ခင္ခDecember 26, 20141min1466
“ရလာဒ်က မလှ” အင်အားနှစ်ခု အပြိုင်လုတော့ မည်သူမဆို နိုင်ချင်ကြတယ် အဲဒါပြိုင်ပွဲတဲ့။ အချစ်နဲ့စစ် မတရားတာမရှိ အပိုင်ရဖို့ နည်းမျိုးစုံသုံး အနိုင်ရသူ သာစမြဲ။ ကိုယ့်လူမျိုးချင်း နှိပ်ဆက်ခြင်းနဲ့ အနိုင်လုယူ အာဏာတည်သူ ထိုထိုသူကို တရားတယ်လို့ မင်းထင်လေရော့သလား။ အနိုင်ရကာ ဗိုလ်စွဲပေမယ့် အသိမှတ်ပြုစစ်တမ်း ပြည်သူရင်ထဲ ကောက်ယူလှမ်းရင် ရလာဒ်သုည ကပ်နေမယ်ထင်။ ခင်ခ။


ခင္ခDecember 24, 20141min20415
” မင်းတို့ခေတ်ရောက်ရင် “   မီးထိန်ထိန်လင်း သူများနိုင်ငံ သာယာသန့်ရှင်း အိမ်နီးချင်း အဆင့်တန်းရယ် ခေတ်မှီလှတယ် လူနေမှုအဆင့် အဆင့်မြင့်ထည် ညညလာတဲ့ ဇာတ်လမ်းတွဲဝယ်၊   ငါတို့တွေသည် ဘယ်သောခါမှ ထိုသာယာလှတဲ့ လူဘောင်ဘဝ နေခွင့်ရမယ် မျှော်ရင်းမောတယ် အရွယ်တွေက ရပ်နေမရတော့ ဇရာအိုဟောင်း သက်တွေကြီးပေါ့၊   ဟိုတုန်းခါက ကျုပ်အဖိုးစကား ဆက်ကာသယ်လို့ ထပ်ခါမှာမလို့ ငါတို့ခေတ်တော့ တိုးတက်ပြည်မြန်မာ မမြင်သာဘူး ငါ့မြေးတို့ရယ် မင်းတို့ခေတ်တော့ မြင်ရကောင်းပါရဲ့ကွယ်။     ခင်ခ။  


ခင္ခDecember 23, 20141min22116
” မတူညီသော တူသောအချိန် “   ရုတ်ရုတ် ရုတ်ရုတ် သုတ်သုတ် သုတ်သုတ်နဲ့ ပြေးကာ လွှားတချက် သွားလာကြတဲ့ လူသူတွေများ ဘာဖြစ်ကြလဲ စပ်စုကာကြည့် ခြေဆုံရပ်မိ မြင်ရဘိတယ် မြို့လယ်ရန်ကုန်ဝယ် ရုံးဆင်းအလုပ်ဆင်း ပြန်ချိန်သာတည်း။   ထိုထိုချိန်နဲ့ မတိမ်းမယိမ်း ရောက်မိတောရွာ မြင်ကွင်းမှာက အိမ်ရှေ့ကပြင် မြေသလင်းတွင် ဝိုင်းကာစုဝေး လက်ဆုံကြသေး ရေနွေးလေးသောက် ဆေးလိပ်ကယ်ဖွာ လက်ဖက်ကိုစား နေသူများစွာ အေးဆေးလှတယ်ကွာ။   ခင်ခ။


