မမေလးMay 4, 20111min16914
န်ကုန်မြို့တော်ခန်းမကြီးသည် ဗြိတိသျှ အစိုးရလက်ထက်က အင်ဂျင်နီယာမင်းကြီး စည်သူဦးတင်က တည်ဆောက်ခဲ့ ပါသည်။ စည်သူဦးတင်၏ အဘိုး ဦးကြင်မှာ မင်းတုန်း မင်းတရားလက်ထက်က အင်ဂျင်နီယာ စက်မှု ဝန်ထမ်းတစ်ဦး ဖြစ်ပြီး အဘွား ဒေါ်ခင်မိမိမှာ မင်းတုန်းမင်းလက်ထက်က အထိန်းတော်ကြီး တစ်ဦးဖြစ်ကြောင်း သိရသည်။ ယခုအခါ ထို ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံအား ပြန်လည်ပြုပြင်ရာတွင် အဆောက်အအုံ၏ ဆေးရောင်အား ယခင်ကတည်းက ရှိနေခဲ့သော အဝါရောင်မှ ယခုအခါ ဗေဒါနုရောင်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ မတ်လကုန် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးများ ပြုလုပ်ပြီးချိန် တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၁၁ခု ဧပြီ ၁ ရက်မှ စတင်၍ ကော်မတီအဆင့်မှ စည်ပင်သာယာရေးဝန်ကြီးဌာန အဆင့်သို့ ရောက်ရှိပြီး နောက်ပိုင်း ဧပြီ လဆန်းတွင် […]


မမေလးMay 4, 20111min18814
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် မိမိတို့ဘာသာချက်ပြုတ်ယူဆောင်လာသော ထမင်းပွဲဟင်းပွဲများဖြင့် စ ုပေါင်းထမင်းစားပွဲတော်ကြီးကို တစ်စုတစ်ဝေးတည်းပျော်ပါးစွာ စားသောက် ဆင်နွဲခဲ့ကြသည်။ ဟင်းပွဲပေါင်း (၈၀၀၀)ပါဝင် သဖြင့် ကမာ္ဘ့စံချိန် မီ ဂရင်းနစ်စံချိန်တင်သွားတယ်လို့ဆိုပါတယ် ။


မမေလးMay 4, 20111min16514
  နယူးဂျာစီရဲ့ တံတားဟောင်း မြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၄နှစ် အရွယ် အရပ် ၅ပေ ၄ လက်မရှိ ဒေါနာစင်မ်ဆန်ဟာ ကိုယ် အလေးချိန် ၆၀၂ ပေါင်ရှိနေ ပြီး ၁၀ဝ၈ ပေါင်အထိ ဝလာစေရန် ကြိုးစားနေပါတယ်။ အဲဒီအလေးချိန်ရဖို့အတွက် သူမဟာ တစ်နေ့လျှင် ကယ်လိုရီ ၁၂၀ဝဝ ကို နေ့စဉ်စား သုံးနေရပါ တယ်။ သူမ ဆူရှီ အခု ၇ဝ ကို တစ်ထိုင်တည်း စားပစ်နေပါတယ်။ သူမဟာရဲ့ ပထမအိမ်ထောင်မှ အမျိုးသားက စားဖိုမှူးတစ်ယောက် ဖြစ်ပြီး သူအလုပ်လုပ်တဲ့ စားသောက် ဆိုင်က အစားအစာ အပိုတွေကို အိမ်သို့ယူလာလေ့ရှိပါတယ်။ သူမဟာ အဲဒီ အစားကောင်းသောက်ဖွယ်အပို တွေကိုစားပြီး ကိုယ်အလေးချိန် စတင် […]


မမေလးMay 4, 20111min20715
“ရန်ကုန်မြို့တော်သစ်” အကောင်အထည်ဖော်ရေး စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ Zhuhai Zhong Zhu Holding ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ အခု လဆန်းက နေပြည်တော်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်မှာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင်နဲ့ တရုတ်င်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဌ မစ္စတာ ကျာချင့်လင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်တဲ့ ခရီးစဉ်မှာ အဆိုပါ သဘောတူ တွေ စာချုပ်တွေ လက်မှတ်ထိုးခဲ့တာပါ။ လက်ရှိ ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်သိပ်သည်းလာခြင်း၊ မြို့တွင်းက ကားသွားလာတဲ့ အဓိက ပင်မလမ်းတွေ ကျဉ်းမြောင်းလာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုကြုံတွေ့လာခြင်း စတဲ့ […]


