ပုိင္ေလးFebruary 18, 20122min23010
ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေရတဲ့ ရွှေညဝါဆရာတော် ဆွမ်းခံပွဲ (တတိယမြောက်နေ့) ရွှေညဝါ ဆရာတော်ကြီးနဲ့ သံဃာတော်တွေ ဆွမ်းခံကြွတဲ့ တတိယမြောက်နေ့ပါ..။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်တဲ့ နေ့စဉ်ရက်ဆက် လိုက်ပါပေးနေတဲ့ စမ်းချောင်းကိုကိုကြီးနဲ့ ဗကသများအဖွဲ့ချုပ်မှ ဒီငြိမ်းလင်းတို့ အပါအဝင် ဆရာတော်ကြီးကို ကြည်ညိုကြတဲ့ ပြည်သူတွေ လိုက်ပါခဲ့ကြပါတယ်…။ ဆွမ်းခံရရှိတဲ့ ဆွမ်း၊ ဟင်းနဲ့ လှူဖွယ်ဝတ္ထုတွေ အပါအဝင် ရရှိတဲ့ဝတ္ထုငွေတွေကို လှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို သွားရောက် လှူဒါန်းခဲ့ပါတယ်..။ ဒီမိုဝေယံ  မှ…………………


ပုိင္ေလးFebruary 17, 20122min50928
ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေရတဲ့ ရွှေညဝါဆရာတော် ဆွမ်းခံပွဲ ဒီလို သွားလာနေရတဲ့ အခြေအနေမှာတောင်  ဆရာတော်ကြီးဆီ မရောက်ရောက်အောင် သွားခဲ့တာပါ..       ဆရာတော်ကြီးကို လာရောက် ဦးတင်လှူဒါန်းတဲ့ အမေအို   ၁၆ရက်နေ့မနက်ပိုင်းက ရွှေညဝါ ဆရာတော်ကြီး ဒကာ၊ ဒကာမတွေကို နှုတ်ဆက်တဲ့ အနေနဲ့ ဆွမ်းခံကြွချီချိန်မှာ မြင်တွေ့ရတဲ့ ပြည်သူတွေရဲ့ ကျမျက်ရည်တွေပါ…။ ရွှေညဝါဆရာတော်ကြီးသည် အမျိုးဘာသာ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသော ဆရာတော်ကြီး ဖြစ်ပါသည်..။ `ဤစကားသည် မှန်ပါသည် ဤမှန်သော သစ္စာစကားကြောင့် အဓမ္မဝါဒီများ ကျဆုံးပါစေ..                                                             Facebook မှ…………………


ပုိင္ေလးJanuary 28, 20121min843
မဂ္ဂင်ကျောင်းအမှု မဟန ဓမ္မစက်နဲ့ ကိုင်တွယ်မည် မကြာသေးခင်က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာကြတဲ့ သံဃာတော်တွေကနေ ရန်ကုန်မှာ ချိတ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြန်ဖွင့်ခဲ့တာကြောင့်လို့ဆိုပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကနေ အရေးယူဖို့ ပြင်ဆင်ခဲ့တဲ့အပေါ် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ကြားဝင်ညှိနှိုင်းခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိမှာ မြန်မာနိုင်ငံဝှမ်း အကျဉ်းထောင်တွေက ပြန်လွတ်လာကြတဲ့ သံဃာတော်တွေကို အရေးယူမယ့်ကိစ္စ ဘယ်လို ပြီးဆုံးသွားသလဲ ဆိုတာကိုတော့ မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား သံဃာတွေအနေနဲ့ သူတို့ရဲ့ကျောင်းတွေကို ပြန်ဖွင့်ပြီး ဝင်တဲ့ကိစ္စဟာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ညှိစွန်းတယ်ဆိုပြီး တရားစွဲဆိုဖို့ လုပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂ရ […]


ပုိင္ေလးJanuary 26, 20121min1298
ဒေါ်စုကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့် ပါကစ္စတန်သမ္မတရဲ့သမီး Bhutto Zardari က ဒေါ်အောင်ဆန်းစုုကြည်ကိုု Benazir Bhutto Shaheed ဆုုတံဆိပ် ဆွဲပေးနေစဉ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြမ်းမဖက် ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ ပါကစ္စတန် ပြည်သူတွေအတွက် အတုယူ အားကျစရာဖြစ်တယ်လို့ဆိုပြီး Benazir Bhutto Shaheed ဆုကို ပါကစ္စတန် သမ္မတကိုယ်တိုင်က ချီးမြှင့်ခဲ့ပါတယ်။ လက်ရှိအာဏာရ ပါကစ္စတန်ပြည်သူ့ပါတီက ၂၀၁ဝ ခုနှစ်ထဲက ပေးအပ်ထားတဲ့ဆုကို သမ္မတ Asif Ali Zardari မြန်မာနိုင်ငံ လာရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ကိုင်တွေ့ဆုံ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါလိမ့်မယ်။ မြန်မာနိုင်ငံကို အင်္ဂါနဲ့ ဗုဒ္ဓဟူး ၂ ရက်ခရီးလာတဲ့ Pakistan သမ္မတ Asif […]


ပုိင္ေလးJanuary 23, 20121min16511
Happy Chinese New Year………… 恭喜發財  新年快樂 နှစ်သစ်မှာ လိုအင်ဆန္ဒများပြည့်ဝပါစေ နှစ်သစ်မှာပျော်ရွှင်ပါစေ……………….အားလုံးအတွက်ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ………………….                                                                                                                Happy New Year ပါ


ပုိင္ေလးJanuary 21, 20122min1527
  ဗန်းမော်ဆရာတော်ဘုရားကြီး သိရှိခဲ့ခြင်းမရှိခဲ့သည့်(၄၇)ပါးစုံညီ အစည်းအဝေး…….. ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား ယနေ့ တိုင်းသံဃ မဟာနာယက အဖွဲ့မှ ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာရန် ဝန်ခံကတိပြုစာ ရေးထိုးခဲ့ပါတယ်..။ အဆိုပါ ဝန်ခံကတိပြုစာရဲ့ ပထမ မူလအစီအစဉ်၌ ၁၅ရက်အတွင်း ထွက်ခွါပေးရန်  ယနေ့ခေါ်ယူ အမိန့်ချပွဲမှာ မဟနမှ ညွှန်ကြား သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်…။ အဆိုပါ ၁၅ရက်အတွင်း ကျောင်းတိုက်မှ   မူလပထမ စီစဉ်ထားတဲ့ ဆုံးဖြတ်ချက်အား  ရွှေညဝါဆရာတော်မှ   အလျှင်အမြန် ထွက်ခွာစေရန် ပြုလုပ်ခြင်းသည် မိမိအား ကိုရင်၊ ကျောင်းသားများအား ကျောင်းမှ နှင်ထုတ်သကဲ့သို့ ဖြစ်နေကြောင်း ချက်ချင်းလက်ငင်းထွက်ခွာဖို့ မိမိ၏ အခြေအနေကိုလည်း ကြည့်ပါဦးဟု ပြောဆိုသဖြင့် တလပြန်လည် ပြင်ဆင် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်…။ ဆရာတော်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း […]


ပုိင္ေလးJanuary 20, 20121min640
နိုင်ငံရေး အကျဉ်းချခံ သံယာတော်များ သိမ်ထပ် မင်္ဂလာပွဲ ဖိတ်စာ ၁။ ဦးက္ကုန္ဒက  မဂ္ဂင်ကျောင်း ၂။ ဦးစန္ဒာသီရိ ၃။ ဦးဂမီ္ဘရ  မဂ္ဂင်ကျောင်း ၄။ ဦးက္ကုသရိယ မဂ္ဂင်ကျောင်း ၅။ ဦးကေလာသ မန္တလေး ၆။ ဦးပဏ္ဏဝံသ         ရန်ကုန်တိုင်းရဟန်းပျိုအတွင်းရေးမှူး ၇။ ဦးပဏိ္ဏတ မှော်ဘီကျောင်း ၈။ ဦးသဒ္ဓမ တွံ့တေးကျောင်း ၉။ ဦးရေဝတ  ချောက် ၁၀။ ဦးတိလောက ၁၁။ ဦးဝိသုဒ္ဓ ၁၂။ ဦးရေဝတ ၁၃။ ဦးဝါယမ ၁၄။ ဦးစန္ဒိမာ ၁၅။ ဦးဆန္ဒာဓိက ၁၆။ ဦးတေဇဝန္တ ၁၇။ ဦးဃောသိတ ၁၈။ ဦးနန္ဒ ၁၉။ ဦးဝိလာသက္က ၂၀။ ဦးဣသာရိယ ၂၁။ […]