ခင္ခNovember 27, 20141min21814
” တွက်ချေမကိုက်သည့်နေ့ ”   မိုးကလဲ တဖြေးဖြေးချုပ်လာပြီ ခုထိခေါ်မယ့်သူကလည်းပေါ်မလာသေး အရင်ဖောက်သည်တွေကလဲခရီးသွားနေကြတယ် ညဆိုင်းဆင်းရမယ်မှာမို့ အိမ်မပြန်လာဘူးအဒေါ်ကိုလည်းညာခဲ့ပြီး ဒီညဘယ်ဆီ ဘယ်ဝယ် ဘယ်မှာအိပ်ရပါ့မလဲ ဒီမှာကော ဘယ်ချိန်ထိ စောင့်လို့ဖြစ်မှာလဲ သိပ်ညဉ့်နက်လာလို့ ခေါ်သူမရှိရင် တော်နေ တွက်ချေမကိုက်တဲ့အပြင် အရင်းထဲကတောင်ပါမှာလဲစိုးရသေး နောက်တစ်နေရာ ပြောင်းပြီးခေါ်သူစောင့်ရင်ကောင်းမလား အဲဒီနေရာရောက်မှ ငါ့ကနောက်ကျတဲ့သူဖြစ်နေလို့ အားလုံးသူကိုယ်စီနဲ့ကိုယ်ရှိပြီးသွားကြရင်ကော အဲလိုနေရာပြောင်းမှ ဒီနေရာကို ငါ့ဖောက်သည်တွေလာရှာလို့ လွဲခဲ့ရင်ကော ဒီနေ့တွက်ချေမကိုက် ငါ့ဝမ်းတောင်ဘယ်လို့ဖြည့်ရပါ့ ညတာရှည်တယ်ဆိုတဲ့ဆောင်း ဘာလို့များဒီနေ့အချိန်တွေက အကုန်မြန်လှနေတာလဲ ဒီနေ့ ငါဘယ်မှာအိပ်ရပါ့ ဘယ်သူများငါ့ကို ကမ်းလင့်လို့လာခေါ်ပါ့ ဘယ်ထိများစိတ်မောပြီးစောင့်ရပါ့ သူများတွေ အရင်းတောင်မရဘူး တွက်ချေမကိုက်ဖူး ဒီနေ့ဈေးရောင်းပါးတယ်ဆိုကြတုန်းက ခနဲ့ပြုံးပြုံးမိတယ် ငါတို့က အရင်းမစိုက် ဟိုထိုးလိုက်ဆိုတော့ တွက်ချေမကိုက်တာမရှိဘူးပြောခဲ့တာတွေ ခုတော့ဝဋ်လည်ပြီပေါ့ ငါအလုပ်ကလည်း တွက်ချေမကိုက်သည့်နေ့ဆိုတာ ရှိပါလားနော်။ ရွှေကျီးညိုရယ်လာပါတော့ ပျိုပျိုမျှော်လှပေါ့။ […]


ခင္ခNovember 26, 20141min38025
” သားကိုရွေး မှာလားဟင် “     ဆင်းရဲတဲ့လူတန်းလွှာက ပြောကြတယ် ဒီကောင်တွေ လူစိတ်မရှိဘူး ဈေးကွက်ထဲ သူတို့ကြည်ဘဲ လက်ဝါးကြီးအုပ်လုပ်ကြတယ် ဒါကြောင့်သူတို့ဘဲ ချမ်းသာနေတာတဲ့။   ချမ်းသာသော လုပ်ငန်းရှင်တွေက ဒီလိုပြောပါတယ် ဒီကောင်တွေ လက်ကြောကိုမတင်းဘူး အလုပ်ကမလုပ်ရသေးဘူး ဘာပေးမှာလဲ ဘယ်လိုခံစားရမှာလဲ ဘာလဲညာလဲနဲ့ ရမှလုပ်မယ် မရရင် ငတ်သေပစေ မလုပ်ဘူးတလွဲမာနနဲ့ အလုပ်ကိုစွန့်မလုပ်ချင်ကြဘူး ဒါကြောင့် သူတို့တွေ ဆင်းရဲတွင်းနက်နေကြတာတဲ့။   ဘယ်သူကမှန် ဘယ်သူကမှား အဖြေက သေချာရေရာမသိခင် အာဏာရမင်းကတော့ ဒီလိုဆိုတယ် ငါ့အိတ်ကလေးဖောင်းစေဖို့ အရင်းရှင်နဲ့ ဒီသက်တမ်းပေါင်းတယ်ဗျို့ နောက်သက်တမ်းလေး ဒို့ဆက်ရွှေးရင် ဆင်းရဲတွင်းက ကယ်တင်ပေးကာ ပပျောက်အောင်လုပ်ပေးပါမယ် တကယ်ပါ တကယ်ပြောတာပါတဲ့။   ထိုအချိန်မှာ တီဗီကအသံလွှင့်သံပျံလွှင့်ကာပေါ်ထွက်လာတာက သားကိုရွေး သားကိုရွေး […]