မမေလးMay 4, 20111min47620
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၃ ခုနှစ်မတ်လအကြား ကာလ အတွင်း နေနှင့်ကမ္ဘာကြား ဂြိုဟ် ကြီးတစ်လုံး ဖြတ်သန်းမှုကြောင့် ကမ္ဘာပေါ်တွင်ပြင်းထန်သောသဘာဝ ဘေးအန္တရာယ် များ ဖြစ်ပေါ်ကာ လူသန်း ၄ဝဝဝ ခန့် သေကျေပျက်စီး နိုင်သည်ဟုပါဝင်သောသတိပေးစာရွက် များမှာ ရန်ကုန်မြို့နေ ပြည်သူလူထု အကြားပျံ့နှံ့လျက်ရှိကြောင်းသိရသည်။ အဆိုပါစာရွက်အား ကမ္ဘာတစ် ဝန်းရင်ဆိုင်နေရသော သဘာဝ ဘေးအန္တရာယ်များကို ကျော်လွှား နိုင်ရန်အတွက် ကမ္ဘာစောင့်နတ်၊ သာသနာ စောင့်နတ်များမှ တိုက်တွန်းနှိုးဆော်လွှာ ဟု အမည်ပေး ထားပြီးအမည် မသိသောလူအချို့မှ လိုက်လံဖြန့်ဝေ နေခြင်းဖြစ်သည်။ ထိုစာရွက်တွင် ၂ဝ၁၁ ခုနှစ် မတ်လလယ်လောက်မှစတင်၍ စစ် ကိုင်း၊ တောင်ငူနှင့်ပဲခူးမြို့များတွင် ငလျင်များစတင်လှုပ်ရှားလာမည် ဖြစ်ကြောင်း၊ မြန်မာပြည်ကြီး အန္တရာယ်မှကင်းဝေး စေရန် ဆရာ တော်သံဃာတော်များမှ […]


မမေလးMay 4, 20111min16412
နိုင်ငံ ရပ်ခြား သို့ သွားရောက် ပညာ သင်ယူ လိုသူများနှင့် ဗြိတိန် တက္ကသိုလ်များမှ ချီးမြှင့်သော HND, SQA HND ဘွဲ့ကို မြန်မာ နိုင်ငံ တွင်ပင် ဆည်းပူး လိုသူများအ တွက် ပထမဆုံး ဖွင့်လှစ် လိုက်သော Myanmar Noble College ကို အမှတ်(၁၀၈)၊ နှင်းဆီလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ Myanmar Noble College တွင် High School Gradution Level နှင့် HND, SQA HND Level ဟူ၍ နှစ်ပိုင်း ခွဲခြားသင်ကြားပို့ချပေးမည်ဖြစ်ပြီး (၈) တန်းအောင်အဆင့်မှစတင်လက်ခံကာ ဗြိတိန်နိုင်ငံ Sixth form College ၏ […]


မမေလးMay 4, 20111min8211
၁ . သင်ဟာ မိတ်ဆွေ သူငယ်ချင်း ၊ ဆွေမျိုးများကို လက်ဆောင်ပေးရတာ နှစ်သက်သူဖြစ်ပါသလား ။ ၂ .  သင့်ကို တစ်ယောက်ယောက်က နှုတ်ဖြင့်ဖြစ်စေ ၊ အလုပ်ဖြင့်ဖြစ်စေ တစ်ခုခုကူညီပေးတဲ့ အခါမျိုးမှာ * ကျေးဇူးတင်တယ် * ဆိုတဲ့စိတ်ဖြစ်ပေါ်ပါသလား (သို့ )  ကျေးဇူးတင်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲပြောတတ်သူဖြစ်ပါသလား ။ ၃ . သင်ဟာ သူတစ်ပါးရဲ့ အမှားတွေကို ခွင့်လွှတ်ပေးတတ်ပါသလား ။ ဒါ့အပြင် သူတစ်ပါးရဲ့အမှားတွေကို ခွင့်လွှတ်တဲ့မျက်လုံးနဲ့မြင်တတ်ပါသလား ။ ၄ . သင်ဟာ အချစ်တွေ ထုံမွှမ်းနေတဲ့ပတ်ဝန်းကျင်မှာမွေးဖွါးသူဖြစ်ပါသလား ။ သင့်မိသားစု ၊ ဆွေမျိုး ၊ မိတ်ဆွေ တွေဟာ တစ်ဦးကို တစ်ဦး ချစ်ချစ်ခင်ခင် ဆက်ဆံတတ်သူတွေဖြစ်ပါသလား […]


