Good IdeaDecember 19, 20111min1174
အမေ့အိမ်ပညာဒါနကျောင်း(လှိုင်သာယာ) မှာ( ၂၀၁၂) တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ကျောင်သား၊ကျောင်းသူ( ၆၃ )ယောက်တို ့ကို ဝါရင့်ဆရာ၊ဆရာမကြီးအယောက်( ၂၀)က စေတနာအပြည့်ဖြစ် ပညာသင်ကြာပေးလျှက်ရှိနေပါပြီး။  ဆရာ၊ဆရာမကြီးမှ စေတနာအပြည့်ဖြစ် သင်ကြားပေးနေသကဲ့သို ့ ကျောင်းသူကျောင်းသားများမှလည်း ထူးချွန်စွာအောင်မြင်ရမည်ဟု ယုံကြည်ချက်အပြည့်နဲ ့သင်ယူနေကြပါတယ်။ ကျောင်းကော်မတီမှလည်း ဆရာနှင့်တပည့်များရဲ ့ လိုအပ်ချက်များကို ကူညီဖြည့်စည်းပေးလျှက်ရှိပါတယ်။ (၂၀၁၂) ခုနှစ် မတ်လမှကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ဆရာနဲ ့တပည့်များအားလုံးယုံကြည်ချက်အပြည့်နဲ ့ကြိုးစား နေကြကြောင်းတင်ပြအပ်ပါတယ်။ လေးစားစွာဖြင့် ကိုငယ်( ဝ၉ ၅၁၆၂၀၆၀) အမေ့အိမ်ပညာရေးကော်မတီ လှိုင်သာယာ  


Good IdeaSeptember 26, 20111min95848
မနေ့က (၂၀.၉.၂၀၁၁ရက်နေ့) ကြားလိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် စိတ်လည်းမကောင်း၊ ခံလည်း ခံပြင်းတာကြောင့် ဒီပို့စ်ကို တင်လိုက်ပါတယ်၊   ဖြစ်ပုံကဒီလိုပါ၊ မနေ့က ဗန်းမော်က ထွက်လာတဲ့ ခရီးသည်တင် ရှပ်ပြေးရေယာဉ်ဟာ ရွှေကူ၊ ကသာ၊ ထီးချိုင့်တွေ ကျော်လာပြီး မောင်းကုန်းဆိုတဲ့ ရွာ ကိုရောက်ပါတယ်၊ အဲဒီမှာ ရှပ်ပြေးရေယာဉ်ပန်ကာပြုတ်ပြီး ဧရာဝတီမြစ်ထဲက ရေစုတ်တင်နေတဲ့ ရေပိုက်ခေါင်းတစ်ခုကို ဝင်တိုက်မိပါတယ်၊   ရေပိုက်ခေါင်းကြီးဟာ ဘာမှ အပျက်အဆီး မရှိပေမယ် ရှပ်ပြေးရေယာဉ်ရဲ့ နံရံတွေကတော့ ပိန့်ရှုံ့သွားပါတယ်၊ အဲဒီအချိန်မှာ မောင်းကုန်းရွာထဲမှာရှိနေတဲ့ တရုတ်လူမျိုးတွေအများကြီး ထွက်လာပြီး ရှပ်ပြေးရေယာဉ်ကို ပြသနာရှာပါတယ်၊ အံ့ဩစရာက ပြသနာလာရှာတဲ့ တရုတ်တွေထဲမှာ တရုတ်ရဲ ယူနီဖေါင်းဝတ်ထားတဲ့သူတွေလည်း ပါတယ်လို့ဆိုပါတယ်၊   နောက်ဆုံး ရှပ်ပြေးယာဉ်ပေါ် ခရီးသည်အဖြစ်ပါလာတဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိတွေက […]


Good IdeaSeptember 21, 20111min1537
Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်ေအောက်ရှိ ပြစ်မှုကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ၊ လူငယ်များနှင့် သက်သေများ၊ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များနှင့် လူငယ်များ၊ အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီး ဖြစ်သည့် အတွက် ပြစ်မှုကျူးလွန်စော်ကားခံရသော () အမျိုးသမီးများအတွက် အမှုလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေအကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက် ဖြစ်ပါသည်။ ရည်ရွယ်ချက် မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမှုကို တိုင်းတန်းရန် (သို့) စွပ်စွဲခံရသောအမှုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် … ဥပဒေအကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန် ပြစ်မှုကျူးလွန်စော်ကားခံရသူ (နစ်နာသူ) အသက် (၁၈)နှစ်အောက် ကလေးသူငယ်၊ အသက် (၁၈)နှစ် […]


