ဇီဇီOctober 25, 20133min69739
တစ်ခန်းရပ် ကို ဖတ်ချင်ရင် ဒီ မှာ   https://myanmargazette.net/170648 အဟွတ်။ ခု နောက်တစ်ခန်း ရပ်မယ်။   ~~~~~~~~~~~~~~~ ဩဂတ် ၂၀၀၇   မိုင်ခိ၊ နင် ဂျပန် မင်းသားလေး မှတ်မိသေးလား။ သူငယ်ချင်း အနေ မှ မေးလိုက်ခြင်းဖြစ်၏။ မမှတ်မိစရာလား။ သူလည်း ဒီ မှာလေ။ ဘာဖြစ်လို့လဲ??? နင့် ဖုန်းနံပတ် တောင်းနေတယ်။ ဟယ်။ တကယ်လား။ ပေးလိုက်လေ။ အာ။ ငါ မသိဘူးလို့ပြောလိုက်ပြီ။ သူ့နံပတ်ပဲ ယူထားလိုက်။ ဟာ။ နင် လုပ်ကာမှ ငါက ဖုန်း စ ဆက်ရတဲ့ ဘဝ ရောက်ပြီပေါ့။ နင် ကတော့။ သူငယ်ချင်းနဲ့ ဖုန်းပြောရင်း စိတ်က ကျောင်း […]


ဇီဇီOctober 23, 20131min46945
    ဟိ။  :mrgreenn:   ကိုယ့် အရှက်ကို ခွဲလိုက်ပါဦးမယ်။ ကေဇီတို့ မေမေဟာ တခြားနေရာတွေမှာ လေဘာဒယ် ကျသလောက် အိမ်ထောင်ရေးမှာ အတော် ကွန်ကျပါတယ်။ ငယ်တုန်းကတည်းက ရိုက်သွင်းထားတဲ့စကားက သူကမေးးးး “အိမ်ထောင်ရေးကို ဘယ်လို ဆုံးဖြတ်မယ်??” ကေဇီက ဖြေ “မာမီ စီစဉ်ပေးတာပဲ ယူပါ့မယ်” အဲလိုကို ဇာတ်တိုက်ထားခံရတာပါ။ ကေဇီစိတ်ထဲလည်း ဒါကို အထွေအထူး ချုပ်ချယ်တယ် ဘာတယ်လို့ မခံစားရပါဘူးးး တခြားနေရာကျ အတော် အလိုလိုက်ထားခံရကိုးးးး စိတ်ကြိုက်နေရတော့ သူ့ အလိုကို ဒီ နေရာမှာ လိုက်မယ်လို့ပဲ တွေးထားပါတယ်။   အဲ! ခက်တာက သူတို့ မောင်နှမတွေ အကုန်လိုလိုက Arranged Marriage  ပဲ နာခံခဲ့တာဆိုတော့ အဲဒီ […]


ဇီဇီOctober 21, 20131min54138
ရွာရဲ့ နာမည်ကျော် အီးဇီးကွတ် ဝေဝေလေး ရဲ့ ဒီတစ်ပတ်ကို အားပေးကြပါဦးးးးး ရုံးသမားတွေ အတွက် စဉ်းစား စီစဉ်ထားတဲ့ အစပ်အဟပ်လေးတွေပါ။ ဝေ့ ကို အကြောင်းကြားပေးတဲ့ ချစ်မမရော၊ လိုလို လားလား ကူညီပေးတဲ့ ဝေဝေ့ကိုပါ အင်မတန်ကျေးဇူးတင်ပါတယ်။ နောက်တစ်ပတ်ကတော့ အမျိုးသား စားဖိုမှူးပါ။ ~~~~~~~~~~~~~~~~~~ အသက်လေးရလာပြီဆိုတော့ ကျန်းမာရေးဘက်ကို ဦးစားပေးပြီး အစားအသောက်ကို စဉ်းစားရတယ်လေ .. စားလို့ကောင်းအောင်နဲ့ အချိန်နဲနဲ အကုန်အကျသက်သာဖို့လဲ ဦးစားပေးရသေးတယ်ဆိုတော့ ဟင်းတွေက စပါယ်ရှယ်တွေတော့ ဖြစ်မှာ မဟုတ်ဘူးနော် .. အလုပ်ထဲကို ထမင်းချိုင့်နဲ့ထည့်ယူသွားလို့အဆင်ပြေမယ့်ဟင်းလျှာတွေကို နေ့လည်စာအတွက်နဲ့ ညနေစာကို သီးသန့် ပူပူနွေးနွေးစားလို့ရတာ ချက်ချင်တယ် .. မနက်စောစောစာအတွက်ကလဲ ကိုယ်တိုင်ပဲ ဖန်တီးရသေးတယ် … တနင်္လာနေ့ ထုံးစံအတိုင်း တနင်္လာနေ့ဆိုတော့ […]


