DEPARKO DEPARKOAugust 11, 20131min1362
သမင်နဲ့ကျား ရေသောက်ဆင်းစဉ်ပြောတဲ့စကား သမင်သားစားချင်တဲ့ကျား အပြစ်တင်စကားသူပြောကြား ဟဲ့သဘောက်မသား ငါသောက်မဲ့ရေ နင့်ကြောင့်နောက်သွား နင့်ကိုငါစားမဟဲ့ သမင်ငယ်ကြောက် အသက်မပျောက်စေဘို့ အိုအသင်ကျား ဘောက်မဲ့ကြောင့်မုသား အသင်ဆိုသွား ကျမ်းမကြောက် ကျွန်ုပ်အခုမှရောက် ရေမနောက်ခဲ့။ ကျားငစဉ်းလဲ သူမသနား သင်မနောက်လဲ သင့်အဖေနောက် ငါရေသောက်လို့မရ ဟောက်ကာသမင်သား သူသတ်စား။ ကိုယ့်လူတို့စဉ်းစား သမိုင်းရဲ့အဖြစ်များ မှန်တစ်ချပ်နဲ့ဒင်္ဂါးပြား သူ့ဘက်မှာတော့ သူရဲကောင်းများ ငါတို့ကြတော့ဗီလိန်ဇါတ်ကား ဘယ်သူဘဲဖေါက်ပြား အပြစ်များနင်ခံ မိုးထက်ညံအောင် အမှန်ကိုမျက်ကွယ်ပြု ခုတုံးလုပ်အရှုပ်ထုတ်လုပ်ဘို့ကြိုးစား အိုအသင်ကျား သင်စားဘို့ကြိုးစား စက်ရုပ်သမင်သား အရိုးစူးမှာမကြောက်ဘူးလား ဟားဟားဟား။


DEPARKO DEPARKOJuly 29, 20131min29116
ချစ်ရတဲ့သူ အပြစ်ယူဘို့ရာစဉ်းစား မုန်းမာန်မပွားလိုက်ပါနဲ့ အခြေအနေမပေးလို့ အနေဝေးခဲ့ရပေမည့် အတွေးထဲမှာအမြဲတန်း မခွဲတန်းနေလိုလျှက်ပါ။ ကညာပျိုနဲ့ ဇရာအိုဇာတ်လမ်း မှတ်တမ်းထားလို့တောင်မသင့်တော် ရပ်တန်းကရပ်ဘို့ပြော ရင်ထဲမှာမောသား အသက်အရွယ်နဲ့အချစ် မစစ်ဘူးလို့ပြော ညစ်တဲ့သူတွေသဘောထား တဏှာအားကြီးသတဲ့။ ကျွန်တော့်လမင်းငယ်လေး အရွယ်ငယ်သေးတော့ အဝေးပြေးမှာစိုး လက်ညှိးတွေတောင်းနဲ့အပြည့် စွေ့စွေ့ခုန်မလိုတမာစကား နားဝမှာခါးလှချည့်။ အရွယ်နဲ့မလိုက်ဖက် ရက်စက်တဲ့ပြောစကား မကြားချင်ယောင်ဆောင် အမှောင်ထဲကိုတရွေ့ရွေ့တိုး ကြားလေသွေးမှာစိုးလှဘိ။ တတိယအရွယ်ရဲ့ ပထမဝေဒနာ ကိုယ်ချင်းစာသူမရှိ သိသူရှိရင်ပြောကြဦး အချစ်ဆိုတာ အရွယ်လွန်နှလုံးသား အပြစ်ဖြစ်သတဲ့လား။ ကျွန်တော့လမင်းငယ်လေး အဝေးမပြေးစေဘို့ ရွှေပေမှာစာလွှာရေး အမျက်ဖြေတေးသွား ဘေးစကားမယုံပါလင့် အသင့်ဖြစ်ရင်တို့နှစ်ယောက် ဖူးစာအိမ်လေးဆောက်လို့ မိုးကောင်းကင်အောက် လမ်းအတူလျှောက်လို့ နှစ်ယောက်တစ်အိမ်မက် ဆက်မက်ကြစို့လား။။။။။။။။ (ဒီပါကို ရဲ့ လက်တွဲဖေါ်သို့)