Good IdeaSeptember 21, 20112min1735
သူငယ်ချင်းများအားလုံး မင်္ဂလာပါ…. ဒီကနေ ့(19th Sept ) မှာကျရောက်တဲ့ အဆိုတော် သံသာဝင်း နဲ ့ အနဂ္ဂရဲ ့ တူလေး အခရာ တို ့ရဲ ့ မွေးနေ ့ မှာကုသိုလ်ကောင်းမူ ပြုတဲ့အနေဖြင့် အမေ့အိမ်ပညာဒါနကျောင်း( လှိုင်သာယာ) မှ ကလေးငယ်များ အားလုံး ကို ဗလာစာအုပ် နှင့် စာရေးကရိယာများ၊ အဟာရမုန် ့နှင့် အအေးတို ့ကို ကလေးတဦးချင်းစီအား ကိုယ်တိုင်ကိုယ်ကျ ကြင်နာစွာ လာရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အိမ်ပညာဒါန ကျောင်း ရံပုံငွေအဖြစ် အလှူငွေကျပ်( ၁၀၀,၀၀ဝ ) တစ်သိန်းကိုလည်းပေးအပ် လှူဒါန်းခဲ့ကြပါတယ်။ နိုင်ငံကျော်အနုပညာရှင်နှစ်ဦး တို ့ရဲ ့ဖြူစင်တဲ့စေတနာနဲ ့ ကျွေးမွေးလှူဒါန်းမူဟာ ကလေးငယ်များအတွက် […]


Good IdeaSeptember 18, 20112min952
  သူငယ်ချင်းတို ့ရေ.. မနေ ့က( ၂၁.၈.၁၁ ) မှာ အမေ့စု ရဲ ့စေတနာ မုန် ့အလှူအတွက် ဒလမြို ့နယ်မှာ ဖွင့်ထားတဲ့ အမေ့အားမာန် ပညာဒါနကျောင်း ကို အဖွဲ ့ချုပ်တာဝန်ရှိလူကြီများ နဲ ့ လူငယ်တွေသွားရောက် ကျွေးမွေးလှူဒါန်ခဲ့ကြပါတယ်။ အမေ့အားမာန် ပညာဒါနကျောင်းလေးမှာ ကလေးငယ် အယောက် ( ၁၃ဝ ) ကို စေတနာဆရာ ( ၆ ) က ချို ့ချို ့တဲ့တဲ့ ပညာသင်ကြားပေးလျှက်ရှိပါတယ်။ အဖွဲ ့ချုပ်မှလည်း တတ်နိုင်သမျှ ထောက်ပံလျှက်ရှိပြီး အလှူရှင်များ မှလည်း ပူပေါင်းပါဝင် ပညာဒါန ဖြည့်ဆည်းပေးကြဖို ့တိုက်တွန်းနိုးဆော် အပ်ပါသည်။ အမျိုသားဒီမိုကရေစီအဖွဲ ့ချုပ်ပညာရေးကော်မတီသို […]


