ဇီဇီSeptember 25, 20131min28327
လေယာဉ်ပေါ်မှာဝေတဲ့ အဖြူရောင်ကတ်ပြားလေး (သို့မဟုတ်) White Card ခေါ် (Disembarkation / Embarkation) DE Card အကြောင်း White Card (ဝှိုက်ကတ်) ဆိုသည်မှာ ပြည်ပသို့သွားရောက်တိုင်း အဆိုပါ နိုင်ငံသား (သို့မဟုတ်) နေထိုင်လုပ်ကိုင်နေသူ မဟုတ်သော၊ အလည်အပတ် လာသူများ ဖြည့်ရသည့် သုံးခေါက်ချိုး ကတ်ပြားဖြစ်သည်။ လေယဉ်ပေါ်တွင် အခမဲ့ဝေသည့် အဆိုပါကတ်ကို လေယဉ်ပေါ်တွင် ပြည့်စုံအောင်ဖြည့်ပြီး လေယဉ်ပေါ်မှဆင်းသည့်အခါ လူဝင်မှုကြီးကြပ်ရေး (Immigration) ကောင်တာတွင် ပတ်စ်ပို့ (Passport) နှင့်အတူပြရသည်။  ဖြည့်ရမည့်အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံသား၊ တည်းခိုမည့်နေရာ၊ နေထိုင်မည့်ကာလ၊ စသည် တို့ဖြစ်သည်။ သတိပြုရန်မှာ အချက်အလက်အားလုံးကို အက္ခရာစာလုံးအကြီး (Block Letter, e.g, A […]


ဇီဇီSeptember 24, 20132min38921
ဟိ။ ကိုဖက်ကက် က ဝီဝေါ ကနေ ဖန်တီးပေးထားတဲ့ ပုံလေးတွေကို ချစ်လို့။ ကြည့်ပါဦးးးးး ၁) အံစာတုံး ၂) ဦးကျောက် ၃) အိတုန်း ၄) အာဂ ၅) နွယ်ပင် ၆) ရဲစည် ၇) ကြည်ပြာ ၈) အင်ဇာဂီ ၉) ချာတူး ၁၀) ကေဇီ ၁၁) အမတ်မင်း တို့ ပုံတွေပါတယ်။ ဘယ်သူက ဘယ်ပုံတုန်း ဆိုတာ မှန်းလို့ရလားဟမ်?                                


ဇီဇီSeptember 23, 20135min55458
ဒီတစ်ပတ် လာချက်မဲ့ စားဖိုမှူးရှိဘူးးးးး ကွကိုယ် စီစဉ်ရမှာဆိုတော့ ဒီတစ်ပတ်တော့ ထမင်းကြော်တဲ့ တစ်ပတ်ပေါ့။ ~~~~~~~~~~~~~~~~~~~~~~~~~~~ တနင်္လာနေ့ ငါးခြောက်ထမင်းကြော် (တချို့ကတော့ ငါးပုတ်ခြောက်ကို သုံးတယ်ပြောတယ်။) တွဲဖက်က ကြက်အတောင်ပံကြော် ငရုတ်သီးစိမ်းကို ပဲငံပြာရည်ကြည်နဲ့ စိမ်ထားတာလေးနဲ့တွဲစားရင် အင်မတန်လိုက်၏။ ပြီးမှ သံပုရာရည်လေး မှာသောက်ပါ။   ဘယ်လိုကြော်မတုန်း ဆိုတော့၊ (ဂျပန် ဆိုင် က မေးလာသလောက် ရေးပေးမှာနော်၊ ဟိ) ငါးခြောက်ကို ပြုတ်ပြီးမှ အတုံးသေးသေးလေးတွေ တုံးထားပါ။ ဂေါ်ဖီပါးပါးလှီးးးး၊ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ဘဲဥကို နောက်အိုးတစ်လုံးနဲ့ အချပ်ကြော်ပြီး ပါးပါးညှပ်ထားပါ။ ဆီအိုးတည်၊ ပူလာရင် ကြက်သွန်နီ နဲ့ ငါးခြောက်လေး ထည့်လှိမ့်လိုက်၊ နဲနဲ မွှေးလာရင် ဂေါ်ဖီပါးပါးလှီးလေးထည့်လိုက်။ နွမ်းလာရင် ထမင်းခြေထားပြီးသားကို ထည့်ပါ။ […]