ဇီဇီOctober 19, 20133min27519
ရွာထဲမှာ ရှိကြကုန်သော ကိုယ့် ထက် အသက် တစ်မနက် တစ်ရက် ကြီးသောသူမှ အစ ရွာလူကြီးများ အလယ် တဂျီး အဆုံးးး ကျနော် ရွာကို ရောက်တဲ့ ဒီ တစ်နှစ် အတွင်း ကာယကံ (ကျောက်/မတ် ပဲ ပါတယ်)၊ ဝစီကံ၊ မနော်ကံ၊ တိုက်ပင် နဲ့ စာရိုက်ပြီး ပစ်မှားခဲ့သည်များ ရှိပါ က ခွင့်လွှတ်ကြပါရန် ကေဇီက ဤ နေရာမှ ကန်တော့ပါတယ်။ _/|\_   _/|\_   _/|\_ မဖြစ်မနေ ခွင့်လွှတ်ပြီး မုန့်ဖိုးများလည်း ပေးသနားပါ။  :mrgreenn: (တဂျီးလည်း လူလူချင်း ကန်တော့တာ ဘာညာသာရကာကို ဂနေ့ မပြောနဲ့ဦး နော် ၊ အဟိ)  :mrgreenn: ကဲ […]


ဇီဇီOctober 17, 20131min55853
  ခေါင်းစဉ်က Cat Cat လန် စကားလုံး အတွက် အောင်ကြူးကို ခရက်ဒစ်ပေးပါတယ်။ တိုလီမိုလီ ဆရာပွ ရဲ့ ရေးနည်း နဲနဲကိုလည်း ယူသုံးပါရစေညော်။  ~~~~~~~~~ ကေဇီတို့ မိသားစုက အင်မတန်ကြောင် ချစ်ကြပါတယ်။ မချစ်တတ်တဲ့ ဒက်ဒီကကို နောက်ဆုံးချစ်တတ်သွားတဲ့ထိ သားအမိ ၂ ယောက် စည်းရုံးနိုင်တာပေါ့။ (အမှန်တော့ ဇွတ်ကျတာပါ။) ကြောင်တွေ သားပေါက်တိုင်း ကိုယ့် အချစ်တော် တစ်ယောက်တစ်ကောင်နှုန်းနဲ့ အနည်းဆုံး ၅ ကောင်ကတော့ အဆက်မပြတ်။ တစ်ခါတစ်ခါ တစ်ယောက် ၂ ကောင်နှုန်းကျော်သွားသေးးးး။ ကိုယ့်ကြောင်ကို ဘယ်လောက် အလိုလိုက်နိုင်ကြောင်းက အမြဲပြိုင်ကြပါတယ်။ တစ်အိမ်လုံးမှာ မာမီက ကင်း ဆိုတော့ သူ့ကြောင်ကတော့ အမြဲ ထိပ်ကပေါ့လေ။ ထားပါတော့။ ကိုယ် […]