Good IdeaSeptember 18, 20111min1616
အချို့က မြန်မာသည် ပွင့်ပွင့်လင်းလင်း ပြုံးပြုံးရွှင်ရွှင်နှင့် ကမာ္ဘပေါ်တွင် နှစ်သက်ဖွယ်အကောင်းဆုံး လူတစ်မျိုးဖြစ် သည်ဟုဆိုကြသည်။ အချို့က မြန်မာများသည် ဒေါသမထွက်သည့်အခိုက်တွင် စိတ်နေစိတ်ထား အလွန်နူးညံ့ကြ သည်။ ဒေါသထွက်မိလျှင်မူကား ဘီးလူးသဘက်ကဲ့သို့ ဖြစ်လာသည်ဟု ဆိုကြလေသည်။ တစ်ခါက အိန္ဒိယတိုင်း သားမိတ်ဆွေတစ်ဦးက “ကျွန်တော်တို့ ကုလားလူမျိုးများမှာ ဒေါသထွက်၍ လူကိုရိုက်မိလျှင် သွေးထွက်သည် နှင့်တစ်ပြိုင်နက် ရပ်တန့်ကြသည်။ ခင်ဗျာတို့ မြန်မာများမှာ သွေးနီနီရဲကို မြင်ရလျှင် ပို၍ကြမ်းကြုတ်လာသည်” ဟု စာရေးသူအား ပြောကြားဖူးပေသည်။ လူ၏စိတ်ကား ရာသီဥတုကဲ့သို့ ရှိ၏။ ခုတစ်မျိုး ခုတစ်မျိုးပြောင်းတတ်ပေသည်။ မြန်မာ့စိတ်သည် မြန်မာပြည် ရာသီဥတုနှင့် အလွန်တူသည်။ မိုးတွင်အခါ ကမာ္ဘကြီး အရည်ပျော်ကြမည်လောက် တစ်ရက်မစဲ တသဲသဲရွာ သွန်းလျက် နွေရာသီသို့ရောက်သောအခါတွင်လည်း လမ်းပေါ်တွင် ခြေမချနိုင်လောက်အောင် နေ့ညမခြား […]


Good IdeaSeptember 15, 20111min14011
တစ်ပိုင်တစ်နိုင် သာသနာပြုရအောင် ( တစ်ကစ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းဖြစ်အောင် — ကိုယ်ကစ ပြုကြသို့ ကုသိုလ် ) စာဖတ်သူ အသင် … သင့်ကံဆိုးနေသလား .. ? ဒါမှ မဟုတ် သိပ်ကံကောင်းနေတယ်လို့ ထင်လား .. ? ဒါမှ မဟုတ် ကံကောင်းတယ်လဲမဟုတ် ကံဆိုတယ်လဲ မဟုတ်ပါဘူး လို့ သတ်မှတ်ထားသလား ?……. ဘယ်လိုဖြစ်နေနေ … မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ်၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘဝတာ ကံကောင်းသောသူ၊ နောက်ဘဝပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင် ကံကိုပြင်လိုက်ပါ ရဝေနွယ်( အင်းမ) ၁။ ”ဝသဘ ၏ သာမန်ဘဝ” သီဟိုဠ်ရာဇဝင်မှာ ဝသဘမင်း ဆိုတာ […]


Good IdeaSeptember 15, 20111min380817
မိတ်ဆွေများ အားလုံး မင်္ဂလာပါ။ ကျနော့်ဆီကို အွန်လိုင်းကနေ စိတ်ပျက်စရာကောင်းတဲ့ စာတစ်စောင် ခဏခဏ ရောက်လာနေတယ်။ စာက တစ်စောင်တည်း ရေးထားတာလည်း အတူတူကို ဟိုလူက ပို့လိုက် ဒီလူက ပို့လိုက်နဲ့ ကျနော်လည်း အတော်လေး စိတ်ပျက်လာတယ်။ ဆိုတော့ စာကောင်းလေးတွေ ဖတ်ရလို့ စိတ်ချမ်းသာချိန်မှာလည်း ရွာထဲက ဘော်ဒါတွေ သတိရသလို ခုလို စိတ်ပျက်စရာကောင်းတဲ့ ပေါက်ကရစာတွေ ဖတ်ရပြန်တော့လည်း သတိရမိလာတယ်။ ဒါကြောင့် ပြန်လည်ဝေမျှလိုက်ပါတယ်။ သည်းခံ ဖတ်ရှုကြပါကုန်လော့။ “ဘုရားသခင် တန်ခိုးတော် ပြခြင်းဖြစ်ရပ်မှန်” အိန္ဒိယနိုင်ငံ မြို့တမြို့၌ ဝေကလာနီမယ် ဘုရားကျောင်းကြီးတကျောင်းရှိသည် ။ အာအယ်ဘရာ ဆိုသော ပုဂ္ဂိုလ်တဦးသည် တခုသောတနဂ်နွေနေ့တစ်နေ့၌ ဘုရားကျောင်းသို့သွားပြီး ဆုတောင်းနေစဉ်အချိန်တွင်း သန့်ရှင်း သောဝိဉာဉ်တော်မှ ကလေးငယ်တယောက်အသွင်ဖြင့် ဖန်ဆင်းပြခဲ့ပါသည်။ ထို […]


Good IdeaSeptember 1, 20111min2009
ဘော်ဒါအပေါင်းတို့ရေ… မြန်မာပြည်အတွက် အသင့်တော်ဆုံး စကားပြောစက်ကို Nokia က ထုတ်လုပ်ပေးလိုက်ပါပြီ။ No Sim, No Charge, Free Call Unlimited ပါ။ လိုင်းမကောင်းမှာ လိုင်းမမိမှာလည်း မပူရတော့ပါဘူး။ အပ်ချည်ကြိုး တတ်နိုင်ရင် တတ်နိုင်သလောက် အကွာအဝေးထိ ပြောနိုင်ပါတယ်။ ကဲ လိုချင်သူများ နီးစပ်ရာ စူပါမားကတ်များတွင် ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါပြီ။ Enjoy Talking … Best Regards Good Idea


Good IdeaAugust 27, 20111min20715
သူငယ်ချင်းတို့ရေ… အစိုးရသစ် လက်ထက် သမ္မတကြီးကိုယ်တိုင် ပြောခဲ့တဲ့ Good Governance ဆိုတာ ဘယ်လိုဟာမျိုးလဲ။ သိချင်ရင် ဒေါက်တာ ဝါဝါမောင်ရဲ့ ဟောပြောပွဲ သွားနားထောင်ကြပါ။ ဖိတ်စာကတော့ အောက်ပါအတိုင်း ဖြစ်ပါကြောင်း… အားလုံးကို လေးစားလျှက်… Good Idea Invitation We request the pleasure of your company at the seminar on ” Good Governance and Private Sector ” by Dr. Wah Wah Maung Programme Date : 3rd September (Saturday) Time : 02:00 PM […]


Good IdeaAugust 20, 20111min19018
* ၁) ခွေးမူး…. မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ * ၂) ဆိ်တ်မူး….. တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံ အားပေးသူ * ၃) ကြက်မူး…. ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ * ၄) မျောက်မူး….ခုန်ချင်ပေါက်ချင် ကချင်လာသူ * ၅) ဝက်မူး….တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ * ၆) ဆက်ရက်မူး….. အဆက်မပြတ် တော်ကီလွှတ်သောသူ * ၇) တောက်တဲ့မူး…..ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ * ၈) နွားမူး….မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ * ၉) ဖွတ်မူးပုတတ်မူး…. အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကို ဘာမျှမမှတ်မိဟု ပြောတတ်သူ * […]


Good IdeaAugust 20, 20111min832
ကဲ ရွာထဲက မိတ်ဆွေများ ခင်ဗျာ… မြန်မာ့ခရီးသွားလုပ်ငန်းက ကြီးမှူးပြီးတော့ ကျင်းပတဲ့ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်ရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဟောပြောပွဲ တက်ရောက်လိုသူများ တက်ရောက်နိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါတယ်။ ဝင်ကြေးကတော့ အခမဲ့ ထင်ပါတယ်။ ဖိတ်စာမှာတော့ ဘာမှ ရေးမထားပါ။ သို့ပေမယ့် ကျနော့်ကို ဖိတ်တဲ့ပွဲတော်တော်များများက ဖရီးတွေ ဖြစ်လို့ ဒီပွဲလည်း ဖရီးပဲ ထင်မိပါရဲ့။ ဟောပြောပွဲနေ့က ၂၁. ၈. ၂၀၁၁ (တနင်္ဂနွေနေ့) ဖြစ်ပါတယ်။ နေရာက ယုဇနဂါးဒင်း ဟိုတယ်ပါ။ အချိန်ကတော့ နေ့လည် ၂ နာရီ။ Alpine က စပွန်ဆာပေးတာ ဆိုတော့ သောက်ရေသန့်တော့ အလကား သောက်ရမှာပါ။ ဖိတ်ကြားစာ အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အားလုံးကို […]


Good IdeaAugust 6, 20111min16612
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို ၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့ အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁ဝ ကျော်သက်အရွယ်ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကို နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာ အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ် လေ့လာခွင့်ရခဲ့ပါတယ်။ ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကို ဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီး […]