မမ အညာသူJuly 30, 20121min26917
ဟိုရှေးရှေးတုန်းကပေါ့ကွယ် တောစပ်နာမှာသရက်ပင်နှစ်ပင်ရှိတယ်တဲ့ကွယ်…… သရက်ပင်တစ်ပင်က အသီးတွေနှင့်ဝေဆာနေတာပေ့ါ တစ်ပင်ကတော့ ဘာအသီးမှမရှိဘူးပေါ့ကွယ် ဘာအသီးမှမရှိတဲ့သရက်ပင်က သူကိုယ်သူသိမ်ငယ်ပြီး အားငယ်နေတာပေ့ါ အသီးတွေနှင့်ပြွတ်လိမ်နေတဲ့ သရက်ပင်ကတော့ အများသူငါ ရဲ့ဂရုစိုက်ခြင်းခံရတော့မာန်ဝင့်နေတာပေါ့ကွယ် အဲလိုနှင့်သရက်သီးမှည့်ချိန်သို့ရောက်လာခဲ့တာပေါ့ အဲအခါရွာသားတွေရဲ့ဆွတ်ခူးခြင်းကိုလဲခံရ ၊ ကလေးတွေရဲ့ပြစ်ခတ်ခြင်းကိုလဲခံရတယ် ပြီတော့ နွားကျောင်းသားတွေရဲ့ ပုတ်နှက်ခြင်းကိုလဲခံရရှာတာပေါ့ အဲဒီလိုနှင့်ပဲ သရက်ပင်လေးခမျာ အကိုင်းတွေလဲကျိုး အရွတ်လဲကျွေ အသီးလဲတုန်းခဲ့ရတော့တာပေါ့ ဘာအသီးမှမရှိတဲ့ သရက်ပင်လေးမှာတော့ လူတွေရဲ့နှိပ်စက်ခြင်းဒဏ်ကိုမခံရပဲ အညွှန့်တစ်လူလူနှင့် စိမ်းလမ်းစိုပြေလို့နေပါသတဲ့ကွယ် ညာပြောချင်တာကပေါ့နော် ဒီလိုပါပဲ အပြင်လေားကမှလဲ ကိုယ်မှာပစ္စည်းဥစ္စာပေါးလေလေ ရာထူးအရှိန်အဝါကြီးလေလေ ပက်ဝန်းကျင်ရဲ့ နှိပ်စက်မှု.ကိုခံရလေပါပဲ တကယ်တော့ ကိုယ်မှာရှိတဲ့ပစ္စည်းတွေ ရာထူးအရှိန်အဝါတွေက ကိုယ်ကိုပြန်ပြီဒုက္ခပေးနေတာပါ ဘာမှမရှိတဲ့လူမှာတော့ ဘယ်သူမှဒုက္ခပေးလို့မရတော့ဘူးပေါ့ကွယ် ပုံပြင်လေးကတော့ဒါပါပဲရှင် အားလုံးကိုခင်မင်လျှက် ညာ


မမ အညာသူJuly 24, 20121min33023
မျက်ကွင်းညိုသူတွေအတွက်တကယ်ကောင်းတဲ့ဆေးနည်းလေးပါ ဒီနေ့ညာဖတ်မိလို့ ထပ်ပြီးရှဲလိုက်ပါတယ်နော်   မျက်ဝန်းတဝိုက် ညိုပြီ အကြည့်ရဆိုးနေလို့ မိတ်ကပ်လိမ်းရင်လဲမျက်ကွင်းညိုပြီ ထင်းထင်းကြီးဖြစ်နေလို့ မျက်ကွင်းညို မျက်အိတ်တွဲတာတွေ ပျောက်ဖို့ဈေးကြီးတာတွေဝယ်မသုံးပါနဲ့။ မီးဖိုထဲကအာလူးတစ်လုံးနှင့်တင်ကိစ္စပြီးပါတယ် ။အာလူးကိုအခွံနွာအသားတွေကိုပါးပါးလှီး နုတ်နုတ်စဉ်း လက်နှင့်ဆုပ်ပြီးအရည်ညှစ်ပြီရင် အားလူးဖတ်တွေကိုမျက်လုံးတဝိုက်အုံပေးပါ။ ဆယ်မီးနှစ်လောက်တော့ ကြာအောင်ထားပါ။ အဲဒါကိုနေ့စဉ်(သို့) ရက်ခြားဆိုသလို အုံပေးရင် မျက်ကွင်းညိုခြင်းကနေ ကင်းဝေးပါလိမ့်မယ်။   အားလုံးကိုခင်မင်လျက်ပါ  


မမ အညာသူJuly 13, 20121min22716