DEPARKO DEPARKOJuly 25, 20131min18911
သတင်းတော့သတင်း သိမ်ဖျင်းတဲ့သတင်း ဖတ်ရတာမျက်စိကမရဲ ရင်ထဲကိုသံပူရေလောင်းချသလိုပ ဘုရားဟောတော့ရှိသား လူသက်တမ်း ၁ဝ နှစ်သားမှာ လင်မယားလုပ် ငါးနှစ်နဲ့လူလုပ်မတဲ့ ကမာ္ဘပျက်လုနီးပါး မေတ္တာတရားခေါင်းပါးရာကနေ သံဝေဂတွေဝင် သီလစောင့်ထိန်းကြရာက လူ့အသက်ပြန်ရှည် အသချေင်္ရတန်းပြန်လေမတဲ့။ ဒါပေတည့်ဗျာ ၁၃နှစ်နဲ့အိမ်ထောင်ပြု နားထဲမှာခုလုခုလုနဲ့ မြန်မာနိုင်ငံအနောက်ဘက်ချမ်း လင်ယူတဲ့သက်တမ်း ၁၃နှစ်တဲ့ဗျ။ အခုတော့ဗျာ ကြားရတာနားဝမှာမလျှော် သူယုတ်မာတွေများ မှုခင်းဂျာနယ်သတင်းများမှာ ၅နှစ်ကိုတောင်မရှောင် အဲဒီတဏှာကောင်ကိုသင်းကွပ် ရင်ဘတ်ကိုနှစ်ချမ်းခွဲ ဆားကြမ်းပက်ဖြဲလို့ နောက်လူတွေမရဲရအောင် သူရဲဝန်ကြီးကိုအသက်သွင်း သမ္မတမင်းခန့်လိုက်ချင်ရဲ့။


DEPARKO DEPARKOJuly 24, 20131min22314
ခြံဝကိုနင်းကျော် ခွေးသတိထားနော်တဲ့ ခနော်နီခနော်နဲ့ဆိုင်းပုဒ် အလှူခံမရှုပ်ရ။ ခြေနင်းခုံခွေးကတက် အရှက်မရှိသူမတက်ရ လှေခါးခုံအဆုံး နံရံမှာမှန်တစ်ချပ်သုံးလို့ တန်ပြန်ဦးမတဲ့။ အိမ်ရဲ့တံခါးဝ အလှကပ်တာမဟုတ် ပြသနာမလုပ်ပါနဲ့တဲ့။ အိမ်အတွင်းနံရံ အပြည့်ခြံရံထား ပြသနာများနဲ့လူ မလာရ။ သင်ကောင်းရင်ကျွန်ုပ်မဆိုး လူမိုက်နှင့်ငွေ အတူမနေ သေရင်မြေကြီးရှင်ရွှေထီး ရေးထားတာကတော့ ဒီအိမ်ဟာဘုရားအရိပ် တိတ်တိတ်လေးဆုံးမ လာလာသမျှစာတွေဖတ် အသက်ရှူရပ်သွားနိုင်ရဲ့။ မီးဖိုချောင်နံရံ စားရန်မဟုတ် အစားမတော်တစ်လုပ်တဲ့ အိမ်သာဝမှာပါသေး ခွေးများရေမဆေးပါတဲ့။ ကြွေးယူပြုံးပြုံးတောင်းလျှင်မုန်း အသုံးမတတ်ထမင်းငတ် မိတ်ဆွေ လူလိုသိ ဆန္ဒကိုအသိနဲ့ဘရိတ်အုပ် သိက္ခာနဲ့ထိန်းချုပ် ဆောင်ပုတ်များနဲ့လူ အပူဇောတွေကပ် သံသရာခရီးဆက်လို့ လိုက်ပို့တော့ တကြော့ပြန်ဆောင်ပုဒ် ဖုတ်သွင်းရထားမှာကပ်လု့ိထား သံဝေဂတရားစကားတွေပါလား။