ခင္ခNovember 25, 20141min2627
” ဆောင်းအိမ်မက် “   တိမ်တွေပေါ်ထိုင်လျှက်သား ဟိုဟိုဒီဒီ လွင့်လို့သွား တစ်ခါတလေရင်ထဲသိမ့် တစ်ခါတလေရင်ထဲထိတ် နတ်သမီးလေးများတွေ့လေမလား အနီးအနား ကြည့်မိသား ထင်မှတ်မထားတဲ့တိမ်တိုက်ကြား မဲမှောင်လို့သာ တိုးဝင်သွား အေးကနဲလှိုက်လို့ဖို ဝုန်းဒိုင်းကျဲလို့အသံစုံ ကြောက်မိလှတဲ့စိတ်ကယ်ပို အောက်ခုန်ဆင်းဖို့ငုံမိသလို ဆက်စီးဖို့လဲအားရယ်မရှိ အောက်ဆင်းဖို့လဲဘယ်ဝယ်မသိ အရဲစွန့်ကာ စုံလွှာမျက်စိပိတ်မိ၏ ခုန်ချအောက်သို့ စုန်ကာဆင်းတော့ အင့်ကနဲရယ် ခါးရယ်နာ ကုတင်ပေါ်က ပြုတ်ကြတယ်ဟာ ငယ်ကမက်တဲ့ ဆောင်းအိမ်မက်။     ခင်ခ။


ခင္ခNovember 25, 20141min24113
” ဘာများဖြစ်မှာလဲ “   လေးသုံးခြောက်ပြင် အရင်ပြုမှ ငါးဆယ့်ကိုး(စ) ပြင်လို့ရမယ် ထိုထိုပြင်မှ စုနိုင်သမ္မတ ပြု၍ရမည်။ ဘာကြောင့်သမ္မတ ပြုချင်လှတယ် အာဏာကိုရူး မက်လို့ဟုတ်ဘူး လုပ်ခွင့်အာဏာ ရှိလာပါမှ ဒို့တိုင်းပြည်အတွက် တိုးတက်မည့်လမ်း ထွင်လို့လျှောက်မည် ကြိုးစားခဲ့သည် ခြေဥပြင်ဖို့ လက်မှတ်ထိုးလို့ ပြည်လုံးဆန္ဒ ယူခဲ့ကြစဉ် လွှတ်တော်ဘဘ ဆိုသူများက သူတို့လည်းဘဲ ထောက်ခံသယောင် ရိပ်မြွှတ်ကယ်ပြော ဆိုခဲ့ပြီးမှ နီးလာလေပြီ နှစ်ထောင့်ဆယ့်ငါးဆီ ခုတော့ပြောပြီ နောင်သက်တမ်းမှ ပြင်လို့ရမယ် ဆိုလှလေတော့ ရှေးသရောအခါ ဘာတိုင်းပြည်မှာ ဘာဓားကြီးနဲ့ ဘာသီးကိုခွဲ ဘာထွက်လာလဲ ဘာမှမသိဆိုသလိုကွယ်။       ခင်ခ။