ဂလန်ဂလန်……………… နာရီနှိုးစက်သံနှင့်အတူညာအိပ်ရာကနေကပျာကရာထလိုက်ပါတယ် ဝါးးးးးးးးးးးးးးးးးးးရာသီဥတုကသာယာလိုက်တာ အယ်မေ့နေလိုက်တာ ညာဒီနေ့ဈေးသွားရမှာပဲ ရေမိုးချိုးအဝတ်အစားလည်းပြီ ခြင်းတောင်းကိုဆွဲကာ ဈေးကို ခက်သွက်သွက်လျောက်လာခဲ့တယ် ဈေးရောက်တော့ လိုအပ်တာလေးတွေဝယ်ရတယ်လေ…….. ဝယ်လို.မှမဆုံးသေးဘူး မထင်မှတ်ပဲမိုးကရွာပါလေရော့ ဒါနှင့်ပဲဈေးတန်းတစ်ခုမှ မိုးဝင်နေလိုက်ရတာပေ့ါ အဲအချိန်လက်လက်ဆက်ဆက်မျှစ်တွေ တစ်ပိသာမှ 800 ထဲပါ လို့အော်ရောင်းနေတဲ့အဘွားအိုတစ်ယောက်ရဲ့အသံကိုညာမိတော့အမှတ်မထင်ပဲလှည့်ကြည့်မိလိုက်တယ် မိုးမလုံတဲ့အမိုးအကာအောက်မှာ မျစ်တွေရောင်းနေတဲ့ အသက် 70လောက်အဖွားအိုတစ်ယောက်ကို မထင်မှတ်ပဲ သွားမြင်လိုက်တယ် အမျိုးသမီးတစ်ဦးရောက်လာပြီ တစ်ပိသာဘယ်လောက်လဲ လို့မေးတော့ အဘွားအိုက တစ်ပိသာမှရှစ်ရာထဲပါသမီးရယ် အဘွားကိုယ်တိုင်ချိုးလာတဲ့မျှစ်တွေပါလက်ဆက်ပါတယ် အဲတော့အမျိုးသမီးက တစ်ပိသာလေးရာရရင်တော့ယူမယ်လို့ပြောလိုက်တယ် အဘွားအိုကလဲတုန်ရီနေတဲ့အသံနှင့် တကယ်ကိုမရလို့ပါကွယ် အဘွားရရင်ပေးပါတယ် ဒါဆိုလဲသမီးရယ်700နှင့်ယူသွားလိုက်ပါလို့ ပြောပေမဲ့ အမျိုးသမီးကလဲမဝယ်ဘူးသိလား သူပြောတဲ့ဈေးမရလို့လေ လှည့်ထွက်သွားတယ် တကယ်တော့800ဆိုတာ ပုံမှန်ဈေးပါ အဘွားအိုကဈေးကိုတင်ရောင်းထားတာမဟုတ်ပါဘူး အမျိုးသမီးရဲ့မတန်မရာဆစ်နေပုံကိုကြည့်ပြီ အဘွားကိုသနားလာတယ် ဈေးဝယ်နှင့်ဈေးသည်ပဲလေ ကိုယ်ကြိုက်မှဝယ်မှာပေါ့ ဟုတ်ပါတယ် ညာသိပါတယ် ဒါပေမဲ့လေ မတန်မရာတင်ထားလို. ဈေဆစ်တာကိုညာမပြောလိုပါဘူး အဲအဘွားအိုမျှစ်တွေရောင်းတယ်ဆိုတာ […]


မမ အညာသူJuly 5, 20121min25825
ခုအချိန်ကနှမ်းပွင့်လေးတွေဝေဆာနေတဲ့အချိန်ပေါ့ နှမ်းပွင့်လေးတွေဟာ မိုးရွာမည့်နေကိုမျော်လင့်စောင့်စားနေကျတယ်လေ တကယ်လို့ မိုးမင်းကြီးသာရွာသွင်းမပေးဘူးဆိုရင်နှမ်းပင်လေးတွေရဲ့ဘဝဟာမတွေးရဲစရာပါ မိုးမင်းကြီးရယ် တောင်သူလယ်သမားတွေရဲ့ဘဝကိုတစ်ချက်လောက်မြင်လှည့်ပေးစေချင်လိုက်တာ ညနေစောင်းလို့ကောင်ကင်ကြီးညိုမှိုင်းနေရင် မိုးများရွာတော့မှာလားဆိုပြီးတော့တောင်သူဦးကြီးတွေဟာ ကောင်းကင်ကြီးကိုကြည့်ပြီ    