန်းတိတိ ကိုပူဇော်နိုင်ခဲ့ ပါကြောင်း။ သာဓုအနုမောဒနာပြုကြပါဗျား။ ရွှေညဝါ ဆရာတော်ကြီးအား […]


ba gyiFebruary 27, 20121min20819
ကျုပ်တို့နိုင်ငံမှာ၊ သေသွားပြီ၊သေသောသူ ကြာရင်မေ့ ဆိုတာတစ်ကယ်တန်းမယ်တော့ ၊မဟုတ်ပါဘူး။ ဘယ်သူမေ့မေ့ ကျုပ်တို့ အစိုးရဝန်ထမ်းတွေကတော့ မေ့ပေါင်ဗျား။ ကျုပ်တို့ဆိုတာ — စည်ပင်၊လဝက ကိုယ်စားပြုသူတွေပေါ့ ခင်ညာ။ ခင်ဗျားတို့စဉ်းစားကြည့် ဘယ့်နှယ်ဗျာ ကလေးမှတ်ပုံတင်လုပ်ပါတယ်၊အဖိုးအဖွါး နာမည်၊မှတ်ပုံတင်မသိဘူးဆိုတော့၊ ဘယ်လောက်ကျုပ်တို့ခေါင်းကိုက်သလည်း၊သည်တော့ကာ ဆွေမျိုးဇယားပြန်ပြီးစတိုထဲရှာရတာ လွယ်တယ် မတ်ဒယား ၊ကဲပေးရှာခ ၊ မပေးချင်ရင် – အဖိုး၊အဖွားမှတ်ပုံတင်၊ သန်းခေါင်စာရင်းကို မိတ္တူကူးသိမ်းထားပေါ့ဗျ။လူဒွေဂိုက ရှေ့ရေးမတွေး၊တစ်ဆုံးမမြင်၊ ပြီးမှ ဘာဒုန်း၊ ကျုပ်ဒို့ဆက်ဆံရေးကျဲသလေးဘာလေး။ တရုတ်ကုလားရှင်းသဗျား သည်လိုအဆက်ဆက်ရှုပ်စရာမရှိ၊ သက်သေပြစရာမလို အော်တိုပေးလိုက်ရုံပဲ ။ခင်ဗျားတို့ မရှုပ်ပဲ ရှင်းတဲ့ဘက်ကတွေးဂျပါဂျ။ နောက်ဆို လဝကမှာလေ– ဝန်ထမ်းတောင်မြန်မာတွေ ရှုပ်လို့၊ တရုတ်၊ကုလားပဲ ခန့်တော့မယ် သတိထား။ ဟော သူပြောသလို ကျုပ်ဒို့ စည်ပင်ကလည်း ေ ကြာ အဲ အဲ […]


ba gyiFebruary 24, 20121min1429
အမှုပွဲစား၊အမှုဖန်တည်းနေကြသူတွေအကြောင်းရေးထားသောပို့စ်လေးဖတ်ဖြစ်ပြီးရေးရန်ထက်သန်လာသောကြောင့်ရေးဖြစ်ပါသည်။ မျက်မြင်၊ကိုယ်တွေ့ကလေးတွေပါ၊ (၁)။ ကျုပ်နဲ့လုပ်ဖေါ်ကိုင်ဘက်တစ်ဦးဖြစ်တဲ့ ၊မန်နေဂျာကလေးကအစဉ်ပြေအိမ်ဝယ်ပါရော၊အလုပ်သဘောနဲ့တစ်ဆက်တည်းလုပ်ငန်းခွဲတာဝန်ခံတစ်ဦးရဲ့ဦးလေးထံမှဝယ်တယ်ဗျာ။ ထုံစံအတိုင်းအရပ်စာချုပ်ပေါ့၊ အိမ်သစ်တက်၊ ဂျာလေးမိန်းမကလုပ်တတ်ကိုင်တတ်ဆိုတော့ အိမ်ဆိုင်ကလေးဖွင့်၊( နေပြီး နှစ် နှစ်) အတွင်းတော်တော်လေးချောင်လည်လာပေါ့၊ အိမ်အမည်ေပေါင်လျှောက်မယ်လုပ်တော့၊သူတို့ကိုရောင်းသူက မူလအမည်ပေါက်မဟုတ်လို့၊မူလပထမအမည်ပေါက်ကိုရှာတွေ့၊ကြားမှာစာချုပ် နှစ်ဆက်တောင်ပြောင်းသွားတော့ အာမလိုက်မခံနိုင်ဆိုပြီးအဲမှာ အမည်ပေါက်ကိစ္စခေတ္တရပ်ကရော။ နောက်မကြာပါဘူး၊ ကျုပ်ဂျာကလေးထံကို ရပ်ကွက်ရုံးမှဆင့်ခေါ်စာရောက်တော့၊အလန့်တစ်ကြားသူ့ခဗျာပြေးသွားရပေါ့၊လား လား–ဟိုမှာရှေ့နေဆိုသူကစောင့်နေပြီကိုး။ အကြောင်းက– မူလပိုင်ရှင်ထံမှ ဝယ်ထားသူပိုင်ရှင် မှ လျှော်ကြေးရလိုမှုနှင့် ရပ်ကွက်ရုံးမှာအရင်လာညှိနှိုင်းတာတဲ့ဗျား။ အဲ  ရှုပ်မသွားနဲ့နော်–၊ အရင်းစစ်လိုက်တော့ မူလပိုင်ရှင်ထံမှ မိန်းမဖြစ်သူနာမည်နှင့် အဲသည်အိမ်ကို ဝယ်ခဲ့ပါသတဲ့၊ အဲသည်လင်မယားကကွဲသွားတော့အမှုဖြစ်၊ခရိုင်ရုံးထိရောက် တရားရုံးဆုံးဖြတ်ချက်ချ—- အိမ်/ခြံ ပိုင်ဆိုင်မှုကို လင်တစ်ဝက်၊မယားတစ်ဝက်ပိုင်စေ တဲ့ဗျာ။ ကဲ အမှုဖြစ်နေတဲ့ အိမ်ကြီး၊ အဲဒါကြီးကို လင်မသိခင်၊မယားကတစ်ဆင့်ရောင်းသွား၊အဲသည်လူထံမှ တစ်ခါကျုပ်ဂျာလေးကပြန်ဝယ်မိသကိုး၊ ဒါပေမည့်သည်မှာ ခရိုင်ရုံးအမိန့်ချမှတ် တဲ့ရက်သည်၊ ကျုပ်ဂျာလေးတို့ဝယ်ယူနေထိုင်ပြီး နှစ်ပေါက်နေပြီးမှ ချမှတ်သောစီရင်ချက်ဖြစ်ပြီး၊တရားခံ ကွာရှင်းခံအမျိုး သ္မီးလက်ရှိနေထိုင်နေကြောင်း၊ရပ်ကွက်ရာအိမ်မှုး၊ရယကတွေနဲ့၊တရားလို […]


ba gyiFebruary 22, 20122min1197
အပိုင်းတစ်တွင်၊ မွန်ပြည်နယ်မြို့တော် မော်လမြိုင်၊ကျိုက်ခမီ တို့၏၊သဘာဝရှုခင်းအရင်းအမြစ်များတင်ပြခဲ့ပါသည်။မော်လမြိုင်သည်ရန်ကုန်မြို့မှ  (၆)နာရီးကျော်လောက် သာ၊ ကားဖြင့်သွားရပြီး၊ကားလမ်းကောင်းမွန်ခြင်း၊တည်းခိုစရာဟော်တယ်ကြီး ၊ဟော်တယ်အလတ်စား နှင့်  အတန်အတင့် သပ်ရပ်သော ဧည့်ရိပ်သာများအစဉ်သင့်ရှိနေပြီးဖြစ်ပေသည်။ အစေားအသောက်ဆိုင်များအနေနှင့် မြန်မာထမင်း/ဟင်းဆိုင် (စားလို့ဖြစ်သောဆိုင်အဆင့်) သုံး/လေးဆိုင်လောက်သာရှိပြီး၊ကန္နားတွင်ညဘက်ဖွင့်သော၊အကင်ဆိုင်များ၊တရုတ်အစား အစာဆိုင်လေးများရှိကာ၊သင့်တင့်သောဈေးဖြင့် အရသာမျှတစွာစားနိုင်ကြပါသည်။နိုင်ငံခြားမှ ဧည့်သည်ခရီးသွားများတစ်ဆတစ်ဆ လာရောက်လည်ပတ်နေကြပြီး၊မြစ်ဆုံရှုခင်း၊တောတောင်                         