the bestMay 9, 20121min1458
စက်မှုဇုံ ထုတ်ကားတွေ နှစ်ပြည့်လို ့လိုင်စင်ဝင်ပြီဆိုရင် ကညန မှာ စိတ်ညစ်တဲ့ဒဏ်အမြဲခံ နေရပါတယ်။ အခုဆို ကားဈေးကျနေတဲ့ အချိန် ဇုံ ကားတွေဆို ငွေထပ်ကုန်ခံပြီး ဘယ်သူမှ မပြင်ချင်ကြလို ့ ကားဟောင်းကားစုတ်တွေထက်တောင်အမြင်မကောင်းပါ။ ကြံ ့ခိုင်မှု မရှိလို ့အန္တရယ်များပြီး ယာဉ်တိုက်မှုတွေ ဖြစ်တာလည်း မနည်းတော့ပါ။ စက်မှုဇုံထုတ်ကားတွေ ပြဿနာများထဲက ကျွန်တော့်မိတ်ဆွေအဖြစ်ပဲ တင်ပြပါမယ်။ ကျွန်တော့်မိတ်ဆွေထဲက တစ်ချို ့ဂျစ်ကားစီးသူများ မိုးရာသီရောက်တိုင်း ရေစိုခံရတဲ့ဒဏ်၊ ငွေကုန်ခံ အမိုးအသစ်လဲရတဲ့ဒဏ် မချိမဆန် ့ခံနေရပါတယ်။ အမိုးပျော့ ကို အမိုးမာပြောင်းခွင့်မရလို ့ဟုသိရပါတယ်။ ကျွန်တော် စဉ်းစားမိပါတယ်။ အမိုးပျော့ ကို အမိုးမာ တရားဝင်ပြောင်းခွင့်ပေးပါက ကားလည်းလှလာမယ်။ မြို ့လည်းလှလာမယ်။ စီးတဲ့သူလည်းအဆင်ပြေမယ်။ သူတို ့ ကားကိုလည်း […]


the bestMarch 4, 20121min25921
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မတ်လ ၁ရက်နေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သော မိန့်ခွန်းမှာ “ ၁၈ နှစ် ၁၉ နှစ်အရွယ်ရှိတဲ့ လက် နက်ကိုင်တိုင်းရင်းသားလူငယ်တွေ ကပြောကြတယ်။ ကျွန်တော်တို့လည်း လက်ပ်တော့ တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော်တကယ့်ကို ပဲစိတ်မကောင်းဖြစ်ရပါတယ်။”ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ “အခြေခံပညာစာသင်ကျောင်းတိုင်းမှာ စာကြည့်တိုက်တွေရှိရမှာဖြစ်သလို ကောလိပ်၊ တက္ကသိုလ်တွေ အားလုံးမှာလည်း သမားရိုးကျစာကြည့်တိုက်တွေသာမက နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားတဲ့ အွန်လို်င်းစာကြည့်တိုက်တွေရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့ပါသည်။   ကျွန်တော့် အနေနဲ့  တင်ပြ ချင်တာ က“ ၁၈ နှစ် ၁၉ နှစ်အရွယ်ရှိတဲ့ လက်နက်ကိုင်တိုင်းရင်းသားလူငယ်တွေတင်မက လက်နက် မကိုင်တဲ့ တိုင်းရင်းသားလူငယ်တွေ …ကျောင်းသား လူငယ်တွေ …လည်းပဲ လက်ပ်တော့ တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်ပါတယ်။ အွန်လို်င်းစာကြည့်တိုက်တွေ သုံးနိုင်အောင် ကောလိပ်ကျောင်းသားများ ၊ […]


the bestFebruary 29, 20121min15011
၂၀၁၂  ခုနှစ် မတ်လ(၁) ရက်နေ့ နံနက် ၁ဝးဝဝ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်  ံက မိန့်ခွန်း ပြော မည်။ SKY NET ရုပ်သံလိုင်းမှ (Live)အစီအစဉ်  တိုက်ရိုက် လွှင့်ပါမည်။


the bestFebruary 25, 20121min1204
ငွေကြေးဖောင်းပွမှု နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု ကို လာမည့် ဘဏ္ဍာရေးနှစ်အစတွင် အလျှင်အမြန် မဖြစ်မနေ ကန့်သတ်ထိန်းချုပ်ရေး အဆိုကို ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းတင်ပြပေးပါရန် လေးလေး စားစား အကြံပြု တောင်းဆို အပ်ပါတယ်။