DEPARKO DEPARKOJuly 23, 20131min762
ပိတ်ထားတဲ့တံခါးနှစ်ချပ်အဖြတ် မတ်တပ်ရပ်နေတဲ့ကလေးမက အသက်မပါတဲ့အပြုံး သူကြိုးစားပြုံးလို့ မင်္ဂလာပါဆိုတဲ့စကားလုံးကို မမုန်းတန်းဆိုနေလေရဲ့။ နီယွန်မီးရောင်မှိန်ပြပြ မဟူရာညရဲ့အလယ်မှာ ဒေဝစ္ဆရာသူယောင်မယ်များက မခို့တယို့အပြုံးနဲ့ အသက်ဝင်နေတုန်းမှာပေါ့။ ရင်ဗတ်မှာဗလာနဲ့ ဗမာမလေးတစ်ချို့ CAT WALK လျှောက်ဘို့ကျိုးစား ချော်လဲကျမလားလို့ စင်အောက်ကဘဘတစ်ချို့ နှစ်ချို့မျက်လုံး တဏှာတွေဖုံးလို့ တကိုယ်လုံးအနုလုံပဏိလုံ အသုဘကမဌာန်း သူတို့စီးဖြန်းနေလေရဲ့။ ဘီယာလားရှန်ပိန်လား ငဘိန်နွားတစ်ကောင် ရင်ထဲမှာပျားအကောင်တစ်ထောင်တုတ် အရှုပ်ထုတ်ရှင်းဘို့ကြိုးစား ဂဏန်းခုနှစ်လုံးထွက်သွားလေရဲ့။ တော်ရာမှာမနေ လော်မာတဲ့စိတ်မထား အတွေ့အကြုံများရမလားလို့ လားလားမှမဆိုင် ယိုင်ချင်ယောင်ဆောင် မောင်ရင်ငကြောင်ဘဲတဲ့။ စီးချက်နဲ့မညီ နားဝင်ပီယံမဖြစ်ပေမဲ့ ဆူညံတဲ့တေးသွား ဘေးနားမှာကနေတဲ့ အိုပါးဂန်းနားစတိုင် တိုင်ပွတ်ပြနေသေး။ လိုတာအကုန်ရ စီးတီမတ်ရဲ့ညတစ်ည လွမ်းမနေရအောင် ကလောင်ကိုသွေး လက်မနှေးစေရပါဘူးနော်။


DEPARKO DEPARKOJuly 23, 20131min1647
အမြင်ချင်းမတူယုံနဲ့ ရန်သူအဖြစ်သတ်မှတ်မယ်ဆိုရင်မင်းမလွန်ပေဘူးလား။                                                                                                                             တစ်ဘက်ထဲနေဘို့ရာမကြိုးစားချင်နေပါမျက်နှာမာမာနဲ့ စကားလုံအကြီးကြီးတွေနဲ့ ပစ်ပေါက် တောက်လျှောက်ဆန့်ကျင်တဲ့စကား မင်းကိုသနားလိုက်တာသူငယ်ချင်း။ ငြင်းခုန်ရလို့မောပန်း မင်းစိတ်မှာပင်ပန်းရတာ မင်းရတာနဲ့မတန် အဲဒါအမှန်တရားတဲ့လား။ အကျိုးမရှိတဲ့အပြောသမား တိုင်းပြည်အတွက်ခွန်အားလဲမဖြစ် မဖြစ်ညစ်ကျယ်စကားနဲ့ မင်းတကယ်စွမ်းအားရှိရင် ပြောင်းလဲဘို့ရာကြိုးပန်း မင်းအစွမ်းပြစမ်းပါ။ လေကိုဖမ်းလို့ ဝရမ်းချည် လေထဲတိုက်ဆောက် လမ်းတကယ်ဖေါက်တော့မင်းမပါ လက်နာနေလို့ဟုတ်စ။ တိုင်းပြည်အတွက်ဆိုတာဘေးဖယ်ထား မင်းအိမ်သားတွေ ဝမ်းဝအောင်အရင်ကြိုးစား မင်းရဲ့ခွန်အားနဲ့ရှာ လက်ဗလာနဲ့အပြောသမား လမ်းပေါ်မှာသိပ်များနေလေရဲ့။ (ငါဝန်ထမ်းကောင်းမဟုတ်ပေမည့် တိုင်းပြည်အတွက်တထောင့်တစ်နေရာက အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်ပါ)