ပုိင္ေလးJanuary 20, 20121min1004
ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုးလိုက်ပြီ ရွှေညဝါ ဆရာတော် အရှင် ပညာသီဟသည် သတင်းသုံးရာ သာဓု ကျောင်းတိုက်မှ ၁ လ အတွင်း ငြိမ်းချမ်းစွာ ထွက်ခွာပေးပါမည်ဟု ယနေ့ နေ့လယ် ၂ နာရီကျော်ကဝန်ခံလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးမည်ဟု ဝန်ခံလက်မှတ်ထိုးအပြီး ရွှေညဝါ ဆရာတော်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ) “အခုလေးတင် တိုင်း သံဃမဟာနယက (မဟန) အဖွဲ့က ပင့်ဖိတ်လို့ ကြွပြီး ၁ နာရီမှာ ဆွေးနွေးဖြစ်တယ်။ ကျုပ်အနေနဲ့ မဟာနာယက ဆရာတော် ဘုရားကြီးတွေနဲ့ အကျိတ်အခဲတွေ ပြေစေချင်တယ်လေ။ အဲဒါကြောင့်လည်း ထွက်ပေးမယ် ဆိုပြီးတော့ အေးအေးဆေးဆေးပဲ ဝန်ခံ လက်မှတ်ထိုးခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး […]


ပုိင္ေလးJanuary 19, 20122min35334
—— Original post has been deleted ———— မူရင်းရေးသားသူက  အောက်ကကူးတင်ပေးထားတဲ့စာတွေအတိုင်း ကန့်ကွက်လာတဲ့ အတွက် မူရင်းပို့စ်ကို ဖျက်သိမ်းလိုက်ပါကြောင်း…။ ကူးတင်သူ Burmese or Chinese မင်န်ဘာအနေနဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်အရ တောင်းပန်ရမဲ့တာဝန်ရှိနေပါသေးတယ်.။ တောင်းပန်ပေးစေလိုပါကြောင်းပါနော..။ ဝက်ဘ်ဆိုက်စည်းကမ်းနဲ့တာဝန်ယူရမှုများ ပြန်ဖတ်ရန်.. https://myanmargazette.net/rules-for-writers = Editor of Mandalay Gazette,Just writing a letter of apology below this comments does not make everything OK. This is still the direct violations of U.S Federal and International Copyright […]


ပုိင္ေလးJanuary 16, 20121min29131
ရင်ထဲခံစားမိသော ဓာတ်ပုံလေးတစ်ပုံ…. သရက်မြို့ခံ အဘွားအိုတဦးမှ ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့ အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးပါ…။ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ ရသတွေ အများကြီး ဖော်ဆောင်နေပါတယ်…။ အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့ ချစ်ခင်အားကိုးမှုတွေကို မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ…။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်…။ သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့ ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့ ဆိုလေမလား၊ အများအကျိုးအတွက် အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆိုနေသလား…။ အမေတွေနဲ့ ဝေးနေရတဲ့ ကျွန်တော်တို့တွေအတွက် ခံစားချက်တွေနဲ့အတူ လားပေါင်းများစွာ […]


ပုိင္ေလးJanuary 2, 20121min1178
” အဲဒီအခန်းဖြတ် ” ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ ” အဲဒီအခန်းဖြတ် ” ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း   ရုပ်ရှင်ပွဲတော် မစတင်မီကပင် အင်တာနက် မှတဆင့် လူသိများခဲ့သော ဒါရိုက်တာ ဝိုင်း၏ “အဲဒီအခန်း ဖြတ်” ရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဝါဒနှင့် လုပ်ဆောင်ချက်များ အပေါ်တွင် ထိမိစွာ […]