the bestFebruary 17, 20121min1359
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်း က တင်သွင်းသော နိုင်ငံ့ဝန်ထမ်းလစာများ တိုးမြှင့်ပေးရေးအဆိုကို သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရကလက်မခံဘဲ ပယ်ချလိုက်ပါပြီ။ နိုင်ငံအတွက်  ပြည်သူ့အတွက် များစွာသော နစ်နာ ဆုံးရှုံးမှု တွေ မကြုံတေွ့အောင် သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရက ဘာလုပ်ကြမှာလဲ စဉ်းစားဖို့ လိုအပ်လာပါပြီ။ လစာတိုးပေးသည့် နည်းလမ်းတခုတည်းဖြင့်ဝန်ထမ်းများကို စီးပွားရေး ပြေလည်လာ အောင်မလုပ်ပေးနိုင်ဘူးဆိုတာ လက်ခံ ပါတယ် ။ မြန်မာပြည်သူတွေဟာ လက်ရှိကုန်ဈေးနှုန်း ဒဏ်ကို ခံနေကြရပါတယ် ။ ငွေကြေး မဖောင်းပွအောင်…ကုန်ဈေးနှုန်း မတက်အောင်…ပြဿနာတွေ အားလုံး ဖြေရှင်းနိုင်မှသာ အမျိုးသား အကျိုးစီးပွားကို ကာ ကွယ် နိုင်ပါ မယ်။ လောလောဆယ် ပြည်သူ နှင့် နိုင်ငံဝန်ထမ်းတွေဟာ စနစ်ရဲ့ သားကောင်ဖြစ် နေကြရ ပါတယ်။ […]


the bestFebruary 13, 20121min1399
ပြည်တွင်း ထုတ်တဲ့ကားတွေ အရည်အသွေး အာမ မခံနိုင်ပါဘူး။ စနစ်တကျအသေးစိတ် အရည်အသွေး စစ်ဆေးမထားလို့ အန္တရာယ် မကင်း တဲ့ စံမမီ ကားတွေပါ ။ မသမာတဲ့သူတွေ နဲ့ ဝန်ကြီးဌာန က  ဦးဆောင်သူတွေ    လာဘ်ပေးလာဘ်ယူ ပြီး ထုတ်လုပ်ထားတဲ့ အတွက် အများ ပြည်သူပဲ ထိခိုက်နေပါတယ်။အန္တရာယ်ကြီးပါတယ်။ ဥပဒေအရထိရောက်စွာအရေးယူနိုင်ခြင်းမရှိတာဟာ ဝန်ကြီးဌာန က  ဦးဆောင်သူတွေ ပါ နေတော့  အရေးမယူခဲ့ဘူး။ တကယ်တော့ မသိတာမဟုတ်ဘူး။ သိသိနဲ့ထုတ်နေကြတာ။ အဓိက အချက်ကတော့ လာဘ်ပေးလာဘ်ယူ တဲ့ အတွက် ပြည်တွင်းကားထုတ်လုပ်မှု ကျန်နေခဲ့တာပဲ။ အစားထိုးလဲလှယ် တဲ့ ကားဟောင်းများတွေ ထက် ဆိုးပါတယ်။ မသမာတဲ့ နည်းနဲ့ထုတ်တဲ့ အန္တရာယ် မကင်းတဲ့ ပြည်တွင်းကားတွေ အရည်ကျို ပစ်မလား….. ကားထုတ်တဲ့သူတွေ အရည်ကျို ပစ်မလား…..


the bestFebruary 11, 20121min1035
ဝန်ထမ်းတွေ လစာ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ ကုန်ဈေးနှုန်း ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ ပြည်သူကို အကောက်ခွန်ကောက်တာ ဗြုန်းစားကြီး တိုးတက် လာပါလိမ့်မယ်။ ရွှေဈေးများ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ ဂုဏ်သိက္ခာမဲ့ အကျင့်ပျက်တွေ  စီးပွားရေးလက်ဝါးကြီးအုပ်တွေ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ စားစရိတ် နေစရိတ် ခရီးစရိတ် ဖုန်းစရိတ် ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ အိမ်ဈေး အိမ်ခန်းငှားခ ကားခ ရထားခ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ စီးပွားရေးအဆင်မပြေမှု ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ လာဘ်ပေးလာဘ်ယူကိစ္စ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ အကျင့်ပျက်ခြစားမှု ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ ငွေလဲနှုန်း ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ ငွေကြေး ဖောင်းပွမှု ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ ဆင်းရဲမွဲတေမှုနှုန်း ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ ထိုကဲ့သို့ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ အပေါ် […]


the bestFebruary 3, 20121min1215
လက်ရှိစီးပွားရေးအခြေအနေအရ တည်ငြိမ်အောင် အစိုးရက ကော်မတီတွေ အသင်း တွေ ဖွဲ့ပြီး လုပ်ဆောင်ပေးနေပါတယ်။ နေချင်းညချင်း ဘဏ်တိုးနှုန်းချတာ၊ နေချင်းညချင်း ငွေကြေးလဲလှယ်မှုနှုန်းထား သတ်မှတ်တာ၊ ကား ဒဏ်ကြေး တွေ ဒေါ်လာ နဲ့ သတ်မှတ် ပြီး မြန်မာ ငွေကြေး ဖောင်းပွအောင်လုပ်တာဟာ ကုန်ဈေးနှူန်းတည်ငြိမ်အောင်လုပ်တာလား ။ ကုန်ဈေးနှုန်းတက်အောင် လုပ်တာလား ။ ကုန်ဈေးနှုန်း ကျ အောင် လုပ်တာလား ။ မြန်မာပြည်သူတွေဟာ လက်ရှိကုန်ဈေးနှုန်း ဒဏ်ကို ခံနေကြရ ပါတယ် ။ လက်ရှိစီးပွားရေးအခြေအနေကို လက်ဝါးကြီးအုပ် ပြီး တိုင်းပြည် အတွက် ပြည်သူတွေ အတွက် လုပ်ပေး သယောင်ယောင်နဲ့ ဂုဏ်သိက္ခာမဲ့ အကျင့်ပျက် လုပ်စားနေ ကြမယ်ဆိုရင် တိုင်းပြည်ကတိုးတက်ဖို့ဝေးနေဦးမှာပါလို့ မြင်မိတယ် ။ […]