DEPARKO DEPARKOJuly 20, 20131min1132
အမေ့သား အမေ့အနားမရှိရင်လည်း အနားမှာရှိတဲ့သူကို တန်ဘိုးထား လေးစားတတ်ပါစေတဲ့။ အမေမရှိတဲ့နောက် အနားမှာရှိနေတဲ့တစ်ယောက်ကို ချီးမြောှက်တတ်ပါစေတဲ့ မရှိတော့တဲ့သူကိုတမ်းတ လွမ်းတသသဖြစ်နေမည့်အစား ရှိတဲ့သူကိုလေးစား တန်ဘိုးထားလို့ လမ်းဆက်လျှောက် ပန်တိုင်းရောက်အောင်သွားတဲ့။ အမေအမြဲရွတ်တတ်တဲ့ ဆောင်ပုဒ်ကလေးပါမျှဝေလိုက်ပါတယ် ရောက်တဲ့အရပ်မှာပျော်အောင်နေ တွေ့တဲ့သူနဲ့တည့်အောင်ပေါင်း ရှိတာလေးနဲ့လှအောင်ဝတ် ရတာလေးနဲ့ဝအောင်စား သူတော်ကောင်းစကားနားမှာကြားလို့ အနိုင်လိုသူ အရှုံးပေး နှလုံးအေးတဲ့ဆေးတဲ့။ လူတိုင်းလူတိုင်း ကိုယ့်အနားမှာရှိတဲ့သူတွေကိုတန်ဘိုးထားတတ်ကြပါစေ။


DEPARKO DEPARKOJuly 18, 20131min1112
စစ်သားရဲ့ရင်ဘတ် အသဲနှလုံးမကပ်ဘူးလို့ မင်းမို့ပြောရက်တယ်။ အသက်မပါတဲ့မျက်လုံး ဝေဒနာတွေဖုုံးလို့ စိတ်ကိုဒုံးဒုံးချ ရုန်းထွက်မရတဲ့မရဏသေမင်း သူစစ်ခင်းရင်ပြောတဲ့စကား ငါအိမ်ပြန်နားချင်လိုက်တာသူငယ်ချင်းတဲ့။ နေ့တွေလတွေဖြတ်ကျော် သူငယ်ချင်းတော်တော်များများ နေ့မြင်လို့ညပျောက် သံသရာခရီးတစ်ခေါက် ဘဝသစ်ကိုလျှောက်လှမ်း ကျန်နေသူကပန်းလျှ အမြဲသတိယနေတာသိကြလို့လား။ ဒီလိုနဲ့အသက်ဆက် နေရခက်တဲ့လောကကြီးကြား မင်းပြောတဲ့စကား နားဝမှာခါးလိုက်တာကွာ။ စစ်သားတွေရဲ့ရင်ဘတ် နုဖတ်လွန်းလို့ မင်းဝင်လာကြည့်စမ်း အရမ်းဘဲလန်းသွားမယ် အဟုတ်တကယ်အဟုတ် ကမ်းတဲ့လက်မရုပ်သေးခင် အပြေးသာဝင်ခဲ့။


DEPARKO DEPARKOJuly 17, 20131min2029
မဟာရန်ကုန်မြို့တွင်းကို ပုလင်းဖင်နှစ်ချပ် မျက်စေ့မှာကပ်လို့ ပလက်ဖေါင်းအပေါက်အပြဲတွေကြား ငါသတိထားလျှောက်နေတုန်း နိုင်ငံခြားသားတွေနောက် တကောက်ကောက်လိုက်နေတဲ့ ကုလားဒိန်နှစ်ယောက် အချဉ်ဖေါက်ဘို့ရာကြိုးစား ဒေါ်လာလဲမလားတဲ့ ဆူးလေဘုရားနဘေး ကွပ်လပ်ကလေးမှာ ကလေးငယ်ကိုမိုးရေထဲချထား အကိုကြီးတို့ သနားကြမလားလို့ ပြစားနေတဲ့မိန်းမတစ်ယောက် ရွှေဘုံသာလမ်းအဝင် လက်ကိုအရင်ဆွဲ အမဲဖျက်မဲ့သကောင့်သား အကိုရောင်းမလားတဲ့ လသာကနေအတက် အသက်ရှူကြပ်လာလို့ သိန်ကြီးဈေး စီရုံအောက် ခရီးတစ်ထောက်နား အသွေးအသား ဈေးကစားနေတဲ့ ကလေးမက ဘဘ ကိုရီးယားစတိုင်ကြိုက်လားတဲ့ လဟာပြင်ကိုဖြတ် ဗိုလ်ချုပ်ဈေးအပေါ်ထပ်က ဈေးမြင့်မြင့်ရောင်းကုန်တချို့ မခို့တရို့ကြည့်လို့ ဒါနဲ့ဘဲ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ဘို့မစဉ်းစား အချင်းများရာကိစ္စမို့ လိုင်းကားပေါ်ခပ်ရို့ရို့စီး စပါယ်ယာရဲ့ အော်ညီးသံ သည်းခံစိတ်မှန်မှန်ထား မေတ္တာဘာဝနာပွါးလို့ မြို့ပြင်က ကျွန်တော့် နွားခြေရာခွက်ထံ အပြေးသာပြန်ခဲ့ပါတော့သည်။။။။။။


DEPARKO DEPARKOJuly 17, 20131min1285
ညိုမှောင်ပြာရီ အနောက်တောင်ဆီက တိမ်ရီုင်းတစ်အုပ် တက်သုတ်ရိုက်နှင် ထက်ကောင်းကင်ဝယ် သလ္လာတိမ်မင်း သူစစ်ခင်းသည် လျှပ်ကွင်းမိုးကြိုး သံစဉ်ပျိုးပြီး မျှားမိုးရေစက် ဖြန်းပက်ကဗလ္လာ စိမ်းရောင်စိုစို မြရည်ခိုတွဲ လယ်ကွင်းထဲဝယ် အမိုးမပါ ကြောဗလာနှင့် အမောင်လူသား ဘာဆေးစားပြီး ချမ်းသည်မမှု သည်ပန်းပုကို ပြခန်းထက်ဝယ် တင်ခဲ့ချင်သည် ဲမြန်မာပြည်သား မြန်ပြည်ဘွား။


DEPARKO DEPARKOJuly 16, 20131min1627
ဝေလီဝေလင်းမှာ လမ်းကလေးကိုအမိုှက်ရှင်းလို့ သီချင်းလေးတအေးအေးနဲ့ ညည်းတတ်တဲ့အမေ တာဝတိန်သာမှာ အမှိုက်မရှိလို့ ပျင်းနေပြီလားအမေ။ လူတွေစိတ်ဘဝင် ကြည်လင်စေဘို့ လမ်းကလေးကိုအမှိုက်ရှင်း အညစ်အကြေးတွေပြာပုံခင်းလို့ အပျင်းဖြေတတ်တဲ့အမေ လမ်းကလေးကအမေ့ကိုလွမ်း သူ့ပုခုံးပေါ်မှာအညစ်အကြေးတွေလွှမ်းလို့ နွမ်းလျှနေတာအမေသိပါစ။ လူမိုက်တွေကိုဆုံးမ နှလုံးလှစေတဲ့အမေ အခု အဖေတစ်ယောက် သားဆိုးနဲ့ မြေးနှစ်ယောက် အမောတွေဖေါက်လို့ အမေမခေါ်သေးဘူးလား သူညည်းတွားနေလေရဲ့။ နံနက်ခင်းရဲ့ကြေးစည်သံ နားဝမှာလျှံဝေလို့ အမေ့ရဲ့ မေတ္တာဘာဝနာပွား မကြားရတာကြာပါပေါ့လား။ ကျွန်တော်အမေ့သား အမေ့စကားအတိုင်း လူမိုက်တွေကိုရှောင်သွေ စိတ်တေလေကိုဆုံးမ နှလုံးလှအောင်ထား တရားနဲ့နေ အမေရှိတဲ့အရပ် သားဆက်ဆက်လာခဲ့ပါ့မယ်အမေ။