ဇီဇီSeptember 19, 20131min53558
စလုံးမှာ မြို့ပတ် ရထားကို အမ်အာတီ (Mass Rapid Transit) လို့ ခေါ်ပါတယ်။ လိုင်းတွေလည်း အများကြီးမို့ ဘယ်သွားသွား အဆင်ပြေတဲ့ ရထားတွေပါ။ လူကြပ်တဲ့ အချိန်ဆို နေရာမရပေမဲ့ လူချောင်ရင်တော့ လေအေးပေးစက်ပါတဲ့ အခန်းထဲထိုင်လိုက်ရသလိုမို့ အတော်သက်သာတယ်ခေါ်မှာပေါ့။ စလုံးများရဲ့ သိတတ်ချက်များကတော့ ထိုင်ခုံတွေ ရဲ့ ဘေးစွန်း ၂ ခုံ စီကို (Reserved Seats) ဆိုပြီး ကိုယ်ဝန်ဆောင်သည်တွေ အဖိုးအဖွားး ကလေးငယ်တွေ အတွက် သတ်မှတ်ထားတာပါ။ ဒါတောင် ထိုင်မိတဲ့ သူက အိပ်ချင်ယောင်ဆောင် ထ မပေးရင် လိုအပ်သူတွေမှာ ဒုက္ခရောက် ပါသေးတယ်။ အမြင်မတော်တဲ့လူက ဇွတ်သွားနှိုးရင် နှိုး၊ ဒါမှမဟုတ် တခြားနေရာက သိတတ်တဲ့သူက ဖယ်ပေးရတာပါ။   ဟုတ်။ […]


ဇီဇီSeptember 18, 20133min40917
  စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၂) If you come to Singapore for job hunting (2) နေထိုင်စရာ အိမ်အရင်ရှာ  စင်ကာပူမှာ အလုပ်လာရှာတဲ့အခါ အဓိကလိုအပ်သည်မှာ နေထိုင် စရာ အိမ်ဖြစ်ပါသည်။ ဆွေမျိုး၊ အသီမိတ်ဆွေ ရှိလျှင် ကိစ္စမရှိပါ။ မရှိလျှင် နေစရာအိမ် စီစဉ်ထားရန်လိုအပ်ပါသည်။ စင်ကာပူတွင် ဆွေမျိုး၊ အသိမိတ်ဆွေ ရှိလျှင် ယင်းတို့အိမ်တွင်နေထိုင်ရန် အရင်မေးမြန်းပါ၊ အဆင်မပြေပါက မိမိ အတွက် အခန်းဌားထားပေးဖို့ အကူအညီတောင်းပါ။ H + M တွင်လည်း short term အခန်းကြော်ငြာများတင်ပေးပါမည်။ H + M Page ကိုအမြဲကြည့်ပါက သိနိုင်ပါသည်။ (H + M […]


ဇီဇီSeptember 16, 20131min35665
ညင်းညင်းးးး ညင်းးးးးးးး   😀 ဒီတစ်ပတ် လက်စွမ်းပြမဲ့ စားဖိုမှူးက ဘယ်သူတုန်းသိလားးးးးးးး ဘယ်သူ ရှိမတုန်းးးးးးး အသဲလေးပေါ့။ အသဲလေးးးး။ ကျနော့ အခေါ် မွသဲ။ အများ အခေါ် မသဲ ရွာ နာမည် တီအန်အေ  ဆိုတဲ့ မသဲနုအေးဖြစ်ပါတယ်။ မီးဖိုထဲမှာစကား တပြောပြောနဲ့ချက်သွားတာများ ကျွမ်းကျင်ချက်။ နောက်မုန့်ဆိုင်ဖွင့်မှ ထပ်ခေါ်ဦးမယ်။  ~~~~~~~~~~~`  ခိုင်ဇာရေ အိမ်မှာချက်လေ့ရှိတဲ့ဟင်းတွေထဲကစီပြီးအစပ်အဟပ်တည့်မယ်ထင်တာလေး တွေ ချက်မလားလို့ဟေ့။ အိမ်မှာကဆီပြန်စားလေ့မရှိတော့ စားလေ့ရှိတာလေး ချက်ဖြစ်မယ်ထင်တယ်။။  အစပ်အဟပ်မတည့်ဘူးထင်ရင်အတွဲတွေပြင်လိုက် သိလားညီမလေး။  အမဟင်းတွေကတော့ ပေါ့ရွှတ်ရွှတ်တွေ။ အပေါ့အငံအတွက်တော့ လာမြည်းလိုက်ဦးနော်။ တော်ကြာ လာစားတဲ့သူတွေ အရသာမရှိမှာစိုးလို့။ ရပါတယ် အမရေ။ ဘာတွေ ချက်မယ်လို့ စိတ်ကူးထားလို့တုန်းးး၊    တနင်္လာ နေ့ အတွက်  ငါးကြင်းကို အာလူးလေးခံ […]