ဇီဇီOctober 14, 20131min45342
  မမရေ မမရေ အိမ်မှာကောင်းကောင်းနေ!!! အဟိ ဘာမှဟုတ်ဘူးးးး ဘယ် တစ်ပတ်လောက် လာပြီး စားဖိုမှူးလုပ်ပေးနိုင်မတုန်းလို့ မေးကြည့်မို့။ ကေဇီရေ စားဖို့သာ ရတာ။ ဟင်းစပ်က စဉ်းစားရဦးမှာ ကျန်တဲ့သူတွေ မေးကြည့်ဦး။။။။။ ဘယ်နေမတုန်း ချစ်မရဲ့ မေးပြီးပြီ။ ပေးမယ်တဲ့။ အဲဒါ မမ ပဲကျန်တယ်။ စဉ်းစားပေးပါဦးနော်။ စားချင်တာတွေချရေးမယ်ဆိုတော့ ဟင်းစပ်တွေက ထွက်လာတယ်။ အပျင်းနည်းနဲ့ စပ်ထားတယ်လို့တော့ မပြောနဲ့နော်။ ကိုယ်တိုင်သာချက်ရရင်ဆိုတဲ့ အတွေးကလည်း ပါနေတော့။ 😛 ဒီလိုနဲ့ ချစ်မရဲ့ လေးဇီးကွတ်နဲ့ ဒီ တစ်ပတ် ထမင်းဆိုင် ပြန်စရပြန်ပါပြီ။ နောက်တစ်ပတ်ကတော့ အီးဇီးကွတ် စားဖိုမှူးတစ်ယောက်ပါ။ ~~~~~~~~~~~~~~~~~~ တနင်္လာ အသားဟင်းအနေနဲ့ ဝက်သားလုံးကြော် မယ်။ ဝက်သားလုံးကြော်ဖို့အတွက် ဝက်သားကို နုတ်နုတ်စင်းထားရတယ်။ ကြက်သွန်နီကို […]


ဇီဇီOctober 9, 20132min28695
  စင်ကာပူနိုင်ငံသို့လာရောက်လည်ပတ်ရန်(မြန်မာနိုင်ငံသားများ)အတွက် Visa (ဗီဇာ ပြည်ဝင်ခွင့်)လုပ်ရန်လိုအပ်သည်။ ဗီဇာကို ၂မျိုးလျှောက်ထား နိုင်သည်။ (၁) မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးသို့ သွားရောက်လျှောက်ထားခြင်း (၂) အွန်လိုင်းမှလျှောက်ထားခြင်း   (၁) သံရုံးတွင် လူကိုယ်တိုင်သွားရောက်လျှောက်ထားမည်ဆိုလျှင်  (i) သက်တမ်းခြောက်လကျော်ကျန်ရှိသည့် နိုင်ငံကူးလက်မှတ် Passport  (ii) စင်ကာပူနိုင်ငံသား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရသူ PR (သို့မဟုတ်) စင်ကာပူနိုင်ငံမှ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၏ ခေါ်စာနှင့် I.C (Identification Card) မိတ္တူ (iii) လေယာဉ်လက်မှတ် အသွားအပြန် (နှစ်လ နေမည်ဆိုလျှင် ၃လ လက်မှတ်ဝယ်ပါ၊ လေးငါးရက် နေမည်ဆိုလျှင် နှစ်ပတ်လက်မှတ်ဝယ်ပါ)  (iv) Application Form for a Visa (Form IMM […]


ဇီဇီOctober 8, 20133min49934
ကဲဗျာ။ မွန်မွန်လေးက အသားအရေအတွက် ရော စားဖို့ရော တပြိုင်နက် လုပ်ချင်လို့တဲ့။ 😀 အဲဒါ ဟိုရှာ ဒီရှာနဲ့ ရှာလိုက်တာ။ ကိုယ်တိုင်ရေးရင် မပြည့်စုံမှာစိုးလို့။   ~~~~~~~~~~~~~~~~~~   A) အသားအရေကို​လှပစေသော သစ်သီးများ အသားအရေ လှပချောမွေ့ဖို့အတွက် အချို့သောသီးနှံများဟာ အထောက်အကူများစွာ ဖြစ်စေနိုင်ပါတယ်… သဘာဝအသီးအနှံတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အလှပြုပြင်ထိန်းသိမ်းရေး (skin care products) တွေလည်း မြောက်များစွာ ရှိတာကို တွေ့ရမှာပါနော်… ဒါကြောင့် မိမိအနီးအနားမှာ ရှိနေတတ်တဲ့ အသီးအနှံတွေဟာ မိမိရဲ့ အရေပြားကို သန့်စင်လှပ ဝင်းမွတ်ဖြူစင်ဖို့အတွက် ဈေးကြီးပေးစရာမလိုတဲ့ အလှပြုပြင်ရေးပစ္စည်းများ ဖြစ်နေပါတယ်.. ဒါကြောင့် ဘယ်လိုအသီးအနှံက ဘယ်လို အစွမ်းထက်တယ်ဆိုတာ ရှာဖွေ ဖတ်မိတာလေးကို ပျိုမေတို့ အကျိုးရှိစွာအသုံးချဖို့ ပြန်လည်ဝေမျှပါမယ်ရှင်။ သင်္ဘောသီး […]