မိုးကိုမျော်နေတက်ကြတယ် နှမ်းပင်လေးတွေကလည်း မိုးရွာတော့မှာပဲဆိုတဲ့အတွေးနှင့် တစ်ပင်နှင့်တစ်ပင်လက်ချင်းယှက်ပြီ ပျော်မြူးနေကျတယ်လေ ဒါပေမဲ့ ထင်ထားသလိုဖြစ်မလာပါဘူး မိုးသားတွေဟာ လေယူရာကိုယိမ်းထိုးကာ ကွယ်ပျောက်သွားပါတယ် မိုးမင်းကြီးရယ် အပြစ်မဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝကို လှည့်စားရက်တယ်နော် ရက်စက်လိုက်တာ………………………. ညာတို့ဒေသဟာဆည်မြောင်းတွေမရှိတဲ့အတွက် ရေမရရှိပါဘူး မိုးကိုပဲအားကိုနေရတယ်လေ တကယ်တော့တောင်သူလယ်သမားတွေဟာ အရမ်းသနားဖို့ကောင်းပါတယ်ဆင်းဆင်းရဲရဲလုပ်ကြရတယ် မိုးပေးမှသီနှံဆိုတာရတယ်  အခြားကုန်ဈေးနုန်းတွေမြင့်သလောက်   သီးနှံဈေးဟာအရမ်းပဲနည်းလွန်းလှပါတယ် သူတို့တွေဟာဆင်းဆင်းရဲရဲလုပ်ရပြီ ဘာမှခံစားခွင့်မရဘူးလို့ ညာထင်မိတယ် မိုးမင်းကြီးရယ် ရိုးသားလွန်းလှတဲ့တောင်သူတွေရဲ့ဘဝကို တစ်ချက်လောက်လေးငဲ့ကြည့်ပေးစေချင်ပါတယ်   လိုအပ်ချက်လေးတွေကိုဖြည့်စွတ်ပြီးတော့ဖတ်ပေးပါရှင် အားလုံးကိုခင်တဲ့ညာ……….


မမ အညာသူJune 28, 20121min26619
ညာတို့ရွာမှာအရင်ကအထက်တန်းကျောင်းမရှိဘူးလေ အဲတော့2မိုင်လောက်ဝေးတဲ့ရွာကို၅တန်းကနေ၁ဝတန်းထိစက်ဘီးလေးဂျောက်ဂျက်ဂျောက်ဂျက်နှင့် ကျောင်းတက်ခဲ့ရတဲ့ဘဝပေါ့ (ခုတော့ညာတို့ရွာကအထက်တန်းကျောင်းတွေဆေးရုံတွေမီးတွေနှင့်စည်ကားလို့နေခဲ့ပါပြီ) ညာမှတ်မှတ်ရရ၈တန်းနှစ်ကပေါ့ ကျောင်းမှာသူငယ်ချင်းတွေနှင့်ထုပ်ဆီးတိုးတန်းစကားကျတယ်လေ အရမ်းကိုပျော်စရာကောင်းတဲ့ကလေးဘဝလေးပါ ညာတို.ဆော့နေတဲ့အဖွဲ့ထဲမှာအောင်အောင်(အမည်မှန်မဟုတ်ပါ)လဲပါတာပေါ့ သူလဲညာတိုု့လိုပဲအရမ်းပဲပျော်နေတယ်လေ ညာတို့သူငယ်ချင်းတွေအားလုံးမသိခဲ့ကျပါဘူး သူနောက်2ရက်ရှိရင်လောကကြီးထဲကအပြီးအပိုင်ထွက်သွားမယ်ဆိုတာကိုပေါ့ သူသေရတော့မယ်ဆိုတာသိရင်သူခုလိုမျိုးရောပျော်နေနိုင်မယ်တဲ့လား ဘယ်အချိန်ဘယ်နေရာဘယ်အရွယ်မှာဘာရောဂါနှင့်သေမယ်ဆိုတာ သိမှမသိနိုင်ပဲကိုး တကယ်တော့လေသေချင်တရားကြီးကသက်ရှိလူသားတွေအားလုံးရဲ့နောက်ကိုအရိတ်မဲကြီးတစ်ခုလို ထက်ကြပ်မကွာလိုက်နေတယ်လေ ညာအပါအဝင်လူသားတိုင်းဟာသေရမှာကိုသိသိကြီးနှင့်သေချင်းတရားကိုမေ့လျော့နေခဲ့ကျတယ်လေ သေရင်လဲဘာမှပါမလာနိုင်တော့ဘူးလေ ကုသိုလ်ကောင်းမှုတွေကလွဲရင်ပေါ့ အောင်အောင်လဲနောက်ရက်ကျနေမကောင်းလို.