cobraOctober 21, 20101min500
“ထမင်း ယူမလာနဲ ့၊ ဟင်းမယူလာနဲ ့၊ သတင်းသာ ယူလာခဲ့၊ ကျောင်းသားတွေ ဘာလုပ်နေလည်း” “တိုင်းတစ်ပါးကျွန် စစ်တပ်ကျွန်၊ ဘယ်ကျွန်မှ မခံ ဒေါင်းအလံဟေ့၊ ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံစိုက်မယ်” (ကိုမင်းကိုနိုင် စစ်တွေထောင်အတွင်း ပထမအကြိမ် အကျဉ်းကျနေစဉ်က စပ်ဆိုထားသော ကဗျာတိုလေးများ ဖြစ်ပါတယ်)။


cobraOctober 16, 20101min1147
ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ “မနေ့က ကျနော်တို့ ဆိပ်ကမ်းသာလမ်းမှာ ဝေသွားတာပဲ။ ဘယ်သူဝေတယ် ဆိုတာ မသိပေမယ့် ဝေသွားတဲ့စာရွက်မှာ ဒေါ်စုပုံပါတယ်။ ကျနော်တို့လည်း ဒေါ်စုပုံပါတာတွေ့တော့ လိုက်တောင်းတာပေါ့။ ကျနော်တို့ ဒေါ်စုပုံ မတွေ့ရတာ ကြာပြီလေ” ဟု ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။ အဆိုပါစာရွက်တွင် “ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှုတွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်” ဟု […]


cobraOctober 16, 20101min660
သီတင်းကျွတ်လတွင် ကြာမျိုးငါးပါးတို့ ပွင့်လန်းလေ့ရှိသည်……. သီတင်းကျွတ်လပြည့်နေ့၏ ထူးခြားသော ဝိသေသတစ်ရပ်မှာ ပဝါရဏာပွဲ ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ပဝါရဏာ ဟူသောပါဠိ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း တောင်းပန်တိုက်တွန်းခြင်း မည်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတွင် သီတင်းသုံးတော်မူစဉ် ကောသလတိုင်း၊ ဇနပုဒ်တွင် ဝါဆိုတော်မူကြသည့် ရဟန်းများသည် အချင်းချင်းစကားမပြောကြစတမ်းဟု ကတိကဝတ်ထား၍နေခြင်းကို ပြေပျောက်ရန်၊ အကျင့်သိက္ခာနှင့် စပ်လျဉ်း၍ သံဃာအချင်းချင်း သံသယဖြစ်နေလျှင် မြုံမထားဘဲ တစ်ပါးနှင့်တစ်ပါးဖောထုတ်၍ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး အပြစ်ထင်ရှားရှိလျှင် အပြစ်ရှိသူက ဝန်ခံလျက် ပြုပြင်နေပါမည်ဟု ကတိပေးရန်အတွက် ပဝါရဏာ ပြုခြင်းကို ပညတ်တော်မူခဲ့ခြင်းလည်းဖြစ်သည်။ သံဃာတော်များ အချင်းချင်းအပြန်အလှန် ဖိတ်ကြားတိုက်တွန်းခြင်း ပြုလုပ်သောပွဲကို ပဝါရဏာပွဲ ဟုခေါ်သည်။ မြတ်စွာဘုရားမိန့်ကြားပညတ်တော် မူခဲ့သည့်အချိန်မှစ၍ ယခုအထိ ရဟန်းသံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့သို့ရောက်တိုင်း ပဝါရဏာ ပွဲတော်ကိုကျင်းပခဲ့ကြသည်။ ဗုဒ္ဒဘာသာဝင်သူတော်စင်တို့ကလဲ […]


cobraOctober 16, 20101min842
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီသည် တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ပါတီဝင်များအား ယမန်နေ့၌ အသိပေးအကြောင်းကြားလိုက်သည်။ အန်အယ်လ်ဒီကို မတရားအသင်း ကြေညာလိုက်သည့်အပေါ် အန်အယ်လ်ဒီက စစ်အစိုးရအား တရားစွဲဆိုခဲ့ရာတွင် ဗဟိုတရားရုံးချုပ်က လက်ခံခဲ့ပြီး မှတ်ပုံတင်ခွင့် ပေးခဲ့ခြင်းကြောင့် ဥပဒေကြောင်းအရ ၎င်းတို့ပါတီ ပျက်ပြယ်သွားခြင်း မရှိသေးကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။ “အန်အယ်လ်ဒီဟာ ဥပဒေအရ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်ဆိုတာ ဥပဒေအချက်အလက်များပေါ်မှာ အခြေခံပြီး တရားစွဲတင်ထားတာပါ။ စစ်အစိုးရကို ကျနော်တို့ပါတီ အဲဒီလို တရားစွဲတာကို ဗဟိုတရားရုံးက လက်ခံတယ်။ မှတ်ပုံတင်ခွင့် ပေးခဲ့တယ်။ ဒါဟာ တရားစီရင်ရေးလမ်းကြောင်းအရ ရှေ့ဆက်သွားနေတာ ဖြစ်တယ်။ ဒါကြောင့် တရားစွဲဆိုထားတဲ့ […]


cobraOctober 16, 20101min1045
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲမပေးရန် ဌာနဆိုင်ရာ အရာရှိကိုယ်တိုင် ပြောသည့်အတွက် အောက်ခြေဝန်ထမ်းများ ဝမ်းသာရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက ပြောသည်။ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်စိုးက ယခု (၁၃) ရက်နေ့က ပြုလုပ်သည့် ငါးလုပ်ငန်း အစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်သည်။ “တော်တော်အံ့ဩသွားတယ်၊ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောတာ၊ အဲဒီမှာ ကြံ့ဖွံ့နဲ့ပတ်သက်ရင် မဲမပေးဖို့ ပြောတယ်၊ ပေးခဲ့မယ်ဆိုရင် တခုခုအစီအစဉ်နဲ့ ပြုတ်အောင်လုပ်မယ် ပြောတယ်၊ ထည့်ခဲ့ရင်လည်း အရေးယူမယ်ဆိုပြီး ပြောတာ၊ ဝန်ထမ်းတွေလည်း ဒီလိုပြောတော့” ဟု ဝန်ထမ်းတဦးက ပြောသည်။ ဝန်ထမ်းများအနေဖြင့်လည်း ယခင်ကတည်းက ကြံ့ဖွံ့ပါတီကို မနှစ်သက်ကြသည့်အပြင် ၂၀၁ဝ ရွေးကောက်ပွဲတွင်လည်း မည်သည့်ပါတီကိုမှ မဲပေးခြင်းမပြုဘဲနေရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။ “ကျနော်တို့ ဝန်ထမ်းတွေကတော့ […]


cobraOctober 7, 20101min832
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မိကျောင်းအိုင် ရွာရှိ ကျောင်းသားစုံ ညီပွဲသို့ သွားသည့် စက်လှေတစီး ယနေ့ နံနက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူအသေ အပျောက် ရှိခဲ့ကြောင်း သတင်းရရှိသည်။ လပွတ္တာမြို့နယ် ပြင်စလူကုန်း၊ ပိတောက်ကုန်း၊ ဖလူဆိပ်နှင့် ပတဲကောရွာများရှိ အလယ်တန်းကျောင်းများမှ ဆရာ၊ ဆရာမနှင့် ကျောင်းသားများ အပါအဝင် လူ ၈ဝ ဝန်းကျင်ကို တင်ဆောင်လာသည့် စက်လှေသည် ပတဲကောရွာမှ မိကျောင်းအိုင်ရွာသို့ အထွက်တွင် တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ဒေသခံ မျက်မြင် တဦးက ပြောသည်။ “ဒီမှာ လေတွေကလည်း ပြင်းနေတာ၊ ပတဲကောရွာကအထွက်မှာ လူးပြီး မှောက်သွားတာ၊ မနက် ရ နာရီလောက်က၊ အခု လောလောဆယ် ဆယ်ထားမိတာ ၃၆ ယောက်ရှိပြီ၊ ဆရာမ […]


cobraOctober 5, 20101min760
လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေ > > “ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ” ဆိုတဲ့ မေးခွန်းကို > အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ > မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း > အပြောခံနေရတယ်။ > > ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့ > ထင်ခဲ့တာ။ “မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား” လို့ > အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။ > “မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ […]


cobraOctober 5, 20101min1013
ကယ်ဆယ်ရေးလုပ်သားတွေကသူ့ကိုတွေ့ တဲ့ အချိန်မှာသ ူသေနေခဲ့ပြီ ။ ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ ။ အပျက်အစီးတွေ ကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ် ဒူးကွေးပြီး ရှေ့ကို ကိုင်းနေတဲ့ ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြု ထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ် ။ ဒါပေမယ့် အသက်ရှင်မရှင် ပိုသေချာအောင် ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ် ။ ကယ်ဆယ်ရေး အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ဝမ်းသာအားရ လှမ်းအော်လိုက်တယ် ။ “လူရှိတယ် ကလေးတစ်ယောက်ရှိတယ် ၊ အသက်ရှင်လျက်ပဲ” လို့ထအော်လိုက်တယ် ။ ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ် ။ […]


cobraOctober 3, 20101min1104
ဖြေရဲရင် မေးကြည့်ဆိုတဲ့ စာအုပ်လေးထဲက မေးခွန်းအချို့ပါ . . . စိတ်မှာ ခံစားရတဲ့အတိုင်း အမှန် အကန် ဖြေဖို့တော့လိုတယ် . . . မကြာမကြာ ဖြေကြည့်ရင် အနည်းဆုံးတော့ ကိုယ်ဟာ ဘယ်လိုလူ ဆိုတာ သိလာနိုင်ပါတယ် . . . ( အဖြေ မေးခြင်း သည်းခံပါ . . .) . . . ဖြေရဲရင်မေးကြည့် ၁။ အူထဲ အသည်းထဲက ချစ်ကြိုက်မိသူ တစ်ဦးအတွက် မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့ ပြန်ဆုံဖို့ အလားအလာ နည်းနည်းဘဲရှိတယ်ဆိုရင်တောင် ရပ်ဝေးမြေခြားကို ထွက်သွားနိုင်မလား . . .။ ၂။ တစ်နှစ်လောက် အရမ်းပျော်ခွင့်ရမယ် . […]


cobraOctober 1, 20104min592
ကျွန်တော်ကတော့မှန်တယ်လို့ထင်တယ်.. တော်တော်ကိုတိုက်ဆိုင်လွန်းပါတယ်… မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ. တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, […]


cobraSeptember 29, 20101min620
စစ်အစိုးရကို တိုက်ခိုက်ဆဲ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် နအဖ စစ်တပ်မှ တိုက်ခိုက်လာပါက အချင်းချင်း ကူညီရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ […]


cobraSeptember 28, 201050min2302
>  *ဒေါင်းလုပ်ရယူနိုင်သော စာအုပ်များ > * > > > *E-Books (မြန်မာ) > * > > ကိုစံ _ ခန္ဓာငါးပါးပျောက်ဆုံးခြင်းတရား<http://www.mediafire.com/?mwo0dtnkllq> > ကိုတာ _ တွေးသူများ <http://www.mediafire.com/?1jjyyym5tg4> > ကိုတာ + _ လူငယ်တို့ရဲ့ အနာဂါတ်စကားဝိုင်း< > http://www.mediafire.com/?yixwmthjuyy> > ကိုဘတင် _ နက္ခတ္တ ဒီပနီကျမ်း <http://www.mediafire.com/?zx3o2vjjyzi> > ကင်းဝန်မင်းကြီး _ နေမိ ရကန် <http://www.mediafire.com/?zzymm44hzdn> > ကျီးသဲလေးထပ်ဆရာတော် _ စွယ်စုံကျော်ထင်ကျမ်း > <http://www.mediafire.com/?ymnym1gnkj3> > ကြည်ကြည်မာ _ ဟယ်ရီပေါ်တာနှင့် > အက်ဇခါဘန်အကျဉ်းသား<http://www.mediafire.com/?mtemx2zdi2m> > […]