ရှုခင်းများ၊ခံစားနိုင်ကြသလို၊မော်လမြိုင်နှင့်မဝေးသော (၄၀)မိနစ်လောက်သွားရသည့် မုဒုံကန်တော်ကြီး၊ဝင်းဖနုံးရေလှောင်တမံ၊ဝင်းစိန်တောရ၊ဖားအောက်တောရ၊စသောထင်ရှာသည့်သာ                           သနာရေးအဆောက်အုံများအပါအဝင်၊ ကဗ္ဘာကျော် သေမင်းတမန်မီးရထားလမ်း စတင်တည်ရာ နှင့် ဒုတိယကဗ္ဘာစစ်အတွင်းကျဆုံးခဲ့သည့်၊ အင်္ဂလိပ်/ဂျပန် စစ်သည်များလဲလျှောင်ရာဖြစ်သည့် သံဖြူဇရပ် စစ်သင်္ချိုင်းကြီးလည်းရှိနေပေသည်။၊ထိုမှ နောက်ထပ် နာရီဝက်လောက်ဆက်သွားလျှင် စစ်စဲ ပင်လယ်ကမ်းစပ်သိုရောက်ပါသည်ခင်ဗျား။(သို့မဟုတ်ပဲ) သံဖြူဇရပ်မှအထွက် စက်စဲ၊                  သံဖြူဇရပ်၊ ကျိုက္ခမီ လမ်းဆုံတွင် ကျိုက္ခမီသို့ချိုးပြီးသွားပါက၊တန်ခိုးကြီးဆန်တော်ရှင် ကျိုက္ခမီရေလည်ဘုရားကြီးသို့ရောက်ပါမည်။အဲသည်ဘုရားကြီးကိုလှိုင်းထန်သောပင်လယ်ပြင်တွင်တည်          ထားကာ၊ဘုရားကြီးဖူးရန်ကွန်ကရစ်တံတားကြီးပေါ်မှသွားရပါသည်၊ ဘုရားကြီးပတ်လည်ပင်လယ်ပြင်ထဲသို့ ငါးစာတွေ ချပေးလိုက်ရင်၊ အားပါးပါး အလွန်ကြီးသောငါးကြီးများစုပြုံအစာလာစား ကြပါသဗျား။ နိုင်ငံခြားခရီးသွားများအဖို့ အပန်းဖြေ၊စိတ်ဝင်စားစရာခရီးအဖြစ်၊သက်တောင့်သက်သာသွားနိုင်သောခရီးသွားဒေသတစ်ခုအဖြစ်အလားအလာကောင်းပြီး၊ကျန်းမာရေးနှင့်ညီညွတ် သောအစားအစာရောင်းချမှုပုံစံ၊ဝန်ဆောင်မှုကောင်းပြီး၊တည်းခိုနိုင်သောစီမံမှုများအပြင်၊ခရီးသွားများလုံခြုံစေရေးအတွက်စီမံချက်များလုပ်ဆောင်ထားမည်ဆိုပါက၊ကရင်ပြည်နယ်နှင့်ဆက်ကာ၊ ကြီးမားသောခရီးသွားဒေသအဖြစ်မလွှဲမသွေဖြစ်လာမှာဖြစ်ပါကြောင်း။ […]


ba gyiFebruary 20, 20123min10812
                                                                    မော်လမြိုင်၊သံလွင်တံတားကြီးနှင့်၊ ဆိပ်ကမ်းအလှမြင်ကွင်း။                                                                      မော်လမြိုင်ကန္နားမှ စထရင်း ဟိုတယ်ကြီး။                                                                     