ကျောင်းကိုမလာတော့ဘူးလေ မကြာပါဘူးနောက်ရက်သူရဲ့သတင်းကိုစိတ်မကောင်းစွာကြားလိုက်ရပါတယ်……… ညာတို့သူငယ်ချင်းတွေအားလုံးတကယ်ပဲဝမ်းနည်းကျေကွဲခဲ့ရပါတယ်…… သူ့ရဲ့အသုဘအခန်းအနားကိုဆရာမတွေရောညာတို့တွေရောလိုက်ပို့ခဲ့ကျတယ် သံသရာကြီးကတကယ်ပဲရှည်လျားလှပါတယ် ညာတို.တစ်တွေလဲဘယ်တော့များမှ မွေးဖွားခြင်းတွေသေဆုံးခြင်းတွေကင်းမလဲမသိပါဘူးနော် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ္မာခြင်းနှင့်ပြည့်စုံနိုင်ကျပါစေ   လိုအပ်ချက်လေးတွေကိုဖြည့်စွတ်ဖတ်ပေးကျပါရှင် ခင်တဲ့ညာ          


မမ အညာသူJune 26, 20121min27136
ညာအရမ်းစိတ်ညစ်တယ် ဘာလို.လဲသိလားလူသားတိုင်းကငါ့ကိုြ့ကိုက်နေကျတယ်လေ မကြိုက်ပါဘူးနဲ့ဆိုလဲပြောမရဘူး.ဂေဇက်ကလူတွေလဲငါ့ကိုကြိုက်နေမယ်ထင်ပါတယ်…..ဟင်းးး…..ညစ်ပါတယ် ညာပြောချင်တာကဒီလိုလေးပါတဲ့ရှင့်.. ဟိုတုန်းကပေါ့ အသက်13နှစ်အရွယ်သောတာပန်မိန်ကလေးတစ်ဦးဟာဘုန်းကြီးကျောင်းကိုဆွမ်းပို့သွားတာပေါ့……. အဲကလေးမလေးကကျောင်းကျဘုန်းကြီးကိုမေးတယ်လေ ဒီသင်္ကန်းကြီးကဘယ်သူဟာလဲဟင် အော် ဒကမလေးရဲ့ ငါ့ဥစ္စာပေါ့…. ဒီသပိတ်တွေကရော ငါ့ဟာပဲပေါ့….. ဒီလိုနှင့်ပဲကလေးမလေးကအိမ်ကိုပြန်သွားခဲ့တယ်လေ… နောက်ရက်လဲကျောင်းကိုဆွမ်းပို့လာတာပေါ့…… ကလေးမလေးကလဲအရင်နေ့ကလိုပဲမေးတာပေါ့………..ဘယ်သူဟာလဲမေးတိုင်း ဘုန်းကြီးကလဲငါ့ဟာပဲလို့အမြဲဖြေတယ်လေ…….. နောက်ဆုံးတော့ဘုန်းကြီးကစိ်တ်မရှည်တော့ဘူးလေ….ဒီမှာဒကာမလေး ဒီကျောင်းရှိတဲ့ပစ္စည်းဟာအကုန်ငါဟာတွေပဲလို.ဖြေလိုက်တယ်…… ဘုန်းဘုန်းဘုရားဒါဆို ဘာအတွက်ကြောင့်သင်္ကန်းဝတ်ရပါသလဲ………..လို.ကလေးမလေးကမေးတယ် နိမ္ဗာန်ရောက်ဖို့ပေါ့  .”ဒါဆိုငါ့ကိုမကြိုက်နှဲ့” လို့ကလေးမလေးကပြန်ပြောတာပေါ့ အဲနေ့ကစပြီးဘုန်းကြီးမှာအစာပျက်အအိပ်ပျက်ဖြစ်ပြီအိပ်ရာထဲမှာလဲနေတော့တာပေါ့…. အော်ငါလဲဒီကလေးမလေးကိုစိတ်ဝင်စားတဲ့အရိတ်အရောင်လေးတောင်မပြမိပါလား ဘာလို.ငါ့ကိုမကြိုက်နှင့်လို.