ဇီဇီOctober 7, 20132min49647
မဟာတို့က အရင့်အရင် ဆိုင်မှာ လာလာပြီး ဟင်းတွေက ရွေးချယ်စရာမရှိဘူးးးးး။ မနက်စာ/ညစာ ထပ်ပါက မစားချင်ဘူး စသည်ဖြင့် လာနားညည်းသည်က တစ်ကြောင်းးးးး သူ့ကိုယ်သူ စားဖို မူးးးးးး သင်ရိုးကုန်ဟု ကြွားချင်းကို အညင်ကပ်သည်က တစ်ကြောင်းးး မို့ ဒီ တစ်ပတ် ထမင်းဆိုင်ကို သူ့လက်ကို အပ်လိုက်ပါတယ်။ လက်ကုန် ရောင်းပါစေဆိုပြီးးးးးးး ၁) ဟင်း ဆန်းဆန်း စဉ်းစားဖို့ရယ် ၂) ချက်နည်းတွေလည်း တာဝန်ယူနိုင်တယ် ဆိုတာကြောင့် လာစားသူ ပလိတ်သတ်ကြီး အားမနာ ပါးမနာ မေးမြန်းနိုင်ပါတယ်။ ဖျော် ယမကာ နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေပါ ပါ မယ်ပြောတာမို့ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ ~~~~~~~~~~~~~~  Monday တနင်္လာနေ့။ ဘရိတ်ဖတ်စ် (မနက်စာ) ၁။  […]


ဇီဇီOctober 5, 20131min50133
  မလန့်ပါနဲ့ ပလိတ်သတ်ကြီးးးးးးးး ကာရံညီအောင်ပေးရတာပါ။ ဂနေ့ ရွာ့ လူဗြိုဂျီး မွေးနေ့။ (အဲလေ) ဟုတ်ပေါင်! အဲလိုပြောရင်မကြိုက်လို့ ခရစ်(စ) ခေါ်သလို ခေါ်ရရင်  သတို့သားးးးးလူဗြိုဂျီး တဲ့။ ဟိ။ သူ့မှာ အပျိုဂျီးတွေက နာမည်တစ်ယောက်တစ်မျိုးစီ ခေါ်ကြတာလေ။ စကားပြောရင် ကျော်ကလေ ကျော်ကလေ နဲ့ ပြောတတ်လို့ မနေခြည်ကတော့ ဦးကျော်တဲ့။ နောက်မှ သူ့ထက်လပိုင်းငယ်မှန်းသိလို့ မောင်လေး ဦးကျော်ဆိုပဲ။ ဒါဇင်ပလွတ်က အိ ၂ အိ ကတော့ (အိတုန် နဲ့ ရွှေအိ) ကတော့ ကမတ် တဲ့။ မွန်မွန်ကတော့ ဘိုဂေးသား တဲ့။ မိဗုံက မူးမတ် တဲ့ အရပ်ကတို့။ ဝါးကတော့ ဝါးကတော့ အင်းးးးးးး တစ်လ ငါးထောင် […]


ဇီဇီOctober 2, 20135min73171
ဒီပို့(စ) ကို မရေးခင်လည်း အတော်စဉ်းစားရပါသေးတယ်။ အမျိုးသမီး အလှကြိုက် ကြီးငယ်မဟူ သိပြီးသားဖြစ်နေမှာ တစ်ကြောင်းးးးးး ပြောလာမဲ့ ဘု စကားတွေကို ကြောက်တာ တစ်ကြောင်းပါ။ ကျနော် ဒီပစ္စည်းတွေကို သုံးတာ အားပေးတာမဟုတ်သလို၊ ပရိုမိုးရှင်းလုပ်နေတာလည်းမဟုတ်ပါ။ ကျနော်သိသလောက်ကို ရှာဖွေထားတာလေးတွေနဲ့ပေါင်းပြီး ရေးခြင်းဖြစ်ပါတယ်။   ကျနော် က အရေပြားတစ်ထောက် ကိစ္စကို သိပ်အရေးမထားခဲ့ပေမဲ့ စလုံးရောက်တဲ့ အချိန် သူတို့က ပေါ်ယံ ပါစင်နယ်လတီကို သိပ်ကြည့်တာကြောင့် ကိုယ့်ရဲ့ လူမှုရေး/အလုပ်အကိုင် စတာတွေမှာ သူများထက် ထိရောက်ဖို့ ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ရပါတယ်။ အရင်က ကိုယ့် အမေ အလှအကြောင်းဘာပြောပြော နားမထောင်တဲ့ မိန်းမဟာ အသက်လေးလည်းရလာ၊ ဒါဟာ ကိုယ့် ဘဝ အတွက် အထောက်အပံ့အနေနဲ့ ပင်ပန်းစွာလေ့လာရပါတယ်။   […]


