ငှက် ငယ်November 10, 20131min1381
    ဒီကနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ် ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ် ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်..။ ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ် ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ် ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ် ဆေးတွေ များများစားစား ရှိတယ် ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။ ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ် ရယ်တာတော့ အတော်နည်းသွားပြီ ကားမောင်းတာ အတော်မြန်လာကြတယ် ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။ စာဖတ်တာ အတော်လေးနည်းတယ်။ ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား * ဘုရားရှိခိုးတာ အတော်နည်းလာပြီ။* ကျွန်တော်တို့ရဲ့ […]


ငှက် ငယ်November 10, 20131min1653
    အချိန်ကို ငြီးငွေ့ပြီမို့ မိုးကောင်းကင်ကို မော့ကြည့်ပြီး လမင်းကြီးရဲ့ ခြေလှမ်းတွေကို ရေတွက်နေမိတယ်………။ ခရီးသည်ရဲ့ ခရီး ဘယ်အခါပြီးဆုံးမလဲ အလွမ်းသည်ရဲ့ အလွမ်း ဘယ်အခါ ကုန်ဆုံးမလဲ…….။ အလွမ်းတွေ တိုးပွားလာတယ် ညကလည်း အေးစက်လို့ လာခဲ့ပါတော့  အိပ်စက်ခြင်းရယ် ခံစားမှုတွေကို တိုက်ထုတ်လိုက်ပါတော့…။ ဒါပေမယ့် နံနက်ခင်းသာ လာတယ် အိပ်စက်ခြင်းက ခုထိပေါ်မလာ အခုတော့……………………. ကောင်းကင်အမိုး ခုံးခုံးကြီးအောက်မှာ အလင်းရောင်က  ငါ့ဦးနှောက်ကို အရူးအမူး နာကျင်စေတော့မှာပဲ…..။ HNGET NGAI 13/10/2013 2:53:41


ငှက် ငယ်November 8, 20131min30214
    ပရိဟိတ နဲ့ အတ္တဟိတ ဘယ်လောက်ကွာသလဲဆိုတာ အားလုံးသိအောင် ပြောပြချင်ပါတယ်..။                                                    ဒီနေရာ မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဦးကျော်သူ တွေကို နှိုင်းပြီး ပြောချင်ပါတယ်. ဗိုလ်ချုပ်က အများအကျိုးဆောင်ရွက်သွားတဲ့ လူပါ.. သူဒီကနေထိ ဆိုရင် ( 97 ) နှစ်ကျော်လောက် ရှိမယ် ဗိုလ်ချုပ်သာ ဒီကနေ့ထိ သက်ရှိထင်ရှားရှိမယ်ဆိုရင် မြန်မာ နိုင်ငံမှာ ဘယ်အိမ်ဝင် ထမင်းစားစားရတယ်။ ဘယ်အိမ်ဝင် အိပ်အိပ်ရတယ် ။   ဘာဖြစ်လို့လဲ ဆိုတော့ အများအကျိုးဆောင်ရွက်တာကို..။ မဟုတ်လား ဗျာ ပြီးတော့ ဦး ကျော်သူ သူ့ကို လူတိုင်း သိပါတယ် ။ သူကသာ လူတိုင်းကို သိချင်မှ သိမှာ […]


ငှက် ငယ်November 7, 20131min29117
    မလေးမှာ အဆင်မပြေဖြစ်တုန်းက   ကျွန်တော် ရေးထားတဲ့ ပို့စ် တစ်ပုဒ်ပါ..။     အခုတလော မလေးရှားမှာ ဖမ်းနေတယ် ဆိုတဲ့ သတင်းကြားရတော့ လုံးဝစိတ်မကောင်း ဘူးဗျာ..။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း နိုင်ငံခြားမှာ နေရတာ မပျော်ဘူးဗျာ……….. တစ်ချို့က ပြောတယ် ” ဘာလို့လဲ ဒီလောက်အဆင်ပြေနေတာကို” တဲ့..။ ကျွန်တော် ပြန်ပြောလိုက်တယ်..။ ” မတူဘူးလေ မြန်မာ မှာက အဖေ အမေရှိတယ်။ မောင်နှမ ရှိတယ်။ ကိုယ့်အသိုင်းအဝိုင်း ရှိတယ်။ ဒီမှာက ငွေက လွဲပြီး ကျန်တာ ဘာမှမရှိဘူး။ အစတုန်းကတော့ ငွေအတွက် အလုပ်လာလုပ်တာ ။ ငွေကို အရေးအကြီးဆုံးလို့ သတ်မှတ်ထားတာ..။ ငွေထက်အရေးကြီးတဲ့ အရာတွေ ရှိမှန်းအခုမှ […]