ပြောရတာလဲပေါ့ နောက်တော့ကလေးမလေးရဲ့မိဘတွေလဲကျောင်းကိုလာပြီဘုန်းကြီးကိုအကျိုးအကြောင်းမေးတော့တာပေါ့ အဲတော့ဘုန်းကြီးက အလုံးစုံကိုပြောပြလိုက်တယ် အဲထိတော့ကလေးမလေးကပြောပြလိုက်တယ်……..ငါ့ကိုမကြိုက်နှဲ့ဆိုတာ ငါစွဲမထားဖို့ပါ…… ငါစွဲစွဲနေတော့ဘယ်လိုလုပ်နိမ္ဗာန်ကိုရောက်နိုင်တော့မလဲ….အဲလိုရှင်းပြလိုက်တော့မှပဲ ဘုန်းကြီးမှာနေကောင်းပြီးတရားထူးပါရသွားသတဲ့ကွယ်………….. ပုံပြင်လေးကတော့ဒါပါပဲရှင်……. ညာငယ်ငယ်တုန်းကဖတ်ဖူးတာပါ ကြာခဲ့ပါပြီ ဖတ်ဖူးရင်လဲနောက်တစ်ခေါက်ပေါ့နော်………. လိုအပ်ချက်လေးတွေရှိရင်ဖြည့်စွတ်ပြီတော့ဖတ်ပေးပါရှင် ကျေးဇူးတင်ပါတယ်………….        


မမ အညာသူJune 25, 20121min19921
ညာအရင်နေ့ကMozilla ကနေစာတွေတင်တာမပေါ်လို့ခုIE ကနေပြောင်းတင်ကြည့်လိုက်တယ်နော် ဒါကြောင့်ခုအစမ်းလေးတင်ကြည့်လိုက်တာနော် အန်ကယ်ဇောက်ကတော့ပြောတယ် နတ်တင်ရမယ်တဲ့လေ နတ်မတင်လို.ဖြစ်တာတဲ့ ဂေဇက်ရွာကနတ်တင်ရတဲ့ဓလေ့များရှီလားဟင် ဒါဆိုနောက်ရက်ကျအုန်းတို.ငပျောတို့ဝယ်ခဲ့မယ်နော် ဟိဟိ ဒီတစ်ခါစာမပေါ်ရင်ညာကိုတော့မျက်လှည့်ပြနေတယ်လို.ပြောကျတော့မှာပဲနော် ညာကလူတစ်ယောက်ကိုအယုံသွင်းပြီးပုံပြင်တွေမပြောတက်ပါဘူးနော် (အညာသူဆိုတာတကယ့်ကိုရိုးတယ်…..ဘာဘာညာညာတွေလဲနားမလည် ဟန်တွေပန်တွေကိုလဲမတက်တယ်……… မြို့ကြီးသူမယ်တို့လိုမလိမ်တက်တယ်မညာတက်တယ်………………**) သီချင်းဆိုတာနော်….. ပျော်ရွင်ပါစေ….        


မမ အညာသူJune 19, 20121min21021
ညာနယ်ကနေတောင်ပေါ်ဒေသကိုပြန်တက်လာတဲ့နေ့တစ်နေ့ကပေါ့……….. ညာလည်းအိမ်ကနေပြန်လာရတဲ့ခရီးဆိုတော့စိတ်ထဲတစ်မျိုးကြီးလေ ဒါနှင့်ပဲတစ်ရိပ်ရိပ်နှင့်ပြေးနေတဲ့ ထန်းတောကြီးကိုငေးကြည့်နေမိတယ် အဲအချိန်မှာညာနှင့်မျက်စောင်းထိုးလေးခုံမှာထိုင်နေတဲ့အသက်22စ်အရွယ်အမျိုးသားတစ်ယောက်ရဲ့ အံ့ဩစရားကောင်းတဲ့အပြုအမူတွေကိုညာတွေ့လိုက်ရတယ် သူကလေသာမန်မြင်ကွင်းလေးတွေကိုအရမ်းအံ့ဩဖို့ကောင်းတဲ့မျက်လုံးကြီးနှင့်ကြည့်နေတော့ညာအံ့ဩမိတာတော့အမှန်ပါ…… အဲအချိန်မှာသူရဲ့ဘေးကလူတစ်ယောက်ကိုမေးလိုက်တယ်…..ဖေဖေဘာလို.ဟိုသစ်ပင်တွေကနောက်မှာနေရစ်ခဲ့တာလဲဟင်….