DEPARKO DEPARKOJuly 16, 20131min1213
မနက်ဝ၆၃ဝ ရောင်စုံပန်းပွင့်တွေအလား ပန်းတစ်ခင်းထဲငါစီးမျောရင်းပေါ့ ရုတ်တရက်ကြားလိုက်ရတဲ့ နားဝမှာမသက်သာ အရွယ်နဲ့မလိုက်တဲ့ ဘဝဒဿန စကား အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို လှုပ်ခါလိုက်သလို ရင်ထဲနင့်ကနဲပါဘဲ ရမိုင် ကုန်းမြင့်ရိပ်သာက အထည်ချုပ်စက်ရုံဆီက်ု ခြေလှမ်းသွက်သွက်နဲ့လျှောကလှမ်းနေကြတဲ့ ဥမမည် စာမမြောက် မလောက်လေးမလောက်စား ၁၂နှစ်အရွယ်ကလေးမလေးရဲ့ ဘဝဒဿနစကားပါ။ (ဟဲ့မြန်မြန်လျှောက် ငါတို့ဘဝကစိတ်ကူးယဉ်နေဘို့အချိန်မရှိဘူး လက်လှုပ်မှပါးစပ်လှုပ်ရမှာ တော်ကြာနောက်ကျလို့ အပေါက်ဝကလှည့်ပြန်ရတာအရေးမကြီးဘုး လစာဖြတ်ခံရတော့မှဟုတ်ပေ့ဖြစ်သွားမယ်) အဲဒီစက်ရုံက နောက်ကျရင်ပေးမဝင်တော့တာ ခယတောင်းပန်တိုးလျှိုး နေတဲ့ မိန်းမငယ်လေးများကို အမြဲမြင်တွေ့ နေရလို့ ရိုးနေပါပြီ။ ဒီကနေ့တော့ ၁၂နှစ်အရွယ်ကလေးမလေးတွေရဲ့စကားသံကြားမှ စိတ်ထဲနင့်ကနဲဖြစ်သွားတယ်။ အဲဒီစက်ရုံမှာ ကလေးလုပ်သားရာနဲ့ချီရှိတယ် မနက်တိုင်းအရွယ်စုံမိန်းကလေးတွေထမင်းချိုင့်လေးတွေဆွဲလို့ အဲဒီအထဲမှာ ၁၂/၁၃ အရွယ်ကလေးတွေ ၃၀ဝ လောက်ရှိမယ် ပိုရင်တောင်ပိုနိုင်သေး။ ဒါတွေကိုအရေးယူဘို့တိုင်ပြန်တော့လည်း သူတို့လေးတွေကိုဘယ်သူတွေထမင်းခွံ့ကျွေး အသက်မွေးဝမ်းကြောင်းပညာသင်ပေးနိုင်ပါ့မလဲ ည ဝ၇၀ဝမှာတော့ ဒရီးဒရိုင် မောဟိုက်ပန်းလျှနေတဲ့ခြေလှမ်းအစုံနဲ့ လိုင်းကားကြပ်ကြပ်ပေါ်တိုးခွေ့ရင်း မနွေးထွေးနိုင်တဲ့ […]


DEPARKO DEPARKOJuly 15, 20131min1173
ဖုန်းလေးကိုင်လို့ကားကိုမောင်း ဟောတွေ့ပြန်ပြီတစ်လောင်း ဖုန်းပြောရင်းနဲ့လမ်းကိုကူး ရေဝေးမှာပျော်မြူး တတီတီနဲ့ဖုန်သံသာ ကြွားလို့မဆုံးပါ အိပ်ကပ်ထဲက ချွေးနဲစာလေး သူအိပ်သူခိုးလေး။ ညဘက်ညဘက်မအိပ်နိုင်ရှာ ပြောလို့မဆုံးပါ ချမ်းသာရှာပေါ MPT လေး ထရိလျှံနာတောင်ပျင်းသေး။ ၁၅၀ဝ နဲ့ရောင်းလဲကွာ ရှစ်သောင်းနဲ့ဝယ်သုံးရှာ တစ်လုံးပိုင်လဲအားမရသေး သူ့မှာဖုန်းသူဌေး ကုဋေရှစ်ဆယ်သူဌေးသားပမာ အတိုင်းအဆမရှိပါ အရူးပမာသူခါးကြား ဖုန်းတွေတန်းစီထား။ မည်သူ့ကိုမှမရည်ရွယ်ပါ ။။။။။။။။။။။။