ဇီဇီSeptember 30, 20132min53764
ကဲလေ။ ဒီတစ်ပတ်က အများအကြိုက် ချက်နိုင်၊ ဟင်းစပ်နိုင်မဲ့ ရွာရဲ့ နာမည်ကျော် စားဖိုမှူးတစ်ယောက်ကို ခေါ်ထားပါတယ်။ သူ က အရှေ့တောင်အာရှရဲ့ အချစ်တတ်ဆုံး အမျိုးသားတစ်ယောက်လည်းဖြစ်ပါသေးတယ်။။ ဒီ စားဖိုမှူးရဲ့ အားသာချက်ကတော့ စားသုံးသူတွေ နားထောင်လိုက်ရုံနဲ့ စားချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ချက်နည်း စားနည်းလေးက အစ ပြောပြနိုင်မဲ့ စားဖိုမှူး ဟောင်ကောင် ကျောက် ဖြစ်ပါတယ်။ ဖေကျောက်နဲ့ ဆို အနော် ဧည့်ခံရ သက်သာတယ်။ သူ က စကားပါ ပြောနိုင်လို့။  😀 ဟိဟိ။ ချက်နည်းတွေ ပါ ပြောထားတဲ့ အတွက် လာတဲ့ သူများ အကြိုက်တွေ့နိုင်မှာပါ။ ဝက် ချစ်သူများ အတွက်လည်း ရည်ရွယ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~   ဒီ တနင်္လာ […]


ဇီဇီSeptember 29, 20132min47537
ဘာရယ်မဟုတ်။ မနေ့က ဇော်သန့်လာမယ်ဆိုလို့ သူ့ အကြောင်းပြပြီး ကိုယ်စမ်းချက်ကြည့်ချင်တဲ့ ပဲထောပတ်သမင်းချက်ကြည့်တာ။ အညာက မိတ်ဆွေ အစ်ကိုကြီး ခက်သီပို့ထားတဲ့ လက်ပံခေါင်းခြောက်ကို ချဉ်ရည်ဟင်း စမ်းချက်ကြည့်ချင်တာလည်း ပါတာနဲ့။ ဟင်းစပ်လိုက်တော့ ဂလိုထွက်လာတယ်။ -ပဲထောပတ်ထမင်းရယ် -ဘဲသားဆီပြန်ရယ် – ပုဇွန်ခြောက်ကြော်ရယ် – လက်ပံခေါင်းချဉ်ရည်ရယ်။ အပျင်းမ စဉ်းစားတာဆိုတော့ အလွယ်နည်းပေါ့။ အဲလာ ခရစ်(စ) က ချက်နည်းတင်ဆိုလို့ အပျင်းနည်းကို မရှက်မကြောက်တင်လိုက်သည်။ တတ်သိနားလည်သူများသည်းခံကြပါ ခင်ညားးးးးးး   ချက်နည်းကားးးးးး အောက်တွင်ရှုလော့။             1) ညက ရေစိမ်ထားတဲ့ ကုလားပဲကို မနက်ကျပြုတ်ထားလိုက်တယ်။           ခါချက်ဥ ကြိုက်တတ်ရင် သေးသေးတုံးထားလိုက်။           ကြက်သွန်နီကို ဥလိုက်မကြိုက်လို့ လေးစိတ်ထိုးထားတာရယ် ပြင်ထားလိုက်တယ်။ […]