the bestJanuary 29, 20121min18413
ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားပြီး ကျပ်ငါးထောင်ဖြင့် မိုဘိုင်းဆင်းမ်ကဒ်များကို ရောင်းချပေးမည် ဆိုသည့် အစီအစဉ်သည် ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ဥပဒေများအရ ဆောင်ရွက်နိုင်ဦးမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ရုံးမှ ဦးဆောင်ညွှန်ကြားရေးမှူးက ပြည်တွင်းမီဒီယာများသို့ တရားဝင် ပြောကြားလိုက်သည်။ ယနေ့ (ဇန်နဝါရီ ၂၉ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ဆက်သွယ်ရေး သင်တန်းကျောင်းအတွင်း ပြုလုပ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဌာနအသီးသီးမှ အဓိက တာဝန်ရှိသူများနှင့် အဆိုပါ ပုဂ္ဂလိကုမ္ပဏီဖြစ်သည့် ရွှေပြည်တံခွန် ကုမ္ပဏီတို့၏ နှစ်ဖက်တွေ့ဆုံ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် မီဒီယာများသို့ ပြောကြားခဲ့ကြခြင်း ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ […]


the bestJanuary 26, 20121min16310
ရန်ကုန်၊ ဩဂုတ်လ ရ ရက်။ ။လက်ရှိ ဖြစ်ပေါ်နေတဲ့ ဘက်ဂျက် အနေအထား၊ အစိုးရရဲ့ ငွေကြေးသုံးစွဲမှု အနေအထားအရ ငွေကြေး ဖောင်းပွမှု နည်းသွားနိုင်တဲ့ အတွက် ငွေကြေးလဲလှယ်မှု နှုန်းထားမှာ အရင်အတိုင်း တစ်ဒေါ်လာ ၈၀၀၊ ၉၀၀၊ ၁၀၀ဝ ကျပ် ဆိုတာမျိုး ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။ ဘဏ်များကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဘဏ်များအသင်း အမှုဆောင် အဖွဲ့ရဲ့ အကြိမ် (၁၃၀) မြောက် အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ပြောကြားတဲ့ မိန့်ခွန်းကို သုံးသပ်ပြီး ၎င်းက အဲဒီလို ပြောကြားတာပါ။ အဲဒါအပြင် ဈေးကြိုသတ်မှတ်၊ ကြိုတင်စာချုပ်နဲ့ အလုပ်လုပ်ကိုင်ကြသူတွေအနေနဲ့ […]


the bestJanuary 14, 20121min1177
အောက်တိုဘာလမှစ၍ ဖုန်းပြေဆိုချိန်ကြာသည့် ဖုန်းများအား လိုင်းပိတ်သိမ်းခံရမှုများမှာ အလုံးရေ ရာဂဏန်းနီးပါးအထိ ရှိနေကြောင်း သိရသည်။ “အောက်တိုဘာမှ စသတိထားမိတာပဲ။ အလုံး ၅၀၊ ၆ဝ လောက် အပိတ်ခံရတယ်ကြားတယ်။ ငါးသိန်းဖုန်းတွေရော၊ ၁၅ သိန်းဖုန်းတွေရော၊ စီဒီအမ်အေ၊ ဂျီအပ်စ်အမ် အစုံပါတယ်။ တစ်ရက်တည်းကို ဖုန်းသုံးလေးနာရီ ကြာအောင် ပြောလိုက်တာနဲ့ နောက်တစ်ရက်ပိတ် တော့တာပဲ။ ဆက်သွယ်ရေးကိုဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရင် နယ်စပ်ဖြတ်ကျော် ပီစီအိုလို့ သံသယရှိတယ်ဆိုပြီး ပိတ်တာ။ ရုံးချုပ်ကပိတ်တာဆိုပြီး ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို လှမ်းချိတ်ခိုင်းတယ်။ အဲဒီကို သွားပြီး Complaint တက်ခိုင်းတယ်။ “ကျွန်တော်တို့ မြန်မာလူမျိုးတွေက ရုံးတွေဘာတွေ သွားရတာကို သိပ်မလုပ်ချင်ကြဘူးဆိုတော့ အဲလိုနဲ့ ဖုန်းတွေဆုံးရှုံးကုန်တာပဲ။ တချို့ Complaint သွားတက်တဲ့ လူတွေကျတော့လည်း ဘာမှမထူးဘူး။ ပြန်မဖွင့်ပေးဘူး။ တကယ်ပဲ […]