ဇီဇီSeptember 11, 20133min32413
1) Passport & Visa ပတ်စ်ပို့ နှင့် ဗီဇာ ပထမဆုံး ပတ်စ်ပို့လုပ်ရပါသည်။ ဒါကို လူတိုင်းသိပြီးသားဖြစ်ပါသည်။  ပတ်စ်ပို့ရပြီးလျှင် စင်ကာပူ Visa (ဗီဇာ) လျှောက်ရပါသည်။  ဗီဇာသည် သံရုံးဗီဇာ နှင့် စင်ကာပူ (Immigration Checkpoint Authority)  ICA, (လူဝင်မှုကြီးကြပ်ရေး) မှပေးသော e-Visa ဟူ၍ (၂) မျိုးရှိပါသည်။ e-Visa သည် အချိန်မကုန်၊ အလုပ်မရှုပ်ပါ။ Multiple Entry (စင်ကာပူသို့ ၃လအတွင်း အကြိမိကြိမ်ဝင်ထွက်နိုင်)သောကြောင့် အကယ်၍ နေထိုင်ခွင့်ရသည့် ၂ လအတွင်း အလုပ်မရ၍ မလေးရှားသို့ စတေးရှောင်လျှင်လည်း ပြန်သုံးလို့ရပါသည်။ (ဗီဇာထပ် မလျှောက်ရတော့ပါ။) အသေးစိတ်ကို http://www.facebook.com/HplusMPage “Singapore Visa & Stay […]


ဇီဇီSeptember 10, 20135min40223
ကဲ! ရိုက်ခဲ့သလောက်တင်လိုက်ပါတယ်။ သည်းခံကြည့်သွားကြပါ။ အဲဒီ ရက်နားနီးရင် လေယာဉ်လေ့ကျင့်သံတွေက နားကို ဆူနေအောင် ကြားရပါတယ်။ အဲဒီ စကိုင်းပါ့ က  ဒီ နှစ်ပိုင်းများ အတွင်း သူတို့ လက်မထောင်နေတဲ့ အဆောက်အဦးတစ်ခုပေါ့ကွယ်။    


ဇီဇီSeptember 10, 20134min44036
တင်စရာ ဘာမှ ရေးထားတာမရှိလို့ စလုံး နေရှင်နယ် ဒေး (၈ ရက် ဩဂုတ်) တုန်းက မီးပန်းပုံတွေ တင်လိုက်တယ်။ တော်တော်လှတဲ့မီးပန်းကိုရိုက်တိုင်း မီးခိုးလုံးတွေနဲ့မို့ချန်ထားခဲ့တယ်။ မီးပန်း ကို တရုတ် က အလုပ်နိုင်ဆုံးမှတ်တာပဲ။ နောက်တစ်ခုက သူတို့ နေရှင်နယ်ဒေးကို တခမ်းတနား သိပ်အားထုတ်ထားတာတွေ မြင်ရတော့ ကျနော် မနာလိုဘူးးးး။ အဲဒီ ရက်က စ နောက်တစ်နှစ် အတွင်း အစိုးရက ဘာလုပ်ပေးမယ်ဆိုတာကို ပလန်တွေနဲ့ လူသိရှင်ကြား ပြောလေ့ရှိတယ်။ တကယ် လုပ်ပေးတဲ့ အစိုးရမို့ အဲဒီ စပိ(ချ) ကို နိုင်ငံသားတိုင်း စောင့်ကြည့်ရတယ်။ စောင့်ကြည့်ချင်ကြတယ်။ ကိုယ်တွေလို အဲဒီ အချိန်မှ တီဗီပိတ်ပစ်တာမျိုးမဟုတ်ခဲ့ဘူးးး ဘာပဲပြောပြော  ဒီ လီ သားအဖဟာ သူ့ […]


ဇီဇီSeptember 9, 20131min57236
ဒီ ပို့(စ) က စက်တင်ဘာမွေးတဲ့ သများရဲ့ချစ်သူတွေ ကို မွေးနေ့ဆုတောင်း ပို့(စ) ပေါ့။ ရှိသလောက် တင်ရရင် အများ မျက်စိနောက်မစိုးလို့ ပေါင်းတင်လိုက်တယ်။ စက်တင်ဘာမွေး ဗားဂိုးတွေမို့ ပိုချစ်ရတာပေါ့။ (လူတိုင်းကို အဲလိုပဲ ချစ်ကြောင်း အကြောင်းပြချက် အမျိုးမျိုးပေးတတ်လို့ သည်းခံကြပါ။) 😀 စက်တင်ဘာ (၉) ဒီနေ့ ဝါး ရဲ့ မွေးနေ့။ (နေတိုးနဲ့ တူတူပဲ။) စက်တင်ဘာ (၁၁) ရန်ဖြစ်ဖော် တဂျား မွေးနေ့။ ( O’Henry နဲ ့တူတူပဲ။) စက်တင်ဘာ (၁၆) မွန်မွန်လေး မွေးနေ့။ (မာ့ အန်ထော်နီ နဲ့ မွေးနေ့တူတူပဲ။ ခွိခွိ) စက်တင်ဘာ (၁၈) အလက်ဆင်းလေး မွေးနေ့။ (မင်းခိုက်စိုးစန်နဲ […]