ခင္ခNovember 24, 20141min21211
” ဝေးသည်ထက် ဝေးမည်ထင် “   ငါတို့နေတဲ့ ရွှေမြန်မာဝယ် ဦးစွာပထမ အမ်ပီတီရယ် ဝိုင်းမက် အေဒီအက်အဲလ် စုံလင်စွာရယ် များစွာရှိလည်း အင်တာနက်စနစ် ထင်သလောက်မဖြစ် တောခြုံလမ်းကြမ်း ချိုင့်ကွက်ပေါလျှက် ထူလှရွံနွံ ထိုထိုကိုဖြတ် သွားရသည့်နယ် ကွန်နက်ရှင်ရယ် မကောင်းတဲ့ကြား ဒီရွာထဲကို ရောက်အောင်မွေနှောက် လာခဲ့ကြတယ် မြန်မာပြည်ဖွား အာဂများပါကွယ်။ ထပ်မံတိုးလို့ ပေါ်ထွန်းလာတယ် ရှေ့နောက်ဆင့်ရယ် အော်ဒီဒူးနဲ့ တယ်လီနောလည်း အစသာကောင်း အခုအချိုးပြောင်း အမ်ပီတီနဲ့ မသာမထူးခြား ရှိလေငြားတော့ အထက်ဆိုခဲ့ လမ်းကြမ်းဖြတ်ကာ ရောက်အောင်လာမြဲ ဒီရွာတံခါး ဆီးကာထားသည် ” I’m not a robot ” အမှန်ခြစ်လော့ လည်နေသည့်နယ် မဆုံးနိုင်လို့ ကွန်မန့်ကယ်မဝင် စိတ်ပျက်အင်နဲ့ ကြာလေကြာလေ ဤရွာနဲ့လေ […]


ခင္ခNovember 20, 20141min37722
” ဟုတ်သော်ရှိ မဟုတ်သော်ရှိ “   သတင်းတစ်ပုဒ် ဖေ့ဘုတ်မှာဖတ်လိုက်ရပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျန်းမာရေးသတိမို့ အသိပေး ချင်တာနဲ့ မျှဝေလိုက်တာပါ။   အဲဒီသတင်းမှာပါတဲ့ ဒူရင်းသီး အကြောင်းပြောရရင်တော့ သူ့ရဲ့အရသာဂုဏ်သတိ္တအနေနဲ့ ချိုဆိမ့်၊ ပူ၊ အဆီဩဇာများ၏၊ ဝမ်းမီးကိုတောက်စေ၏၊ ရင်တွင်း ဝမ်းတွင်း ကိုယ်သားကိုယ်ရေ ပူ၏၊ ဆီးကို နည်းစေဟု မြန်မာ့ဆေးကျမ်းမှာဆိုထားပါတယ်၊ အပူဓာတ်လွန်ကဲသောအသီးဖြစ်လို့ အပူနာများဖြစ်တတ်ပါတယ်၊ အစားများရင် ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အကြောတတ်ခြင်းတွေဖြစ်တတ်သလို ဆီးအောင့်၊ ဝမ်းအောင့်၊ ရင်ပူနာဖြစ်စေပါတယ်၊ ဝမ်းမီးတောက်စေလို့ ကိုယ်ပူနွေးစေပြီး သွေးကိုဆူစေလို့ သွေးကို တက်ကြွစေပါတယ်(သွေးတိုးရောဂါရှင်များ အထူးသတိ ထားရမယ့်အချက်ပါ ) အဲဒီလို ဂုဏ်သတိ္တတွေပြည့်တဲ့ အသီးပါ။   ကိုကာကိုလာအကြောင်း ဖတ်ဖူးတဲ့အထဲမှာ ကဖင်းဓာတ်ကြွယ်ဝစွာပါတယ်လို့ သိရပါတယ်၊ ကဖင်းဓာတ်ရဲ့ သဘာဝကလဲ […]