ငှက် ငယ်November 6, 20131min1876
မြင့်မြင့်ပျံသန်းနေသူသာ ပိုမြင့်မြင့် ပျံနိုင်တယ် ငါ့ရဲ့ အတောင်ပံအောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဘယ်သူမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူး။ ဘဝဆိုတာ ယုံကြည်ချက်တို့ရဲ့ ပညာပြပွဲကြီးတစ်ခု ယုံကြည့်ချက်လုံလုံလောက်လောက်ရှိထားဖို့ အဓိက မဟုတ်လား။ ပျံပါငှက်ငယ် ဘဝက ပစ်ချလာတဲ့ ဝန်ထုပ်ဝန်ပိုး ဘယ်လောက်ပဲ များများ မင်းလက်မမြောက်နဲ့ ကိုယ့်အပေါ်ကျရောက်လာသမျှအပေါ် ဘာသာပြန်တတ်ဖို့ မင်းသင်ယူပါ ကိုယ့်ကိုယ်ကိုယ် အားပေးမှု ငါ့အတွက် ငါရှိတယ် အနားမှာ ဘယ်သူရှိနေဖို့ လိုနေသေးလို့လဲ ကိုယ်အမှောင်ထဲ နေရပါစေ သူများကို အလင်းပေးဆောင်နိုင်ရမယ် ကိုယ်အလင်းထဲမှာနေပြီ သူများကို အမှောင် မပေးနဲ့ အချိန်တိုင်းမှာ အတိတ် နဲ့ အနာဂါတ် ပါဝင်နေတာ။  ငှက်ငယ် 31/10/2013


ငှက် ငယ်November 5, 20131min1557
– ခို ……………………….. သူတို့ မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့ ကောင်းကင်ကို ပျံသန်းဖို့ စိတ်ကူးမရှိကြဘူး……………..။ – ခို …………………. သူတို့ မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့ ဟိုး……………..အမြင့်ကို ပျံသန်းဖို့လည်း သတ္တိ မမွေးကြဘူး……………….။ – ခို ………………………. ဓာတ်ကြိုးပေါ်မှာ နား အိမ်ခေါင်ပေါ်မှာနေ……… သူများ ပေးတာ ၊ ကျွေးတာ စား အလကား ခို ကောင်တွေ………..။ စာရေးဆရာ တစ်ဦးရဲ့ စာပေဟောပြောပွဲ ထဲကပါ။ အရမ်းကောင်းတဲ့ ကဗျာ တစ်ပုဒ်ပါ…..။ ဒီကဗျာဟာ ကျွန်တော့်ကို လက်ညိုးထိုး ပြောနေတာလား? လူငယ်တွေကို ပြောနေတာလား……..? မသိဘူး……..။ ကဗျာဆရာက ဒီကနေ့ လူငယ်တွေကို ခို […]


ငှက် ငယ်November 4, 20132min2069
  ကျွန်တော် ဖတ်ဖူး မှတ်ဖူးတဲ့ စာအုပ်တွေကို မှီငြမ်းပြီး ဒီ ပို့စ်ကို ရေးသားလိုက်တာပါ…။ လိုအပ်တာ ရှိရင်လည်း အကြံပေးစေလိုပါတယ်…။   ကျွန်တော် အခု ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တာပါ…….. ကျောင်းလာတက်တာ မဟုတ်ပါဘူး…။ ပထမ စိတ်ကူးသေးတယ်..စာသင်ရင်း အလုပ် လုပ်မယ်လို့ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး…အလုပ်ပဲ လုပ်နေရတယ်..။ အလုပ်လုပ်တာ ပင်ပန်းတာပေါ့…။ ” ပင်ပန်းပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရပါတယ်။ အချိန်ကို တန်ဖိုးထားတတ်တဲ့ အလေ့အကျင့်တွေရပါတယ်..။ လူတစ်ယောက်မှာ စွမ်းအားဆိုတာ ညစ်ထုတ်ရင် ညစ်ထုတ်နိုင်သလို မကုန်မခန်းနိုင်အောင် ရှိတယ်ဆိုတာ အလုပ် လုပ်ရင်းနဲ့မှ ကျွန်တော်သိလာတာ..။ အလုပ်ကြောင်း ကိုယ်ဘယ်လိုလူ ဖြစ်သလဲဆိုတာကို ကိုယ်တိုင်သိလာရတယ်..။ အလုပ်များတယ်ဆိုတာ အလုပ်ရှုပ်တာထက် ပိုကောင်းပါတယ်။ အလုပ်များများလုပ်တတ်တဲ့ အလေ့အကျင့်ကို ဒီနိုင်ငံက ကျွန်တော့်ကို […]