မမေလးMay 4, 20111min23319
မေလ ၈ ရက်နေ့မှာ ကျရောက်မယ့် အမေများနေ့ အတွက် သင်တို့ရဲ့ အမေကို ဘာလုပ်ပေးဖို့ အစီအစဉ်ရှိပါသလဲ ။ လက်ဆောင်ဝယ်ပေးမှာလား … ဒါမှမဟုတ် တစ်ခုခုပေါ့ … ? ? ? 1 . အမေ နဲ့ သင့်ကြားမှာ မေ့မရတဲ့အမှတ်တရက ??? 2 . အမေ့ကို ပေးချင်တဲ့ လက်ဆောင်က ???? အမေများနေ့ကိုမေ့နေမှာစိုးလို့ပါ ။ သမီးကတော့ လက်ဆောင်ပေးဖို့ အစီအစဉ်ရှိပါတယ် ။ ဒါပေမယ့် ဘာပေးရမယ်မှန်း ခုထိမသိသေးဘူး ဖြစ်နေတယ် …


မမေလးApril 7, 20111min18113
လမ်းထဲမှာ ဆံပင်ညှပ်ဆိုင် အမျိုးသမီးသီးသန့်ဆိုင်ရှိပါတယ် … တစ်နေ့အဲ့ဒီမှာ ဘော်ဒီသွားပေါင်းပါတယ် … အဲ့ဒီဆိုင်မှာ တက်သစ်စ နာမည်ရ အဆိုတော်တစ်ယောက်က တစ်ပတ် ကို တစ်ကြိမ် မဟုတ်ရင် နှစ်ကြိမ်လာပေါင်းပါတယ် … ခုဆို အသားတော်တော်ဖြူလာပါတယ် … အဲ့ဒီဆိုင်မှာ ပေါင်းတင် ရင် ၁၅၀၀ဝ ယူပါတယ် .. သမီးကအကျင့်ရှိပါတယ် သူတို့ဘာဆေးသုံးသလဲကြည့်ပြီး အဲ့ဒီဆေးကိုဝယ်ပါတယ် … သူတို့ဆိုင်မှာ ကိုယ့်ဆေးနဲ့ကိုယ်ဆို ၅၀၀ဝ ပါ … နာမည်ကိုမှတ်လိုက်တော့ Nineteen တံဆိပ်အဝါရောင်ပါ … သွားရှာပြီးဝယ်တော့ စမ်းချောင်း ဂမုန်းပွင့်မျက်စောင်းထိုးက မခင်အေးစတိုးမှာ ရပါတယ် .. ဈေးကတော့ ၁၅၀ဝ ပဲရှိပြီး တစ်ယောက်ကို ၄ ၊ ၅ ခါသုံးလို့ရလောက်ပါတယ် … များများသုံးရင်တော့ […]


မမေလးApril 7, 20111min1183
ဒီနေ့ ကျူရှင်ရောက်တော့သူငယ်ချင်းက ဟဲ့လာဦးလာဦးပြောစရာရှိလို့ဆိုပြီး လှမ်းခေါ်တယ် … ငါ့ကို ဒီနေ့အင်ဗိုက်လာလုပ်ပါတယ် ဘယ်သူမှန်းလဲမသိဘူး ငါလည်း accept လုပ်လိုက်တယ် … ငါ့ကို sex အကြောင်းတွေလာပြောလို့ ဆဲလွှတ်လိုက်တာ ဟိုဘက်က ကောင်က အလကားနောက်တာပါ သယ်ရင်းရယ်  စိတ်မဆိုးပါနဲ့ သွားတော့မယ် တတ်တာဆိုပြီး ပျောက်သွားတယ်တဲ့ … တော်တော်ယုတ်ညံ့တယ် … အလကားနေရင်း လျှာအရသာခံနေတယ် … သူကလည်း Gtalk ကို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှစချက်တာပါ … ချက်ချက်ခြင်း အပြောခံရလို့ဆိုပြီး ပေါက်ကွဲနေတယ် … အဲ့ဒါကြောင့်  မမ တို့တွေသတိထားပါလို့ …