ဇီဇီSeptember 9, 20132min53356
  KZ ထမင်းဆိုင်ဖွင့်မလို့။ ဒီရွာထဲမှာ။   မျက်စိပြူးမသွားကြပါနဲ့။ ဒီလိုပါ။   အရင်က ကိုယ်က ကိုယ်ပိုင်စီးပွါးလုပ်ဟေ့ ဆိုရင် ထမင်းဆိုင်ဖွင့်ချင်တာရယ်။ ဒါပေသိ ဖြစ်ဖြစ်မြောက်မြောက် ဘာ…..မှ မချက်တတ်တာက တစ်မျိုး။ လူအများစာ အိုးကြီးချက် မချက်တတ်တာကလည်း တစ်ဖြစ်။ ကိုယ့်စီးပွါးဆိုရင် ကိုယ့်ဝင်ငွေ/ထွက်ငွေတွက်ရတော့မှာကလည်း ခေါင်းကိုက်စေမှာတစ်ကြောင်း။ နောက် အလကားလာစားမဲ့သူတွေ အများကြီးရှိတာက တစ်လမ်းမို့ …… လက်တွေ့ အကောင်အထည်မဖော်ဖြစ်သေးဘူးဆိုပါစို့။   😀   နောက် ဖွင့်ချင်တဲ့ဆိုင်ကလည်း မြန်မာထမင်းဟင်းမှရယ်…. ဘာရယ်တော့မဟုတ်ဘူး။ ဟင်းစပ်တည့်တဲ့ ဟင်းလေးတွေပဲ ချက်တဲ့ဆိုင်မျိုး။ လူမျိုးစုံရဲ့ အစားအစာမျိုးစုံ ပါမှာပဲရယ်။   ခု ဖွင့်ထားတဲ့ ဆိုင်တွေက ဘာဟင်းမဆို အကုန်ရတာမျိုးလေ။ ကိုယ့်ဟာကိုယ် ဟင်းစပ်ပြီးမှာစားရတာမျိုးမဟုတ်လား။ အဲဒါမျိုး ဖွင့်ချင်ဘူးရယ်။   […]


ဇီဇီSeptember 6, 20134min32124
၁၂ ရာသီဖွား အကျင့်စရိုက်လေးများ (၁) က ဒီ မှာ   https://myanmargazette.net/154452 ၁၂ ရာသီဖွား အကျင့်စရိုက်လေးများ (၂) က ဒီမှာ    https://myanmargazette.net/164012 ခု ၁၂ ရာသီဖွား အကျင့်စရိုက်လေးများ အပိုင်း (၃) လာပြီ။ စာရေးဖို့ အချိန်မရှိ၊ ဘာဓာတ်ပုံမှလည်းမရှိလို့ ဒါအရင် တင်လိုက်တယ်။ ကျနော် က ကန်ရာသီ ပါ။ မှားတာ မှန်တာ အပျော်ပါ။ ပုံလေးတွေကို ချစ်လို့တင်ပါတယ်။    


ဇီဇီSeptember 3, 20135min181354
ဟုတ်ကဲ့။ နောက် အလွဲတွေက တော့ ဆယ်လစ်ဗျစ်တီ အလွဲတွေပါ။ အဟွတ်။ ကေဇီနဲ့ ဆယ်လီဗျစ်တီ တွေနဲ့ ဖူးစာကံလွဲတယ်လို့တော့ မမှတ်ကြပါနဲ့။ ဟိဟိ။   😀   ဖြစ်ပုံတွေက ဂလိုပါ။ မန်းလေးမှာနေတုန်းက ဘယ် ကဘာ့ ဖလားမှာတုန်းမသိ (Ricky Martin) ရစ်ကီမာတင် ဆိုသော သကောင့်သားလေးရဲ့ သီချင်းနဲ့ ဖွင့်တယ်ပေါ့ဗျာ။ စမြင်ဖူးကတည်းက မေးစေ့က ကွဲလေးရယ်၊ အပြုံးချိုချိုလေးရယ် ကိုလည်းသဘောကျ။ “ဂိုးဂိုးဂိုး၊ ဟားလေး ဟာလေး ဟာလေး” ဆိုတဲ့ သီချင်းမြူးမြူးလေးလည်း သဘောကျနဲ့ ကေဇီတို့ အင်မတန် ကြွေပါတယ်။ အဲလာ။ အဲလာ ၂၀၁ဝ မှာ သူ့ကိုသူ ဂေးပါလို့ပြောပလိုက်တာ။  😥 ကြိုက်တာကတော့ ကြိုက်တုန်းပါပဲ။ အနုပညာကို အားပေးသူပဲဟာနော့။ ကျန်တာ […]