အော်သားရယ်…… ဖေဖေဟိုးးးအပေါ်ကတိမ်တိုက်တွေကရောဘာလို့သားတို့နောက်ကနေပြေးလိုက်နေရတာလဲလို့မေးလိုက်တဲ့အချိန်မှာ  အခြားခုံကလူတစ်ယောက်ကဝင်ပြောလိုက်တယ် စိတ်မရှည်တဲ့လေသံနှင့်ပေါ့ခင်များသားကိုဆရာဝန်ကောင်းကောင်းနှင့်ပြသင့်တယ်………. အဖေလုပ်သူကပြန်ပြောလိုက်တယ်        သူအခုပဲဆေးရုံကနေဆင်းလာတာပါ သူကမွေးရာပါမျက်စိမမြင်ပါဘူး………… ခုတော့ညာအားလုံးကိုရှင်းသွားပါပြီ……..သူဘာကြောင့်သူမြင်ကွင်းရှေ့ကအရာတွေကိုအံ့ဩစရာမျက်လုံးဝိုင်းကြီးတွေနှင့် လိုက်ကြည့်နေတယ်ဆိုတာကိုပေါ့ ညာမကြုံဘူးတဲ့အရာတွေကညာ့အတွက်အသစ်တွေဖြစ်နေသလို     သူ့အတွက်လဲအသစ်အသစ်တွေပေါ့ ညာပြောချင်တာကတော့- ဘယ်သူမဆိုကိုယ်အခက်အခဲနှင့်ကိုတော့ရှိကျတာပဲလေ….ဒါကြောင့်လူသားအားလုံးကိုစာနာပေးပါ…….. အကြောင်းအရာတစ်ခုကိုဘာမှသေချာမသိပဲနှင့်အပြစ်တင်မစေားမိပါစေနှင့်လို. ညာပြောချင်ပါတယ်…….. ဂေဇက်ရွာကကိုကိုမမတွေကိုခင်မင်လျက်ပါ………….      


မမ အညာသူJune 16, 20121min20916
တစ်ရွာလုံးကိုတမာရနံ့တွေလွမ်းခြုံထားတဲ့ညနေခင်းမိုးလေးဖွဲဖွဲကျနေတဲ့အချိန်မှာ ညာရွာထဲကိုလမ်းလျောက်ထွက်လာခဲ့တယ်လေ….. ကလေးတွေကစိမ်းစိုနေတဲ့သစ်ပင်ကြီးတွေအောက်မှာ….ပြေးလွှားဆော့ကစားနေကျတာပေါ့…(သူတို့လေးတွေကိုကြည့်ရတာညာတောင်ကလေးဘဝ ကိုပြန်ရောက်သွားသလိုလို.)……..အယ်ဟိုရှေ့ကရေခတ်ဆင်းလာတဲ့လုံမပျိုလေးတွေ….သနပ်ခါင်းပါးကွတ်ကြားလေးတွေနှင့်ကျက်သရေရှိပြီမဟာဆန်လိုက်တာ….. ရွာလည်ကွင်းပြင်ကျယ်ကြီးမှာချင်းခတ်နေတဲ့ကာလသားတစ်ချို.နှင့် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ဆေးတန်ခဲရင်းစကားစမည်ပြောနေတဲ့လူကြီးတွေရယ်ပေါ့…… မိုးလေးနှင့်အတူသယ်ဆောင်လာတဲ့တမာရနံ့လေးသင်းသင်းလေးကစိတ်ဘဝင်ကိုကြည်နူးဖို.ကောင်းလိုက်တာ………..ညာတောင်လျှောက်လာရင်းနှင့် ဆွဲလဲသံလေးတွေခေါ်ဆောင်ရာရွာထိပ်ကရွာဦးကျောင်းတောင်ရောက်ခဲ့ပြီလေ…ရွာထိ်ပ်တမာတန်းကြီးက လမ်းသွားလမ်းလာအများသူငါကို မင်္ဂလာပါလို့ နှတ်ဆက်နေသရောင် ထင်မိပါတယ်……. ဟိတ်ညာထတော့လေဘယ်အချိန်ရှိနေပြီလဲ…. ဟင်..ဒါဆိုငါအိပ်မက်မက်နေတာပေါ့…… အဲအချိန်မှာညာတကယ်ပဲပြုံးမိလိုက်ပါတယ်……….. မှတ်ချက်-ညာသည်စာရေးဆရာမဟုတ်ပါ သီးခံပြီဖတ်ပေးပါရှင်