သန့်ရှင်း၊သပ်ရပ်သောမော်လမြိုင်ဆိပ်ကမ်းရှုခင်း။                                                                    နံက်မိုးလင်းပြီဆိုတာနဲ့ မြစ်သံလွင်ထဲ စုန်ဆန်မြောလို့ နေကြပြီ။ ကျိုက်သာလံ ကိုသက်သေပြုကာ ဆိုတဲ့ ကိုသိန်းတန်ကြီးသီချင်းစာသားလေးလို မုတ္တမ၊ သံလွင်၊ အထ္တရံ၊ဂျိုုင်းမြစ်တို့ဆုံရာ မြစ်ဆုံရှုခင်း ကိုကြည့်ရင်း၊ဘုရားရင်ပြင်မှာ ငြိမ်းချမ်းနေကြသူနှစ်ဦး။ ညနေနေညိုချိန်ကိုစောင့်မျှော်နေတဲ့ မြစ်သံလွင်။ ကျိုက်သာလံဘုရားကြီးရဲ့ရင်ခွင်ထဲမှာ ကျနော်တို့နည်းတူ။နေညိုချိန်ကိုစောင့်မျှော်နေကြသောနိုင်ငံခြားမှ ရွှေဧည့်သည်များ။ သံလွင်မြစ်ထဲ တစ်ညတာအတွက် ရေသောက်ဆင်းခဲ့တဲ့ နေလုံးကလေးပေါ့။ နေခြည်မှာ ရွှေရည်လွှမ်းတဲ့၊ ဆံတော်ရှင် မြတ်သော ကျိုက်သာလံဆံတော်ရှင်စေတီတော်ကြီးကိုကြည်ညိစွာဖူးမျှော်ခဲ့ရပါတယ်။ ကျိုက်သာလံရင်ပြင်ပေါ်မှာပူဇော်ထားသော၊ယိုးဒယားနှီးဘုရားပါ၊ရှေးနှစ်ပေါင်း(243) နှစ်ရှိပြီတဲ့၊ သမိုင်းကြောင်းတစ်ခုအရ၊ယိုးဒယားတွေသည်နယ်မြေအထိသိမ်းပိုက်ခဲ့ပါသတဲ့၊မြန်မာတွေနဲ့စစ်ဆက်တိုက်ရာမှာ မုတ္တမဘက်ကမ်းဘက်မှာအခိုင်အမာပြုထားတဲ့ မြန်မာတွေကိုဘယ်လိုမှ           အနိုင်မရနိုင်လို့၊ ကျိုက်သာလံစေတီတော်တောင်ကုန်းပေါ်မှာ၊ယိုးဒယားတေါကတပ်စွဲကာ၊စစ်ကြေညာသတဲ့၊သူတိုဘက်ကသည်တောင်ပေါ်ဘုရားတည်၊မြန်မာဘက်ကလည်းမုတ္တမတောင်ကုန်းပေါ်ဘုရားတည်၊ မြန်မာတွေဘက်မျ ညတွင်းချင်းအပြီးတည်နိုင်ခဲ့ရင်သူတို့တပ်ဆုတ်ပြန်မယ်ပေါ့၊ အဲဒါဖြတ်ထိုးဉာဏ်ကောင်တဲပမြန်မာတေါ ဘုရားအရင်တည်ပြီးလို့၊ ယိုးဒယားတွေသူတို့ပြည်ကိုအပြီးပြန်ဆုတ် သွားရပါတယ်လို့ ဘုရားဖူး လူကြီးတစ်ဦးမှရှင်းပြဘူးပါကြောင်း။သညိဘုရားကြီးမှ ရောင်ခြည်တော်တွေမကြာမကြာလွှတ်သည်ကိုလည်းဏါတ်ပုံမှတ်တမ်းများအရတွေ့ရပါသည်။ ကျိုက်မရော၊ဘားအံ၊မော်လမြိုင် […]


ba gyiFebruary 3, 20121min15818
(၃.၀၂.၂၀၁၂)။  by  ba gyi. အချိန်စားကြသူများ(က) ။ (၁)။ မြန်မြန်တက်ပါဗျ၊ နောက်ကားပါလာပြီး၊ သည်မှာအပေါက်မပိတ်ပါနဲ့ဗျ၊ နောက်မှာအလွတ်ကြီးကျန်သေးရှေ့တိုးပါဗျ ၊ ဆွဲဆရာရေ့၊ ဝမ်းဖိုးဆစ် ကြီး နီးလာပြီ။ (၂)။ မှတ်တိုင်ကျော်ရပ်လိုက်၊ မြန်မြန်ဆင်းကြပါဗျို့၊ လက်လွှတ်ဆင်းပါဗျ၊ ဟာ– မြန်မြန်လုပ်ပါဆိုမှ ရပြီဆရာရေ့မောင်းတော့ဗျို့။ (၃)။ ကျော်တက်ကျော်တက်၊ မီးဝါတော့မယ်မြန်မြန်မောင်း၊ ဝှိုက်ထား၊ တင်ထား၊ ခေါက်ရေပြည့်၊ ဝင်ငွေစံချိန်ပဲဆရာရေ့။ အချိန်စားကြသူများ( ခ ) ။ (၁)။ လူနာတွေစောင့်ရတာကြာနေပြီရှင့် ဆရာကြီးမလာသေးဘူးလား။ အော်– သည်လောက်တော့ရှိမှာပေါ့ရှင် ဆရာကြီးက ပေးရှင့် များတယ်လေ ဟိုဘက်ဆေးခန်းမှာလူနာမပြတ်သေးလို့ပါရှင့်။အရေးကြီးရင် အွန်ကောခေါ်ပါရှင့် အွန်ကောခက( ကြားဖြတ်ကြည့်ခ ) တစ်သောင်းခွဲပါရှင့်။ (၂)။ ဆရာကြီးလာပါပြီရှင် – (၃)။ တစ်။     ဒေါ်——- ဝင်လို့ရပါပြီရှင်—- […]


ba gyiFebruary 1, 20122min19616
ဖိုးဝင်းတောင်ကတော့အဝေးကကြည့်လျှင် လောင်းလှေကြီးမှောက်အုပ်ထား သောပုံဖြင့်မြင်ရ ကြောင်း လည်း ပြောပြပါသည်။ဖိုးဝင်းတောင်သမိုင်းကို သမိုင်းဆရာတို့က နှစ်အမျိုးမျိုးသတ်မှတ်ကြသည်။ အရှင်ဉာဏဝံသ ၏၊ဖိုးဝင်းတောင်သမိုင်းစာအုပ်တွင်သက်တမ်း နှစ်ပေါင်း  ငါးရာ မှစခဲ့သည်ဟု၎င်း။ သမိုင်းဆရာကြီးဒေါက်တာ သန်းထွန်းက အနှစ်ပေါင်း             သုံးရာ ဟုမှတ်ချက်ပြုဘူးကြောင်း၎င်း။ မြန်မာ့ရှေးဟောင်းသုတေသနဌာနမှ        နှစ်ပေါင်း              ခွန်နှစ်ရာ ဟု၎င်း။ အမျိုးမျိုးကွဲပြားကြသော်လည်း၊ကဗ္ဘာ့ရှေးဟောင်းအမွေအနှစ်နယ်မြေ ထဲတွင်ထည့်သွင်းခံထားရကြောင်းကို ဂုဏ်ယူ ဘွယ်ရာ သိရပါသည်။ တောင်ပေါ်အတက်လှေခါးမှာပင် မျောက်စာရောင်းသူတွေမှစည်းကြိုကြသည်၊လူအုပ်မြင်သည်နှင့်မျောက်များက ၊ ပုဆိုးဆွဲ ၊ဘောင်းဘီစဆွဲကာ အစာတောင်းကြတော့ပြီ၊ကောင်မလေးတွေ ကကြောက် လန့်ပြီး ဘကြီးပါမနေရတော့၊ဘကြီးရဲ့လက်မောင်းကြီးကို ဘယ်တစ်ယောက်၊ညာတစ်ယောက်၊မလွတ်တမ်းဖက်တွယ်ကြရော့ပြီ၊ တစ်ယောက် မဟုတ်နှစ်ယောက်၊ဆိုတော့ ဘကြီးလည်းကြံရာမရ ၊နောက်ဆုံး၊ မျောက်မျက်နှာတည့်တည့် ကင်မရာဖြင့်ချိန်ပြီး တစ်ဖြတ်ဖြတ် ရိုက်တော့မှ မျောက်မသားတွေ လန့်ပြီးအနားမကပ်ကြတော့ပါ၊( ရင်တုန်လိုက် ဘိဖြစ်ခြင်း။) လူဆိုတာမျောက်မှဆင်းသက်သည်ဆိုတဲ့ အယူအဆ မှန်မမှန် တော့မသိ၊ လူနှင့်တော့အကျင့်တော်တော်တူသည်၊အစာတစ်ထုပ်ပေးလို့မသွား၊ဘေင်းဘီစကိုဆက်ဆွဲကာထပ်တောင်းသည်၊ဈေးသည်တွေက အဲဒါနောက်တစ် […]


ba gyiJanuary 30, 20122min27017
စစ်ကိုင်း၊မုံရွာ ဘက်မှ မြန်မာ့အမွေအနှစ်များနှင့် ၊အံ့ဩဘွယ်ရာဖြစ်ရပ်များ။(ဒုတိယပိုင်း) ( ၇. ဝ၁. ၂၀၁၂ ) ရက်နေ့မှာ၊ဝန်ထမ်း ဆုပေးပွဲပြီးတော့၊ မုံရွာဘက်ခရီးဆက်ခဲ့ပါတယ်၊ လမ်းမှာမနေ့ကကျန်တဲ့စစ်ကောင်းကောင်းမှုတော်စေတီတော်ကြီးကိုဝင်ရောက် ဖူးမျှော် ကြည်ညိုခဲ့ပါတယ်၊ လက်ယာရစ်တစ်ပါတ်ပြည့် အောင် ပတ်လျှင် မိခင်ရဲ့နို့တစ်လုံးဘိုးကျေတယ်ဆိုတာလည်ူးကြားခဲ့ရပါတယ်။ အဲ့သည်ဘုရားပရဝုဏ် ထဲဝင်တော့၊ယူနီဖေါင်းဆင်တူရာ ဝတ်ထား တဲ့ လူငယ်အုပ်စုတွေ သုံးစုလောက်တွေ့ရပါတယ် ၊တစ်အုပ်စုအရောင်တစ်မျိုးနဲ့၊မိန်းကလေး၊ယောက်ကျားလေးတွေအများသားပဲ၊  တော်တော်ပျော်ပြီး အော်ကြ ဟစ်ကြ နောက်ကြပြောင်ကြပေါ့၊တစ်ဝင်းလုံး ဆူညံဘွတ် ကလောနေကြတာ၊မေးကြည့်တော့ မန္တလေး၊ဘက်က ဘော်ဒါဆောင်တွေ မှ ကျောင်းသားတွေတဲ့ဗျား။ စစ်ကိုင်း ကောင်းမှုတော်စေတီကြီး ကိုယခင် ဓါတ်ပုံတွေအရ ထုံးဖြူဖြူ သင်္ကန်းကပ်ထားတာတွေ့မြင်နေကျ ဆိုတော့ယခု ရွှေသင်္ကန်းကပ်ထားတော့ မြင်ကွင်း တစ်မျိုးကြီးတော့ဖြစ်သား၊ ဒါပေမည့်လည်း ကြည်ညိုစရာကောင်းပါတယ်ဗျား။ ထုံးဖြူဖြူမှ ရွှေရောင်အတိဖြင့် ကြည်ညိုလှသော၊ကောင်းမှုတော်စေတီတော်ကြီး။ ကောင်းမှုတော်ဘုရားကြီးကိုကြည်ညိုကြပြီး၊ခရီးဆက်ခဲ့ကြပါတယ်၊ မြင်းမူမြို့အဝင် ညောင်ပင်ဝန်း  ဆိုတဲ့ […]


ba gyiJanuary 25, 20122min13710
ဒီဇင်ဘာရုံးပိတ်ရက်ပြီးတော့၊(၅.၀၁.၂၀၁၂)မှာရုံးပြန်ဖွင့်ခြင်းပဲ- အထက်မြန်မာပြည် ဝန်ထမ်းဆုပေးပွဲသို့ အဲသည်ညပိုင်းမှာ ခရီးဆက်ရပြန်ပါတယ်။ ဆုပေးပွဲသွားရင်းမထင်မှတ်ပဲ စစ်ကိုင်း၊မုံရွာ ဘက် ဘုရားဖူးနှင့်အလည်အပတ်ရောက်ဖြစ်ခဲ့ရပြန်ပါတယ်ခင်ဗျား။ စစ်ကိုင်း၊ဧရာမြစ်ပတ်လမ်းပြင်နေလို့၊စစ်ကိုင်းတောင်ပတ်လမ်းမှအသွား၊လျှိုမြောင်လမ်းကလေး။ ဧရာမြစ်ခင်းမှာခြေဆင်းနေတဲ့၊ မင်းကွန်းရွာအဝင်မှ မြစိမ်းရောင်ကိုင်းခင်းကလေ။ မင်းကွန်းရောက်တော့၊ နိုင်ငံခြားသားတွေနှင့် စည်ကားနေတဲ့ မင်းကွန်းခေါင်းလောင်းကြီးကိုအရင်မြင်ရပါပြီ၊ ကဗ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးငါးခုထဲမှာ၊ကျုပ်တို့ မင်းကွန်းခေါင်း လောင်းကြီးက ကဗ္ဘာ့ တတိယအကြီးဆုံးခေါင်းလောင်းကြီးလို့သိရပါတယ်။ –   ကဗ္ဘာ့ ပထမ အကြီးဆုံးခေါင်းလောင်းကြီးမှာ   ဆာ ကိုလိုကိုး ခေါင်းလောင်းဖြစ်ပြီး ( ရုရှား နိုင်ငံ)  မော်စကို/ရင်ပြင်မှာရှိပါတယ်၊  တန်ချိန်(၁၈၀)ရှိပြီး၊အေဒီ (၁၈)ရာစု တွင် သွန်းခဲ့ သည်။ –  ဒုတိယအကြီးဆုံးခေါင်းလောင်းကြီးမှာ             ရုရှားနိုင်ငံ မော်စကိုတွင်ပင်ရှိသော ရုရှားခေါင်းလောင်းကြီးဖြစ်သည်။ တန်ချိန်(၁၂၈)တန်ရှိသည်။                   […]


ba gyiJanuary 12, 20121min775
ကျိုက်ထီးရိုးဘုရားကြီးမုဒ်ဦးရောက်ပါပြီ။ ဘုရားရှင်ကို၊ညရှုခင်းဖြင့်ပူဇော်ခြင်း။   အာရုံဏ်တက်မှာနှုတ်ဆက်ခဲ့ပြီ၊ တောင်တော်သျှင်။                               အလုအယက်၊လှေခါးသမားတွေဘေးထွက်။ ကျီးကန်းပါးစပ်ဘက်အကျော်ဆိုင်ကိုတက်တဲ့လှေကားထစ်ကလေး။ မနက်ကအထိပုံတင်မရလို့ယခုမှ သင်ယူပြီးတင်ပေးလိုက်ပါသည်။လေးစားစွာဖြင့်။   https://myanmargazette.net/wp-admin/media-upload.php?post_id=93079&type=image&TB_iframe=1    


ba gyiJanuary 12, 20121min27522
အားလုံးပဲ၊မင်္ဂလာပါ၊ဒီဇင်ဘာ(2011)ကိုရုန်းကန်ဖြတ်ကျော်ရင်း သည်ရွာကလေးနဲ့အဆက်ပြတ် သွား ခဲ့ တာ၊ တစ်လနီးနီးပါပဲ၊ကုမ္ပဏီ ရဲ့ ရည်မှန်းချက်                                                      ( တာ့ဂက်) ပြည့်နိုင်ခဲ့သလို၊ နှစ်ချုပ်တဲ့စာရင်း ပိတ်ရာသီ မှာမျက် နှာ ပန်းလှခဲ့ပါတယ်။ ဝန်ထမ်းအကဲဖြတ်အမှတ်ပေးပွဲ၊အောက်မြန်မာပြည်ဆုပေးပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ သည့်နောက်တော့ (27.12.2011)  မှ စပြီးအလုပ်အားရက် (4.01.2012) ထိရုံးပိတ်ရက်၊အနားယူရက်ရခဲ့ပါတယ်။ သည် ပိတ် ရက်အတွင်းမှာ ကျိုက်ထိးရိုးဘုရားဖူးခရီးကို မိသားစုနှင့်အတူသွားဖြစ်ခဲ့ပါတယ်၊မရောက်တာ လေး နှစ် လောက်ရှိခဲ့ပေမည့် ၊ ရသေ့တောင်မှ ဘုရားရင်ပြင် အနီး အထိ တောင်တက်လမ်း အသစ်ဖေါက်လိုက် တာ၊ ရင်ပြင်တော်ပေါ်နဲ့၊ရင်ပြင်အနီးတည်းခိုခန်း တွေပိုများ များ ဖွင့် နိုင်လာတာ၊ဘုရားကြီးရဲ့ဘေးဘက်ဝဲ၊ယာ မှာရှိတဲ့ အခြား ထင်ရှားသော သမိုင်းဝင် နေရာတောင် ကြောလမ်း တွေမှာ စေတီငယ်၊ရုပ်ပွါးတော်တွေတိုးပွား လာပြီး၊အလှုခံတွေမှိုလိုပေါက်လာတာ ကလွဲပြီး၊ […]


ba gyiDecember 19, 20111min907
လွမ်းရစ်ဝေသောနွေဦးရက်များ နှင့် ထောင်အမိန့်ချခံရသောနေ့၊ သရဲဝင်စီးသောည။ (တတိယ ၊ ဇတ်သိမ်းပိုင်း) (စစ်ခုံရုံးဆိုတာ —-။) ထောင်ဗူးဝရှိလူဝင်ပေါက်နားရောက်တော့ ရဲဝတ်စုံဝတ်သုံးပွင့်တပ်ထားသူမှ ကျနော့ကိုသူ့မိတ်ဆွေဟောင်းကိုနှုတ်ဆက်သလို၊ ကို———- လာလာဆိုကာ၊ ကျနော့ပုခုံးကိုပုတ်ကာအမှာပါးသည်၊ ဘာပဲသူတို့ပြောပြော ဟုတ်မှန်ကြောင်း သာ ဝန်ခံလိုက်၊ ဝန်ခံရင်ထောင်ချရက်နဲလိမ့်မယ်- ခင်ဗျားအတွက်ပြောတာ စစ်ကြော ရေး မှာလိုခေါင်းမမာပါနဲ့တဲ့ ဂရုဏာသက်သလိုမျက်နှာ ပေး နှင့်၊ သုံးခါလောက်ကိုမှာပါသည်၊ ထို့နောက်၊ နောက် တစ် ယောက်ကိုကျနော့လိုခေါ်လာပြန်သည်၊ အသက်(၄၅) လောက်ဟုထင်သည်၊သူ့ကို ကျနော်လုံးဝ မမြင် ဘူးပါ၊ သို့သော် အဲဒါ ကျနော့်အမှုတွဲပါတဲ့ဗျား။ စစ်ခုံရုံးထဲကျနော်တို့နှစ်ယောက် ဝင်ခဲ့ပါပြီ၊ကျနော်တို့နှင့်ခပ်လှမ်းလှမ်း၊အခန်းဘယ်ဘက်ဘေးမှာ ရဲအရာရှိ လေး ငါး ယောက်ထိုင်နေကြသည်၊သူတို့ရှေ့ခုံပေါ်မှာတော့စာ ရွက် တွေ၊ဖိုင်တွဲတွေ နှင့် ၊ကျနော်တို့နှစ်ယောက်ကို လည်းထိုင်ခုံရှည်ဖြင့် ထိုင်ခိုင်းထားသည်၊ကျနော်တို့ရှေ့မှာ၊စားပွဲခုံရှည်တစ်လုံးချထားသည်၊ ကျနော်တို့ နှင့် ရှေ့တည့်တည့်ရှိ […]