ခင္ခNovember 17, 20141min1586
” သူဘဝနှင့် သူပျော် “ တစ်ဘဝ စံ ခဏဟန်လဲ အဝခံစား ပျော်ရွှင်အားနဲ့ ကျေနပ်ပိတိ ဖြစ်သည့်သူကို တရားရယ်ချ ဟောကာပြလဲ ကျွဲပါးစောင်းတီးပင် ဖြစ်ပေမည်။ ခင်ခ။


ခင္ခNovember 17, 20141min25420
” လူပျင်း ဒါမှမဟုတ် လူဖျဉ်း “ ” ဟေ့ကောင် မိုလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ ဒီဂီတာကြီး တစ်ဒေါင်ဒေါင်ခေါက်ပြီး ဟေလားဝါးလား ဘဲလုပ်နေကြ တာဘဲ ” ” အဖေကလဲ မိုးလင်းတာနဲ့ ဒီဓာတ်ပြားဟောင်းကြီးဘဲ ထပ်ခါထပ်ခါပြောနေတာဘဲ ဒီမှာကီးညှိလို့ မရတဲ့ထဲ ” ” အေး ဓာတ်ပြားဟောင်းကတော့ ဖွင့်ရမယ် ဖွင့်ကိုဖွင့်ရမယ် ဘယ်နဲ့ သူများတွေ မိုးလင်းလို့ ထမင်းချိုင့်ဆွဲ အလုပ်ကိုယ်စီ သွားကြဖို့ပြင်နေတဲ့ချိန် ဒီတစ်ဒေါင်ဒေါင်ဘဲခေါက်မယ် ခဏနေ မင်းလိုအမျိုးတူ ဝေလေလေ ရောက်လာပြီး လဘက်ရည်ဆိုင်သွားလိုက် လမ်းထိပ်ရေမြောင်းအုတ်ခုံထိုင်ပြီး လမ်းသွားတဲ့ ကျောင်းသူတွေ မိန်းကလေးတွေ စလိုက်နောက်လိုက် ညကျ ဟိုလမ်းဆုံမှာ စုပြီးသီချင်းတွေ အော်ဆိုလိုက် ဒီလိုနဲ့ အချိန်ဖြုန်းနေတဲ့ကောင်တွေ ဒီထက်တောင်ပြောသင့်သေး ” ” အဖေကလဲ […]


ခင္ခNovember 11, 20141min23310
” မျိုးဇာတိဂုဏ် “   ကျီးတွေရဲ့ အလေ့အထ တစ်ကောင်ထိရင် ဝိုင်းအာကြ ဘာလို့အဲလို ဖြစ်လဲဆို အမျိုးစောင့်ကြ သူတို့ကို ခဲမှန်မိတဲ့ ကျီးတစ်ကောင်အဖြစ် ကန့်ကွက်အော်ဟစ် ညီပါ့အစစ် မျိုးချစ်စိတ်ဓာတ် ပေါ်လွင်တယ် ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမယ်။     ခင်ခ။


ခင္ခOctober 30, 20141min32823
” ဦးဆုံးဖွင့်သည့်တံခါး “   မနက်ဖြန် သုံးဆယ့်တစ် ဒို့တိုင်းပြည်တံခါး ဖွင့်ကာလှစ် ထိုးလို့တိုးဝင် ရောင်ခြည်သစ် နွေးထွေးပြည့်စုံ လင်းလက်စုံဖို့ ဒို့တွေမျှော်လင့် နားကိုစွင့်လို့ ရလာဒ်ကောင်းတွေ ဖြစ်ပါစေလို့ ရင်ခုန်စွာနဲ့ စောင့်မယ်ဗျို့။   ခင်ခ။ (30.10.2014)     BREAKING NEWS: ” လေးပွင့်ဆိုင်သာမက ကျန်သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်၊ လာမည့် အောက်တိုဘာ ၃၁ ရက်တွင် သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်သာမက ကျန်သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ”